ကမ္ဘာဦးကျမ်း

Old Testament

Chapter 4
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ကမ္ဘာဦးကျမ်း 4

Greek New Testament: Textus Receptus has no text for this chapter yet.

1ထိုနောက်၊ လူ အာဒံသည် မယား ဧဝ နှင့်ဆက်ဆံ သဖြင့် ၊ ဧဝသည် ပဋိသန္ဓေ စွဲယူ၍ ၊ ကာဣန ကို ဘွားမြင် လျှင် ၊ ထာဝရ ဘုရား၏ လူ ကို ငါရ ပြီဟုဆို လေ၏။

2တဖန် သူ့ ညီ အာဗေလ ကို ဘွားမြင် လေ၏။ အာဗေလ ကား သိုး ထိန်း ဖြစ် ၏။ ကာဣန ကားလယ် လုပ် သောသူဖြစ် ၏။

3အချိန် စေ့ သောအခါ ၊ ကာဣန သည် ထာဝရဘုရား ထံ ပူဇော်သက္ကာ ဘို့၊ မြေ အသီး ကို ဆောင် ခဲ့၏။

4အာဗေလ သည်လည်း မိမိ သိုး စုတွင် အဦး ဘွားသော သားအချို့နှင့်၊ သိုး ဆီ ဥကိုဆောင် ခဲ့၏။ ထာဝရဘုရား သည် အာဗေလ နှင့် သူ ၏ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မူ၏။

5ကာဣန နှင့် သူ ၏ ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မ မူ၊ ထိုကြောင့် ကာဣန သည် အလွန် စိတ်ဆိုး ၍ မျက်နှာ ပျက် လေ၏။

6ထာဝရဘုရား ကလည်း သင် သည် အဘယ်ကြောင့် စိတ်ဆိုး သနည်း။ အဘယ်ကြောင့် မျက်နှာ ပျက် သနည်း။

7သင်သည် ကောင်းမွန် စွာ ပြုလုပ်အခွင့် မ ရလော။ ကောင်းမွန် စွာ မ ပြုလျှင် ၊ အပြစ် ဖြေသော ယဇ်ကောင် သည်တံခါး နား မှာ ဝပ် လျက်ရှိ၏။ သူ သည် သင် ၏ အလို သို့လိုက်၍၊ သင် သည် သူ့ ကို အုပ်စိုး ရ၏ဟု ကာဣန ကို မိန့် တော်မူ၏။

8ကာဣန ကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီ အာဗေလ ကို ခေါ် ၍ ၊ လယ် သို့ ရောက်သောအခါ၊ ညီ အာဗေလ ကိုရန် ဘက်ပြု၍ သတ် လေ၏။

9ထာဝရဘုရား ကလည်း သင့် ညီ အာဗေလ သည် အဘယ်မှာ ရှိသနည်းဟု ကာဣန ကို မေး တော်မူလျှင် အကျွန်ုပ်မ သိ ပါ။ အကျွန်ုပ် သည် ညီ ကို စောင့် ရသောသူ ဖြစ် ပါသလောဟု လျှောက် ဆို၏။

10ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်း။ သင် ညီ အသွေး ၏အသံ သည် မြေ ထဲက ငါ့ ကို အော်ဟစ် လျက်ရှိသည်တကား။

11သို့ဖြစ်၍ သင့် ညီ ၏ အသွေး ကိုခံယူ ခြင်းငှါ ၊ မိမိ ပစပ် ကိုဖွင့် သော မြေကြီး ၏ ကျိန် ခြင်းကို သင် သည် ခံရသောကြောင့်၊

12ယခုမှစ၍မြေ ၌လုပ် သောအခါ ပကတိ အတိုင်း အသီးအနှံ ကို မ ရရ။ မြေကြီး ပေါ် မှ ပြေးရသောသူ၊ အရပ်ရပ်လည် ရသောသူဖြစ် ရလိမ့်မည်ဟု မိန့် တော်မူ၏။

13ကာဣန ကလည်း အကျွန်ုပ် အပြစ် သည် မဖြေ နိုင်အောင် ကြီး ပါသလော။

14အကျွန်ုပ် ကို မြေကြီး ပြင် မှယနေ့ နှင်ထုတ် တော်မူပြီ၊ မျက်နှာ တော်ကိုလည်း မမြင် ရ။ မြေကြီး ပေါ် မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ် ပါရမည်။ တွေ့ သမျှ သောသူတို့ သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည် ဟု ထာဝရဘုရား ကို လျှောက် ဆို၏။

15ထာဝရဘုရား ကလည်း သို့ဖြစ်၍ ကာဣန ကို သတ် သောသူမည်သည်ကား၊ ခုနစ် ဆသောအပြစ် ဒဏ်ကိုခံ ရလိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊ ကာဣန ကိုတွေ့ သောသူ တစုံတယောက် မျှ မ သတ် စေခြင်းငှါ၊ ထာဝရဘုရား သည် သူ ၌ အမှတ် ပေး တော်မူ၏။

16ကာဣန သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ၊ ဧဒင် ပြည် အရှေ့ ၊ နောဒ ပြည် တွင် နေ လေ၏။

17ထိုအခါ ကာဣန သည် မိမိ မယား နှင့် ဆက်ဆံ သဖြင့်၊ သူ သည် ပဋိသန္ဓေစွဲယူ၍ ၊ သားဧနောက် ကို ဘွားမြင် လေ၏။ ကာဣန သည်လည်း မြို့ ကိုတည် ၍ မိမိ သား ၏ အမည် အလိုက် ၊ ထိုမြို့ ကို ဧနောက် မြို့ဟု သမုတ် လေ၏။

18ဧနောက် သားကား၊ ဣရဒ် ၊ ဣရဒ် သားကား၊ မဟုယေလ ၊ မဟုယေလ သားကား၊ မသုရှလ ၊ မသုရှလ သားကား၊ လာမက် တည်း။

19လာမက် သည်၊ အာဒ နှင့် ဇိလ အမည် ရှိသောမိန်းမ နှစ် ယောက်နှင့် အိမ်ထောင် ဘက်ပြု၍၊

20အာဒံ သည် သားယာဗလ ကိုဘွား မြင်လေ၏။ ထိုသားကား၊ တဲ ၌နေ သောသူ ၊ သိုး နွားစသည်တို့ကို မွေးသောသူတို့ ၏ အဘ ဆရာ ဖြစ် လေသတည်း။

21ယုဗလ အမည် ရှိသောညီ မူကား၊ စောင်း မျိုး၊ နှဲခရာ မျိုးတို့ကို တီးမှုတ် တတ်သောသူ အပေါင်း တို့၏ အဘ ဆရာဖြစ် လေသတည်း။

22ဇိလ သည်လည်း ၊ သားတုဗလကာဣန ကို ဘွားမြင် လေ၏။ သူသည် ပန်းတဉ်း သမား၊ ပန်းပဲ သမား အပေါင်း တို့၏ဆရာ ဖြစ်လေ၏။ တုဗလကာဣန ၏နှမ ကား၊ နေမ အမည်ရှိ၏။

23လာမက် ကလည်း အာဒံ နှင့် ဇိလ ၊ ငါ ပြော သံကို မှတ် ကြလော့။ လာမက် မယား တို့၊ ငါ့ စကား ကို နားထောင် ကြလော့။ ငါ့ ကိုထိခိုက် သော လူ တယောက်တည်းဟူသော ၊ ငါ့ ကိုညှဉ်းဆဲ သောလူပျို တယောက်ကို ငါသတ် ခဲ့ပြီ။

24ကာဣန သည် ခုနစ် ဆသောတရား ကိုရလျှင်၊ အကယ်၍ လာမက် သည်၊ အဆခုနှစ် ဆယ် ခုနစ် ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။

25အာဒံ သည်လည်း မိမိ မယား နှင့် တဖန် ဆက်ဆံ ပြန်လျှင်၊ မယားသည် သား ကို ဘွားမြင် ၍ ရှေသ ဟူသောအမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ ကာဣန သတ် သော အာဗေလ ကိုယ်စား တပါး သောအနွယ် ကို အကျွန်ုပ် အဘို့ ဘုရား သခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။

26ရှေသ သည်လည်း သား ကိုရ ၍ ဧနုတ် ဟူသောအမည် ဖြင့် မှည့် လေ၏။ ထိုကာလ၌ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏၊

Tip: use the ← and → keys to turn chapters.