ကမ္ဘာဦးကျမ်း 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ထိုသို့ ကောင်းကင် မြေကြီး နှင့်တကွ ခပ်သိမ်း သော တန်ဆာ တို့သည် ပြီးစီး လျက်ရှိကြ၏။
1Igitur perfecti sunt cæli et terra, et omnis ornatus eorum.
2သတ္တမ နေ့ ရက်ရောက်လျှင်၊ ဘုရား သခင်သည် ဖန်ဆင်း သောအမှု ကို လက်စသတ် တော်မူခဲ့ပြီးသည် ဖြစ်၍ ၊ ဖန်ဆင်း သမျှ သောအမူ အရာတို့သည် ပြီးစီးပြီးမှ၊ ထို သတ္တမ နေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏။
2Complevitque Deus die septimo opus suum quod fecerat: et requievit die septimo ab universo opere quod patrarat.
3ထို သတ္တမ နေ့ ကို ဘုရား သခင်သည် ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။ အကြောင်းမူကား ၊ ဖန်ဆင်း ပြုပြင်တော်မူသောထိုအမှု အရာအလုံးစုံ တို့သည် ပြီးစီးသောကြောင့်ထိုနေ့ရက်၌ ငြိမ်ဝပ် စွာနေ တော်မူ၏။
3Et benedixit diei septimo, et sanctificavit illum, quia in ipso cessaverat ab omni opere suo quod creavit Deus ut faceret.
4ဤ အကြောင်းအရာကား၊ ထာဝရ အရှင်ဘုရား သခင်သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောနေ့ ၊ ဖန်ဆင်း ရာကာလ ၌ ကောင်းကင် နှင့် မြေကြီး ၏ မူလ အတ္ထုပတ္တိပေတည်း။
4Istæ sunt generationes cæli et terræ, quando creata sunt, in die quo fecit Dominus Deus cælum et terram,
5မြေ ၌ လယ် ယာပျိုး ပင်မ ပေါက်မှီ၊ လယ် ယာ၌ စပါးပင်မ ကြီးပွားမှီ၊ အပင် ရှိ သမျှတို့ကိုဖန်ဆင်း တော်မူ၏။ ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် မြေ ပေါ် ၌ မိုဃ်းကိုရွာ စေတော်မ မူသေး။ မြေ ၌လုပ် သော လူ လည်း မ ရှိသေးသည်ဖြစ်၍၊
5et omne virgultum agri antequam oriretur in terra, omnemque herbam regionis priusquam germinaret: non enim pluerat Dominus Deus super terram, et homo non erat qui operaretur terram:
6မြေ မှ အခိုး အငွေ့ထွက် သဖြင့် မြေ တပြင်လုံးကို စို စေလေ၏။
6sed fons ascendebat e terra, irrigans universam superficiem terræ.
7ထိုနောက် ၊ ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း ၍၊ သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် ၊ လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။
7Formavit igitur Dominus Deus hominem de limo terræ, et inspiravit in faciem ejus spiraculum vitæ, et factus est homo in animam viventem.
8ထာဝရ အရှင် ဘုရား သခင်သည်လည်း အရှေ့ မျက်နှာ၊ ဧဒင် အရပ်၌ ဥယျာဉ် ကို စိုက်ပျိုး ပြီးလျှင်၊ ဖန်ဆင်း တော်မူသောလူ ကို ထို ဥယျာဉ်၌ နေရာ ချတော်မူ၏။
8Plantaverat autem Dominus Deus paradisum voluptatis a principio, in quo posuit hominem quem formaverat.
9ထို မြေ ထဲက အဆင်း လှ၍၊ စားဘွယ် ကောင်း သော အပင် အမျိုးမျိုး ကို ထာဝရ အရှင်ဘုရား သခင်ပေါက် စေတော်မူ၏။ ထိုဥယျာဉ် အလယ် ၌ အသက် ပင် လည်း ရှိ၏။ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင် လည်း ရှိ၏။
9Produxitque Dominus Deus de humo omne lignum pulchrum visu, et ad vescendum suave lignum etiam vitæ in medio paradisi, lignumque scientiæ boni et mali.
10ထို ဥယျာဉ်ကို စို စေလိုသော ငှာ မြစ် တမြစ်သည် ဧဒင် အရပ်ထဲက စီးထွက် သဖြင့် ၊ ဥယျာဉ် ပြင်မှာ လေးဖြာကွဲ ၍ မြစ်မ လေး သွယ်ဖြစ် လေ၏။
10Et fluvius egrediebatur de loco voluptatis ad irrigandum paradisum, qui inde dividitur in quatuor capita.
11ပဌမ မြစ်ကား ဖိရုန် အမည် ရှိ၏။ ထို မြစ်သည် ရွှေ ရှိသော ဟာဝိလ ပြည် နား တရှောက်လုံး ကို စီးသွား လေ၏။
11Nomen uni Phison: ipse est qui circuit omnem terram Hevilath, ubi nascitur aurum:
12ထို ပြည် မှဖြစ်သောရွှေ သည် ကောင်း လှ၏။
12et aurum terræ illius optimum est; ibi invenitur bdellium, et lapis onychinus.
13ဗဓေလသစ်စေး နှင့် ရှဟံ ကျောက် လည်းရှိ၏။ ဒုတိယ မြစ်ကား ဂိဟုန် အမည် ရှိ၏။ ထိုမြစ် သည် ကုရှ ပြည် နား တရှောက်လုံး ကို စီးသွားလေ၏။
13Et nomen fluvii secundi Gehon; ipse est qui circumit omnem terram Æthiopiæ.
14တတိယ မြစ် ကား ဟိဒကေလ အမည် ရှိ၏။ ထို မြစ်သည် အာရှုရိ တိုင်း အရှေ့ သို့ စီးသွား လေ၏။ စတုတ္ထ မြစ် ကား ဥဖရတ် အမည်ရှိ၏။
14Nomen vero fluminis tertii, Tigris: ipse vadit contra Assyrios. Fluvius autem quartus, ipse est Euphrates.
15ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကိုယူ ၍ ဧဒင် ဥယျာဉ် ကို ပြုစုစောင့်ရှောက် စေခြင်းငှါထား တော်မူ၏။
15Tulit ergo Dominus Deus hominem, et posuit eum in paradiso voluptatis, ut operaretur, et custodiret illum:
16ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင်မှတပါး၊ ထိုဥယျာဉ် ၌ ရှိသမျှ သော အပင် တို့၏အသီးကို သင်သည် စား ရသောအခွင့်ရှိ၏။
16præcepitque ei, dicens: Ex omni ligno paradisi comede;
17ထို အပင် ၏ အသီးကိုကား မ စား ရ။ စား သောနေ့ တွင် ဧကန်အမှန်သေ ရမည်ဟု လူ ကို ပညတ် ထားတော်မူ၏။
17de ligno autem scientiæ boni et mali ne comedas: in quocumque enim die comederis ex eo, morte morieris.
18ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ ယောက်ျား သည် တ ယောက်တည်းမ နေ ကောင်း ၊ သူ နှင့်တော် သော အထောက် အမကို သူ ဘို့ ငါလုပ် ဦးမည်ဟု အကြံ ရှိတော်မူ၏။
18Dixit quoque Dominus Deus: Non est bonum esse hominem solum: faciamus ei adjutorium simile sibi.
19ထာဝရ အရှင်ဘုရား သခင်သည် မြေ တိရစ္ဆာန် တို့နှင့်၊ မိုဃ်းကောင်းကင် ငှက် အပေါင်း တို့ကို မြေ ဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ ခေါ်ဝေါ် သမုတ်မည်ကို သိ ခြင်းငှာ ၊ လူ ရှိရာသို့ ဆောင် ခဲ့တော်မူ၏။ လူ သည် လည်း အသက်ရှင် သော သတ္တဝါ အပေါင်း တို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း ၊ နာမည် အသီးအသီးရှိကြ၏။
19Formatis igitur Dominus Deus de humo cunctis animantibus terræ, et universis volatilibus cæli, adduxit ea ad Adam, ut videret quid vocaret ea: omne enim quod vocavit Adam animæ viventis, ipsum est nomen ejus.
20ထိုသို့ လူ သည် သားယဉ် အပေါင်း တို့ကို ၎င်း ၊ မိုဃ်းကောင်းကင် ငှက် အပေါင်းတို့ကို ၎င်း ၊ သားရဲ အပေါင်း တို့ကို ၎င်း၊ အမည်ပေး ၍မှည့်လေ၏။ သို့သော်လည်း လူ နှင့် တော် သော အထောက် အမ မ ပေါ် မရှိသေး၊
20Appellavitque Adam nominibus suis cuncta animantia, et universa volatilia cæli, et omnes bestias terræ: Adæ vero non inveniebatur adjutor similis ejus.
21ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကို ကြီး သောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူ သည် အိပ်ပျော် စဉ် ၊ နံရိုး တ ချောင်းကို ဘုရားသခင်ထုတ် ပြီးလျှင်၊ ထို အရိုးအစား အသား ကို စေ့စပ် စေတော်မူ၏။
21Immisit ergo Dominus Deus soporem in Adam: cumque obdormisset, tulit unam de costis ejus, et replevit carnem pro ea.
22ထာဝရ အရှင်ဘုရား သခင်သည် လူ ထဲက ထုတ် သော နံရိုး ဖြင့် လူမိန်းမ ကိုဖန်ဆင်း၍ လူ ရှိရာသို့ ဆောင် ခဲ့ တော်မူ၏။
22Et ædificavit Dominus Deus costam, quam tulerat de Adam, in mulierem: et adduxit eam ad Adam.
23လူ ကလည်း ၊ ယခု ဤ သူသည်ငါ့ အရိုး ထဲက အရိုး ၊ ငါ့ အသား ထဲက အသား ဖြစ်၏။ လူ ထဲက ထုတ် သောကြောင့် သူ့ ကိုလူမိန်းမ ဟု ခေါ်ဝေါ် အပ်သည်ဟု ဆိုလေ၏။
23Dixitque Adam: Hoc nunc os ex ossibus meis, et caro de carne mea: hæc vocabitur Virago, quoniam de viro sumpta est.
24ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကို စွန့် ၍ ၊ ကိုယ့် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူတို့သည် တသား တကိုယ်တည်း ဖြစ် ရလိမ့်မည်။
24Quam ob rem relinquet homo patrem suum, et matrem, et adhærebit uxori suæ: et erunt duo in carne una.
25ထို သူလင်မယား နှစ် ဦးတို့သည် အဝတ် မဝတ်ဘဲ နေ၍၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြ၏။
25Erat autem uterque nudus, Adam scilicet et uxor ejus: et non erubescebant.
Tip: use the ← and → keys to turn chapters.