ကမ္ဘာဦးကျမ်း 47
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ထိုစကားအတိုင်း ယောသပ် သည် ဖါရော မင်းထံ သို့သွား ၍ ၊ ကျွန်တော် အဘ နှင့် အစ်ကို တို့သည် သိုး နွား၊ ဥစ္စာရှိသမျှ ကို ဆောင်လျက် ခါနာန် ပြည် ကရောက် လာ၍ ၊ ဂေါရှင် ပြည် ၌ ရှိကြပါသည်ဟု လျှောက် သဖြင့်၊
1Ingressus ergo Joseph nuntiavit Pharaoni, dicens: Pater meus et fratres, oves eorum et armenta, et cuncta quæ possident, venerunt de terra Chanaan: et ecce consistunt in terra Gessen.
2အစ်ကို စု ထဲက ရွေး ၍ ငါး ယောက်တို့ကို အထံ တော်သို့သွင်း လေ၏။
2Extremos quoque fratrum suorum quinque viros constituit coram rege:
3ဖာရော မင်းကလည်း ၊ သင် တို့သည် အဘယ်သို့ လုပ်ဆောင် လေ့ရှိကြသနည်းဟုမေး လျှင်၊ သူတို့က၊ ကိုယ်တော် ကျွန် တို့သည် ဘိုးဘေး နှင့်တကွ သိုး ထိန်း ဖြစ်ကြပါ၏ဟူ၍၎င်း၊
3quos ille interrogavit: Quid habetis operis? Responderunt: Pastores ovium sumus servi tui, et nos et patres nostri.
4ခါနာန် ပြည် ၌ အလွန် အစာခေါင်းပါး ၍ သိုး နွား ကျက်စား ရာမ ရှိသောကြောင့် ၊ ကိုယ်တော် ကျွန် တို့သည် ပြည် တော်၌ တည်းခို ခြင်းငှါ လာ ကြပါ၏။ သို့ဖြစ်၍ ကိုယ်တော် ကျွန် တို့သည် ဂေါရှင် ပြည် ၌ နေ ရမည် အကြောင်းအခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက် ကြ၏။
4Ad peregrinandum in terra tua venimus: quoniam non est herba gregibus servorum tuorum, ingravescente fame in terra Chanaan: petimusque ut esse nos jubeas servos tuos in terra Gessen.
5ဖါရော မင်းကလည်း ၊ သင် ၏အဘ နှင့် အစ်ကို တို့ သည် သင့် ထံ သို့ရောက် လာကြသည်ဖြစ်၍၊
5Dixit itaque rex ad Joseph: Pater tuus et fratres tui venerunt ad te.
6အဲဂုတ္တု ပြည် သည် သင့် ရှေ့ မှာ ရှိ၏။ သင် ၏ အဘ နှင့် သင် ၏အစ်ကို တို့ကို အကောင်း ဆုံးသော အရပ် ဂေါရှင် ပြည် ၌ နေရာ ချလော့။ သူ တို့တွင် အစွမ်း သတ္တိ ရှိသောသူ အချို့တို့ကို တွေ့ လျှင် ငါ ၏သိုး နွားအုပ်အရာ ၌ ခန့်ထား လော့ဟု ယောသပ်အား မိန့်တော်မူ၏။
6Terra Ægypti in conspectu tuo est: in optimo loco fac eos habitare, et trade eis terram Gessen. Quod si nosti in eis esse viros industrios, constitue illos magistros pecorum meorum.
7ယောသပ် သည် အဘ ယာကုပ် ကို သွင်း ၍ ဖါရော မင်းရှေ့ မှာထား သဖြင့် ၊ ယာကုပ် သည် ဖါရော မင်း ကို ကောင်းကြီး ပေး၏။
7Post hæc introduxit Joseph patrem suum ad regem, et statuit eum coram eo: qui benedicens illi,
8ဖါရော မင်းက၊ သင် သည် အသက် အဘယ် မျှလောက် ရှိပြီနည်းဟု ယာကုပ် အား မေး လျှင်၊
8et interrogatus ab eo: Quot sunt dies annorum vitæ tuæ?
9ကျွန်တော် သည် ဧည့်သည် အာဂန္တုဖြစ်၍ လွန် သော အသက် သည် အနှစ်တရာ သုံး ဆယ်ရှိ ပါပြီ။ ကျွန်တော် အသက် ရှင် သော နှစ် ပေါင်းနည်း ၍ ဆိုး ပါ၏။ ဧည့်သည် အာဂန္တုဖြစ်သော ဘိုးဘေး တို့၏ အသက် တန်း ကို မ မှီ ပါဟု လျှောက် ဆိုပြီးလျှင်၊
9respondit: Dies peregrinationis meæ centum triginta annorum sunt, parvi et mali, et non pervenerunt usque ad dies patrum meorum quibus peregrinati sunt.
10ဖါရော မင်းကို ကောင်းကြီး ပေး၍ အထံ တော်က ထွက်သွား လေ၏။
10Et benedicto rege, egressus est foras.
11ဖါရော မင်းအမိန့် တော်ရှိသည့်အတိုင်း ၊ ယောသပ် သည် အဘ နှင့် အစ်ကို တို့ကို နေရာ ချ၍ အဲဂုတ္တု ပြည် ၌ အကောင်း ဆုံးသောအရပ် ရာမသက် မြေ ကို အပိုင် ပေး ၏။
11Joseph vero patri et fratribus suis dedit possessionem in Ægypto in optimo terræ loco, Ramesses, ut præceperat Pharao.
12အဘ နှင့် အစ်ကို များ၊ အဘ ၏အိမ်သား ရှိသမျှ တို့ ကို အနည်း အများအလိုက် ကျွေးမွေး ၏။
12Et alebat eos, omnemque domum patris sui, præbens cibaria singulis.
13အလွန် အစာခေါင်းပါး ၍ တပြည် လုံး စားစရာ မ ရှိသောကြောင့် ၊ အဲဂုတ္တု ပြည် နှင့် ခါနာန် ပြည် သည် အားလျော့ လေ၏။
13In toto enim orbe panis deerat, et oppresserat fames terram, maxime Ægypti et Chanaan.
14ပြည်သားဝယ် သော စပါး အဘိုး ၊ အဲဂုတ္တု ပြည် ၊ ခါနာန် ပြည် ၌ တွေ့ သမျှ သောငွေ ကိုယောသပ် စုသိမ်း ၍ နန်းတော် သို့ သွင်း ထားလေ၏။
14E quibus omnem pecuniam congregavit pro venditione frumenti, et intulit eam in ærarium regis.
15အဲဂုတ္တု ပြည် ၊ ခါနာန် ပြည် ၌ ငွေ ကုန် သောအခါ ၊ အဲဂုတ္တု လူအပေါင်း တို့သည် ယောသပ် ထံ သို့လာ ၍ စားစရာ ဘို့ ပေး သနားတော်မူပါ။ ကျွန်တော်တို့သည် ငွေ ကုန် သော်လည်း ရှေ့ တော်၌ အဘယ်ကြောင့် သေ ရပါအံ့နည်းဟု လျှောက်ကြသော်၊
15Cumque defecisset emptoribus pretium, venit cuncta Ægyptus ad Joseph, dicens: Da nobis panes: quare morimur coram te, deficiente pecunia?
16ယောသပ် က၊ ငွေ ကုန် လျှင် တိရစ္ဆာန် များကိုပေး ကြ။ တိရစ္ဆာန် အတွက် စပါးကိုပေး မည်ဟုဆို သည် အတိုင်း၊
16Quibus ille respondit: Adducite pecora vestra, et dabo vobis pro eis cibos, si pretium non habetis.
17သူတို့သည် တိရစ္ဆာန် တို့ကိုယူ ခဲ့၍ ၊ ယောသပ် သည် မြင်း ၊ သိုး ၊ နွား ၊ မြည်း တို့အတွက် စပါးကိုပေး သဖြင့် ထို နှစ် တွင် တိရစ္ဆာန် ရှိသမျှ တို့အတွက် ပြည်သား များကို ကျွေးမွေး ၏။
17Quæ cum adduxissent, dedit eis alimenta pro equis, et ovibus, et bobus, et asinis: sustentavitque eos illo anno pro commutatione pecorum.
18ထို နှစ် ကုန် ပြီးမှ ဒုတိယ နှစ် တွင် လာ ကြလျှင် ၊ ကျွန်တော်တို့ ငွေ ကုန် ကြောင်း ကို သခင် ရှေ့ မှာ မ ထိမ်ဝှက် ပါ။ ကျွန်တော်တို့ တိရစ္ဆာန် များကိုလည်း သခင် ရပါပြီ။ သခင် ရှေ့မှာ ကျွန်တော် တို့ကိုယ် နှင့် မြေ မှတပါး အဘယ် အရာမျှ မ ကျန် ပါ။
18Venerunt quoque anno secundo, et dixerunt ei: Non celabimus dominum nostrum quod deficiente pecunia, pecora simul defecerunt: nec clam te est, quod absque corporibus et terra nihil habeamus.
19ရှေ့ တော်၌ အဘယ်ကြောင့် သေ၍ ပြည် တော် ပျက် ရပါအံ့နည်း။ အစာ ကို ပေး၍ကျွန်တော် တို့နှင့် ကျွန်တော် တို့မြေ ကို ဝယ် ပါ။ ကျွန်တော် တို့သည် မြေ နှင့်တကွ ဖါရော ဘုရင်၏ ကျွန် ခံ ပါမည်။ ကျွန်တော်တို့သည် မ သေ ၊ အသက် ရှင်စေခြင်းငှါ၎င်း၊ ပြည် တော်သည် လူမ ဆိတ်ညံ စေခြင်းငှါ၎င်း၊ မျိုးစေ့ ကိုပေး ပါဟု လျှောက်ကြသော်၊
19Cur ergo moriemur te vidente? et nos et terra nostra tui erimus: eme nos in servitutem regiam, et præbe semina, ne pereunte cultore redigatur terra in solitudinem.
20ယောသပ် သည် အဲဂုတ္တု မြေ ရှိသမျှ ကို ဖါရော မင်းဘို့ ဝယ် လေ၏။ အစာခေါင်းပါး ၍ အဲဂုတ္တု လူတို့သည် မတတ်နိုင်သောကြောင့်၊ အသီးအသီး ပိုင်သော မြေ အကွက်တို့ကို ရောင်း ကြသဖြင့် မြေ သည် ဘဏ္ဍာ တော် ဖြစ် လေ၏။
20Emit igitur Joseph omnem terram Ægypti, vendentibus singulis possessiones suas præ magnitudine famis. Subjecitque eam Pharaoni,
21လူ တို့ကိုကား ၊ အဲဂုတ္တု ပြည် တစွန်း မှ သည် တစွန်း တိုင်အောင်မြို့ တို့သို့ ပြောင်း စေ၏။
21et cunctos populos ejus a novissimis terminis Ægypti usque ad extremos fines ejus,
22ယဇ်ပုရောဟိတ် တို့ ပိုင်သောမြေ ကိုကားမ ဝယ်။ သူတို့သည် ဖါရော မင်းကျွေးမွေး သည်အတိုင်း ကျွေးမွေး သော အစာ ကိုစား ရကြ၏။ ထိုကြောင့် မိမိ တို့မြေ ကို မ ရောင်း ရကြ။
22præter terram sacerdotum, quæ a rege tradita fuerat eis: quibus et statuta cibaria ex horreis publicis præbebantur, et idcirco non sunt compulsi vendere possessiones suas.
23ယောသပ် ကလည်း ၊ သင် တို့နှင့် သင် တို့မြေ ကို ဖါရော မင်းဘို့ ယနေ့ ငါဝယ် ပြီ။ မျိုးစေ့ ကို ယူ၍ လယ် လုပ် ကြလော့။
23Dixit ergo Joseph ad populos: En ut cernitis, et vos et terram vestram Pharao possidet: accipite semina, et serite agros,
24အသီး အနှံကို ရ သောအခါ ၊ ငါး ဘို့တွင်တဘို့ကို ဖါရော မင်းအား ဆက် ရကြမည်။ လေး ဘို့ကိုကား သင် တို့ယူ ၍ နောက်တဖန်မျိုးစေ့ ကို ကြဲကြလော့။ သင် တို့စား ၍ အိမ် သားများ၊ သူငယ် များတို့ကို ကျွေး ကြလော့ဟု ပြည်သား တို့အား ဆို ၏။
24ut fruges habere possitis. Quintam partem regi dabitis: quatuor reliquas permitto vobis in sementem, et in cibum familiis et liberis vestris.
25သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော် တို့ အသက်ကို ကယ် ပါပြီ။ သနားသောစိတ် နှင့် ကြည့်ရှု တော်မူ ပါ။ ကျွန်တော်တို့သည် ဖာရော ဘုရင်၏ ကျွန် ခံ ရပါမည် ဟု လျှောက် ကြ၏။
25Qui responderunt: Salus nostra in manu tua est: respiciat nos tantum dominus noster, et læti serviemus regi.
26ထိုကြောင့်ဖါရော မင်းမ ပိုင်သော ယဇ်ပုရောဟိတ် တို့ မြေ ကိုထား၍၊ ဖါရော မင်းသည် ငါး ဘို့တွင် တဘို့ကိုပိုင်တော်မူစေဟု ယနေ့ တိုင်အောင်အဲဂုတ္တု ပြည် ၌တည်သော ဓမ္မသတ် ကို ယောသပ် စီရင် ၍ ထား သတည်း။
26Ex eo tempore usque in præsentem diem, in universa terra Ægypti regibus quinta pars solvitur, et factum est quasi in legem, absque terra sacerdotali, quæ libera ab hac conditione fuit.
27ဣသရေလ သားတို့သည်၊ အဲဂုတ္တု ပြည် ဂေါရှင် အရပ် ၌ နေ သဖြင့် ၊ ဥစ္စာ ရတတ်၍ တိုး ပွါးများပြား ကြ၏။
27Habitavit ergo Israël in Ægypto, id est, in terra Gessen, et possedit eam: auctusque est, et multiplicatus nimis.
28ယာကုပ် သည် အဲဂုတ္တု ပြည် ၌ ဆယ် ခုနစ် နှစ် အသက် ရှင်၍ အသက် နှစ် ပေါင်း တရာ လေးဆယ် ခုနစ် နှစ် ရှိ သတည်း။
28Et vixit in ea decem et septem annis: factique sunt omnes dies vitæ illius, centum quadraginta septem annorum.
29ဣသရေလ သည် သေ ရသောအချိန် နီး သော် ၊ သား ယောသပ် ကို ခေါ် ၍ ငါ့ကိုသနားလျှင် သင် ၏ လက် ကို ငါ့ ပေါင် အောက် ၌ ထားပါလော့။ ကရုဏာ သစ္စာ နှင့်အညီ ငါ ၌ ပြု ပါ။ အဲဂုတ္တု ပြည်၌ ငါ့ ကိုမ သင်္ဂြိုဟ် ပါနှင့်။
29Cumque appropinquare cerneret diem mortis suæ, vocavit filium suum Joseph, et dixit ad eum: Si inveni gratiam in conspectu tuo, pone manum tuam sub femore meo: et facies mihi misericordiam et veritatem, ut non sepelias me in Ægypto:
30ငါ သည်ဘိုးဘေး နှင့်အတူ အိပ် ချင်ပါ၏။ အဲဂုတ္တု ပြည်မှ ငါ့ ကို ဆောင်သွား ၍ သူ တို့သင်္ချိုင်း ၌ သင်္ဂြိုဟ် ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘ ဆို သည် အတိုင်း အကျွန်ုပ်ပြု ပါမည်ဟု ဝန်ခံ လေ၏။
30sed dormiam cum patribus meis, et auferas me de terra hac, condasque in sepulchro majorum meorum. Cui respondit Joseph: Ego faciam quod jussisti.
31ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟု ဆို ပြန်လျှင် ၊ ကျိန်ဆို ခြင်းကို ပြု၏။ ဣသရေလ သည်လည်း ခုတင် ခေါင်း ရင်းပေါ် မှာ ကိုးကွယ် လေ၏။
31Et ille: Jura ergo, inquit, mihi. Quo jurante, adoravit Israël Deum, conversus ad lectuli caput.
Tip: use the ← and → keys to turn chapters.