ကမ္ဘာဦးကျမ်း 39
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ဣရှမေလ လူတို့သည် ယောသပ် ကို ဆောင်သွား ၍ အဲဂုတ္တု ပြည်သို့ ရောက် သောအခါ ၊ အဲဂုတ္တု အမျိုးသား ဖါရော ဘုရင်၏အမတ် ဖြစ်သော ကိုယ်ရံတော် မှူး ပေါတိဖါ ထံ မှာ ရောင်းကြ၏။
1Igitur Joseph ductus est in Ægyptum, emitque eum Putiphar eunuchus Pharaonis, princeps exercitus, vir ægyptius, de manu Ismaëlitarum, a quibus perductus erat.
2ထာဝရဘုရား သည် ယောသပ် ဘက် ၌ ရှိ တော်မူသဖြင့် သူ သည် အကြံ ထမြောက်တတ်၏။ အဲဂုတ္တု အမျိုးသားမိမိ သခင် ၏အိမ် ၌ နေ ရလေ၏။
2Fuitque Dominus cum eo, et erat vir in cunctis prospere agens: habitavitque in domo domini sui,
3သူ့ ဘက် ၌ ထာဝရဘုရား သည် ရှိတော်မူ၍၊ သူ ပြု လေရာရာ ၌ အောင် စေတော်မူကြောင်းကို သခင် လည်း သိမြင် ၏။
3qui optime noverat Dominum esse cum eo, et omnia, quæ gerebat, ab eo dirigi in manu illius.
4ထိုကြောင့် ယောသပ် သည် သခင် ရှေ့ ၌ မျက်နှာ ရ၍ ခစား လျက် နေရ၏။ သခင်သည်လည်း မိမိ အိမ်တွင် အိမ် အုပ် အရာနှင့် ခန့် ထား၍ ဥစ္စာရှိသမျှ ကို အပ် လေ၏။
4Invenitque Joseph gratiam coram domino suo, et ministrabat ei: a quo præpositus omnibus gubernabat creditam sibi domum, et universa quæ ei tradita fuerant:
5ထိုသို့ အိမ် နှင့် ဥစ္စာရှိသမျှ ကို အုပ်စိုး စေသည် ကာလ မှစ၍ ထာဝရဘုရား သည် ယောသပ် အတွက် ထိုအဲဂုတ္တု သား၏အိမ် ကို ကောင်းကြီး ပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းကြီး မင်္ဂလာသည် အတွင်း ၊ ပြင် ၊ ဥစ္စာရှိရှိသမျှ အပေါ် မှာလည်း သက်ရောက် လေ၏။
5benedixitque Dominus domui Ægyptii propter Joseph, et multiplicavit tam in ædibus quam in agris cunctam ejus substantiam:
6သခင် သည် မိမိ ၌ ရှိသမျှ ကို ယောသပ် လက် သို့ အပ် ၍ ၊ မိမိ စား သော အစာ မှတပါး အခြား သော ဥစ္စာ ရှိမှန်းကိုမျှ မ သိ မမှတ်ဘဲနေ၏။ ယောသပ် သည် ပုံပြင် ယဉ်ကျေး ၍ အသွေး အဆင်းလည်း လှ သောသူဖြစ် ၏။
6nec quidquam aliud noverat, nisi panem quo vescebatur. Erat autem Joseph pulchra facie, et decorus aspectu.
7ထိုနောက်မှ သခင် ၏မယား သည် ယောသပ် ကို တပ် သောစိတ်ရှိ၍ ငါ နှင့်အတူ အိပ် ပါဟုဆို ၏။
7Post multos itaque dies injecit domina sua oculos suos in Joseph, et ait: Dormi mecum.
8ယောသပ်ကလည်း၊ ကျွန်တော် သခင် သည် အိမ် တော်၌ ရှိသမျှ သော ဥစ္စာတို့ကို ကျွန်တော် လက် သို့ အပ် ပါပြီ။ ကျွန်တော်၌ အဘယ် ဥစ္စာရှိမှန်းကိုမျှ မ သိ မမှတ်ပါ။
8Qui nequaquam acquiescens operi nefario, dixit ad eam: Ecce dominus meus, omnibus mihi traditis, ignorat quid habeat in domo sua:
9ဤ အိမ် တွင် လည်း ကျွန်တော် ထက် သာ၍ကြီး သောသူမ ရှိပါ။ ကိုယ် မယား ဖြစ်သော သခင်မ မှတပါး အဘယ် အရာကိုမျှ ကျွန်တော် အား မ မြစ်တား ပါ။ သို့ဖြစ်လျှင် အပြစ် ကြီး သောဤ အမှုကို ကျွန်တော်ပြု ၍ ဘုရားသခင် ကို အဘယ်သို့ ပြစ်မှား နိုင်သနည်းဟု သခင် ၏မယား ကို ငြင်း ၍ ပြန်ဆို ၏။
9nec quidquam est quod non in mea sit potestate, vel non tradiderit mihi, præter te, quæ uxor ejus es: quomodo ergo possum hoc malum facere, et peccare in Deum meum?
10ထိုသို့ သခင်မသည် နေ့ တိုင်းသွေးဆောင်သော်လည်း ၊ ယောသပ် သည် သူ ၏စကား ကို နား မ ထောင်၊ သူ နှင့်အတူ အိပ် ခြင်း၊ နေခြင်းအမှုကို ရှောင်လေ၏။
10Hujuscemodi verbis per singulos dies, et mulier molesta erat adolescenti: et ille recusabat stuprum.
11တနေ့သ၌ ယောသပ် သည် အမှု ဆောင် ခြင်းငှါ အိမ် ထဲသို့ ဝင် ၍ အိမ် သားယောက်ျား တယောက် မျှ မ ရှိ သောအခါ၊
11Accidit autem quadam die ut intraret Joseph domum, et operis quippiam absque arbitris faceret:
12သခင်မက ငါ နှင့်အတူ အိပ် ပါဟုဆို လျက် ၊ ယောသပ် အဝတ် ကို ကိုင် ဆွဲလျှင်၊ ယောသပ်သည် မိမိ အဝတ် ကိုစွန့် ၍ ပြင် သို့ ထွက် ပြေး လေ၏။
12et illa, apprehensa lacinia vestimenti ejus, diceret: Dormi mecum. Qui relicto in manu ejus pallio fugit, et egressus est foras.
13ထိုသို့ သခင်မ လက် ၌ မိမိ အဝတ် ကိုစွန့် ၍ ပြင် သို့ ထွက်ပြေး သည်ကို သခင်မ သိမြင် သောအခါ၊
13Cumque vidisset mulier vestem in manibus suis, et se esse contemptam,
14အိမ်သား ယောက်ျား တို့ကို ခေါ် ၍ ၊ သင် တို့ကြည့် ကြ။ ငါ တို့၌ မ ရိုမသေပြုစေခြင်းငှါ ဤဟေဗြဲ လူ ကို သခင်သွင်း ထားပြီတကား။ သူသည် ငါ နှင့်အတူ အိပ် ခြင်းငှါ ဝင်လာ ၍ ငါသည် ကျယ် သောအသံ နှင့် အော်ဟစ် ရ၏။
14vocavit ad se homines domus suæ, et ait ad eos: En introduxit virum hebræum, ut illuderet nobis: ingressus est ad me, ut coiret mecum: cumque ego succlamassem,
15ကျယ်ကျယ်အော်ဟစ် သံ ကို ကြား လျှင် ၊ သူသည် မိမိ အဝတ် ကိုစွန့် ၍ ပြင် သို့ ထွက် ပြေး သည်ဟုဆို ပြီးလျှင်၊
15et audisset vocem meam, reliquit pallium quod tenebam, et fugit foras.
16သခင် ရောက် သည်တိုင်အောင် ထိုအဝတ် ကို မိမိ ၌ ထား လေ၏။
16In argumentum ergo fidei retentum pallium ostendit marito revertenti domum,
17သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်း ထား သော ဟေဗြဲ ကျွန် သည် ကျွန်ုပ် ကို မ ရိုမသေပြုခြင်းငှါ ဝင် လာပါ၏။
17et ait: Ingressus est ad me servus hebræus quem adduxisti, ut illuderet mihi:
18ကျွန်ုပ် သည် ကျယ် သောအသံ နှင့် အော်ဟစ် သောအခါ ၊ သူသည် မိမိ အဝတ် ကို စွန့် ၍ ပြင် သို့ ထွက်ပြေး ပါသည်ဟူသော စကား ဖြင့် ကြားပြော လေ၏။
18cumque audisset me clamare, reliquit pallium quod tenebam, et fugit foras.
19ကိုယ်တော် ၏ကျွန် သည် ကျွန်ုပ် ၌ ဤ သို့ပြု ခဲ့ပြီဟု မယား ပြောသောစကား ကို သခင် ကြား လျှင် ၊ ယောသပ် ကို အမျက်ထွက် ၍၊
19His auditis dominus, et nimium credulus verbis conjugis, iratus est valde:
20ခေါ် ပြီးမှ ၊ ရှင်ဘုရင် ချုပ် ထားသောသူတို့ နေရာ ထောင် ထဲ မှာ လှောင် ထားသဖြင့် ၊ ယောသပ်သည် ထောင် ထဲ မှာ နေ ရ၏။
20tradiditque Joseph in carcerem, ubi vincti regis custodiebantur, et erat ibi clausus.
21သို့သော်လည်း ထာဝရဘုရား သည် သူ့ ဘက် ၌ ရှိ၍ ကယ်မသနား တော်မူသဖြင့် ၊ ထောင် မှူး ထံ မျက်နှာ ရစေ တော်မူ၏။
21Fuit autem Dominus cum Joseph, et misertus illius dedit ei gratiam in conspectu principis carceris.
22သို့ဖြစ်၍ ထောင် မှူး သည် ထောင်၌ ချုပ် ထားသော သူအပေါင်း တို့ကို ယောသပ် လက် သို့ အပ်၍၊ ထောင် ထဲ တွင် ပြု သမျှ သောအမှုကို ယောသပ်စီရင် ရ၏။
22Qui tradidit in manu illius universos vinctos qui in custodia tenebantur: et quidquid fiebat, sub ipso erat.
23ထိုနောက်ထောင် မှူး သည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မ ကြည့် မရှုရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် ယောသပ် ဘက် မှာရှိ၍ သူ ပြု လေရာရာ ၌ အောင် စေတော်မူသတည်း။
23Nec noverat aliquid, cunctis ei creditis: Dominus enim erat cum illo, et omnia opera ejus dirigebat.
Tip: use the ← and → keys to turn chapters.