တမန်တော် 7
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ထိုအခါ ယဇ်ပုရောဟိတ် မင်းက၊ ဤ စကားမှန် သလောဟု မေး သည်ရှိသော်၊
1มหาปุโรหิตถามว่า “เรื่องเหล่านี้เป็นจริงหรือ?”
2သတေဖန်က၊ ညီအစ်ကို အဘ တို့ နားထောင် ကြပါလော့။ ငါ တို့ အဘ အာဗြဟံ သည်၊ ခါရန် မြို့၌ မ နေ မှီ ၊ မေသောပေါဘာမိ အရပ်၌ ရှိ စဉ်အခါ၊ ဘုန်းကြီး တော်မူသော ဘုရားသခင် သည် ထင်ရှား တော်မူ၍၊
2สเทเฟนตอบว่า “พี่น้องและบรรดาบิดาทั้งหลาย โปรดฟัง พระเจ้าแห่งพระสิริปรากฏแก่อับราฮัมบรรพบุรุษของพวกเรา ขณะที่เขาอยู่ในเมโสโปเตเมีย ก่อนที่จะไปอาศัยอยู่ในฮาราน
3သင် နေသော ပြည် နှင့်တကွ အမျိုးသား ချင်း များထဲက ထွက် ပြီးလျှင် ၊ ငါပြ လတံ့သော ပြည် သို့ သွား လော့ဟု အာဗြဟံ အား မိန့် တော်မူ၏။
3และกล่าวกับเขาว่า ‘จงออกจากแผ่นดินของเจ้าและจากญาติพี่น้องของเจ้า แล้วไปยังแผ่นดินที่เราจะชี้ให้เจ้าเห็น’
4ထိုအခါ အာဗြဟံ သည် ခါလဒဲ ပြည် မှ ထွက် ၍ ခါရန် မြို့၌ နေ ၏။ သူ ၏ အဘ သေ လွန်သည်ရှိသော်၊ ယခု သင်တို့နေ သော ဤ ပြည် သို့ ထိုမြို့ မှ ပြောင်း စေတော်မူ၏။
4เขาจึงออกจากแผ่นดินของชาวเคลเดียและไปอาศัยอยู่ในฮาราน หลังจากบิดาของเขาตาย พระเจ้าก็นำเขาจากที่นั่นมายังแผ่นดินนี้ ซึ่งพวกคุณอาศัยอยู่ในเวลานี้
5ဤ ပြည်၌ ခြေနင်း ရာကိုမျှ အမွေ ပေး တော် မမူ သော်လည်း ၊ သူမှစ၍ သူ ၏သား မြေးတို့အား ဤ ပြည်ကိုအပိုင် ပေးတော်မူမည်ဟု သား တစ်ယောက် မျှ မရှိ မှီဂတိ ထား တော်မူ၏။
5พระองค์ไม่ได้มอบมรดกในแผ่นดินนี้ให้เขาเลย แม้แต่ที่ดินพอให้วางเท้า แต่พระองค์สัญญาว่าจะมอบแผ่นดินนี้ให้เป็นกรรมสิทธิ์ของเขาและของลูกหลานของเขาภายหลัง ทั้งที่เวลานั้นเขายังไม่มีลูก
6သင်၏အမျိုးအနွယ် သည် သူတစ်ပါး ပိုင်သော ပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတစ်ပါးတို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေးရာ ပတ်လုံးခံရကြလိမ့်မည်။
6พระเจ้ากล่าวไว้เช่นนี้ว่า ลูกหลานของเขาจะไปอาศัยเป็นคนต่างถิ่นในแผ่นดินอื่น และคนที่นั่นจะทำให้พวกเขาเป็นทาสและข่มเหงเป็นเวลาสี่ร้อยปี
7သူ တို့ကို စေခိုင်း သောလူမျိုး ကိုလည်း ငါ စီရင် မည်။ ထိုနောက်မှ သူတို့သည်ထွက် ၍ ဤ အရပ် ၌ ငါ့ အား ဝတ်ပြု ကြလိမ့်မည်ဟု ဗျာဒိတ် ထားတော်မူ၏။
7พระเจ้ากล่าวว่า ‘เราจะพิพากษาชนชาติที่ทำให้พวกเขาเป็นทาส และหลังจากนั้นพวกเขาจะออกมาและรับใช้เราในสถานที่นี้’
8ဘုရားသခင်သည်လည်း အရေဖျားလှီး ခြင်းနှင့် ဆိုင်သော ပဋိညာဉ် တရားကို အာဗြဟံ အား ပေး တော်မူ၏။ ထိုသို့ ဣဇာက် ကို ဘွားမြင် ၍ ရှစ် ရက်မြောက်သော နေ့ ၌ အရေဖျားလှီး ခြင်းကိုပေးလေ၏။ ဣဇာက် သား ယာကုပ် ၊ ယာကုပ် သားများကား၊ အမျိုး၏အဘ တကျိတ် နှစ်ပါးတည်း။
8แล้วพระองค์ประทานพันธสัญญาเรื่องการเข้าสุหนัตแก่อับราฮัม ดังนั้นเมื่ออับราฮัมมีอิสอัค เขาก็ให้อิสอัครับการเข้าสุหนัตในวันที่แปด อิสอัคมีบุตรคือยาโคบ และยาโคบมีบุตรคือบรรพบุรุษทั้งสิบสองเผ่า
9အမျိုး၏ အဘ တို့သည် လည်း ငြူစူ သောစိတ်ရှိ၍ ၊ ယောသပ် ကို အဲဂုတ္တု ပြည်သို့ ရောင်း လိုက်ကြ၏။ ဘုရားသခင် သည် သူ့ ကိုစောင့်မ တော်မူလျက်၊
9“บรรพบุรุษเหล่านั้นอิจฉาโยเซฟ จึงขายเขาไปยังอียิปต์ แต่พระเจ้าอยู่กับเขา
10အလုံးစုံ သော ဒုက္ခ ဆင်းရဲထဲမှ ကယ်နှုတ် ၍ ၊ အဲဂုတ္တု ပြည်ကို အစိုးရ သော ဖာရော ဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာ အတတ် ကိုပေး တော်မူသဖြင့် ၊ ထိုမင်းကြီးသည် အဲဂုတ္တု နိုင်ငံအုပ် အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ် ကိုခန့်ထား လေ၏။
10และช่วยเขาให้พ้นจากความทุกข์ยากทั้งสิ้น ประทานความโปรดปรานและสติปัญญาแก่เขาต่อหน้าฟาโรห์กษัตริย์แห่งอียิปต์ ฟาโรห์จึงแต่งตั้งเขาให้เป็นผู้ปกครองอียิปต์และราชสำนักทั้งหมด
11ခါနာန် ပြည်နှင့် အဲဂုတ္တု ပြည် တရှောက် လုံး၌ အစာ ခေါင်းပါးခြင်း၊ ကြီးစွာ သောဆင်းရဲ ခြင်းရှိ၍ ငါ တို့ အဘ များ၌ စားစရာ ကုန် သောအခါ ၊ အဲဂုတ္တု ပြည်မှာ ဆန် စပါးရှိ သည်ဟု ယာကုပ် သည်ကြား လျှင် ၊
11แล้วเกิดการกันดารอาหารทั่วแผ่นดินอียิปต์และคานาอัน พร้อมกับความทุกข์ยากอย่างหนัก บรรพบุรุษของพวกเราหาอาหารไม่ได้
12ငါ တို့အဘ များကို ပဌမ အကြိမ်တွင် စေလွှတ် လေ၏။
12เมื่อยาโคบได้ยินว่ามีข้าวอยู่ในอียิปต์ เขาจึงส่งบรรพบุรุษของพวกเราไปเป็นครั้งแรก
13ဒုတိယ အကြိမ်တွင် ယောသပ် သည် မိမိ ညီအစ်ကို တို့အား မိမိအကြောင်းကို ဘော်ပြ ၍ ၊ ဖာရော ဘုရင်သည် ယောသပ် ၏ အမျိုး ကို သိ တော်မူ၏။
13เมื่อไปครั้งที่สอง โยเซฟก็เปิดเผยตัวต่อพี่น้อง และฟาโรห์ได้รู้จักครอบครัวของโยเซฟ
14ထိုအခါ ယောသပ် သည်စေလွှတ် ၍ မိမိ အဘ ယာကုပ် နှင့်တကွအရေအတွက်အားဖြင့်ခုနစ်ကျိပ် ငါး ယောက်သော မိမိအမျိုးသား ချင်းအပေါင်း တို့ကို ခေါ်ပင့် လေ၏။
14โยเซฟจึงส่งคนไปเรียกยาโคบบิดาของเขากับญาติทั้งหมด รวมเจ็ดสิบห้าคน
15ယာကုပ် သည်လည်း အဲဂုတ္တု ပြည်သို့ သွား ၍ ကိုယ်တိုင်မှစသောငါ တို့အဘ များသည် သေ လွန်ကြ၏။
15ยาโคบลงไปยังอียิปต์ และเขาก็ตายที่นั่น เช่นเดียวกับบรรพบุรุษของพวกเรา
16ထိုသူတို့ကိုလည်း ရှေခင် မြို့သို့ ပို့ဆောင် သဖြင့်၊ ရှေခင် ၏အဘ ဖြစ်သောဟာမော် ၏ သား တို့အား အဘိုး ငွေ ကိုပေး၍ဝယ် ပြီဖြစ်သော သင်္ချိုင်း တွင်း၌ ထား ကြ၏။
16พวกเขาถูกนำกลับไปยังเมืองเชเคม และฝังไว้ในอุโมงค์ฝังศพที่อับราฮัมซื้อจากลูกหลานของฮาโมร์แห่งเชเคมด้วยเงิน
17အာဗြဟံ အား ဘုရားသခင် ဓိဋ္ဌာန် တော်မူသော ဂတိ တော်၏ အချိန် ရောက် လုသောအခါ ၊
17“เมื่อใกล้ถึงเวลาที่พระเจ้าจะทำตามคำสัญญาซึ่งพระองค์ปฏิญาณไว้กับอับราฮัม ประชาชนก็เพิ่มจำนวนและทวีมากขึ้นในอียิปต์
18ထိုလူမျိုး သည် အဲဂုတ္တု ပြည်၌ တိုးပွား ၍ ၊ ယောသပ် ကိုမ သိ မကျွမ်းသော မင်းကြီး တစ်ပါး ပေါ်လာ သည်တိုင်အောင် များပြား ကြလေ၏။
18จนมีกษัตริย์อีกองค์หนึ่งขึ้นครองอียิปต์ ผู้ไม่รู้จักโยเซฟ
19ထိုမင်းကြီး သည် ငါ တို့အဆွေအမျိုး ကို ပရိယာယ် ပြုသဖြင့်၊ သူငယ် များကိုအသက် မ ရှင်စေခြင်းငှာ ပစ် ထားရမည်အကြောင်း ငါ တို့ အဘ များကို ညှဉ်းဆဲ နှိပ်စက်လေ၏။
19กษัตริย์องค์นี้ใช้เล่ห์เหลี่ยมกับชนชาติของพวกเราและข่มเหงบรรพบุรุษของพวกเรา บังคับให้พวกเขาทิ้งทารกของตน เพื่อไม่ให้มีชีวิตรอด
20ထို အခါ အလွန်အဆင်းလှ သော မောရှေ ကို ဘွားမြင် လျှင်၊ သုံး လ ပတ်လုံးအဘ ၏ အိမ် တွင် ကျွေးမွေး ကြ၏။
20ในเวลานั้นโมเสสเกิดมา เขางดงามอย่างยิ่งในสายตาของพระเจ้า และได้รับการเลี้ยงดูในบ้านของบิดาเป็นเวลาสามเดือน
21နောက်မှပစ် ထားသည်ရှိသော်၊ ဖာရော ဘုရင် သမီး တော်သည် ကောက်ယူ ၍ မိမိ သား အရာ၌ မွေးစား လေ၏။
21เมื่อเขาถูกนำไปทิ้ง พระธิดาของฟาโรห์ก็รับเขาไปเลี้ยงเป็นบุตรของตน
22မောရှေ သည်လည်းအဲဂုတ္တု အတတ် ၊ ပညာ အလုံးစုံ တို့ကို သင် ၍၊ နှုတ် သတ္တိ ၊ လက် သတ္တိရှိ ၏။
22โมเสสได้รับการศึกษาในสติปัญญาทุกอย่างของชาวอียิปต์ และมีพลังอย่างมากทั้งในคำพูดและการกระทำ
23အသက် လေးဆယ်စေ့ သောအခါ ဣသရေလ အမျိုးသား ဖြစ်သော မိမိ ညီအစ်ကို တို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ၏။
23เมื่อโมเสสอายุครบสี่สิบปี เขาคิดอยากไปเยี่ยมพี่น้องของเขา คือชนอิสราเอล
24အမျိုးသားချင်းတစ် ယောက်သည် ညှဉ်းဆဲ ခံရသည်ကို မြင် လျှင် သူ့ဘက်ကနေ၍အဲဂုတ္တု လူကို ကွပ်မျက် သဖြင့်၊ ထိုညှဉ်းဆဲ ခံရသောသူ အား အနိုင် ပေး လေ ၏။
24เมื่อเห็นคนหนึ่งในพวกเขาถูกทำร้าย โมเสสก็เข้าไปช่วยและแก้แค้นให้คนที่ถูกข่มเหง โดยตีชาวอียิปต์คนนั้น
25ဘုရားသခင် သည် ဤသူ လက် ဖြင့် ငါ တို့ကို ကယ်နှုတ် တော်မူမည်အရာကို ညီအစ်ကို တို့သည် နားလည် လိမ့်မည်ဟု ထင်မှတ် သော်လည်း ၊ ထိုသူတို့သည် နား မ လည်ဘဲနေကြ၏။
25เขาคิดว่าพี่น้องของเขาจะเข้าใจว่าพระเจ้ากำลังใช้มือของเขาเพื่อช่วยพวกเขาให้พ้นภัย แต่พวกเขาไม่เข้าใจ
26နက်ဖြန် နေ့ ၌ အချင်းချင်းခိုက်ရန် ပြုကြသော သူ တို့ရှိရာသို့ သွား ၍ ၊ အချင်းလူ တို့၊ ညီအစ်ကို ချင်းဖြစ် လျက်နှင့် အဘယ်ကြောင့် တစ် ယောက်ကိုတစ်ယောက်ညှဉ်းဆဲ ကြသနည်းဟု ဆို ၍ ရန်ငြိမ်း ရာသို့ သွေးဆောင် သည်ရှိသော်၊
26“วันต่อมา โมเสสพบคนสองคนกำลังต่อสู้กัน จึงพยายามให้ทั้งสองคืนดีกัน กล่าวว่า ‘พวกคุณเป็นพี่น้องกัน ทำไมจึงทำร้ายกันเอง?’
27အိမ်နီးချင်း ကို ညှဉ်းဆဲ သောသူ က၊ အဘယ်သူ သည် သင့် ကို ငါ တို့အပေါ်မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်း။
27แต่คนที่กำลังทำร้ายเพื่อนบ้านผลักโมเสสออกไปแล้วกล่าวว่า ‘ใครแต่งตั้งเจ้าให้เป็นผู้ปกครองและผู้พิพากษาพวกเรา?
28မနေ့ ကအဲဂုတ္တု လူကို သတ် သကဲ့သို့ ငါ့ ကိုသတ် လို သလောဟု ဆို လျက် မောရှေ ကိုပယ် ၏။
28เจ้าคิดจะฆ่าข้าเหมือนที่ฆ่าชาวอียิปต์เมื่อวานนี้หรือ?’
29ထို စကား ကိုကြားလျှင် ၊ မောရှေ သည် ပြေး ၍ မိဒျန် ပြည် ၌ ဧည့်သည် ဖြစ် လျက်နေသည်တွင် သား နှစ် ယောက်ကိုမြင် လေ၏။
29เมื่อได้ยินคำนี้ โมเสสก็หนีไปและอาศัยเป็นคนต่างถิ่นในแผ่นดินมีเดียน ที่นั่นเขามีบุตรชายสองคน
30အနှစ် လေးဆယ် လွန်သောအခါ ၊ သိနာ တောင် ခြေရင်း တော တွင် ၊ မီး လောင် သောချုံ ၌ ထာဝရဘုရား၏ ကောင်းကင်တမန် ထင်ရှား ၏။
30“เมื่อครบสี่สิบปี ทูตสวรรค์องค์หนึ่งขององค์พระผู้เป็นเจ้าปรากฏแก่เขาในถิ่นทุรกันดารแถบภูเขาซีนาย ท่ามกลางเปลวไฟในพุ่มไม้
31ထိုရူပါရုံ ကို မြင် သောအခါ မောရှေ သည် အံ့ဩ ၍စေ့စေ့ကြည့်ရှု ခြင်းငှာအနားသို့ချဉ်းကပ် လျှင်၊
31เมื่อโมเสสเห็นก็ประหลาดใจกับภาพนั้น และเมื่อเข้าไปใกล้เพื่อดู ก็ได้ยินเสียงขององค์พระผู้เป็นเจ้าว่า
32ငါ ကား သင့် ဘိုးဘေး တို့၏ဘုရား ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား၊ ယာကုပ် ၏ဘုရားဖြစ်၏ ဟုထာဝရ ဘုရား၏ ဗျာဒိတ် တော်အသံ ထွက် တော်မူ၏။ ထိုအခါ မောရှေ သည် တုန်လှုပ် လျက် စေ့စေ့မ ကြည့် ဝံ့ ။
32‘เราคือพระเจ้าของบรรพบุรุษของเจ้า คือพระเจ้าของอับราฮัม พระเจ้าของอิสอัค และพระเจ้าของยาโคบ’ โมเสสตัวสั่นและไม่กล้ามอง
33ထာဝရ ဘုရားကလည်း၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင်နင်း သောအရပ် ကား သန့်ရှင်း သောမြေ ဖြစ် ၏။
33องค์พระผู้เป็นเจ้ากล่าวกับเขาว่า ‘จงถอดรองเท้าออก เพราะสถานที่ที่เจ้ายืนอยู่นี้เป็นแผ่นดินบริสุทธิ์
34အဲဂုတ္တု ပြည်၌ ရှိသော ငါ ၏လူ တို့သည် ခံရသော ညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ညည်းတွား မြည်တမ်းသောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့ကို ကယ်နှုတ် ခြင်းငှာငါဆင်းလာ ပြီ။ ယခု သွား လော့။ သင့် ကို အဲဂုတ္တု ပြည်သို့ ငါစေလွှတ် မည်ဟု ဗျာဒိတ် တော်ရှိ၏။
34เราเห็นความทุกข์ของประชาชนของเราในอียิปต์อย่างแน่นอน และได้ยินเสียงคร่ำครวญของพวกเขา เราจึงลงมาเพื่อช่วยพวกเขาให้พ้น บัดนี้มาเถิด เราจะส่งเจ้าไปยังอียิปต์’
35အဘယ်သူ သည် သင့် ကို အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်းဟူ၍အငြင်းအပယ် ခံရသော ထို မောရှေ ကို အကဲအမှူး ၊ ကယ်လွှတ် သောသူ ဖြစ်စေခြင်းငှာ၊ ဘုရားသခင် သည်ချုံ ၌ ထင်ရှား သော ကောင်းကင်တမန် အားဖြင့် စေခန့် တော်မူ၏။
35“โมเสสคนนี้เองที่พวกเขาปฏิเสธ โดยกล่าวว่า ‘ใครแต่งตั้งเจ้าให้เป็นผู้ปกครองและผู้พิพากษา?’ พระเจ้ากลับส่งเขามาเป็นทั้งผู้ปกครองและผู้ช่วยให้พ้น โดยทางทูตสวรรค์ที่ปรากฏแก่เขาในพุ่มไม้นั้น
36ထိုသူ သည် ဣသရေလ အမျိုးသားတို့ကို နှုတ်ဆောင် ၍ အနှစ် လေးဆယ် ပတ်လုံးအဲဂုတ္တု ပြည် ၌ ၎င်း၊ ဧဒုံ ပင်လယ် ၌ ၎င်း၊ တော ၌ ၎င်း၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကိုပြု လေ၏။
36โมเสสเป็นผู้นำพวกเขาออกมา โดยทำการอัศจรรย์และหมายสำคัญในอียิปต์ ที่ทะเลแดง และในถิ่นทุรกันดารตลอดสี่สิบปี
37သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့်တူ သော ပရောဖက် တစ်ပါးကို သင်တို့ အဘို့ ပေါ်ထွန်း စေတော်မူမည်။ ထိုပရောဖက်၏ စကားကိုနားထောင်ရကြမည်ဟု ဣသရေလ အမျိုးသား တို့အားပြောဆို သောသူ ကား အခြားသူမဟုတ်၊ ထို မောရှေ ပင်ဖြစ် သတည်း။
37โมเสสคนนี้เองที่กล่าวกับชนอิสราเอลว่า ‘องค์พระผู้เป็นเจ้าพระเจ้าของพวกคุณจะให้ผู้เผยพระวจนะคนหนึ่งเกิดขึ้นจากพี่น้องของพวกคุณ เหมือนอย่างข้าพเจ้า’
38ထို သူ သည် တော တွင် ရှိ သော အစည်းအဝေး ၌ ၎င်း၊ သိနာ တောင် ပေါ်မှာ သူ့ ကိုနှုတ်ဆက် သော ကောင်းကင်တမန် နှင့် ၎င်း၊ ငါ တို့ အဘ များနှင့် ၎င်းရှိ ၏။ ထိုသူ သည် ငါ တို့အား အပ်ပေး ခြင်းငှာအသက် ရှင်စေသော ဗျာဒိတ် တော်ကိုခံ လေ၏။
38โมเสสคนนี้อยู่ในที่ประชุมในถิ่นทุรกันดาร พร้อมกับทูตสวรรค์ที่พูดกับเขาบนภูเขาซีนายและกับบรรพบุรุษของพวกเรา เขาได้รับคำเปิดเผยที่มีชีวิตเพื่อนำมามอบให้พวกเรา
39ထိုသူ ၏စကားကိုငါ တို့အဘ များသည် နား မ ထောင်လို ဘဲလျက် ပယ် ၍၊
39แต่บรรพบุรุษของพวกเราไม่ยอมเชื่อฟังเขา กลับปฏิเสธเขาและหันใจกลับไปหาอียิปต์
40ငါ တို့ရှေ့ မှာ သွားရသော ဘုရား တို့ကို ငါ တို့အဘို့လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ခဲ့သောထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ဟု အဲဂုတ္တု ပြည်သို့ ပြန် ချင်သောစိတ် နှင့် အာရုန် ကို ပြောဆို ကြ၏။
40โดยกล่าวกับอาโรนว่า ‘จงสร้างเทพเจ้าที่จะนำหน้าพวกเรา เพราะพวกเราไม่รู้ว่าเกิดอะไรขึ้นกับโมเสสคนนี้ที่พาพวกเราออกจากแผ่นดินอียิปต์’
41ထို နေ့ရက် ကာလ၌ နွားသငယ် ကို လုပ်၍ ထိုရုပ်တု အား ယဇ်ပူဇော် သဖြင့် မိမိ တို့လက် နှင့် လုပ် သော အရာ၌ ပင် ပျော်မွေ့ ကြ၏။ အနာဂတ္တိ ကျမ်း ၌ လာ သည် ကား ၊
41ในเวลานั้นพวกเขาสร้างรูปลูกวัว นำเครื่องบูชามาถวายรูปเคารพนั้น และยินดีกับสิ่งที่มือของตนทำขึ้น
42အိုဣသရေလ အမျိုး ၊ သင်တို့သည် စီရင်သော တိရစ္ဆာန် နှင့် ယဇ် များကိုတော ၌ အနှစ် လေးဆယ်ပတ်လုံးငါ့ အား ပူဇော် ကြသလော။
42แต่พระเจ้าหันจากพวกเขาและปล่อยให้พวกเขาไปปรนนิบัติกองทัพแห่งท้องฟ้า ตามที่มีเขียนไว้ในหนังสือของเหล่าผู้เผยพระวจนะว่า ‘วงศ์วานอิสราเอลเอ๋ย พวกเจ้าได้นำสัตว์ที่ฆ่าแล้วและเครื่องบูชามาถวายเราหรือ ตลอดสี่สิบปีในถิ่นทุรกันดาร?
43သင်တို့သည် မောလုပ် ၏တဲ နှင့် သင် တို့ဘုရား ရင်ဖန် ၏ ကြယ် တည်းဟူသောကိုးကွယ် ဘို့ရာမိမိ တို့လုပ် သော ပုံ တို့ကို ဆောင်ရွက် ကြပြီ တကား။ ထိုကြောင့် ငါသည် သင် တို့ကို ဗာဗုလုန် မြို့ တစ်ဘက် သို့ ဆောင်သွား မည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင် သည် မျက်နှာတော်ကိုလွှဲ ၍ ၊ ကောင်းကင် တန်ဆာ များတို့အား ဝတ်ပြု စေခြင်းငှာထိုသူ တို့ကို စွန့်ပစ် ထားတော်မူ၏။
43พวกเจ้ากลับแบกพลับพลาของโมโลค และดาวของเรฟานเทพเจ้าของพวกเจ้า คือรูปที่พวกเจ้าสร้างขึ้นเพื่อนมัสการ เพราะฉะนั้นเราจะพาพวกเจ้าไปไกล เลยบาบิโลน’
44မောရှေမြင် ရသောပုံ နှင့်အညီ ၊ သက်သေခံ တော်မူချက် ဌာပနာ ရာတဲတော်ကို လုပ် ရမည်အကြောင်း အမိန့် တော်ရှိသောသူ မှာထား တော်မူသည်အတိုင်း ၊ ထိုတဲ တော်သည် တော တွင် ငါ တို့အဘ များ၌ ရှိ ၏။
44“บรรพบุรุษของพวกเรามีพลับพลาแห่งพยานหลักฐานอยู่ในถิ่นทุรกันดาร ตามที่ผู้ที่กล่าวกับโมเสสสั่งให้เขาสร้างตามแบบที่เขาได้เห็น
45နောက်ကျ သော ငါ တို့အဘ များသည် ထိုတဲ တော်ကို တစ်ပါး အမျိုးသားတို့ ပိုင် သော မြေထဲသို့ ယောရှု နှင့်အတူ ဆောင်သွင်း ကြ၏။ ထို တစ်ပါး အမျိုးသားတို့ကို ဘုရားသခင် သည် ဒါဝိဒ် မင်းလက်ထက် တိုင်အောင် ငါ တို့အဘ များထံမှ နှင်ထုတ် တော်မူ၏။
45ต่อมาบรรพบุรุษของพวกเราก็รับพลับพลานั้นต่อมา และนำเข้ามาพร้อมกับโยชูวา เมื่อพวกเขาเข้าครอบครองแผ่นดินของชนชาติต่าง ๆ ที่พระเจ้าขับไล่ออกไปต่อหน้าบรรพบุรุษของพวกเรา พลับพลานั้นอยู่มาจนถึงสมัยดาวิด
46ထို ဒါဝိဒ်သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ ၍၊ ယာကုပ် ၏ ဘုရားသခင်ကျိန်းဝပ် တော်မူဘို့ရာအရပ် ကို တွေ့ ခြင်းငှာတောင့်တ ၏။
46ดาวิดได้รับความโปรดปรานจากพระเจ้า และขอให้ได้จัดหาที่พำนักสำหรับพระเจ้าของยาโคบ
47ရှောလမုန် သည်လည်း ဗိမာန် တော်ကို တည်ဆောက် ရ၏။
47แต่ซาโลมอนเป็นผู้สร้างบ้านถวายพระองค์
48သို့သော်လည်း ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။
48อย่างไรก็ตาม องค์ผู้สูงสุดไม่ได้อาศัยอยู่ในวิหารที่มือมนุษย์สร้างขึ้น ดังที่ผู้เผยพระวจนะกล่าวว่า
49မြေကြီး သည် ငါ့ ခြေ တင်ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကိုငါ့ အဘို့ တည်ဆောက် ကြမည်နည်း။ အဘယ် အရပ်သည် ငါ့ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။
49‘สวรรค์เป็นบัลลังก์ของเรา และแผ่นดินโลกเป็นแท่นวางเท้าของเรา พวกเจ้าจะสร้างบ้านแบบใดให้เรา?’ องค์พระผู้เป็นเจ้ากล่าว ‘หรือที่พักของเราจะอยู่ที่ไหน?
50ငါ့ လက် သည် ဤ အရာအလုံးစုံ တို့ကို ဖန်ဆင်း သည် မ ဟုတ်လောဟု ထာဝရ ဘုရား၏ ဗျာဒိတ် တော်အချက်ကို ပရောဖက် ပြန်ကြား သည်နှင့်အညီ ၊ အမြင့်ဆုံး သော ဘုရားသည် လူတို့ လက်ဖြင့် လုပ်သောဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မ ဟုတ်။
50มือของเราไม่ได้สร้างสิ่งเหล่านี้ทั้งหมดหรือ?’
51လည်ပင်း ခိုင်မာ၍ နှလုံး ဖြင့်၎င်း ၊ နား ဖြင့်၎င်း အရေဖျားလှီး ခြင်းကို မခံသောလူတို့၊ သင် တို့သည် သန့်ရှင်း သော ဝိညာဉ် တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက် ပြုလေ့ရှိကြ၏။ သင် တို့ဘိုးဘေး များ၏ အလေ့နှင့် သင် တို့အလေ့တူ ၏။
51“พวกคุณคนคอแข็ง ผู้มีใจดื้อดึงและหูที่ไม่ยอมฟัง พวกคุณต่อต้านพระวิญญาณบริสุทธิ์อยู่เสมอ! บรรพบุรุษของพวกคุณทำอย่างไร พวกคุณก็ทำอย่างนั้น
52သင် တို့ဘိုးဘေး များသည် အဘယ် ပရောဖက် ကို မျှ မ ညှဉ်းဆဲ ဘဲ နေသနည်း။ ဖြောင့်မတ် သောသူ ကြွလာ တော်မူမည်အကြောင်း အရာကို ဟောပြော ပြညွှန်သော သူ တို့ကို ကွပ်မျက် ကြ၏။ ထို ဖြောင့်မတ်သောသူကိုပင် ယခု လည်း သင်တို့သည် အပ်နှံ ၍ အသေသတ် ကြပြီ။
52มีผู้เผยพระวจนะคนใดบ้างที่บรรพบุรุษของพวกคุณไม่ข่มเหง? พวกเขาฆ่าคนที่บอกล่วงหน้าถึงการมาขององค์ผู้ชอบธรรม และบัดนี้พวกคุณกลับเป็นผู้ทรยศและฆ่าพระองค์
53သင်တို့သည် ကောင်းကင် တမန်များ ခင်းကျင်း သော အားဖြင့် ပညတ် တရားတော်ကို ခံရ သော်လည်းမ စောင့် မရှောက်ကြဟု သတေဖန် မြွက်ဆို ၏။
53พวกคุณได้รับธรรมบัญญัติซึ่งทูตสวรรค์เป็นผู้กำหนดไว้ แต่พวกคุณไม่ได้รักษา!”
54ထို စကားကိုကြား လျှင် နှလုံး ကွဲပြတ် မတတ်ဖြစ်၍၊ သတေဖန် ၌ အံသွား ခဲကြိတ် ခြင်းကို ပြုကြလေ၏။
54เมื่อพวกเขาได้ยินเรื่องเหล่านี้ ก็เจ็บแปลบในใจและกัดฟันกรอดใส่สเทเฟน
55သူသည်လည်း သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် သဖြင့်၊ ကောင်းကင် သို့ စေ့စေ့ ကြည့်မျှော်၍ ဘုရားသခင် ၏ ဘုန်း တော်ကို ၎င်း၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ယေရှု ရပ် နေသည်ကို၎င်း မြင် လျှင်၊
55แต่สเทเฟนเต็มเปี่ยมด้วยพระวิญญาณบริสุทธิ์ เขาเงยหน้าจ้องมองไปยังสวรรค์ เห็นพระสิริของพระเจ้า และเห็นพระเยซูยืนอยู่ทางขวาของพระเจ้า
56ကြည့် ပါ။ ကောင်းကင် ဖွင့်လှစ် သည်ကို ၎င်း၊ လူ သား သည် ဘုရားသခင် ၏လက်ျာ တော်ဘက်၌ ရပ် နေသည်ကို၎င်း၊ ငါမြင် သည်ဟုဆို ၏။
56แล้วกล่าวว่า “ดูสิ ข้าพเจ้าเห็นสวรรค์เปิดออก และเห็นบุตรมนุษย์ยืนอยู่ทางขวาของพระเจ้า!”
57ထိုသူ တို့သည် ပြင်းစွာ သော အသံ နှင့် ဟစ်ကြော် ၍ နား ကိုပိတ်ဆို့ လျက် သူ့ ဆီသို့ ညီညွတ် စွာ တဟုန်တည်း ပြေး၍ ၊
57พวกเขาร้องเสียงดัง อุดหูของตน แล้วพร้อมใจกันกรูเข้าใส่สเทเฟน
58မြို့ ပြင် သို့နှင်ထုတ် ပြီးမှ ကျောက်ခဲ နှင့်ပစ်ကြ၏။ သက်သေခံ တို့သည်လည်း မိမိ တို့အဝတ် ကို ရှောလု အမည် ရှိသော လုလင် ၏ခြေ ရင်း ၌ ထား ကြ၏။
58พวกเขาลากเขาออกไปนอกเมืองและเอาหินขว้าง พวกพยานวางเสื้อคลุมของตนไว้ที่เท้าของชายหนุ่มคนหนึ่งชื่อเซาโล
59ကျောက်ခဲ နှင့်ပစ်ကြစဉ် သတေဖန် သည် ပဌနာပြုလျက်၊ သခင် ယေရှု ၊ အကျွန်ုပ် ၏ဝိညာဉ် ကို သိမ်းယူ တော်မူပါဟု လျှောက်ဆို ၏။
59ขณะที่พวกเขากำลังเอาหินขว้างสเทเฟน เขาร้องทูลว่า “องค์พระเยซู โปรดรับวิญญาณของข้าพเจ้า!”
60ဒူး ထောက် လျက်၊ သခင် ၊ ဤ သူ တို့ပြုသော ဒုစရိုက် အပြစ်ကို မှတ်တော်မ မူပါနှင့်ဟု ကြီး သော အသံ နှင့် ကြွေးကြော် ပြီးမှ ကျိန်းစက် လေ၏။
60แล้วเขาคุกเข่าลงและร้องเสียงดังว่า “องค์พระผู้เป็นเจ้า โปรดอย่าถือโทษบาปนี้แก่พวกเขา!” เมื่อกล่าวเช่นนี้แล้ว เขาก็หลับไป
Tip: use the ← and → keys to turn chapters.