တမန်တော် 25
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ဖေတ္တု မင်းသည် ထိုပြည် သို့ရောက် ၍ သုံး ရက် ရှိ သောအခါ ၊ ကဲသရိ မြို့မှ ယေရုရှလင် မြို့သို့ တက်သွား ၏။
1เมื่อเฟสทัสเข้ารับตำแหน่งในแคว้นแล้ว สามวันต่อมาเขาก็ขึ้นจากเมืองซีซารียาไปกรุงเยรูซาเล็ม
2ထိုအခါ ယဇ်ပုရောဟိတ် မင်းမှစ၍ ယုဒ လူ အကြီးအကဲ တို့သည်၊
2มหาปุโรหิตกับเหล่าผู้นำชาวยิวจึงนำข้อกล่าวหาเปาโลมาแจ้งแก่เขา และอ้อนวอนขอให้เขา
3ပေါလု ကို သတ် ခြင်းငှာလမ်း နား၌ ချောင်း ၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု ၏အကြောင်းကို ကြားလျှောက် တောင်းပန်၍၊ သူ့ ကို ယေရုရှလင် မြို့သို့ စေလွှတ် တော်မူမည်အကြောင်း အသနား တော်ခံ ကြ၏။
3ช่วยพวกตนโดยเรียกเปาโลไปกรุงเยรูซาเล็ม เพราะพวกเขาวางแผนซุ่มฆ่าเปาโลระหว่างทาง
4ဖေတ္တု မင်းကလည်း၊ ပေါလု သည် ကဲသရိ မြို့၌ အချုပ် ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွား မည်။
4แต่เฟสทัสตอบว่าเปาโลจะถูกคุมขังอยู่ที่เมืองซีซารียา และตัวเขาเองก็จะเดินทางกลับไปที่นั่นในไม่ช้า
5သင် တို့သည် တတ်နိုင် သောသူတို့သည် ငါနှင့်အတူ လိုက်၍၊ ထိုသူ ၌အပြစ် ရှိ လျှင် အပြစ်တင် ကြစေဟု ပြောဆို ၏။
5เขากล่าวว่า “เพราะฉะนั้น ให้ผู้มีอำนาจในหมู่พวกคุณลงไปกับข้าพเจ้า และถ้าชายคนนี้ทำผิดอะไร ก็ให้พวกเขากล่าวหาเขา”
6ထိုနောက် ဆယ် ရက် လောက်နေ ပြီးမှ ကဲသရိ မြို့သို့ သွား ၍၊ နက်ဖြန် နေ့၌တရားပလ္လင် ပေါ်မှာ ထိုင် လျက်၊ ပေါလု ကိုခေါ် ချေဟု အမိန့် ရှိ၏။
6หลังจากพักอยู่กับพวกเขามากกว่าสิบวัน เฟสทัสก็ลงไปเมืองซีซารียา วันรุ่งขึ้นเขานั่งบนบัลลังก์พิพากษาและสั่งให้นำเปาโลเข้ามา
7ပေါလု ရောက် သောအခါ ၊ ယေရုရှလင် မြို့မှ လာ သော ယုဒ လူတို့သည်ဝန်းရံ လျက်၊ သက်သေ မ ပြနိုင် ဘဲ လေး စွာသောအပြစ် များ တို့ကို ပေါလုအပေါ်၌တင် ကြ၏။
7เมื่อเปาโลเข้ามา ชาวยิวที่ลงมาจากกรุงเยรูซาเล็มก็ยืนล้อมเขาและกล่าวหาเขาด้วยข้อหาร้ายแรงหลายอย่างซึ่งพวกเขาพิสูจน์ไม่ได้
8ပေါလု ကလည်း၊ အကျွန်ုပ်သည်ယုဒ တရား ကို မ ပြစ်မှား ပါ။ ဗိမာန် တော်ကိုမ ပြစ်မှား ပါ။ ကဲသာ ဘုရင်ကို မ ပြစ်မှား ပါဟူ၍အပြစ် ဖြေရာစကားကိုပြောလေ၏။
8เปาโลแก้ต่างว่า “ข้าพเจ้าไม่ได้ทำผิดต่อธรรมบัญญัติของชาวยิว ต่อพระวิหาร หรือต่อซีซาร์เลย”
9သို့သော်လည်း၊ ဖေတ္တု မင်းက၊ သင်သည် ယေရုရှလင် မြို့သို့ သွား ၍၊ ငါ့ ရှေ့မှာဤအမှု စီရင် ခြင်းကို ခံ မည်လောဟု ယုဒ လူတို့ကို ကျေးဇူး ပြု လို သော စိတ်ရှိလျက် ပေါလု အားမေး ၏။
9แต่เฟสทัสต้องการเอาใจชาวยิว จึงถามเปาโลว่า “ท่านยินดีจะขึ้นไปกรุงเยรูซาเล็มและให้ข้าพเจ้าพิพากษาเรื่องเหล่านี้ที่นั่นหรือไม่?”
10ပေါလု ကလည်း ၊ ကဲသာ ဘုရင်၏ တရားပလ္လင် ရှေ့ မှာ အကျွန်ုပ် ရပ် ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင် အပ်ပါ၏။ ကိုယ်တော် သည် အမှန် သိ တော်မူသည်အတိုင်း ၊ အကျွန်ုပ်သည်ယုဒ လူတို့ကိုအလျှင်းမ ပြစ်မှား ပါ။
10เปาโลตอบว่า “ข้าพเจ้ายืนอยู่ต่อหน้าบัลลังก์พิพากษาของซีซาร์ และที่นี่เองข้าพเจ้าควรถูกพิพากษา ข้าพเจ้าไม่ได้ทำผิดต่อชาวยิวอย่างที่ท่านเองก็รู้ดีอยู่แล้ว
11အကျွန်ုပ်ပြစ်မှား ၍ သေ ထိုက် သော အပြစ် ကို ပြု မိသည်မှန်လျှင် ၊ သေ ဘေးကိုအကျွန်ုပ်မ ရှောင် ပါ။ ထိုသူ တို့တင် သောအပြစ် တစ်စုံတစ်ခု မျှ မမှန်လျှင် ၊ သူ တို့ လက်သို့ အကျွန်ုပ် ကိုအဘယ်သူ မျှမစွန့် မအပ်ရ ပါ။ ကဲသာ ဘုရင်၏အယူ တော်ကိုခံပါမည်ဟု လျှောက်ဆို ၏။
11ถ้าข้าพเจ้าทำผิดและทำสิ่งใดที่สมควรตาย ข้าพเจ้าก็ไม่ปฏิเสธที่จะตาย แต่ถ้าสิ่งที่พวกเขากล่าวหาข้าพเจ้าไม่เป็นความจริง ก็ไม่มีใครมีสิทธิ์มอบข้าพเจ้าให้พวกเขา ข้าพเจ้าขออุทธรณ์ต่อซีซาร์!”
12ထိုအခါ ဖေတ္တု မင်းသည် တိုင်ပင် ဘက်တို့နှင့် တိုင်ပင် ပြီးလျှင်၊ သင်သည်ကဲသာ ဘုရင်၏ အယူ တော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာ ဘုရင်ထံတော်သို့ သွား ရမည်ဟုဆို ၏။
12เมื่อเฟสทัสปรึกษากับคณะที่ปรึกษาแล้ว จึงตอบว่า “ท่านอุทธรณ์ต่อซีซาร์แล้ว ท่านก็จะได้ไปหาซีซาร์”
13ထိုနောက် များမကြာ ၊ အဂြိပ္ပ မင်းကြီး သည် မိမိ ခင်ပွန်းဗေရနိတ် နှင့်တကွ ဖေတ္တု မင်းကိုနှုတ်ဆက် ခြင်းငှာကဲသရိ မြို့သို့ ရောက်လာ ၏။
13หลายวันต่อมา กษัตริย์อากริปปากับเบอร์นีสมาถึงเมืองซีซารียาเพื่อเยี่ยมเฟสทัส
14အင်တန် ကာလ နေ ပြီးမှဖေတ္တု မင်းသည် ပေါလု ၏အကြောင်းကို မင်းကြီး အားကြားပြော သည်မှာ၊ ဖေလဇ် မင်းသည်အကျဉ်း ထားရစ် စေသော လူ တစ် ယောက်ရှိ ၏။
14เมื่อทั้งสองพักอยู่ที่นั่นหลายวัน เฟสทัสก็เล่าคดีของเปาโลให้กษัตริย์ฟังว่า “มีชายคนหนึ่งซึ่งเฟลิกส์ทิ้งไว้เป็นนักโทษ
15ယေရုရှလင် မြို့၌ အကျွန်ုပ် ရှိ သောအခါ၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ယုဒ အမျိုးအကြီးအကဲ တို့သည်၊ ထိုသူ ၏အကြောင်း ကို ကြားလျှောက် ၍ အပြစ် အလျောက် စီရင်ပါဟု တောင်းပန် ကြလျှင်၊
15เมื่อข้าพเจ้าอยู่ที่กรุงเยรูซาเล็ม เหล่าหัวหน้าปุโรหิตกับผู้อาวุโสของชาวยิวได้นำข้อกล่าวหาเขามาแจ้ง และขอให้ข้าพเจ้าตัดสินลงโทษเขา
16ကျွန်ုပ်ကလည်း၊ အပြစ်တင် ခြင်းကို ခံသောသူ သည် အပြစ်တင် သော သူတို့နှင့်မျက်မှောက် တွေ့ ၍၊ မိမိ၌တင်သောအပြစ် ကိုဖြေ ရသော အခွင့် မ ရှိမှီ၊ အဘယ်သူကိုမျှ အသေခံစေခြင်းငှာ မ စွန့် မအပ်ရဟု ရောမ ထုံးစံ ရှိ ကြောင်းကို ပြောဆို ၏။
16ข้าพเจ้าตอบพวกเขาว่า ชาวโรมันไม่มีธรรมเนียมที่จะมอบผู้ใดให้รับโทษก่อนที่ผู้ถูกกล่าวหาจะได้เผชิญหน้ากับผู้กล่าวหา และมีโอกาสแก้ต่างในข้อกล่าวหานั้น
17ထိုသူ တို့သည်ဤ မြို့သို့ ရောက်လာ သောအခါ ၊ ကျွန်ုပ်သည် မ ဆိုင် မလင့်ဘဲနက်ဖြန် နေ့၌ တရားပလ္လင် ပေါ်မှာ ထိုင် ၍ ထိုသူ ကိုခေါ် စေ ၏။
17เพราะฉะนั้น เมื่อพวกเขามารวมกันที่นี่ ข้าพเจ้าก็ไม่รอช้า วันรุ่งขึ้นก็นั่งบนบัลลังก์พิพากษาและสั่งให้นำชายคนนั้นเข้ามา
18သူ့ ကို အမှု လုပ်သောသူ တို့သည် လာ ကြလျှင်၊ ကျွန်ုပ် အထက်က ထင်မှတ် သော အပြစ် တစ်စုံတစ်ခုကိုမျှမ တင် ဘဲလျက်၊ မိမိ ဘာသာ နှင့်၎င်း၊ ယေရှု အမည်ရှိသော၊
18เมื่อพวกผู้กล่าวหายืนขึ้น พวกเขาไม่ได้กล่าวหาเขาเรื่องความผิดอย่างที่ข้าพเจ้าคาดไว้
19သေ ပြီးသော သူတစ် ယောက်နှင့်၎င်း ယှဉ် သော ပုစ္ဆာ အမေးကို အကြောင်း ပြု၍ အပြစ်တင် ကြ၏။ ထိုယေရှု သည် အသက် ရှင်လျက်ရှိသည်ဟု ပေါလု ဆို တတ်၏။
19แต่กลับมีข้อโต้เถียงกับเขาเกี่ยวกับศาสนาของพวกเขาเอง และเกี่ยวกับเยซูคนหนึ่งซึ่งตายไปแล้ว แต่เปาโลยืนยันว่ามีชีวิตอยู่
20ထို ပုစ္ဆာအမေးကို ကျွန်ုပ် သည် မ ကျွမ်းသောကြောင့်၊ ပေါလုအားလည်း၊ သင်သည်ယေရုရှလင် မြို့သို့ သွား ၍ ဤအမှု စီရင် ခြင်းကို ခံ မည်လောဟုမေး လျှင်၊
20ข้าพเจ้าสับสนว่าจะสอบสวนเรื่องเหล่านี้อย่างไร จึงถามว่าเขายินดีจะไปกรุงเยรูซาเล็มและรับการพิพากษาเรื่องเหล่านี้ที่นั่นหรือไม่
21ပေါလု သည်ဘုန်းကြီးတော်မူသော ဘုရင် ၏ အယူ တော်ကို ခံလို၍ မိမိ ကိုချုပ် ထားစေခြင်းငှာတောင်းပန် သောကြောင့်၊ သူ့ ကိုကဲသာ ဘုရင်ထံ တော် သို့မ စေလွှတ် မှီတိုင်အောင်ချုပ် ထားစေခြင်းငှာကျွန်ုပ်စီရင် သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။
21แต่เมื่อเปาโลอุทธรณ์ขอให้คุมตัวไว้รอคำตัดสินของจักรพรรดิ ข้าพเจ้าจึงสั่งให้คุมเขาไว้จนกว่าจะส่งเขาไปหาซีซาร์ได้”
22အဂြိပ္ပ မင်းကလည်း ၊ ထိုသူ ၏စကား ကို ကျွန်ုပ်သည် ကိုယ်တိုင် နားထောင်ချင် ဘွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နက်ဖြန် နေ့၌ သူ ၏စကားကိုနားထောင် ပါလော့ဟု ဆို၏ ။
22อากริปปากล่าวกับเฟสทัสว่า “ข้าพเจ้าเองก็อยากฟังชายคนนี้ด้วย” เฟสทัสตอบว่า “พรุ่งนี้ท่านจะได้ฟังเขา”
23နက်ဖြန် နေ့၌ အဂြိပ္ပ မင်းနှင့် ဗေရနိတ် တို့သည် များစွာ သော ဂုဏ် အသရေကို ဆောင်လျက်၊ စစ်သူကြီး တို့မှစ၍ ထိုမြို့ ၌ထင်ရှား သော သူ များတို့နှင့်တကွ အိမ်တော်ဦး သို့ ဝင် ကြလျှင်၊ ဖေတ္တု မင်းသည်ပေါလု ကိုဆောင်ခဲ့ စေ ၏။
23วันรุ่งขึ้น อากริปปากับเบอร์นีสมาอย่างเอิกเกริก และเข้าไปในห้องพิจารณาคดีพร้อมกับพวกผู้บัญชาการทหารและบุคคลสำคัญของเมือง แล้วเฟสทัสก็สั่งให้นำเปาโลเข้ามา
24ဖေတ္တု မင်းကလည်း ၊ အဂြိပ္ပ မင်းကြီး မှစ၍ ယခုရှိ သောသူ အပေါင်း တို့၊ ဤသူ ကိုကြည့် ကြပါလော့။ ယေရုရှလင် မြို့၌ ၎င်း ၊ ဤ မြို့၌၎င်း ယုဒ လူများ အပေါင်း တို့သည် ဤသူ ၏အကြောင်း ကို ကျွန်ုပ် အား လျှောက် ၍၊ သူ သည်ခဏ မျှအသက် မရှင်ထိုက်ပါဟု ဟစ် ကြ၏။
24เฟสทัสกล่าวว่า “กษัตริย์อากริปปา และทุกท่านที่อยู่กับพวกเราที่นี่ พวกคุณเห็นชายคนนี้ซึ่งชาวยิวจำนวนมากทั้งในกรุงเยรูซาเล็มและที่นี่พากันร้องต่อข้าพเจ้าเรื่องเขา โดยตะโกนว่าเขาไม่ควรมีชีวิตอยู่อีกต่อไป
25သူ သည်သေ ထိုက် သော အပြစ်မ ပြုကြောင်း ကို ကျွန်ုပ် သိမြင် ၍၎င်း၊ သူ သည်ဘုန်းကြီးတော်မူသော ဘုရင် ၏ အယူ တော်ကိုခံပါမည်ဟုဆို၍၎င်း၊ သူ့ ကိုအထံတော်သို့ စေလွှတ် စေခြင်းငှာကျွန်ုပ်စီရင် ၏။
25แต่ข้าพเจ้าพบว่าเขาไม่ได้ทำสิ่งใดที่สมควรตาย และเมื่อเขาเองอุทธรณ์ต่อจักรพรรดิ ข้าพเจ้าจึงตัดสินใจจะส่งเขาไป
26သူ ၏အကြောင်း ကို ရေး ထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာ သောအကြောင်း တစ်စုံတစ်ခု မျှ ကျွန်ုပ်၌မရှိ ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြော ပြီးမှ၊ ကျွန်ုပ်ရေး ၍ပေးလိုက်စရာ အကြောင်း ရှိ စေခြင်းငှာသင် တို့ရှေ့ ၌၎င်း ၊ အဂြိပ္ပ မင်းကြီး ၊ အထူးသဖြင့် ကိုယ်တော် ရှေ့ ၌၎င်း၊ သူ့ ကိုကျွန်ူပ်ထုတ် ၍ပြ၏။
26แต่ข้าพเจ้าไม่มีข้อเท็จจริงที่แน่นอนเกี่ยวกับเขาสำหรับเขียนรายงานถึงองค์จักรพรรดิ เพราะฉะนั้น ข้าพเจ้าจึงนำเขาออกมาต่อหน้าพวกคุณ โดยเฉพาะต่อหน้าท่าน กษัตริย์อากริปปา เพื่อว่าเมื่อสอบสวนแล้ว ข้าพเจ้าจะมีเรื่องเขียนรายงานได้
27အကြောင်းမူကား ၊ အကျဉ်းခံ သောသူကို အပြစ် မ ပြ ဘဲစေလွှတ် သော် မလျော်မသင့် ဖြစ်မည် ထင် ပါသည် ဟုဆို ၏။
27เพราะข้าพเจ้าเห็นว่าเป็นเรื่องไม่สมเหตุสมผลที่จะส่งนักโทษไปโดยไม่ระบุข้อกล่าวหาของเขาด้วย”
Tip: use the ← and → keys to turn chapters.