တမန်တော် 3
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ထိုအခါ ပဌနာ ပြုရသော သုံးချက်တီး အချိန် ၌ ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ တက် ကြ သည်ရှိသော်၊
1เปโตรกับยอห์นกำลังขึ้นไปยังพระวิหารในเวลาอธิษฐาน คือชั่วโมงที่เก้าของวัน
2အမိ ဝမ်း တွင်းကပင် ခြေမစွမ်း သော သူ တစ် ယောက်ကို သူတစ်ပါးတို့သည်ထမ်း လျက်လာကြ၏။ ဗိမာန် တော်သို့ ဝင် သောသူတို့မှာ စွန့်ကြဲ ခြင်းကိုခံ စေခြင်းငှာ ၊ တင့်တယ် အမည် ရှိသော တံခါး နား မှာ ထိုသူ ကိုထား လေ့ရှိ၏။
2มีชายคนหนึ่งพิการเดินไม่ได้มาตั้งแต่เกิด ทุกวันมีคนหามเขามาวางไว้ที่ประตูพระวิหารซึ่งเรียกว่าประตูงาม เพื่อขอเงินช่วยเหลือจากคนที่เข้าไปในพระวิหาร
3ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ဝင် မည် လာကြသည်ကို ထိုသူ သည်မြင် လျှင် စွန့်ကြဲ ပါဟု တောင်း လေ၏။
3เมื่อเขาเห็นเปโตรกับยอห์นกำลังจะเข้าไปในพระวิหาร เขาก็ขอเงินช่วยเหลือ
4ထိုအခါ ပေတရု နှင့် ယောဟန် တို့သည် ထိုသူ ကိုစေ့စေ့ ကြည့်ရှု၍ ငါ တို့အား မျှော်ကြည့် လော့ဟုဆို လျှင်၊
4เปโตรกับยอห์นจ้องมองเขา แล้วเปโตรกล่าวว่า “มองพวกเรา”
5ထိုသူ သည်တစ်စုံတစ်ခု ကို ရ မည်ဟုစိတ်ထင် နှင့် တမန်တော်တို့ကိုမျှော်ကြည့် လျက်နေ၏။
5ชายคนนั้นจึงตั้งใจมองพวกเขา เพราะคาดว่าจะได้รับอะไรบางอย่าง
6ပေတရု ကလည်း၊ ငါ ၌ရွှေ ငွေ မ ရှိ ။ ရှိ သည်အရာ ကိုသင့် အားငါ ပေးမည်။ နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ထ ၍ လှမ်းသွား လော့ဟုဆို လျက်၊
6แต่เปโตรกล่าวว่า “เงินกับทองข้าพเจ้าไม่มี แต่สิ่งที่ข้าพเจ้ามี ข้าพเจ้าจะให้ท่าน ในพระนามของพระเยซูคริสต์ชาวนาซาเร็ธ จงลุกขึ้นและเดิน!”
7သူ ၏လက်ျာ လက် ကို ကိုင်ဆွဲ ချီကြွ လေသောခဏခြင်း တွင်၊ ခြေ နှစ်ဘက်ဖမျက်စိ တို့သည် စွမ်းအား ကို ရသဖြင့်၊
7เปโตรจับมือขวาของเขาและช่วยพยุงให้ลุกขึ้น ทันใดนั้นเท้าและข้อเท้าของเขาก็มีกำลังขึ้น
8ရုတ်တရက်ထ ၍ မတ်တပ် ရပ်ပြီးလျှင် လှမ်းသွား လေ၏။ သွား လျက်၊ ခုန် လျက်၊ ဘုရားသခင် ကို ချီးမွမ်း လျက်၊ တမန်တော် တို့နှင့်အတူ ဗိမာန် တော်သို့ ဝင် လေ၏။
8เขากระโดดขึ้นยืนและเริ่มเดิน แล้วเข้าไปในพระวิหารพร้อมกับพวกเขา ทั้งเดิน กระโดด และสรรเสริญพระเจ้า
9ထိုသို့လှမ်းသွား ၍ ဘုရားသခင် အား ချီးမွမ်း သည်ကို လူ အပေါင်း တို့သည် မြင် သောအခါ၊
9ประชาชนทั้งปวงเห็นเขาเดินและสรรเสริญพระเจ้า
10ထိုသူ သည် ဗိမာန် တော်၏တင့်တယ် တံခါး နားမှာ စွန့်ကြဲ ခြင်းကိုခံ၍ ထိုင် နေသောသူ ဖြစ် သည်ကို သိ ကြသောကြောင့်၊ သူ ၌ဖြစ် သည် အမှု ကိုအံ့ဩ မိန်းမော တွေဝေခြင်းရှိ ၍၊
10พวกเขาจำได้ว่าเขาคือคนที่เคยนั่งขอเงินช่วยเหลืออยู่ที่ประตูงามของพระวิหาร ทุกคนจึงเต็มไปด้วยความพิศวงและประหลาดใจกับสิ่งที่เกิดขึ้นกับเขา
11ထိုသူ သည် ပေတရု နှင့် ယောဟန် ကို အမှီပြု လျက်ရှိရာအရပ်၊ ရှောလမုန် ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေး ကြ၏။
11ขณะที่ชายที่หายจากความพิการกำลังเกาะเปโตรกับยอห์นไว้ ประชาชนทั้งปวงก็วิ่งมาหาพวกเขาที่เฉลียงซึ่งเรียกว่าเฉลียงของซาโลมอนด้วยความประหลาดใจอย่างยิ่ง
12ပေတရု သည် မြင် လျှင်၊ ဣသရေလ လူ တို့ အဘယ်ကြောင့် ဤ အမှုကို အံ့ဩ ကြသနည်း။ ဤသူ သည် လှမ်းသွား နိုင်သောအခွင့်ကို ငါတို့သည်ကိုယ် တန်ခိုး ၊ ကိုယ်သီလ အားဖြင့်ပေး ဘိသကဲ့သို့ အဘယ်ကြောင့် ငါ တို့ကို စေ့စေ့ ကြည့်ရှုကြသနည်း။
12เมื่อเปโตรเห็นดังนั้น จึงกล่าวกับประชาชนว่า “ชาวอิสราเอล ทำไมพวกคุณจึงประหลาดใจเรื่องชายคนนี้? ทำไมพวกคุณจึงจ้องมองพวกเรา ราวกับว่าพวกเราทำให้เขาเดินได้ด้วยพลังหรือความเลื่อมใสในพระเจ้าของเราเอง?
13အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့၏ဘုရားသခင် ၊ ငါ တို့ဘိုးဘေး များ၏ ဘုရားသခင် သည် မိမိ သား တော်၏ ဘုန်း ကိုထင်ရှားစေတော်မူပြီ။ ထိုသခင် ကို သင် တို့သည် ပိလတ် မင်းလက်သို့အပ်နှံ ၍ ၊ ထိုမင်း သည် လွှတ် မည်အကြံရှိ သော်လည်းသင်တို့သည် ထိုသခင်ကိုငြင်းပယ် ကြ၏။
13พระเจ้าของอับราฮัม อิสอัค และยาโคบ พระเจ้าของบรรพบุรุษของเรา ได้ให้พระสิริแก่ผู้รับใช้ของพระองค์คือพระเยซู ผู้ที่พวกคุณมอบให้และปฏิเสธต่อหน้าปีลาต ทั้งที่ปีลาตตัดสินใจจะปล่อยพระองค์
14သန့်ရှင်း ဖြောင့်မတ် တော်မူသော သခင်ကိုငြင်းပယ် ၍ ၊ လူ အသက်ကို သတ်ခြင်း၊ အပြစ်ရှိသောသူ တစ်ယောက်ကို ရ မည်အကြောင်း တောင်းပန် သဖြင့်၊
14แต่พวกคุณกลับปฏิเสธองค์บริสุทธิ์และองค์ผู้ชอบธรรม และขอให้ปล่อยฆาตกรให้พวกคุณ
15အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင် ကို ကွပ်မျက် ကြပြီတကား၊ ထိုအရှင် ကို ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသည်ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။
15พวกคุณฆ่าองค์เจ้าแห่งชีวิต แต่พระเจ้าทำให้พระองค์ฟื้นขึ้นจากความตาย และพวกเราเป็นพยานถึงเรื่องนี้
16ထိုသခင်ကို ယုံကြည် ခြင်းအားဖြင့် ထိုသခင် ၏နာမ တော်သည် သင်တို့သိ မြင် သော ဤသူ အား အစွမ်း ကို ပေးတော်မူပြီ။ ထိုသခင် ကြောင့် ရသော ယုံကြည် ခြင်းသည် သင် တို့မျက်မှောက် တွင် ဤသူ ၌စေ့ စုံခြင်း အခွင့်ကိုပေး ၍ရှိလေပြီ။
16โดยความเชื่อในพระนามของพระองค์ พระนามของพระองค์ได้ทำให้ชายคนนี้ที่พวกคุณเห็นและรู้จักแข็งแรงขึ้น และด้วยความเชื่อที่มีผ่านทางพระองค์ ชายคนนี้จึงหายเป็นปกติอย่างสมบูรณ์ต่อหน้าพวกคุณทุกคน
17ယခု လည်း ညီအစ်ကို တို့၊ သင်တို့မှစ၍အစိုးရ သောသူတို့သည် မ သိဘဲလျက်ထိုသို့ ပြု ကြသည်ကို ငါသိ ၏။
17“บัดนี้ พี่น้อง ข้าพเจ้ารู้ว่าพวกคุณทำสิ่งนี้เพราะไม่รู้ เช่นเดียวกับเหล่าผู้ปกครองของพวกคุณ
18ခရစ်တော် သည် အသေ ခံရမည်ဟု ပရောဖက် အပေါင်း တို့သည် ဟောပြော ၍၊ ဘုရားသခင် ဘော်ပြတော်မူနှင့်သောအမှု ကို ထိုသို့အားဖြင့်ပြီးစီး တော်မူပြီ။
18แต่พระเจ้าทำให้สิ่งที่พระองค์ประกาศไว้ล่วงหน้าโดยปากของเหล่าผู้เผยพระวจนะทั้งหมดสำเร็จด้วยวิธีนี้ คือพระคริสต์จะต้องทนทุกข์
19ထိုကြောင့် ထာဝရဘုရားထံ တော်မှ ချမ်းဧ သောအချိန် ကာလသည် ရောက်လာ ၍၊
19“เพราะฉะนั้น จงกลับใจและหันกลับมา เพื่อบาปของพวกคุณจะถูกลบออก และช่วงเวลาแห่งความชื่นใจจะมาจากองค์พระผู้เป็นเจ้า
20သင် တို့အဘို့အလိုငှာ ခန့်ထား တော်မူနှင့်သော ယေရှု ခရစ် ကို စေလွှတ် တော်မူမည်အကြောင်း၊ သင် တို့ အပြစ် များကို ပြေ စေခြင်းငှာ နောင်တရ ၍ စိတ်ပြောင်းလဲ ခြင်းသို့ ရောက်ကြလော့။
20และเพื่อพระองค์จะส่งพระเยซูคริสต์ ผู้ที่กำหนดไว้ล่วงหน้าสำหรับพวกคุณ
21ကမ္ဘာ ဦးမှစ၍ သန့်ရှင်း သောပရောဖက် ဆရာတော်တို့နှုတ် ဖြင့် ဘုရားသခင် ဗျာဒိတ် ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံ သောအရာတို့ကို အသစ်ပြုပြင် တော်မူသော ကပ်ကာလ မ ရောက်မှီတိုင်အောင်ကောင်းကင် ဘုံသည် ထိုခရစ်တော် ကို ခံယူ သိမ်းဆည်းရ မည်။
21สวรรค์จะต้องรับพระองค์ไว้จนถึงเวลาที่ทุกสิ่งได้รับการฟื้นฟู ตามที่พระเจ้าได้กล่าวไว้ตั้งแต่โบราณโดยปากของเหล่าผู้เผยพระวจนะบริสุทธิ์ของพระองค์
22ငါတို့ဘိုးဘေးများတို့အားလည်း မောရှေ က၊ သင် တို့၏ဘုရားသခင် ထာဝရ ဘုရားသည်၊ သင် တို့ အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့်တူ သော ပရောဖက် တစ်ပါးကို သင်တို့ အဘို့ပေါ်ထွန်း တော်မူမည်။ ထိုပရောဖက် ဟောပြော သောအရာ တို့ကို သင် တို့သည် နားထောင် ရကြမည်။
22เพราะโมเสสกล่าวแก่บรรพบุรุษว่า ‘องค์พระผู้เป็นเจ้า ผู้เป็นพระเจ้า จะตั้งผู้เผยพระวจนะคนหนึ่งขึ้นให้พวกคุณจากท่ามกลางพี่น้องของพวกคุณ เหมือนอย่างข้าพเจ้า พวกคุณจะต้องฟังเขาในทุกสิ่งที่เขากล่าวกับพวกคุณ
23အကြင်သူသည် ထိုပရောဖက် ၏စကားကိုနား မ ထောင်ဘဲနေအံ့ ၊ ထိုသူသည် မိမိအမျိုး ထဲက ပယ်ရှင်း ခြင်းကို ခံရမည်ဟုဟော၏။
23และทุกคนที่ไม่ฟังผู้เผยพระวจนะคนนั้นจะถูกทำลายจนหมดสิ้นจากท่ามกลางประชาชน’
24ပရောဖက်ရှမွေလ မှစ၍ နောက် ဟော သော ပရောဖက် ရှိသမျှ တို့သည် ဤ သည်နေ့ရက် ကာလကို ဟောပြော ပြညွှန်ကြပြီ။
24เหล่าผู้เผยพระวจนะทั้งหมดตั้งแต่ซามูเอลและคนที่มาภายหลัง ทุกคนที่ได้กล่าว ก็ประกาศถึงวันเหล่านี้เช่นกัน
25သင် တို့သည် ပရောဖက် အမျိုးအနွယ် ဖြစ် ကြ၏။ ဘုရားသခင် သည် အာဗြဟံ ကို၊ သင် ၏ အမျိုးအနွယ်အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါ တို့ ဘိုးဘေး များတို့အား ပေး တော်မူသော ပဋိညာဉ် တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။
25พวกคุณเป็นลูกหลานของเหล่าผู้เผยพระวจนะ และเป็นลูกหลานแห่งพันธสัญญาที่พระเจ้าทำไว้กับบรรพบุรุษของเรา โดยกล่าวแก่อับราฮัมว่า ‘ทุกครอบครัวบนแผ่นดินโลกจะได้รับพรผ่านลูกหลานของเจ้า’
26သင် တို့တွင် မိမိဒုစရိုက် တို့ကို ကြဉ်ရှောင် ပယ်ရှားသောသူ ရှိသမျှ တို့အား ကောင်းကြီး မင်္ဂလာကိုပေးစေခြင်းငှာဘုရားသခင် သည်မိမိ သားတော် ယေရှုကို ထမြောက် စေတော်မူပြီးလျှင်၊ သင် တို့ရှိရာသို့ ရှေးဦးစွာ စေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော ၏။
26เมื่อพระเจ้าตั้งผู้รับใช้ของพระองค์คือพระเยซูขึ้นมาแล้ว พระองค์ส่งพระเยซูมาหาพวกคุณก่อน เพื่ออวยพรพวกคุณโดยทำให้พวกคุณแต่ละคนหันจากความชั่วของตน”
Tip: use the ← and → keys to turn chapters.