တမန်တော် 18
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ထိုနောက် ပေါလုသည် အာသင် မြို့မှ ထွက်သွား ကောရိန္သု မြို့သို့ ရောက် လေ၏။
1หลังจากนั้นเปาโลออกจากกรุงเอเธนส์ไปเมืองโครินธ์
2ထိုအခါ ယုဒ လူအပေါင်း တို့သည် ရောမ မြို့မှ ထွက်သွား ရမည်အကြောင်း၊ ကလောဒိ မင်း အမိန့် တော်ရှိ သည်ဖြစ်၍၊ ပုန္တု ပြည်သားအာကုလ အမည် ရှိသော ယုဒ လူတစ် ယောက်သည် ဣတလိ ပြည်မှ လာ၍၊ မိမိ မယား ပြစ်ကိလ နှင့်တကွ မကြာမမြင့်မှီ ရောက်လာ သည်ကို ပေါလုတွေ့ လျှင်သူ တို့ဆီသို့ဝင် ၍၊
2ที่นั่นเขาพบชาวยิวคนหนึ่งชื่ออาควิลลา เป็นชาวแคว้นปอนทัสโดยกำเนิด ซึ่งเพิ่งมาจากอิตาลีพร้อมกับปริสสิลลาภรรยาของเขา เพราะจักรพรรดิคลาวดิอัสสั่งให้ชาวยิวทั้งหมดออกจากกรุงโรม เปาโลจึงไปหาทั้งสอง
3အလုပ် ချင်းတူသောကြောင့် ၊ သူ တို့နှင့် နေ ၍ အလုပ်လုပ် လေ၏။ ထိုသူတို့သည် တဲရှင် ကိုချုပ်တတ် သော အချုပ်သမား ဖြစ် ကြ၏။
3เนื่องจากมีอาชีพเดียวกัน เปาโลจึงพักอยู่กับทั้งสองและทำงานด้วยกัน เพราะพวกเขามีอาชีพทำเต็นท์
4ပေါလုသည်လည်း ဥပုသ်နေ့ မပြတ် တရားစရပ် ၌ ဆွေးနွေး ဟောပြော၍၊ ယုဒ လူနှင့် ဟေလသ လူတို့ကို ဖြားယောင်း သွေးဆောင်လေ၏။
4ทุกวันสะบาโต เปาโลอภิปรายในธรรมศาลาและชักชวนทั้งชาวยิวกับชาวกรีกให้เชื่อ
5သိလ နှင့် တိမောသေ တို့သည် မာကေဒေါနိ ပြည်မှ ရောက်လာ သောအခါ ၊ ပေါလု သည် သူတို့နှင့်တကွတရား ဟောခြင်းအမှုကိုသာ ဆောင်ရွက် ၍၊ ယေရှု ခရစ် ၏ အကြောင်းကို ယုဒ လူတို့အား ကြိုးစား၍ သက်သေခံ လေ၏။
5เมื่อสิลาสกับทิโมธีลงมาจากแคว้นมาซิโดเนีย พระวิญญาณเร่งเร้าเปาโลให้เป็นพยานยืนยันแก่ชาวยิวว่า พระเยซูคือพระคริสต์
6ယုဒလူတို့သည် ငြင်းခုံ ဆဲရေးခြင်းကို ပြုသည် ရှိသော်၊ ပေါလု သည် မိမိအဝတ် ကိုခါ လိုက်လျက်၊ သင် တို့၏ အသွေး သည် သင် တို့၏ ခေါင်း ပေါ်၌ တည်စေ။ ငါ မူကား ကင်းလွတ် ၏။ ယခု မှစ၍ တစ်ပါး အမျိုးသားတို့ဆီသို့ သွား မည်ဟု ဆိုပြီးလျှင်၊
6แต่เมื่อพวกเขาต่อต้านและกล่าวหมิ่นประมาท เปาโลก็สะบัดเสื้อผ้าของตนแล้วกล่าวว่า “เลือดของพวกคุณจะตกอยู่บนศีรษะของพวกคุณเอง! ข้าพเจ้าพ้นผิดแล้ว จากนี้ไปข้าพเจ้าจะไปหาคนต่างชาติ!”
7ထို အရပ်မှထွက် ၍ ဘုရားသခင် ကို ကိုးကွယ် သော ယုတ္တု အမည် ရှိသောသူ ၏ အိမ် သို့ သွား ၏။ ထိုအိမ် သည် တရားစရပ် နှင့် စပ် လျက်ရှိ သတည်း။
7เขาจึงออกจากที่นั่นและเข้าไปในบ้านของชายคนหนึ่งชื่อยุสทัส ซึ่งนมัสการพระเจ้า บ้านของเขาอยู่ติดกับธรรมศาลา
8ကရိပ္ပု အမည်ရှိသောတရားစရပ်မှူး သည် မိမိအိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ သခင် ဘုရားကို ယုံကြည် လေ၏။ ကောရိန္တု ပြည်သားအများ တို့သည် လည်း ယုံကြည် ၍ ဗတ္တိဇံ ကိုခံကြ၏။
8คริสปัส ผู้นำธรรมศาลา เชื่อในองค์พระผู้เป็นเจ้าพร้อมกับทุกคนในครอบครัว ชาวโครินธ์อีกจำนวนมากเมื่อได้ฟังก็เชื่อและรับบัพติศมา
9ညဉ့် အခါ သခင် ဘုရားသည် ပေါလု အား ဗျာဒိတ် ရူပါရုံကိုပြ၍၊ သင်သည်မ ကြောက် နှင့်။ တိတ်ဆိတ် စွာမ နေနှင့်။ ဟောပြော လော့။
9ในคืนนั้นองค์พระผู้เป็นเจ้ากล่าวกับเปาโลในนิมิตว่า “อย่ากลัวเลย จงพูดต่อไปและอย่านิ่งเงียบ
10ငါ သည်သင် နှင့်အတူ ရှိ ၏။ သင့် ကိုညှဉ်းဆဲ ခြင်းငှာအဘယ်သူ မျှအနိုင် အထက်မပြုရ။ ဤ မြို့ ၌ ငါ ၏ လူ အများ ရှိ ကြသည်ဟု မိန့် တော်မူ၏။
10เพราะเราอยู่กับเจ้า และจะไม่มีใครทำร้ายเจ้า เพราะเรามีประชาชนจำนวนมากในเมืองนี้”
11ပေါလုသည် ထိုမြို့သူ မြို့သားတို့အား ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ဟောပြော သွန်သင်၍တနှစ် နှင့် ခြောက် လ ပတ်လုံးနေ လေ၏။
11เปาโลจึงอยู่ที่นั่นหนึ่งปีหกเดือน และสอนพระวจนะของพระเจ้าในหมู่พวกเขา
12အခါယ ပြည်ကို ဂါလျုန် မင်းသည် ဝန် အရာနှင့် အုပ်စိုးသောအခါယုဒ လူများသည် တစ် ညီတစ်ညွတ်တည်း ပေါလု ကို အနိုင်အထက် ပြု၍ တရားပလ္လင် ရှေ့ သို့ ယူသွား ပြီးလျှင်၊
12เมื่อกัลลิโอเป็นผู้ว่าราชการแคว้นอาคายา ชาวยิวร่วมใจกันต่อต้านเปาโลและพาเขาไปต่อหน้าบัลลังก์พิพากษา
13လူ တို့သည် ဘုရား ကိုမတရား သဖြင့်ကိုးကွယ် စေခြင်းငှာ၊ ဤသူသည် ဖြားယောင်း တတ်ပါသည် ဟုဆို ကြ၏။
13กล่าวว่า “ชายคนนี้ชักชวนผู้คนให้นมัสการพระเจ้าโดยขัดต่อกฎหมาย”
14ပေါလု သည် နှုတ် ကိုဖွင့် မည်ပြုသော်၊ ဂါလျူန် မင်းက၊ အချင်း ယုဒ လူတို့၊ မတရားသောအမှု ၊ ဆိုးယုတ် ညစ်ညူး သောအမှုဖြစ် လျှင် ၊ ငါသည်သင် တို့ကို အကြောင်း ရှိ သည်အတိုင်း သည်းခံ ရမည်။
14ขณะที่เปาโลกำลังจะอ้าปากพูด กัลลิโอกล่าวกับชาวยิวว่า “ถ้าเป็นเรื่องการทำผิดหรืออาชญากรรมร้ายแรงจริง ๆ ชาวยิวทั้งหลาย ข้าพเจ้าก็ควรรับฟังพวกคุณ
15သို့မဟုတ်စကား သော်၎င်း၊ ခေါ်ဝေါ် သမုတ်ခြင်းသော်၎င်း၊ သင် တို့၏ဘာသာတရား သော်၎င်း၊ သင်တို့သည်အစီရင်ခံ လျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သော အမှုကိုစီရင်ခြင်းငှာငါ အလို မ ရှိ ဟုဆိုလျက်၊
15แต่ถ้าเป็นข้อโต้แย้งเกี่ยวกับถ้อยคำ ชื่อต่าง ๆ และกฎหมายของพวกคุณเอง ก็จงจัดการกันเองเถิด ข้าพเจ้าไม่ต้องการเป็นผู้พิพากษาเรื่องเหล่านี้”
16ယုဒ လူတို့ကို တရားပလ္လင် မှ ပယ်ရှား စေ၏။
16แล้วเขาก็ไล่พวกเขาออกจากบัลลังก์พิพากษา
17ထိုအခါဟေလသလူအပေါင်း တို့သည် တရားစရပ်မှူး သုဿင် ကိုယူ ၍ တရားပလ္လင် ရှေ့ မှာ ရိုက် ကြ၏။ ထိုအမှု ကိုလည်း ဂါလျူန် မင်းသည် အမှု မ ထား ဘဲနေ၏။
17จากนั้นชาวกรีกทั้งหมดก็จับโสสเธเนส ผู้นำธรรมศาลา แล้วทุบตีเขาต่อหน้าบัลลังก์พิพากษา แต่กัลลิโอไม่สนใจเรื่องเหล่านี้เลย
18ထိုနောက်မှပေါလု သည် တာရှည် စွာနေ ပြီးမှညီအစ်ကို တို့ကို အခွင့် တောင်း၍ ထိုမြို့မှထွက်သွား ၏။ အထက်ကသစ္စာ ဂတိပြု သည်နှင့်အညီကင်ခြေ မြို့၌ ခေါင်း ရိတ် ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလ နှင့် အာကုလ ကို ခေါ်၍ ရှုရိပြည်သို့သင်္ဘောနှင့်လွှင့်လေ၏။
18หลังจากนั้นเปาโลยังอยู่ต่ออีกหลายวัน แล้วจึงลาพี่น้อง และลงเรือจากที่นั่นไปแคว้นซีเรีย พร้อมกับปริสสิลลาและอาควิลลา ที่เมืองเคนเครีย เขาโกนศีรษะเพราะได้ปฏิญาณไว้
19ဧဖက် မြို့သို့ ရောက် လျှင် ၊ တရားစရပ် သို့ ဝင် ၍ ယုဒ လူတို့နှင့် ဆွေးနွေး နှီးနှောလေ၏။
19เมื่อมาถึงเมืองเอเฟซัส เปาโลให้ทั้งสองอยู่ที่นั่น ส่วนตัวเขาเข้าไปในธรรมศาลาและอภิปรายกับชาวยิว
20ထိုသူ တို့သည် မိမိတို့နှင့်အတူပေါလု နေ ပါဦးမည်အကြောင်း တောင်းပန် သောအခါ ၊ ပေါလုသည် ဝန် မ ခံဘဲလျက်၊
20เมื่อพวกเขาขอให้เขาอยู่ต่ออีกนานหน่อย เขาก็ไม่ยอม
21ယခုရောက်လုနီးသောပွဲကိုယေရုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင် အလို တော်ရှိလျှင်၊ နောက်တစ်ဖန် သင် တို့ရှိရာ သို့ ငါပြန် ဦးမည်ဟူ၍အခွင့် တောင်းပြီးမှ ၊ ပြစ်ကိလနှင့်အာကုလကို ဧဖက် မြို့၌ ထား၍ သင်္ဘောနှင့်လွှင့် ပြန်လေ၏။
21แต่ลาไปโดยกล่าวว่า “ข้าพเจ้าจำเป็นต้องไปถือเทศกาลที่จะมาถึงนี้ที่กรุงเยรูซาเล็มให้ได้ แต่ถ้าพระเจ้าประสงค์ ข้าพเจ้าจะกลับมาหาพวกคุณอีก” แล้วเขาก็ออกเรือจากเมืองเอเฟซัส
22ကဲသရိ မြို့သို့ ရောက် လျှင် ယေရုရှလင်မြို့သို့ တက် ၍ အသင်းတော် နှင့် နှုတ်ဆက် ပြီးမှအန္တိအုတ် မြို့ သို့ သွား ပြန်၏။
22เมื่อขึ้นฝั่งที่เมืองซีซารียาแล้ว เขาขึ้นไปทักทายประชาคม จากนั้นจึงลงไปยังเมืองอันทิโอก
23ထိုမြို့၌ အတန် အရာနေ ပြီးလျှင် ၊ ထွက် ပြန်၍ ဂလာတိ ပြည် ၊ ဖြူဂိ ပြည်ကို အစဉ် အတိုင်း ရှောက်သွား သဖြင့်၊ တပည့် တော်အပေါင်း တို့ကို မြဲမြံ ခိုင်ခံ့စေ၏။
23เมื่อพักอยู่ที่นั่นระยะหนึ่ง เขาก็ออกเดินทางผ่านแคว้นกาลาเทียและฟรีเจียตามลำดับ เพื่อเสริมกำลังสาวกทุกคน
24အာပေါလု အမည် ရှိသော အာလေဇဒြိ မြို့သား ၊ ယုဒ လူ တစ် ယောက်သည် ဧဖက် မြို့သို့ ရောက်လာ ၏။ ထိုသူ သည် နှုတ် သတ္တိနှင့် ပြည့်စုံ၍ ကျမ်းစာ ၌ အားကြီး သောသူဖြစ် ၏။
24มีชาวยิวคนหนึ่งชื่ออปอลโล เป็นชาวเมืองอเล็กซานเดรียโดยกำเนิด มาถึงเมืองเอเฟซัส เขาเป็นคนมีวาทศิลป์และเชี่ยวชาญพระคัมภีร์อย่างมาก
25သခင် ဘုရား၏ဘာသာ ၌လေ့ကျက် ၍ စိတ် အားကြီး သဖြင့် ၊ သခင် ဘုရား၏ အကြောင်း များကို စေ့စေ့ ဟောပြော ၍ ဆုံးမ ဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန် ၏ ဗတ္တိဇံ ကိုသာ သိ ၏။
25ชายคนนี้ได้รับคำสอนเรื่องทางขององค์พระผู้เป็นเจ้าแล้ว เขามีใจร้อนรน พูดและสอนเรื่องพระเยซูอย่างถูกต้อง แม้จะรู้จักเพียงบัพติศมาของยอห์นเท่านั้น
26ထိုသူ သည် တရားစရပ် ၌ ရဲရင့်စွာဟောပြော စ ပြုသဖြင့်၊ အာကုလ နှင့် ပြစ်ကိလ တို့သည် သူ ၏စကား ကို ကြားသောအခါ ၊ သူ့ ကိုယူ ၍ဘုရားသခင် ၏ ဘာသာ တရားကိုသာ၍ သေချာစွာသင်ကြား ကြ၏။
26เขาเริ่มพูดอย่างกล้าหาญในธรรมศาลา เมื่อปริสสิลลากับอาควิลลาได้ยินเขา ทั้งสองก็พาเขาไปคุยเป็นการส่วนตัว และอธิบายทางของพระเจ้าให้เขาเข้าใจอย่างถูกต้องยิ่งขึ้น
27ထိုသူ သည် အခါယ ပြည်သို့ သွား ခြင်းငှာအလိုရှိ သည်ဖြစ်၍ ၊ တပည့် တော်ချင်းတို့သည် သူ့ ကိုလက်ခံ မည်အကြောင်း ညီအစ်ကို တို့သည်မှာစာ ကိုပေးလိုက်ကြ၏။ သူ သည်ရောက်လာ လျှင်၊ ကျေးဇူး တော်အားဖြင့် ယုံကြည် သော သူ တို့ကို အလွန် ထောက်မ လေ၏။
27เมื่ออปอลโลตั้งใจจะข้ามไปแคว้นอาคายา พี่น้องก็ให้กำลังใจเขา และเขียนจดหมายถึงเหล่าสาวกให้ต้อนรับเขา เมื่อไปถึง เขาช่วยผู้ที่ได้เชื่อโดยพระคุณอย่างมาก
28ယေရှု သည်ခရစ်တော် ဖြစ် တော်မူကြောင်းကို ကျမ်းစာ အားဖြင့် ထင်ရှားစွာပြ ၍၊ လူ အပေါင်းတို့ရှေ့မှာ ယုဒ လူတို့၏စကားကို အားကြီး စွာ ပယ်ဖျက် လေ၏။
28เพราะเขาโต้แย้งชาวยิวอย่างทรงพลังต่อหน้าสาธารณชน และใช้พระคัมภีร์แสดงให้เห็นว่าพระเยซูคือพระคริสต์
Tip: use the ← and → keys to turn chapters.