တမန်တော် 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ထိုသို့ တမန်တော် တို့သည် လူ များတို့အား ဟောပြော စဉ်တွင်၊ ဗိမာန် တော်မှူး မှစသောယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲ များတို့သည်လာ ကြသဖြင့်၊
1ขณะที่เปโตรกับยอห์นกำลังกล่าวกับประชาชน เหล่าปุโรหิต หัวหน้าเจ้าหน้าที่พระวิหาร และพวกสะดูสีก็มาหาพวกเขา
2တမန်တော် တို့သည် လူ များတို့အားဆုံးမ ဩဝါဒပေး၍ ယေရှု ကိုအကြောင်းပြုလျက် သေ ခြင်းမှ ထမြောက် ခြင်းတရားကို ဟော သောကြောင့် ၊ ထိုမင်းများတို့သည် စိတ်ပူပန် ခြင်းရှိသည်နှင့်၊
2คนเหล่านั้นไม่พอใจอย่างมาก เพราะทั้งสองกำลังสอนประชาชนและประกาศว่าในพระเยซูมีการฟื้นขึ้นจากความตาย
3တမန်တော် တို့ကိုဘမ်းဆီး ပြီးမှ ၊ ည အချိန်ဖြစ် သောကြောင့် နက်ဖြန် နေ့တိုင်အောင် နှောင် အိမ်၌ ချုပ် ထားကြ၏။
3พวกเขาจับเปโตรกับยอห์นและคุมขังไว้จนถึงวันรุ่งขึ้น เพราะเวลานั้นเป็นเวลาเย็นแล้ว
4တရား နာ သောသူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ အရေအတွက် အားဖြင့်လူ ငါး ထောင် မျှလောက် ရှိကြ၏။
4แต่คนจำนวนมากที่ได้ยินพระวจนะก็เชื่อ และจำนวนผู้ชายเพิ่มเป็นประมาณห้าพันคน
5နက်ဖြန် နေ့ရောက် သော် မင်း အရာရှိ၊ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာတို့နှင့် ၊
5เช้าวันรุ่งขึ้น เหล่าผู้ปกครอง ผู้อาวุโส และอาลักษณ์มาประชุมกันในกรุงเยรูซาเล็ม
6ယဇ်ပုရောဟိတ် မင်းအန္နတ် ၊ ကယာဖ ၊ ယောဟန် ၊ အာလေဇန္ဒြု မှစ၍ ယဇ် ပုရောဟိတ်မင်းမျိုး ရှိသမျှ တို့သည် ယေရုရှလင် မြို့၌ စုဝေးကြပြီးလျှင်၊
6มีอันนาสมหาปุโรหิต คายาฟาส ยอห์น อเล็กซานเดอร์ และคนอื่น ๆ ในตระกูลมหาปุโรหิตอยู่ที่นั่นด้วย
7တမန်တော် တို့ကို အလယ် ၌ ထား ၍၊ သင် တို့သည် အဘယ်သို့ သောတန်ခိုး ၊ အဘယ်သူ၏နာမ အားဖြင့် ဤအမှု ကိုပြု သနည်းဟု မေးမြန်း ကြ၏။
7พวกเขาให้เปโตรกับยอห์นยืนอยู่ตรงกลาง แล้วถามว่า “พวกคุณทำสิ่งนี้ด้วยพลังอะไร หรือในนามของใคร?”
8ထိုအခါပေတရု သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်၊ လူ များကို အစိုးရ သောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲ တို့၊
8เปโตรเต็มเปี่ยมด้วยพระวิญญาณบริสุทธิ์ จึงกล่าวกับพวกเขาว่า “ท่านผู้ปกครองประชาชนและผู้อาวุโสของอิสราเอล
9အင်္ဂါချို့တဲ့ သောသူ ကို ကျေးဇူး ပြု၍၊ သူ သည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ် သနည်းဟု ငါ တို့သည်ယနေ့ အစစ် ခံရလျှင် ၊
9ถ้าวันนี้พวกเราถูกสอบถามเรื่องการทำความดีแก่ชายพิการ ว่าชายคนนี้หายดีได้อย่างไร
10သင် တို့သည် လက်ဝါးကပ်တိုင် မှာကွပ်မျက်၍၊ ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသော နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ဤ သူ သည် သင် တို့မျက်မှောက် ၌ကျန်းမာ လျက် ရှိသည်ကို သင် တို့မှစ၍ ဣသရေလ လူ အပေါင်း တို့ သိမှတ် ကြလော့။
10ก็ขอให้พวกคุณทุกคนและประชาชนอิสราเอลทั้งปวงรู้ว่า ชายคนนี้ยืนอยู่ต่อหน้าพวกคุณโดยหายเป็นปกติแล้วในพระนามของพระเยซูคริสต์ชาวนาซาเร็ธ ผู้ที่พวกคุณตรึงบนกางเขน และผู้ที่พระเจ้าทำให้ฟื้นขึ้นจากความตาย
11ထို သခင်ကား၊ သင် တို့သည်တိုက်ကို တည်လုပ် သောအခါ ပယ် ထား၍၊ နောက်တဖန်တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်သော ကျောက် ဖြစ် တော်မူ၏။ ထို သခင်မှတပါး အဘယ်သူ မျှကယ်တင် ခြင်းအမှုကိုမ တတ်နိုင်။
11พระองค์คือ ‘ศิลาที่พวกคุณผู้เป็นช่างก่อสร้างเห็นว่าไร้ค่า แต่กลับกลายเป็นศิลามุมเอก’
12ထိုသခင်၏ နာမ တော်မှတပါး ငါတို့ကို ကယ်တင် နိုင်သော နာမတစ်စုံတစ်ခု မျှကောင်းကင် အောက် လူ တို့တွင် မပေါ်မရှိဟုပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
12ไม่มีความรอดในผู้ใดอื่น เพราะไม่มีนามอื่นใต้ฟ้าที่ประทานแก่มนุษย์ ซึ่งพวกเราต้องได้รับความรอดโดยนามนั้น!”
13ထိုသူတို့သည် ပေတရု နှင့် ယောဟန် တို့၏ ရဲရင့် ခြင်းသတ္တိကို မြင် ၍ ၊ လူ တတ်မဟုတ်၊ လူသာမည သာ ဖြစ် သည်ကို သိမှတ် သဖြင့် အံ့ဩ ၍နေကြ၏။ ထိုသူ နှစ် ယောက်တို့သည် အထက်ကယေရှု နှင့်အတူရှိ သည်ကို သတိရ၍၎င်း၊
13เมื่อพวกเขาเห็นความกล้าหาญของเปโตรกับยอห์น และรู้ว่าทั้งสองไม่ได้เล่าเรียนและเป็นคนธรรมดา พวกเขาก็ประหลาดใจ และจำได้ว่าทั้งสองเคยอยู่กับพระเยซู
14အနာကင်းလွတ် သော သူ သည် ထိုသူ တို့နှင့်အတူ ရှိ နေသည်ကို မြင် ၍၎င်း၊ ငြင်းခုံ ဆိုဘွယ်ရာမ ရှိ မတွေ့ကြ။
14และเมื่อเห็นชายที่หายดีแล้วยืนอยู่กับทั้งสอง พวกเขาก็ไม่มีอะไรจะโต้แย้ง
15တမန်တော် တို့ကိုလွှတ်တော် မှ ထွက်သွား စေပြီးလျှင်၊ ဤ သူ တို့ ကို အဘယ်သို့ ပြု ရမည်နည်း။
15พวกเขาจึงสั่งให้เปโตรกับยอห์นออกไปจากสภา แล้วปรึกษากันว่า
16သူ တို့သည် ထင်ရှား စွာသောနိမိတ် လက္ခဏာကို ပြ ပြီးသည်ကို၊ ယေရုရှလင် မြို့၌နေ သော သူ အပေါင်း တို့သည် သိမြင် ကြ၏။ ငါတို့သည်လည်း ငြင်းခုံ ခြင်းငှာမ တတ်နိုင် ပြီ။
16“พวกเราจะทำอย่างไรกับคนเหล่านี้? เพราะทุกคนที่อาศัยอยู่ในกรุงเยรูซาเล็มเห็นชัดว่า มีการอัศจรรย์ที่โดดเด่นเกิดขึ้นผ่านพวกเขา และพวกเราก็ปฏิเสธไม่ได้
17သို့သော်လည်း လူ များအထဲ ၌သာ၍ မ နှံ့ မပြား စေခြင်းငှာ ၊ နောက်တဖန်ထိုနာမ ကို အမှီပြု လျက် အဘယ် သူ ကိုမျှ မ ဟော မပြောနှင့် ဟူ၍သူ တို့ကို ကျပ်တည်းစွာ ခြိမ်းချောက် ကြကုန်အံ့ဟု အချင်းချင်း တိုင်ပင်ပြီးမှ၊
17แต่เพื่อไม่ให้เรื่องนี้แพร่ไปในหมู่ประชาชนมากกว่านี้ พวกเราควรข่มขู่พวกเขา ไม่ให้พูดกับใครในนามนี้อีกต่อไป”
18တမန်တော် တို့ကိုခေါ် ၍၊ ယေရှု ၏ နာမ ကို အမှီပြု လျက်ဟောပြော သွန်သင် ခြင်းကို အလျှင်း မ ပြုနှင့် ဟု အမိန့် ရှိကြ၏။
18แล้วพวกเขาเรียกเปโตรกับยอห์นเข้ามา และสั่งไม่ให้พูดหรือสอนในพระนามของพระเยซูเลย
19ပေတရု နှင့် ယောဟန် တို့ကလည်း၊ ဘုရားသခင် ၏ စကားတော် ကိုနားထောင်သည်ထက် သင် တို့၏ စကားကိုသာ၍ နားထောင် သော်၊ ဘုရားသခင့် ရှေ့ မှာ ကောင်း မည်မကောင်းမည်ကို ဆင်ခြင်၍ စီရင် ကြ လော့။
19แต่เปโตรกับยอห์นตอบพวกเขาว่า “พวกคุณจงตัดสินเองว่า ต่อหน้าพระเจ้า การฟังพวกคุณแทนที่จะฟังพระเจ้านั้นถูกต้องหรือไม่
20ငါ တို့သည်ကြား လျက်၊ မြင် လျက်ရှိသောအရာ တို့ကိုမ ဟော မပြောဘဲမ နေနိုင် ဟု ထိုသူ တို့အား ဆို ကြ၏။
20เพราะพวกเราไม่อาจหยุดพูดถึงสิ่งที่พวกเราได้เห็นและได้ยิน”
21ထိုအခါ တမန်တော် တို့၌ အပြစ် ဒဏ်ပေးသင့် သော အကြောင်းကို မ တွေ့ သဖြင့် တဖန် ခြိမ်းခြောက်ပြီးလျှင်လွှတ် ကြ၏။
21พวกเขาข่มขู่ทั้งสองอีก แล้วปล่อยทั้งสองไป เพราะไม่อาจหาทางลงโทษได้ เนื่องจากประชาชนทุกคนต่างถวายพระสิริแด่พระเจ้าสำหรับสิ่งที่เกิดขึ้น
22အကြောင်းမူကား ၊ အနာ ကင်းခြင်း နိမိတ် လက္ခဏာကို ခံရ သော သူ သည် အသက် လေးဆယ် ကျော် ရှိ သည်ဖြစ်၍လူ အပေါင်း တို့သည် ထို အမှုကို ထောက်လျက် ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
22ชายที่ได้รับการรักษาอย่างอัศจรรย์นี้มีอายุมากกว่าสี่สิบปี
23တမန်တော်တို့သည် လွတ် သောအခါ ၊ မိမိ တို့အပေါင်းအသင်း ရှိရာသို့ သွား ၍၊ မိမိ တို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲတို့ပြောဆို သမျှ ကို ပြန်ကြား ကြ၏။
23เมื่อได้รับการปล่อยตัว เปโตรกับยอห์นกลับไปหาพวกของตน และเล่าทุกสิ่งที่เหล่าหัวหน้าปุโรหิตกับผู้อาวุโสกล่าวกับพวกเขา
24ထိုသူများတို့သည်ကြား ရလျှင်၊ တစ် ညီတစ်ညွတ် တည်း ဘုရားသခင့် ထံသို့ အသံ ကိုလွှင့် လျက် ၊ အစိုးရတော်မူသောအရှင် ၊ ကိုယ်တော် သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ မှစ၍ ထိုအရပ်တို့၌ ရှိသမျှ တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။
24เมื่อคนเหล่านั้นได้ยิน ก็พร้อมใจกันเปล่งเสียงทูลพระเจ้าว่า “องค์พระผู้เป็นเจ้า พระองค์คือพระเจ้าผู้สร้างท้องฟ้า แผ่นดิน ทะเล และทุกสิ่งที่อยู่ในนั้น
25ကိုယ်တော်ကလည်း၊ လူမျိုး တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစု တို့သည် အဘယ်ကြောင့်အချည်းနှီး ကြံစည် ကြသနည်း။
25พระองค์ได้กล่าวโดยปากของดาวิดผู้รับใช้ของพระองค์ว่า ‘เหตุใดบรรดาประชาชาติจึงเดือดดาล และชนทั้งหลายจึงคิดแผนการที่ไร้ผล?
26လောကီ ရှင်ဘုရင် တို့သည် ထ ကြ၍၊ မှူးမတ် အရာရှိတို့လည်း ထာဝရ ဘုရားနှင့် ခရစ်တော် ကို ရန်ဘက်ပြုလျက် စည်းဝေး ကြ၏ဟု ကိုယ်တော် ကျွန် ဒါဝိဒ် ၏ နှုတ် ဖြင့်ဗျာဒိတ် ထားတော်မူသည်နှင့်အညီ၊
26บรรดากษัตริย์แห่งแผ่นดินโลกตั้งตัวขึ้น และพวกผู้ปกครองร่วมกันวางแผน ต่อต้านองค์พระผู้เป็นเจ้าและพระคริสต์ของพระองค์’
27ဟေရုဒ် မင်း၊ ပုန္တိ ပိလတ် မင်းမှစ၍ဣသရေလ အမျိုးသား ၊ တစ်ပါး အမျိုးသားတို့သည်၊
27“เพราะเป็นความจริงว่า ทั้งเฮโรดและปอนทิอัสปีลาต พร้อมกับคนต่างชาติและประชาชนอิสราเอล ได้มารวมกันต่อต้านผู้รับใช้บริสุทธิ์ของพระองค์คือพระเยซู ผู้ที่พระองค์เจิมไว้
28ကိုယ်တော် ၏ အလိုရှိ သည်အတိုင်း၊ ရှေးမဆွကလက် တော်ဖြင့် ခွဲခန့် မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှာဘိသိတ် ပေးတော်မူသော သား တော်မြတ် ယေရှု ကို ဤ မြို့ ၌ ရန်ဘက် ပြု၍ စည်းဝေး ကြပြီ၊ အမှန် ဖြစ်ပါ၏။
28เพื่อทำทุกสิ่งที่มือและแผนการของพระองค์กำหนดไว้ล่วงหน้าให้เกิดขึ้น
29အိုထာဝရ ဘုရား၊ ယခု အခါထိုသူ တို့၏ ခြိမ်းချောက် ခြင်းကို မှတ် တော်မူပါ။
29บัดนี้ องค์พระผู้เป็นเจ้า โปรดดูคำข่มขู่ของพวกเขา และโปรดให้ผู้รับใช้ของพระองค์กล่าวพระวจนะของพระองค์ด้วยความกล้าหาญอย่างเต็มที่
30အနာ ရောဂါငြိမ်းစေခြင်းငှာ လက် တော်ကို ဆန့် တော်မူ၍၊ သန့်ရှင်း သော သား တော်ယေရှု ၏ နာမ တော်အားဖြင့် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ဖြစ် စေတော်မူစဉ်တွင်၊ ကိုယ်တော် ၏ ကျွန် တို့ သည် နှုတ်ကပတ် တရားတော်ကို ရဲရင့် စွာ ဟောပြော ပါမည် အကြောင်း ကယ်မ သနားတော်မူပါဟု ဆုတောင်း ကြ၏။
30ขณะที่พระองค์ยื่นมือออกเพื่อรักษา และให้หมายสำคัญและการอัศจรรย์เกิดขึ้นผ่านพระนามของผู้รับใช้บริสุทธิ์ของพระองค์คือพระเยซู”
31ထိုသို့ ဆုတောင်း ပဌနာပြုပြီးမှ၊ စုဝေး သော အရပ် သည် တုန်လှုပ် ၍၊ ထိုသူအပေါင်း တို့သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် သဖြင့် ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ရဲရင့် စွာဟောပြော ကြ၏။
31เมื่อพวกเขาอธิษฐานแล้ว สถานที่ซึ่งพวกเขามารวมกันก็สั่นสะเทือน พวกเขาทุกคนเต็มเปี่ยมด้วยพระวิญญาณบริสุทธิ์ และกล่าวพระวจนะของพระเจ้าด้วยความกล้าหาญ
32ယုံကြည် သောသူ အပေါင်း တို့သည် စိတ် နှလုံး တစ်ညီတစ်ညွတ် တည်းရှိ ကြ၍ ၊ အဘယ်သူမျှ မိမိ ဥစ္စာ တစ်စုံတစ်ခု ကို ငါ့ ဥစ္စာဟူ၍မ ဆို ဘဲ လျက်၊ ရှိသမျှ သောဥစ္စာတို့ကို ဆက်ဆံ သဖြင့် သုံးဆောင်ကြ၏။
32คนจำนวนมากที่เชื่อมีใจและจิตวิญญาณเป็นหนึ่งเดียวกัน ไม่มีใครกล่าวว่าสิ่งของใดที่ตนครอบครองเป็นของตนเอง แต่พวกเขาถือทุกสิ่งเป็นของส่วนรวม
33သခင် ယေရှု ထမြောက် တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီး သော တန်ခိုး နှင့် သက်သေခံ ၍၊ ထိုသူ အပေါင်း တို့သည် ကြီး သော ကျေးဇူး တော်နှင့် ပြည့်စုံ ကြ၏။
33เหล่าอัครทูตเป็นพยานยืนยันถึงการฟื้นขึ้นจากความตายขององค์พระเยซูด้วยพลังอันยิ่งใหญ่ และพระคุณอันยิ่งใหญ่ก็อยู่กับพวกเขาทุกคน
34ထိုသူ တို့တွင် ဆင်းရဲ သောသူတစ်ယောက်မျှမ ရှိ ။ အကြောင်းမူကား ၊ အိမ် ၊ မြေ ကွက်ကို ပိုင် သော သူရှိသမျှ တို့သည် ရောင်း ပြီးလျှင်၊ ရ သောအဘိုးကိုယူဆောင် ခဲ့၍၊
34ในพวกเขาไม่มีใครขัดสน เพราะทุกคนที่มีที่ดินหรือบ้านก็ขาย แล้วนำเงินที่ได้จากสิ่งที่ขายมา
35တမန်တော် တို့၏ခြေ ရင်း၌ ထား ကြသဖြင့်၊ လူများဆင်းရဲ သည်အတိုင်း အသီးအသီး တို့အား ဝေငှ ပေးကမ်းကြ၏။
35วางไว้ที่เท้าของเหล่าอัครทูต แล้วจึงแจกจ่ายให้แต่ละคนตามที่มีความจำเป็น
36ယောသေ အမည်ရှိ၍ သက်သာ စေခြင်း၏ သား ဟုဆိုလို သော ဗာနဗ အမည် သစ်ကို တမန်တော် တို့ သမုတ် ခြင်းအားဖြင့် ရသော ကုပရု ပြည်သား လေဝိ လူတစ် ယောက်သည်၊
36โยเสส ซึ่งเหล่าอัครทูตเรียกอีกชื่อหนึ่งว่าบารนาบัส แปลว่า ‘บุตรแห่งการหนุนใจ’ เป็นคนเลวี และเป็นชาวไซปรัสโดยกำเนิด
37မိမိ ပိုင် သော မြေ ကိုရောင်း ပြီးလျှင်၊ ရသော ငွေ ကိုယူဆောင် ခဲ့၍ တမန်တော် တို့၏ ခြေ ရင်း၌ ထား လေ၏။
37เขามีที่ดินผืนหนึ่ง จึงขายแล้วนำเงินมาวางไว้ที่เท้าของเหล่าอัครทูต
Tip: use the ← and → keys to turn chapters.