တမန်တော် 10
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ကဲသရိ မြို့၌ ဣတလိ တပ်ဟု ခေါ်ဝေါ် သော တပ် တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူး ကော်နေလိ အမည် တွင်သော သူ တစ် ယောက်ရှိ ၏။
1ในเมืองซีซารียามีชายคนหนึ่งชื่อโครเนลิอัส เป็นนายร้อยประจำกองทหารที่เรียกว่า “กองอิตาลี”
2ထိုသူသည် မိမိ အိမ် တွင်ရှိသမျှ သော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော် ၍ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်းရှိသဖြင့် လူ တို့အားများစွာ သော စွန့်ကြဲ ခြင်းကိုပြု ၍ ဘုရားသခင် ကို အစဉ် ဆုတောင်း လေ့ရှိ၏။
2เขาเป็นคนเคร่งศาสนาและยำเกรงพระเจ้าพร้อมกับทุกคนในครอบครัว เขาบริจาคช่วยเหลือคนขัดสนอย่างใจกว้าง และอธิษฐานต่อพระเจ้าอยู่เสมอ
3တစ်နေ့သ၌ နေသုံးချက်တီး အချိန် တွင် ဘုရားသခင် ၏ ကောင်းကင်တမန် သည်၊ ကော်နေလိ ဟု ခေါ် လျက် ရောက်လာ သည်ကို ထိုသူ သည် ထင်ရှား သော ဗျာဒိတ် ရူပါရုံအားဖြင့် မြင် ရ၏။
3ประมาณชั่วโมงที่เก้าของวัน เขาเห็นอย่างชัดเจนในนิมิตว่าทูตสวรรค์องค์หนึ่งของพระเจ้าเข้ามาหาและกล่าวว่า “โครเนลิอัส!”
4ကောင်းကင် တမန်ကို စေ့စေ့ ကြည့်လျှင် ထိတ်လန့် ခြင်းရှိသည် ဖြစ်၍ ၊ သခင် ၊ အဘယ် အခင်းရှိ ပါ သနည်းဟု မေး သော် ၊ ကောင်းကင်တမန်က၊ သင် ပြု သောဆုတောင်း ပဌနာနှင့် စွန့်ကြဲ ပေးကမ်းခြင်းတို့သည် ဘုရားသခင့် ရှေ့ တော်၌ အောက်မေ့ စရာဘို့ တက် ကြပြီ။
4เขาจ้องมองทูตสวรรค์ด้วยความกลัวแล้วถามว่า “มีอะไรหรือ ท่าน?” ทูตสวรรค์ตอบว่า “คำอธิษฐานและสิ่งที่ท่านให้แก่คนขัดสนได้ขึ้นไปถึงพระเจ้าเป็นที่ระลึกต่อพระองค์
5ထိုကြောင့် ယခုပင် ယုပ္ပေ မြို့သို့ လူ တို့ကိုစေလွှတ် ၍ ၊ ပေတရု အမည် သစ်ကိုရသော ရှိမုန် ကိုခေါ်ပင့် လော့။
5บัดนี้จงส่งคนไปเมืองยัฟฟา และตามซีโมนซึ่งมีอีกชื่อหนึ่งว่าเปโตรมา
6ထိုသူ သည်သားရေ လုပ်သမားရှိမုန် ၏ အိမ်၌ တည်း နေ၏။ ထို အိမ် သည် ပင်လယ် နား မှာ ရှိ သည်ဟု ပြောဆို၏။
6เขาพักอยู่กับซีโมนช่างฟอกหนัง ซึ่งบ้านอยู่ริมทะเล
7ထိုသို့ ပြောဆို သော ကောင်းကင်တမန် သွား ပြီးမှ ၊ ကော်နေလိသည် မိမိငယ်သား နှစ် ယောက်နှင့်တကွ မိမိ ထံ၌မပြတ်ခစား သောလူစုအဝင်၊ ဘုရားဝတ်၌ မွေ့လျော် သော စစ်သူရဲ တစ်ယောက်ကိုခေါ် ၍ ၊
7เมื่อทูตสวรรค์ที่พูดกับเขาจากไปแล้ว โครเนลิอัสเรียกผู้รับใช้ในบ้านสองคน กับทหารผู้ยำเกรงพระเจ้าคนหนึ่งซึ่งคอยรับใช้เขาอยู่เสมอ
8ထိုအကြောင်းအရာအလုံးစုံ တို့ကို ကြားပြော ပြီးမှယုပ္ပေ မြို့သို့ စေလွှတ် ၏။
8เขาเล่าทุกอย่างให้ทั้งสามคนฟัง แล้วส่งพวกเขาไปเมืองยัฟฟา
9နက်ဖြန် နေ့၌ ထိုသူ တို့သည် သွား ၍ ယုပ္ပေမြို့ အနီး သို့ ရောက်ကြသောအခါ ၊ နှစ်ချက်တီးအချိန် တွင် ပေတရု သည် ဆုတောင်း ခြင်းငှာအိမ်မိုး ပေါ်သို့ တက် လေ ၏။
9วันรุ่งขึ้น ขณะที่พวกเขากำลังเดินทางและเข้าใกล้เมือง เปโตรขึ้นไปบนดาดฟ้าเพื่ออธิษฐานประมาณเที่ยงวัน
10ဆာမွတ် ၍ အစာ အာဟာရကို အလိုရှိ လျှင် သူတစ်ပါးတို့သည် အစာအာဟာရကို ပြင်ဆင် ကြစဉ်အခါပေတရုသည် ဘဝင် ဖြစ်၍နေသဖြင့်၊
10เขาหิวและอยากกินอาหาร แต่ขณะที่คนกำลังเตรียมอาหาร เขาก็ตกอยู่ในภวังค์
11ကောင်းကင် ဖွင့်လှစ် သည်ကို၎င်း ၊ ခြုံထည် ကဲ့သို့ လေး ထောင့် ချုပ်၍ မြေ သို့ ချ လွှတ်သော တန်ဆာ သည် မိမိဆီသို့ဆင်းသက် လာသည် ကို၎င်းမြင် လေ၏။
11เขาเห็นท้องฟ้าเปิดออก และมีสิ่งหนึ่งคล้ายผ้าผืนใหญ่ที่หย่อนลงมาบนแผ่นดิน โดยจับไว้ทั้งสี่มุม
12ထို တန်ဆာထဲ၌ သားရဲ မှစ၍ မြေ ၌ကျင်လည်သောသားမျိုး၊ တွား တတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် မျိုး တို့သည်ရှိ ကြ၏။
12ในนั้นมีสัตว์สี่เท้าทุกชนิดของโลก สัตว์ป่า สัตว์เลื้อยคลาน และนกในท้องฟ้า
13စကား အသံသည်လည်း ၊ ပေတရု ထ ၍ သတ် စား လော့ဟု လာ ၏။
13แล้วมีเสียงกล่าวกับเขาว่า “เปโตร จงลุกขึ้น ฆ่าแล้วกิน!”
14ပေတရု ကလည်း ၊ မ ဖြစ်နိုင်ပါသခင် ။ ညစ်ညူး သောအရာ နှင့် မ စင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတစ်ခါ မျှမစား ဘူးပါဟု ပြောဆို ၏။
14แต่เปโตรตอบว่า “ไม่ได้ องค์พระผู้เป็นเจ้า เพราะข้าพเจ้าไม่เคยกินสิ่งใดที่เป็นมลทินหรือไม่บริสุทธิ์เลย”
15နောက်တစ်ဖန် စကား သံကား၊ ဘုရားသခင် စင်ကြယ် စေတော်မူသောအရာ ကို ညစ်ညူး သည်မ ထင် နှင့်ဟု လာပြန်၏။
15เสียงนั้นกล่าวกับเขาเป็นครั้งที่สองว่า “สิ่งที่พระเจ้าชำระแล้ว เจ้าอย่าเรียกว่าไม่บริสุทธิ์”
16ထိုသို့ သုံး ကြိမ်မြောက်အောင်လာ ပြီးလျှင်၊ ထိုတန်ဆာ ကို ကောင်းကင် ထဲသို့ သိမ်းရုပ် ပြန်လေ၏။
16เหตุการณ์นี้เกิดขึ้นสามครั้ง แล้วสิ่งนั้นก็ถูกรับขึ้นไปยังท้องฟ้าทันที
17ပေတရု သည် မိမိမြင် ရသော ဗျာဒိတ် ရူပါရုံ ကား၊ အဘယ်သို့ ဆိုလို သနည်းဟု တွေးတော ဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိ စေလွှတ် သောသူ တို့သည် ရှိမုန် အိမ် ကို မေးမြန်း ရှာဖွေ၍ တံခါး ရှေ့မှာ ရပ် လျက်၊
17ขณะที่เปโตรกำลังสับสนอย่างมากเกี่ยวกับความหมายของนิมิตที่เขาเห็น คนที่โครเนลิอัสส่งมาก็ถามหาบ้านของซีโมนจนพบ และมายืนอยู่หน้าประตู
18ပေတရု အမည် သစ်ကိုရသော ရှိမုန် သည် ဤမှာတည်း နေပါ သလောဟု မေးမြန်း ဟစ်ခေါ် ကြ၏။
18พวกเขาร้องถามว่า ซีโมนซึ่งมีอีกชื่อหนึ่งว่าเปโตรพักอยู่ที่นี่หรือไม่
19ပေတရုသည်ထိုဗျာဒိတ် ရူပါရုံကို ဆင်ခြင် ၍နေစဉ်တွင် ဝိညာဉ် တော်က၊ လူ သုံး ယောက်တို့သည် သင့် ကိုရှာ ကြ၏။
19ขณะที่เปโตรกำลังคิดถึงนิมิตนั้น พระวิญญาณกล่าวกับเขาว่า “มีชายสามคน กำลังตามหาเจ้า
20ထ ၍ဆင်း လော့။ တွေးတော ခြင်းမ ရှိဘဲ ထိုသူ တို့နှင့်အတူ လိုက် သွားလော့။ အကြောင်းမူကား ၊ ထိုသူ တို့သည် ငါ စေလွှတ် သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊
20จงลุกขึ้น ลงไปหาและไปกับพวกเขาโดยไม่ต้องลังเล เพราะเราเป็นผู้ส่งพวกเขามา”
21ပေတရု သည်ဆင်း ၍ ၊ ငါ ကား၊ သင်တို့ရှာ သော သူ ဖြစ် ၏။ အဘယ် အကြောင်း ရှိ၍ လာ ကြသနည်းဟု ထိုသူ တို့အား မေး ၏။
21เปโตรจึงลงไปหาคนเหล่านั้นและกล่าวว่า “ข้าพเจ้านี่แหละคือคนที่พวกคุณกำลังตามหา พวกคุณมาด้วยเรื่องอะไร?”
22ထိုသူတို့ကလည်း ဘုရားသခင် ကိုကြောက်ရွံ့ ၍ ၊ ယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသော သူတော်ကောင်း တည်းဟူသောတပ်မှူး ကော်နေလိ သည်၊ ကိုယ်တော် ကို မိမိ အိမ် သို့ ခေါ်ပင့် ၍ ကိုယ်တော် ၏ စကား ကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်း သော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ် တော်ကို ခံရပါသည်ဟု ပြန်ပြော ကြ၏။
22พวกเขาตอบว่า “โครเนลิอัสนายร้อยเป็นคนชอบธรรมและยำเกรงพระเจ้า ชาวยิวทั้งชาติกล่าวถึงเขาในทางดี ทูตสวรรค์บริสุทธิ์องค์หนึ่งบอกให้เขาเชิญท่านไปที่บ้าน เพื่อฟังสิ่งที่ท่านจะกล่าว”
23ပေတရုသည်လည်းထိုသူ တို့ကို အိမ်ထဲသို့ခေါ် ၍ ဧည့်သည် ဝတ်ကိုပြုလေ၏။ နက်ဖြန် နေ့၌ ထ ၍ ထိုသူ တို့ နှင့်အတူ သွား သဖြင့်၊ ယုပ္ပေ မြို့သားဖြစ်သော ညီအစ်ကို အချို့ တို့သည် လိုက် ကြ၏။
23เปโตรจึงเชิญพวกเขาเข้ามาและจัดที่พักให้ วันรุ่งขึ้นเปโตรลุกขึ้นออกเดินทางไปกับพวกเขา และพี่น้องบางคนจากเมืองยัฟฟาก็ไปด้วย
24ထိုနောက် တနေ့ ၌ ကဲသရိ မြို့သို့ ဝင် ကြ၍၊ ကော်နေလိ သည် မိမိ အဆွေအမျိုး မိတ် ခင်ပွန်းများတို့ကို စုဝေး စေပြီးလျှင်၊ ထိုသူ တို့ကို မြော်လင့် လျက်နေ ကြ၏။
24วันต่อมาพวกเขาเข้าเมืองซีซารียา โครเนลิอัสกำลังรออยู่ และได้เรียกญาติกับเพื่อนสนิทมารวมกัน
25ပေတရု ရောက်လာ သောအခါ ကော်နေလိ သည် ခရီးဦးကြိုပြု ၍၊ ပေတရု၏ခြေ ရင်း၌ ပြပ်ဝပ် လျက် ကိုးကွယ် လေ၏။
25เมื่อเปโตรเข้าไป โครเนลิอัสออกมาต้อนรับ แล้วหมอบลงแทบเท้าของเขาและนมัสการเขา
26ပေတရု သည် သူ့ ကိုချီပင့် လျက်၊ ထ လော့။ ငါ ကိုယ်တိုင်လူ ဖြစ် သည်ဟုဆို ၏။
26แต่เปโตรพยุงเขาให้ลุกขึ้นและกล่าวว่า “ลุกขึ้นเถิด ข้าพเจ้าเองก็เป็นมนุษย์เหมือนกัน”
27ထိုသို့နှုတ်ဆက် ၍ ဝင် လေသော် စုဝေး လျက်ရှိ ကြသော လူများ ကိုတွေ့ လျှင်၊
27เปโตรพูดคุยกับเขาพลางเดินเข้าไป และพบว่ามีคนมารวมกันอยู่มากมาย
28ပေတရုက၊ ယုဒ လူ ဖြစ် သောသူတို့သည် တစ်ပါး အမျိုးသားတို့နှင့် မပေါင်းဘော် မချည်းကပ် အပ်သည်ကို သင် တို့သိ ကြ၏။ သို့သော်လည်းညစ်ညူး သည် မ စင်ကြယ်ဟု အဘယ်သူ ကိုမျှ မခေါ် ရမည်အကြောင်း၊ ဘုရားသခင် သည်၊ ငါ့ အားဆုံးမပြသ တော်မူပြီ။
28เขากล่าวกับคนเหล่านั้นว่า “พวกคุณเองก็รู้ดีว่าชาวยิวไม่ได้รับอนุญาตให้คบหาหรือไปเยี่ยมคนต่างชาติ แต่พระเจ้าได้แสดงให้ข้าพเจ้าเห็นว่า ข้าพเจ้าไม่ควรเรียกมนุษย์คนใดว่าเป็นมลทินหรือไม่บริสุทธิ์
29ထိုကြောင့် ငါ့ကိုခေါ် ကြသောအခါငါသည် မ ငြင်းမခုံဘဲလျက် လာ ၏။ သို့ဖြစ်၍ အဘယ် အကြောင်း ကြောင့် ငါ့ ကိုခေါ် ကြသနည်း၊ ငါမေး လိုသည်ဟု ထိုသူ တို့ အား ပြောဆို ၏။
29เพราะฉะนั้นเมื่อพวกคุณส่งคนไปตาม ข้าพเจ้าก็มาหาโดยไม่คัดค้าน ข้าพเจ้าจึงขอถามว่า พวกคุณส่งคนไปตามข้าพเจ้าด้วยเหตุใด?”
30ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခု အချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီး အချိန်တွင် အိမ် ၌ ဆုတောင်း လျက် နေ သည်၊ ယခု လေး ရက် ရှိပါပြီ။ ထိုအချိန်၌ လူ တစ်ယောက်သည် ထွန်းတောက် သောအဝတ်ကို ဝတ် လျက် အကျွန်ုပ် ရှေ့မှောက် ၌ရပ် ၍ ၊
30โครเนลิอัสตอบว่า “เมื่อสี่วันก่อน ข้าพเจ้าอดอาหารอยู่จนถึงเวลานี้ และในชั่วโมงที่เก้า ข้าพเจ้ากำลังอธิษฐานอยู่ในบ้าน ก็มีชายคนหนึ่งสวมเสื้อผ้าสว่างจ้ามายืนอยู่ตรงหน้า
31ကော်နေလိ ၊ သင် ပြုသောပဌနာ ကို ဘုရားသခင် သည် ကြား ၍၊ သင် စွန့်ကြဲ ခြင်းကိုလည်း မှတ် တော်မူပြီ။
31และกล่าวว่า ‘โครเนลิอัส พระเจ้าได้ยินคำอธิษฐานของท่าน และระลึกถึงสิ่งที่ท่านให้แก่คนขัดสน
32ထိုကြောင့် ယုပ္ပေ မြို့သို့ စေလွှတ် ၍ ပေတရု အမည် သစ်ကို ရသော ရှိမုန် ကို ခေါ်ပင့် လော့။ ထိုသူ သည် ပင်လယ် နား မှာ သားရေ လုပ်သမားရှိမုန် ၏ အိမ် ၌ တည်း နေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟုပြောဆို ပါ၏။
32เพราะฉะนั้นจงส่งคนไปเมืองยัฟฟาและตามซีโมนซึ่งมีอีกชื่อหนึ่งว่าเปโตรมา เขาพักอยู่ที่บ้านของซีโมนช่างฟอกหนังริมทะเล เมื่อเขามาถึง เขาจะพูดกับท่าน’
33ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော် ထံသို့ အလျင်အမြန် စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သော အားဖြင့်ကောင်းမွန် စွာပြု ပါ ပြီ။ သို့ဖြစ်၍ ဘုရားသခင် သည် ကိုယ်တော် ၌မှာထား တော်မူသမျှ ကို နားထောင် ခြင်းငှာ၊ ယခု အကျွန်ုပ် တို့ရှိသမျှ သည် ဘုရားသခင် ရှေ့ တော်၌ အသင့် နေကြပါသည်ဟု ကော်နေလိ ပြောဆို ၏။
33ข้าพเจ้าจึงส่งคนไปตามท่านทันที และท่านมาที่นี่ก็ดีแล้ว ตอนนี้พวกเราทุกคนอยู่ที่นี่ต่อหน้าพระเจ้า เพื่อฟังทุกสิ่งที่พระเจ้าบัญชาให้ท่านกล่าว”
34ထိုအခါပေတရု သည် နှုတ် ကိုဖွင့် ၍ ၊ အကယ်စင်စစ် ဘုရားသခင် သည် လူ မျက်နှာကို မှတ်တော်မ မူ။
34เปโตรจึงกล่าวว่า “บัดนี้ข้าพเจ้าเข้าใจจริง ๆ ว่าพระเจ้าไม่ลำเอียง
35လူ အမျိုးမျိုး တို့တွင် ဘုရားသခင် ကို ကြောက်ရွံ့ ၍ တရား သဖြင့် ကျင့်ဆောင် သောသူ သည် အထံ တော်၌ မျက်နှာ ရသည်ကို ငါသိမြင် ၏။
35แต่ในทุกชนชาติ ผู้ที่ยำเกรงพระองค์และประพฤติชอบธรรมก็เป็นที่ยอมรับต่อพระองค์
36အလုံးစုံ တို့ကို အစိုးရ တော်မူသော သခင်ယေရှု ခရစ် အားဖြင့် ရန်ငြိမ်း ခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟော တော်မူလျက်၊ ဣသရေလ အမျိုးသား တို့အား ပေး လိုက်တော်မူသော တရား တော်နှင့်အညီ၊
36พระวจนะที่พระเจ้าส่งมายังชนอิสราเอล โดยประกาศข่าวดีเรื่องสันติสุขทางพระเยซูคริสต์—พระองค์คือองค์พระผู้เป็นเจ้าของทุกคน—
37ယောဟန် သည် ဗတ္တိဇံ တရားကို ဟော သည် နောက် ဂါလိလဲ ပြည်မှစ၍ ယုဒ ပြည်အရပ်ရပ် တို့၌ နှံ့ပြား သော အကြောင်း အရာကို သင် တို့သည် သိ ကြ၏။
37พวกคุณเองรู้เรื่องที่เกิดขึ้นทั่วแคว้นยูเดีย เริ่มจากกาลิลี หลังจากยอห์นประกาศเรื่องบัพติศมา
38ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့်၎င်း၊ နာဇရက် မြို့သားယေရှု ကို ဘိသိက် ပေးတော်မူသဖြင့်၊ ထိုသူ သည် ဘုရားသခင် ၏ အခွင့်တော်နှင့် ကျေးဇူး ပြုလျက်၊ မာရ်နတ် ညှဉ်းဆဲ သော သူ အပေါင်း တို့အား ချမ်းသာ ကို ပေးလျက် လှည့်လည် တော်မူ၏။
38คือเรื่องที่พระเจ้าเจิมพระเยซูชาวนาซาเร็ธด้วยพระวิญญาณบริสุทธิ์และพลัง พระองค์ไปทั่วเพื่อทำความดีและรักษาทุกคนที่ถูกมารกดขี่ให้หาย เพราะพระเจ้าอยู่กับพระองค์
39ငါ တို့သည်လည်း ၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည် တွင် ပြု တော်မူသောအမှု များတို့၏ သက်သေခံ ဖြစ်ကြ၏။ ထိုသူ ကိုသစ် တိုင်၌ ဆွဲ ၍ ကွပ်မျက် ကြလေ၏။
39พวกเราเป็นพยานถึงทุกสิ่งที่พระองค์ทำทั้งในแผ่นดินของชาวยิวและในกรุงเยรูซาเล็ม พวกเขายัง ฆ่าพระองค์โดยแขวนพระองค์ไว้บนต้นไม้
40သုံး ရက်မြောက်သောနေ့ ၌ ဘုရားသခင် သည် ထမြောက် စေတော်မူ၍၊
40แต่พระเจ้าทำให้พระองค์ฟื้นขึ้นจากความตายในวันที่สาม และให้พระองค์ปรากฏให้เห็น
41လူ အပေါင်း တို့အား ထင်ရှား စွာပြတော်မ မူ၊ ဘုရားသခင် ခန့်ထား တော်မူနှင့်သော သက်သေခံ တည်းဟူသောငါ တို့အား ထင်ရှားစွာ ပြတော်မူ၏။ သေ ခြင်းမှ ထမြောက် တော်မူသည်နောက် ၊ ထိုသခင် နှင့်အတူငါတို့သည်စား သောက် ရကြ၏။
41ไม่ใช่แก่ประชาชนทั้งหมด แต่แก่พยานที่พระเจ้าเลือกไว้ล่วงหน้า คือพวกเราที่ได้กินและดื่มกับพระองค์หลังจากพระองค์ฟื้นขึ้นจากความตาย
42ထို သခင်သည်လည်း အသက်ရှင် သောသူတို့နှင့် သေ သော သူ တို့ကို တရား စီရင်သောသခင်ဖြစ် စေခြင်းငှာ ၊ ဘုရားသခင် ခန့်ထား တော်မူကြောင်းကို လူ အပေါင်းတို့အား ဟောပြော ကြလော့။ သက်သေခံ ကြ လော့ဟု ငါ တို့အားပညတ် ထားတော်မူ၏။
42พระองค์สั่งให้พวกเราประกาศแก่ประชาชนและเป็นพยานยืนยันว่า พระองค์คือผู้ที่พระเจ้าตั้งให้เป็นผู้พิพากษาคนเป็นและคนตาย
43ထိုသခင် ကို ယုံကြည် သောသူရှိသမျှ တို့သည် နာမ တော် အားဖြင့် အပြစ် လွှတ် တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ၍ပရောဖက် အပေါင်း တို့သည် ထို သခင်၏ သက်သေခံ ဖြစ်ကြသည်ဟု ပေတရုမြွက်ဆို ၏။
43ผู้เผยพระวจนะทุกคนเป็นพยานถึงพระองค์ว่า ทุกคนที่เชื่อในพระองค์จะได้รับการยกโทษบาปผ่านพระนามของพระองค์”
44ထို စကား ကို မြွက်ဆို စဉ် ၊ နှုတ်ကပတ် တရား တော်ကို ကြားနာ ရသော သူ အပေါင်း တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်သည် သက်ရောက် တော်မူ၏။
44ขณะที่เปโตรยังกล่าวถ้อยคำเหล่านี้อยู่ พระวิญญาณบริสุทธิ์ก็ลงมาเหนือทุกคนที่กำลังฟังพระวจนะ
45တစ်ပါး အမျိုးသားတို့ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ် တော်၏ ကျေးဇူး ကိုသွန်းလောင်း သောကြောင့်၊ အရေဖျားလှီး ခြင်းကို ခံသောသူ တည်းဟူသောပေတရု နှင့် ပါ သမျှ သော တပည့် တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
45ผู้เชื่อที่เข้าสุหนัตซึ่งมากับเปโตรต่างประหลาดใจ เพราะของประทานแห่งพระวิญญาณบริสุทธิ์ถูกเทลงเหนือคนต่างชาติด้วย
46အကြောင်းမူကား ၊ ထိုသူ တို့သည် အမျိုးမျိုး သော ဘာသာစကား အားဖြင့်ပြော ၍ ၊ ဘုရားသခင် ကို ချီးမွမ်း သည်ကိုကြား ကြလေ၏။
46เพราะพวกเขาได้ยินคนเหล่านั้นพูดเป็นภาษาอื่น ๆ และยกย่องพระเจ้า แล้วเปโตรกล่าวว่า
47ထိုအခါ ပေတရု က၊ ငါ တို့ကဲ့သို့ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံရ သော ဤ သူ တို့ကို ဗတ္တိဇံ မ ပေးစေခြင်းငှာအဘယ်သူ သည် ရေ ကို မြစ်တား နိုင် သနည်း ဟုဆို လျက်၊
47“มีใครจะห้ามไม่ให้คนเหล่านี้รับบัพติศมาด้วยน้ำได้หรือ? พวกเขาได้รับพระวิญญาณบริสุทธิ์เหมือนกับพวกเรา”
48သခင်ဘုရား၏နာမ ၌ ဗတ္တိဇံ ကို ခံစေမည်အကြောင်းစီရင် လေ၏။ ထိုနောက်မှ ပေတရု သည် ကာလ အတန် အရာနေ ပါမည် အကြောင်းကို ထိုသူတို့ သည် တောင်းပန် ကြ၏။
48เขาจึงสั่งให้คนเหล่านั้นรับบัพติศมาในพระนามของพระเยซูคริสต์ แล้วพวกเขาขอให้เปโตรพักอยู่ต่ออีกหลายวัน
Tip: use the ← and → keys to turn chapters.