Psalms 75
JPS Tanakh (Jewish Publication Society, 1917)
Judson Burmese Bible (1840)
1(75-1) For the Leader; Al-tashheth. A Psalm of Asaph, a Song. (75-2) We give thanks unto Thee, O God, we give thanks, and Thy name is near; men tell of Thy wondrous works.
1အိုဘုရား သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါ၏။ နာမတော် နီး ကြောင်း ကို အံ့ဘွယ် သော အမှုတော်တို့သည် သက်သေခံ ကြသည်ဖြစ်၍၊ ကိုယ်တော် ကို ချီးမွမ်း ကြပါ၏။
2(75-3) 'When I take the appointed time, I Myself will judge with equity.
2ချိန်းချက် သော အချိန်ကာလနှင့် ငါ တွေ့ကြုံ သောအခါ ဖြောင့်မတ် စွာ တရား စီရင်မည်။
3(75-4) When the earth and all the inhabitants thereof are dissolved, I Myself establish the pillars of it.' Selah
3မြေကြီး နှင့် မြေကြီး သားအပေါင်း တို့သည် လှုပ်ရှား ခြင်းရှိသည် ဖြစ်၍၊ မြေကြီးတည်သော တိုင် တို့ကို ငါထောက် ခံရ၏။
4(75-5) I say unto the arrogant: 'Deal not arrogantly'; and to the wicked: 'Lift not up the horn.'
4မိုက်သောအကျင့် ကို မ ကျင့်ကြနှင့်ဟု မိုက် သောသူတို့ အား ၎င်း၊ ဦးချို ကို မ မြှောက် ကြနှင့်။
5(75-6) Lift not up your horn on high; speak not insolence with a haughty neck.
5သင် တို့၏ ဦးချို ကို မ ချီးမြှောက် ကြနှင့်။ လည်ပင်း ခိုင်မာ လျက် မပြော ကြနှင့်ဟု မတရားသောသူတို့ အား၎င်း ငါပြောထား၏။
6(75-7) For neither from the east, nor from the west, nor yet from the wilderness, cometh lifting up.
6အရှေ့ ၊ အနောက် ၊ တောင် အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူး မ ပြုနိုင်။
7(75-8) For God is judge; He putteth down one, and lifteth up another.
7ဘုရား သခင်သည် စီရင် ပိုင်တော်မူ၏။ တ ယောက် ကို နှိမ့်ချ ၍ ၊ တ ယောက်ကို ချီးမြှောက် တော်မူ ၏။
8(75-9) For in the hand of the LORD there is a cup, with foaming wine, full of mixture, and He poureth out of the same; surely the dregs thereof, all the wicked of the earth shall drain them, and drink them.
8ထာဝရဘုရား ၏လက် တော်၌ ဖလား ရှိ၏။ နီ သောစပျစ် ရည်ပါ၏။ ဆေး မျိုးနှင့်ရောလျက်ရှိ၏။ ထို စပျစ်ရည်ကို လောင်း တော်မူ၏။ အနည် အဖတ်ကိုလည်း မတရား သော မြေ သားအပေါင်း တို့သည် ညှစ် ၍ သောက် ရကြ၏။
9(75-10) But as for me, I will declare for ever, I will sing praises to the God of Jacob.
9ငါ မူကား အစဉ် မပြတ်ချီးမွမ်း ၍ ၊ ယာကုပ် အမျိုး ၏ ဘုရား သခင်ကို ထောမနာသီချင်း ဆိုပါမည်။
10(75-11) All the horns of the wicked also will I cut off; but the horns of the righteous shall be lifted up.
10မတရား သောသူတို့၏ ဦးချို အပေါင်း ကို ငါချိုး မည်။ တရား သောသူတို့ ၏ဦးချို တို့မူကား၊ ချီးမြှောက် ခြင်းသို့ ရောက်ရကြလိမ့်မည်။
Tip: use the ← and → keys to turn chapters.