詩篇 103
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1私の魂よ、主をほめたたえよ。 私の内にあるすべてのものよ、その聖なる御名をほめたたえよ。
1အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး လော့။ ငါ ၏ အထဲ မှာ ရှိသမျှ တို့၊ သန့်ရှင်း သော နာမ တော်ကို ကောင်းကြီးပေးကြလော့။
2私の魂よ、主をほめたたえよ。 主が与えてくださったすべての恵みを忘れるな。
2အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ကျေးဇူး တော်အပေါင်း ကို မ မေ့လျော့ နှင့်။
3主は、あなたのすべての罪を赦し、 あなたのすべての病を癒される。
3သင် ၏အပြစ် အလုံးစုံ တို့ကို ဖြေလွှတ် ၍၊ သင် ၏ အနာ ရောဂါရှိသမျှ တို့ကိုလည်း ပျောက် စေတော်မူ၏။
4あなたの命を滅びから贖い、 慈しみとあわれみを冠として授けられる。
4သင် ၏အသက် ကို ဖျက်ဆီး ခြင်းထဲက ရွေး ၍ ကျေးဇူးတော်၊ ကရုဏာ တော်များနှင့် သင် ၏ခေါင်းကို ပတ်ရစ် တော်မူ၏။
5あなたの望みを良いもので満たし、 あなたの若さを、鷲のように新しくされる。
5သင့်ကို အသက်ကြီးစဉ်၊ ကောင်း သောအရာနှင့် ရောင့်ရဲ စေတော်မူသဖြင့်၊ သင် ၏အရွယ် သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင် ခြင်းရှိ၏။
6主は義の御業を行い、 虐げられているすべての者のために、公正を行われる。
6ထာဝရဘုရား သည် ညှဉ်းဆဲ ခြင်းကိုခံရသမျှ သောသူတို့ အဘို့ တရား ပေး၍ စီရင် ဆုံးဖြတ်တော်မူ၏။
7主はご自分の道をモーセに、 御業をイスラエルの子らに知らせられた。
7ဘာသာ ဓလေ့တော်တို့ကို မောရှေ ၌ ၎င်း၊ စီရင် တော်မူသောအမှု အရာတို့ကို ဣသရေလ အမျိုးသား တို့၌ ၎င်း ပြ တော်မူပြီ။
8主はあわれみ深く、恵み豊かで、 怒るのに遅く、慈しみに満ちておられる。
8ထာဝရဘုရား သည် သနား တတ်သောသဘော၊ ကျေးဇူး ပြုတတ်သောသဘော၊ စိတ်ရှည် ၍ ၊ ကရုဏာ ကြွယ်ဝ သော သဘောရှိတော်မူ၏။
9主はいつまでも責め続けず、 とこしえに怒りを抱かれない。
9အစဉ် မပြတ်အပြစ်တင် တော်မူသည်မဟုတ်။ အငြိုး ကို အမြဲ ထားတော်မူသည်မဟုတ်။
10私たちの罪に応じて扱わず、 私たちの不義に応じて報いられなかった。
10ငါ တို့ပြစ်မှား ခြင်းနှင့် အလျောက်ငါ တို့၌ ပြု တော် မ မူတတ်။ ငါ တို့၌ ဒုစရိုက် ရှိသည်အတိုင်း အပြစ် ကိုပေး တော်မ မူတတ်၊
11天が地より高いように、 主を恐れる者たちへの主の慈しみも大きい。
11မြေကြီး ပေါ် တွင် ကောင်းကင် အမြင့် ရှိသည် အတိုင်း ၊ ထာဝရ ဘုရားကို ကြောက်ရွံ သောသူတို့ ၌ ကရုဏာ တော်သည် အားကြီး ပေ၏။
12東が西から遠く離れているように、 主は私たちの背きを、私たちから遠く離された。
12အရှေ့ မျက်နှာစွန်းသည် အနောက် မျက်နှာစွန်း နှင့် ဝေး သည်အတိုင်း ၊ ငါ တို့အပြစ် များကို ငါ တို့နှင့် ဝေး စေ တော်မူ၏။
13父がその子らをあわれむように、 主はご自分を恐れる者たちをあわれまれる。
13အဘ သည်သား တို့ကို သနား စုံမက်သည်နည်းတူ ၊ ထာဝရဘုရား သည် ကြောက်ရွံ့ သောသူတို့ကို သနား စုံမက်တော်မူ၏။
14主は私たちがどのように造られたかを知り、 私たちがちりにすぎないことを覚えておられる。
14အကြောင်း မူကား၊ ငါ တို့ကိုယ် ခန္ဓါကို သိ တော်မူ ၏။ ငါ တို့သည် မြေမှုန့် ဖြစ်ကြောင်း ကို အောက်မေ့ တော်မူ ၏။
15人の日々は草のよう。 野の花のように咲き誇る。
15လူ တို့၏ နေ့ရက် ကာလသည် မြက်ပင် ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင် ၌ရှိသောပန်းပွင့် ကဲ့သို့ ပွင့် တတ်၏။
16風がその上を過ぎると、花は消え、 その場所も、もはや花を覚えていない。
16လေ သည် လွန် သွားလျှင် အပွင့်ပျောက် ၍ ၊ သူ ၏နေရာ သည် နောက် တဖန် သူ့ ကိုမ သိ ရာ။
17しかし、主を恐れる者たちへの主の慈しみは、とこしえからとこしえまで続き、 その義は子らの子らに及ぶ。
17ထာဝရဘုရား ၏ကရုဏာ တော်မူကား ၊ ကြောက်ရွံ့ သောသူတို့ အပေါ် သို့ ကာလ အစဉ်အဆက် သက်ရောက် တတ်၏။
18主の契約を守る者たち、 その命令を覚えて行う者たちに。
18သစ္စာ တော်ကိုစောင့် ၍ ပညတ် တော်တို့ကို ကျင့် ခြင်းငှါ ၊ သတိပြု သောသူတို့၏ သား စဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
19主は天に王座を堅く立てられた。 その王国は、すべてを治めている。
19ထာဝရဘုရား သည် ပလ္လင် တော်ကို ကောင်းကင် ဘုံ၌ တည် တော်မူ၍ ၊ အာဏာ တော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏။
20主の御使いたちよ、主をほめたたえよ。 力に満ち、その御言葉を行い、 その御言葉の声に聞き従う者たちよ。
20တန်ခိုး ကြီး၍ နှုတ်ကပတ် တော်အသံ ကို နားထောင် လျက် ၊ အမိန့် တော်အတိုင်း ဆောင်ရွက် သော ကောင်းကင် တမန်တော်တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
21主のすべての軍勢よ、主をほめたたえよ。 御心を行う、主のしもべたちよ。
21အလို တော်သို့လိုက် သော အမှုတော် ထမ်း၊ ကောင်းကင်ဗိုလ်ခြေ တော်အပေါင်း တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
22主が造られたすべてのものよ、主をほめたたえよ。 主が治めるすべての所で。 私の魂よ、主をほめたたえよ。
22နိုင်ငံ တော်အရပ်ရပ် ၌ စီရင် ဖန်ဆင်းတော်မူသမျှ တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။ အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။
Tip: use the ← and → keys to turn chapters.