သုတ္တံကျမ်း။

Old Testament

Chapter 7

သုတ္တံကျမ်း။

Judson Burmese Bible (18…
vs Clementine Vulgate…
Aa
Text size
Line width
Verse numbers

သုတ္တံကျမ်း။ 7

Judson Burmese Bible (1840)
Clementine Vulgate, 1598
1ငါ့ သား ၊ ငါ့ စကား ကို စေ့စေ့ နားထောင်၍ ၊ ငါ့ ပညတ် တို့ကို သင် ၌ သိုထား လော့။
1[Fili mi, custodi sermones meos, et præcepta mea reconde tibi. Fili,
2ငါ့ ပညတ် တို့ကို စောင့်ရှောက် ၍ အသက်ရှင် လော့။ ငါ ပေးသောတရား ကို ကိုယ် မျက် ဆန် ကဲ့သို့ စောင့်လော့။
2serva mandata mea, et vives; et legem meam quasi pupillam oculi tui:
3သင် ၏လက် ချောင်းတို့၌ ချည် ထား၍၊ သင် ၏ နှလုံး အင်း စာရင်း၌ ရေးမှတ် လော့။
3liga eam in digitis tuis, scribe illam in tabulis cordis tui.
4ပညာ ကို ကိုယ် နှမ ဟူ၍၎င်း၊ ဉာဏ် ကို ကိုယ် ပေါက်ဘော် ဟူ၍၎င်း ခေါ် လော့။
4Dic sapientiæ: Soror mea es, et prudentiam voca amicam tuam:
5သို့ပြုလျှင်သူတို့သည် အမျိုး ပျက်သောမိန်းမ ၊ နှုတ် နှင့် ချော့မော့ တတ်သော ပြည်တန်ဆာ မိန်းမလက်မှ သင့် ကို ကယ်တင် ကြလိမ့်မည်။
5ut custodiant te a muliere extranea, et ab aliena quæ verba sua dulcia facit.
6ငါ့ အိမ် ပြတင်း ရွက်ကြားမှ ငါ ကြည့် ၍မြင်ရသောအမှု ဟူမူကား၊
6De fenestra enim domus meæ per cancellos prospexi,
7ဉာဏ် တိမ်သော အမျိုးသားချင်း စုကို ငါကြည့်ရှု စဉ်တွင်၊ ဉာဏ် မ ရှိသော လူ ပျို တယောက်သည်၊
7et video parvulos; considero vecordem juvenem,
8ထိုသို့သော မိန်းမ နေရာလမ်း ထောင့် အနား သို့ ရှောက်သွား သဖြင့် ၊
8qui transit per plateam juxta angulum et prope viam domus illius graditur:
9မိုဃ်းချုပ် ၍ ညဦး အချိန် ၊ ညဉ့် နက် သော အချိန် ရောက်သောအခါ ၊ ထိုမိန်းမ နေရာ လမ်း သို့ လိုက် လေ၏။
9in obscuro, advesperascente die, in noctis tenebris et caligine.
10ပြည်တန်ဆာ အဝတ်ကိုဝတ်၍ ၊ ဆန်းပြားသော မိန်းမ သည် ထိုသူ ကို ကြိုဆို ၏။
10Et ecce occurrit illi mulier ornatu meretricio, præparata ad capiendas animas: garrula et vaga,
11ထို မိန်းမသည် ကျယ် သောအသံနှင့် ခိုင်မာ သောစိတ် သဘောရှိ၏။ ကိုယ် အိမ် ၌ မ နေ ၊ လည် တတ်၏။
11quietis impatiens, nec valens in domo consistere pedibus suis;
12ခဏ အိမ် ပြင်၊ ခဏ လမ်း ထဲမှာနေလျက် ၊ လမ်း ထောင့် အရပ်ရပ် ၌ ချောင်းမြောင်း ၍ကြည့်တတ်၏။
12nunc foris, nunc in plateis, nunc juxta angulos insidians.
13ထို လူပျိုကို တွေ့သောအခါ၊ ရဲ သောမျက်နှာ နှင့် ဘမ်း ဘက်နမ်းရှုပ် လျက်၊
13Apprehensumque deosculatur juvenem, et procaci vultu blanditur, dicens:
14ငါ ၌ မိဿဟာယ ပူဇော် သက္ကာရှိ၏။ ယနေ့ ငါ့ ဂတိ ဝတ်ကို ငါဖြေ ပြီ။
14Victimas pro salute vovi; hodie reddidi vota mea:
15ထိုကြောင့် သင့် ကို ကြိုဆို အံ့သောငှါ ငါထွက် လာပြီ။ သင့် မျက်နှာ ကို ကြိုးစားရှာ ၍ တွေ့ ပြီ။
15idcirco egressa sum in occursum tuum, desiderans te videre, et reperi.
16ငါ့ ခုတင် ကိုချယ် လှယ်သော အိပ်ရာခင်း နှင့်၎င်း၊ အဲဂုတ္တု ပိတ်ချော နှင့်၎င်း ပြင်ဆင် ပြီ။
16Intexui funibus lectulum meum; stravi tapetibus pictis ex Ægypto:
17ငါ့ မွေ့ရာ ကို မုရန် ၊ အကျော် ၊ သစ်ကြံပိုး နှင့် ထုံ ပြီ။
17aspersi cubile meum myrrha, et aloë, et cinnamomo.
18လာ ပါ၊ မိုဃ်းလင်း သည်တိုင်အောင် ကာမ ရာဂ စိတ်ကို ဖြေ ကြကုန်အံ့။ မေထုန် ပြု၍ မွေ့လျော်ကြကုန်အံ့။
18Veni, inebriemur uberibus, et fruamur cupitis amplexibus donec illucescat dies.
19ငါ့အရှင် သည် အိမ် မှာ မ ရှိ။ ငွေ အိတ် ကို ဆောင် လျက်ဝေး သော အရပ် သို့ သွား ပြီ။
19Non est enim vir in domo sua: abiit via longissima:
20ပွဲ နေ့ ရောက်မှသာ ပြန် လာလိမ့်မည်ဟု၊
20sacculum pecuniæ secum tulit; in die plenæ lunæ reversurus est in domum suam.
21ချစ် ဘွယ်သော စကားနှင့် ထိုသူ ကို သွေးဆောင် ၍ ချော့မော့ တတ်သောနှုတ်ခမ်းနှင့် နိုင် သဖြင့်၊
21Irretivit eum multis sermonibus, et blanditiis labiorum protraxit illum.
22နွား သည်အသေခံ ရာသို့ လိုက် သကဲ့သို့ ၎င်း ၊ သမင်ဒရယ်သည် မိမိ အသည်း ၌ မြှား မ ထိုး မှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့ ၎င်း၊
22Statim eam sequitur quasi bos ductus ad victimam, et quasi agnus lasciviens, et ignorans quod ad vincula stultus trahatur:
23ငှက် သည် မိမိ အသက် ဆုံးစေခြင်းငှါ ထောင် မှန်းကိုမ ရိပ်မိ ဘဲ၊ ကျော့ကွင်း ထဲသို့ အလျင် အမြန်ဝင်သကဲ့သို့ ၎င်း၊ လူပျိုသည် ထိုမိန်းမ နောက် သို့ ချက်ခြင်း လိုက်သွား တတ်၏။
23donec transfigat sagitta jecur ejus, velut si avis festinet ad laqueum, et nescit quod de periculo animæ illius agitur.
24သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ၍ ငါ ဟောပြော ချက်တို့ကို မှတ် ကျုံးကြလော့။
24Nunc ergo, fili mi, audi me, et attende verbis oris mei.
25ထိုသို့သော မိန်းမ နေရာလမ်း ကို စိတ် မ ငဲ့ကွက် နှင့်။ သူ ကျင်လည်သော လမ်း ခရီးသို့ လွှဲ ၍မ လိုက်နှင့်။
25Ne abstrahatur in viis illius mens tua, neque decipiaris semitis ejus;
26အကြောင်း မူကား၊ သူသည်စစ်သူရဲ အများ တို့ကို လှဲ လေပြီ။ ခွန်အား ကြီးသော သူအများ တို့ကိုသတ် လေပြီ။
26multos enim vulneratos dejecit, et fortissimi quique interfecti sunt ab ea.
27သူ ၏အိမ် သည် သေ မင်း၏ဘုံ ဗိမာန်သို့ ဆင်း ၍၊ မရဏာ နိုင်ငံသို့ ရောက်သောလမ်း ဖြစ်၏။
27Viæ inferi domus ejus, penetrantes in interiora mortis.]

Tip: use the ← and → keys to turn chapters.