ယောဘဝတ္တု။

Old Testament

Chapter 31
Judson Burmese Bible (18…
vs Old Persian Versio…
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 31

Judson Burmese Bible (1840)
Old Persian Version (ترجمه قدیم)
1ငါသည်အပျို ကို မျှမကြည့်ရှု မည်အကြောင်း ၊ ကိုယ် မျက်စိ နှင့် ပဋိညာဉ် ဝန်ခံခြင်းကို ပြု ပြီ။
1«با چشمان خود عهد بسته‌ام، پس چگونه بر دوشیزه‌ای نظر افکنم؟
2သို့မဟုတ်အထက် အရပ်က ဘုရား သခင်သည်အဘယ် ကျေးဇူးကို၎င်း၊ မြင့် ရာအရပ်က အနန္တ တန်ခိုးရှင်သည် အဘယ်သို့သော အမွေ ဥစ္စာကို၎င်း ပေးတော်မူမည်နည်း။
2زیراقسمت خدا از اعلی چیست؟ و نصیب قادرمطلق، از اعلی علیین؟
3ဆိုး သောသူတို့ သည် ပျက်စီး ခြင်းသို့၎င်း၊ မ တရားသဖြင့် ကျင့် သောသူတို့သည် ဆုံးရှုံး ခြင်းသို့၎င်း ရောက်ရကြမည် မ ဟုတ်လော။
3آیا آن برای شریران هلاکت نیست؟ و به جهت عاملان بدی مصیبت نی؟
4ဘုရားသခင်သည် ငါ သွားရာလမ်း တို့ကို မြင် တော်မူသည်မ ဟုတ်လော။ ငါ့ ခြေရာ ရှိသမျှ တို့ကို ရေတွက် တော်မူသည်မဟုတ်လော။
4آیا او راههای مرا نمی بیند؟ و جمیع قدمهایم را نمی شمارد؟
5မုသာ လမ်းသို့ ငါလိုက် မိသော်၎င်း ၊ လှည့်စား ခြင်းငှါငါပြေး မိသော်၎င်း၊
5اگر با دروغ راه می‌رفتم یا پایهایم با فریب می‌شتابید،
6မှန် သောချိန်ခွင် ၌ ငါ့ ကိုချိန် ပါစေ။ ဘုရား သခင်သည် ငါ ဖြောင့်မတ် ခြင်းကို သိ တော်မူပါစေ။
6مرا به میزان عدالت بسنجد، تا خدا کاملیت مرا بداند.
7ငါ သည်လမ်း လွှဲ မိသော်၎င်း ၊ ငါ့ စိတ် နှလုံးသည် ငါ့ မျက်စိ အလိုသို့လိုက် မိသော်၎င်း၊ ငါ့ လက် ၌ အညစ် အကြေးကပ် မိသော်၎င်း၊
7اگرقدمهایم از طریق آواره گردیده، و قلبم در‌پی چشمانم رفته، و لکه‌ای به‌دستهایم چسبیده باشد،
8ငါကြဲ သောမျိုးစေ့၏ အသီးအနှံကို သူတပါး စား ပါစေ။ ငါ့ ပျိုးပင် များကို သူတပါးနှုတ် ပါစေ။
8پس من کشت کنم و دیگری بخورد، ومحصول من از ریشه‌کنده شود.
9သူ့မယား ကို ငါ တပ်မက် မိသော်၎င်း ၊ အိမ်နီးချင်း တံခါး နား မှာ ငါချောင်း မိသော်၎င်း၊
9اگر قلبم به زنی فریفته شده، یا نزد در همسایه خود در کمین نشسته باشم،
10ငါ့ မယား သည် သူတပါး ထံ ၌ ကြိတ်ဆုံကြိတ် ရ ပါစေ။ သူတပါး သည် ငါ့မယားကိုရှုတ်ချ ပါစေ။
10پس زن من برای شخصی دیگرآسیا کند، و دیگران بر او خم شوند.
11ငါသည်ထိုသို့ ပြုမိလျှင် အပြစ် ကြီး၏။ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။
11زیرا که آن قباحت می‌بود و تقصیری سزاوار حکم داوران.
12ထိုအပြစ်သည် အကုန်အစင်လောင် သောမီး ၊ ငါ့ စည်းစိမ် ရှိသမျှ ကိုသုတ်သင်ပယ်ရှင်း သောမီးဖြစ်၏။
12چونکه این آتشی می‌بود که تا ابدون می‌سوزانید، و تمامی محصول مرا از ریشه می‌کند.
13ငါ့ ကျွန် နှင့် ငါ့ ကျွန် မသည် ငါ နှင့်တရား တွေ့စရာ အမှုရှိသောအခါ ၊ ငါနား မထောင်ဘဲနေမိလျှင်၊
13اگر دعوی بنده و کنیز خود را ردمی کردم، هنگامی که بر من مدعی می‌شدند.
14ဘုရား သခင်ထ တော်မူသောအခါ အဘယ်သို့ ငါပြု ရမည်နည်း။ စစ်ကြော တော်မူသောအခါ အဘယ်သို့ ပြန် လျှောက်ရမည်နည်း။
14پس چون خدا به ضد من برخیزد چه خواهم کرد؟ و هنگامی که تفتیش نماید به او چه جواب خواهم داد؟
15ငါ့ ကို ဖန်ဆင်း တော်မူသောဘုရားသည် သူ့ ကိုလည်း ဖန်ဆင်း တော်မူသည်မ ဟုတ်လော။ တပါး တည်း သောဘုရားသည် ငါ တို့နှစ်ယောက်ကို အမိဝမ်း ထဲ ၌ဖန်ဆင်း တော်မူသည်မဟုတ်လော။
15آیا آن کس که مرا در رحم آفریداو را نیز نیافرید؟ و آیا کس واحد، ما را در رحم نسرشت؟
16ငါသည် ဆင်းရဲသား တောင့်တ သော အရာကို မ ပေးဘဲနေဘူးသလော။ မုတ်ဆိုးမ မျက်စိ ကို ပျက် စေခြင်းငှါပြုဘူးသလော။
16«اگر مراد مسکینان را از ایشان منع نموده باشم، و چشمان بیوه‌زنان را تار گردانیده،
17မိဘ မရှိသောသူတို့အား စား စရာကိုမ မျှဘဲ၊ ငါတ ယောက်တည်း စား ဘူးသလော။
17اگرلقمه خود را به تنهایی خورده باشم، و یتیم از آن تناول ننموده،
18ဆင်းရဲသားသည် အဘ ထံမှာ နေသကဲ့သို့ ၊ ငါ့ အသက် ငယ်စဉ်ကာလမှစ၍ ငါ နှင့်အတူ ကျွေးမွေးခြင်းကိုခံ ပြီ။ ငါသည် ဘွားမြင် သောနေ့ မှစ၍ မုတ်ဆိုးမကို မစ ပြီ။
18و حال آنکه او از جوانیم با من مثل پدر پرورش می‌یافت، و از بطن مادرم بیوه‌زن را رهبری می‌نمودم.
19အဝတ် မ ရှိသောကြောင့်သေခြင်း သို့ ရောက် သော သူတစုံတယောက်နှင့် ၊ ခြုံ စရာမ ရှိဘဲ ဆင်းရဲ စွာနေသောသူ တစုံတယောက်ကို ငါမြင် ၍၊
19اگر کسی را از برهنگی هلاک دیده باشم، و مسکین را بدون پوشش،
20သူ ၏ခါး သည် ငါ့ ကို ကောင်းကြီး မ ပေး။ ငါ့ သိုး မွေး အားဖြင့် မနွေး ဘဲနေသော်၎င်း၊
20اگر کمرهای او مرا برکت نداده باشد، و از پشم گوسفندان من گرم نشده،
21ရုံး တော်တွင် ငါ့ ဘက်၌ နေသောမင်းကို ငါသည် မြင် ၍ ၊ မိဘ မရှိသောသူကို ညှဉ်းဆဲ မိသော်၎င်း၊
21اگر دست خود را بر یتیم بلند کرده باشم، هنگامی که اعانت خود را دردروازه می‌دیدم،
22ငါ့ လက်မောင်း သည် ပခုံး က ကျ ပါစေ။ ငါ့ လက် ရိုး ကျိုး ပါစေ။
22پس بازوی من از کتفم بیفتد، و ساعدم از قلم آن شکسته شود.
23ငါ သည် ဘုရား သခင်ဖျက်ဆီး တော်မူခြင်းဘေး ကို ကြောက်ရွံ့ ၍ ၊ တန်ခိုး အာနုဘော်တော်ကြောင့် မ ပြစ်မှား ဝံ့ဘဲနေပါပြီ။
23زیرا که هلاکت از خدا برای من ترس می‌بود و به‌سبب کبریایی او توانایی نداشتم.
24ငါ သည်ရွှေ ကိုကိုးစား ၍ ရွှေစင် အား ၊ သင်သည် ငါ ခိုလှုံ ရာဖြစ်၏ဟုဆို မိသော်၎င်း၊
24اگر طلا را امیدخود می‌ساختم و به زر خالص می‌گفتم تو اعتمادمن هستی،
25ငါ ၌စည်းစိမ် ကြီး ၍ များစွာသော ဥစ္စာရ တတ် သောကြောင့် ၊ ငါဝါကြွားဝမ်းမြောက် မိသော်၎င်း၊
25اگر از فراوانی دولت خویش شادی می‌نمودم، و از اینکه دست من بسیار کسب نموده بود،
26ရောင်ခြည် ထွက်သောနေ ၊ ထွန်းလင်း လျက် သွား သောလ ကိုငါကြည့်ရှု သောအခါ၊
26اگر چون آفتاب می‌تابید بر آن نظرمی کردم و بر ماه، هنگامی که با درخشندگی سیرمی کرد.
27ငါ့ စိတ် နှလုံးသည် တိတ်ဆိတ် စွာ နူးညွတ် ၍ ငါ့ လက် ကို ငါနမ်း မိသော်၎င်း၊
27و دل من خفیه فریفته می‌شد و دهانم دستم را می‌بوسید.
28ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရား သခင်ကို ငြင်းပယ် ရာ ရောက်၏။
28این نیز گناهی مستوجب قصاص می‌بود زیرا خدای متعال را منکرمی شدم.
29ငါ့ ကိုမုန်း သောသူသည် ပျက်စီး သောအခါ ငါဝမ်းမြောက် သလော။ သူ ၌ဘေး ရောက် သောအခါ ၊ ငါဝါကြွား သလော။
29اگر از مصیبت دشمن خود شادی می‌کردم یا حینی که بلا به او عارض می‌شد وجدمی نمودم،
30ငါသည်သူ့ အသက် ကို ကျိန်ဆဲ ၍၊ ကိုယ် နှုတ် ၌ အပြစ် ရောက်စေ ခြင်းငှါ အခွင့် မ ပေး။
30و حال آنکه زبان خود را از گناه ورزیدن بازداشته، بر جان او لعنت را سوال ننمودم.
31ငါ့ အိမ်သူ အိမ်သားတို့က၊ အဘယ်သူ သည် ငါတို့သခင်၏ အမဲသား ကို တောင့်တ၍ မ ဝ ဘဲနေရ သနည်းဟု မ ဆို တတ်သလော။
31اگر اهل خیمه من نمی گفتند: کیست که از گوشت او سیر نشده باشد،
32ဧည့်သည် သည် လမ်း ၌ ညဉ့် ကို မ လွန်ရမည်အကြောင်း၊ ငါသည် ခရီး သွားသောသူတို့ အား ကိုယ် တံခါး ကို ဖွင့် ထားပြီ။
32غریب درکوچه شب را به‌سر نمی برد و در خود را به روی مسافر می‌گشودم.
33ငါသည်လူ ပြုတတ်သကဲ့သို့ ၊ ကိုယ် ဒုစရိုက် ကိုဖုံး ၍၊ ကိုယ် ရင် ထဲ ၌ကိုယ် အပြစ် ကိုဝှက် ထားဘူးသလော။
33اگر مثل آدم، تقصیر خود رامی پوشانیدم و عصیان خویش را در سینه خودمخفی می‌ساختم،
34ထိုသို့ပြုမိလျှင်၊ ကြီး သော ပရိသတ် ရှေ့မှာ ငါ့မျက်နှာ ပျက်ပါစေ။ လူ အမျိုးမျိုးတို့သည် ကဲ့ရဲ့ ၍ ငါ့ အရှက်ကွဲပါစေ။ အိမ်ပြင်သို့မ ထွက် ဘဲ တိတ်ဆိတ် စွာ နေရပါစေ။
34از این جهت که از انبوه کثیرمی ترسیدم و اهانت قبایل مرا هراسان می‌ساخت، پس ساکت مانده، از در خود بیرون نمی رفتم.
35တစုံတယောက် သောသူ သည် ငါ့ စကားကို နားထောင် ပါစေသော။ ငါ့ လက်မှတ် ကိုငါ ပေး မည်။ အနန္တ တန်ခိုးရှင်သည် ငါ့ ကိုစစ်ကြောတော်မူပါစေ။ ငါ့ တရား တွေ့ဘက်သည် စာ ထား ပါစေ။
35کاش کسی بود که مرا می‌شنید، اینک امضای من حاضر است. پس قادر مطلق مرا جواب دهد. و اینک کتابتی که مدعی من نوشته است.
36အကယ် စင်စစ်ထိုစာကို ပခုံး ပေါ် မှာ ငါတင် ထားပါမည်။ ဗေါင်း ကဲ့သို့ဆောင်းပါမည်။
36یقین که آن را بر دوش خود برمی داشتم و مثل تاج برخود می‌بستم.
37ငါသည် ကိုယ် အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည်။ မင်း ကဲ့သို့ အထံတော်သို့ ချဉ်းကပ် ပါမည်။
37شماره قدمهای خود را برای اوبیان می‌کردم و مثل امیری به او تقرب می‌جستم.
38ငါ့ မြေ သည် ငါ့ ကို အပြစ်တင်သဖြင့်၊ အော်ဟစ် ၍ လည်ချောင်းတို့သည် တညီတည်း မြည်တမ်း သော်၎င်း၊
38اگر زمین من بر من فریاد می‌کرد و مرزهایش با هم گریه می‌کردند،
39စရိတ် မ ကုန်ဘဲမြေအသီးအနှံ ကို ငါစား ၍ မြေဆိုင် သောသူတို့ကို ညှဉ်းဆဲ မိသော်၎င်း၊
39اگر محصولاتش را بدون قیمت می‌خوردم و جان مالکانش را تلف می‌نمودم،
40စပါး ပင်အတွက် ဆူး ပင်ပေါက် ပါစေ။ မုယော ပင်အတွက် ဗောရှ ပင်ပေါက်ပါစေဟုမြွက်ဆို၏။ ယောဘ မြွက်ဆိုသောစကား ပြီး ၏။
40پس خارها به عوض گندم وکرکاس به عوض جو بروید.» سخنان ایوب تمام شد.

Tip: use the ← and → keys to turn chapters.