ဧဖက်ဩဝါဒစာ

Old Testament

Chapter 5

ဧဖက်ဩဝါဒစာ

Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

ဧဖက်ဩဝါဒစာ 5

Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ထိုသို့ သင်တို့သည် ဘုရားသခင် ၏ ချစ် သား ဖြစ်ကြသည်နှင့်အညီ ၊ ဘုရားသခင်ကျင့်တော်မူသည် နည်းတူကျင့် ကြလော့။
1Γίνεσθε οὖν μιμηταὶ τοῦ Θεοῦ, ὡς τέκνα ἀγαπητά·
2ခရစ်တော် သည် ငါ တို့ကို ချစ် တော်မူသောအားဖြင့်ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှာ ၊ ကိုယ်ကိုကိုယ် ဆက်ကပ် ၍ ယဇ် ပူဇော်လျက် ၊ ငါ တို့အတွက် စွန့် တော်မူသည်နည်းတူ ၊ သင်တို့သည် မေတ္တာ တရား၌ ကျင်လည် ကြလော့။
2καὶ περιπατεῖτε ἐν ἀγάπῃ, καθὼς καὶ ὁ Χριστὸς ἠγάπησεν ἡμᾶς, καὶ παρέδωκεν ἑαυτὸν ὑπὲρ ἡμῶν προσφορὰν καὶ θυσίαν τῷ Θεῷ εἰς ὀσμὴν εὐωδίας.
3မတရား သော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုး သော ကိလေသာညစ်ညူး ခြင်း၊ လောဘ လွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်း သူတို့သည် ရှောင် သင့်သည်အတိုင်း ၊ စကား ဖြင့်မျှ မ ဆက်ဆံကြနှင့်။
3Πορνεία δὲ καὶ πᾶσα ἀκαθαρσία ἢ πλεονεξία μηδὲ ὀνομαζέσθω ἐν ὑμῖν, καθὼς πρέπει ἁγίοις·
4မ တော် မလျော်သော ညစ်ညူး ပြက်ပြယ် ပြက်ယယ် သော စကားများကိုလည်း ပယ်၍ ကျေးဇူး တော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။
4καὶ αἰσχρότης, καὶ μωρολογία, ἢ εὐτραπελία, τὰ οὐκ ἀνήκοντα· ἀλλὰ μᾶλλον εὐχαριστία.
5မတရား သောမေထုန်၌ မှီဝဲသောသူ၊ ညစ်ညူး စွာ ပြုသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူဖြစ် သော လောဘ လွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော် နှင့် ဘုရားသခင် ၏နိုင်ငံ ၌ အမွေ မ ခံရ သည်ကို သင်တို့ သိ ကြ၏။
5Τοῦτο γάρ ἐστε γινώσκοντες, ὅτι πᾶς πόρνος, ἢ ἀκάθαρτος, ἢ πλεονέκτης, ὅς ἐστιν εἰδωλολάτρης, οὐκ ἔχει κληρονομίαν ἐν τῇ βασιλείᾳ τοῦ Χριστοῦ καὶ Θεοῦ.
6လျှပ်ပေါ် သောစကား ဖြင့် အဘယ်သူ မျှ သင် တို့ ကို မလှည့်ဖြား စေနှင့်။ ထိုအမှု ကြောင့် ဘုရားသခင် ၏ အမျက် တော်သည် ငြင်းဆန် တတ်သော သူ တို့ အပေါ်သို့ သင့်ရောက် ပေ၏။
6Μηδεὶς ὑμᾶς ἀπατάτω κενοῖς λόγοις· διὰ ταῦτα γὰρ ἔρχεται ἡ ὀργὴ τοῦ Θεοῦ ἐπὶ τοὺς υἱοὺς τῆς ἀπειθείας.
7ထိုကြောင့် သူ တို့နှင့်ဆက်ဆံ ၍ မ ကျင့် ကြနှင့်။
7Μὴ οὖν γίνεσθε συμμέτοχοι αὐτῶν·
8အထက် ကာလ၌သင်တို့သည် မှောင်မိုက် အတိဖြစ် ကြ၏။ ယခု မူကား ၊ သခင် ဘုရား၌ အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍အလင်း ၏သား ကဲ့သို့ ကျင့် နေကြလော့။
8ἦτε γάρ ποτε σκότος, νῦν δὲ φῶς ἐν Κυρίῳ· ὡς τέκνα φωτὸς περιπατεῖτε —
9အလင်း တော်၏ အကျိုး မူကား ၊ အလုံးစုံ သော ကောင်းမွန် ခြင်း၊ ဖြောင့်မတ် ခြင်း၊ သစ္စာစောင့် ခြင်းဖြစ် သတည်း။
9ὁ γὰρ καρπὸς τοῦ πνεύματος ἐν πάσῃ ἀγαθωσύνῃ καὶ δικαιοσύνῃ καὶ ἀληθείᾳ —
10သခင် ဘုရားနှစ်သက် တော်မူသောအရာသည် အဘယ် အရာဖြစ် သည်ကို သင် ကြလော့။
10δοκιμάζοντες τί ἐστιν εὐάρεστον τῷ Κυρίῳ·
11အကျိုးမဲ့ သောမှောင်မိုက် အမှု တို့နှင့် မ ဆက်ဆံ သည်သာမက ၊ ထိုအမှုတို့၏ အပြစ်ကို ပြ ကြလော့။
11καὶ μὴ συγκοινωνεῖτε τοῖς ἔργοις τοῖς ἀκάρποις τοῦ σκότους, μᾶλλον δὲ καὶ ἐλέγχετε·
12အကြောင်းမူကား ၊ သူ တို့သည် ဆိတ်ကွယ် ရာ၌ ပြု သောအမှုအရာ တို့ကို စကားပြော ကာ မျှ၌ ညစ်ညူး ခြင်းပါ သေး၏။
12τὰ γὰρ κρυφῇ γινόμενα ὑπ᾿ αὐτῶν αἰσχρόν ἐστι καὶ λέγειν.
13အပြစ်ထင်ရှား သောအရာ ရှိသမျှ တို့သည် အလင်း ဖြင့် ထင်ရှား ကြ၏။ ထင်ရှား စေတတ်သော အရာရှိသမျှ တို့သည်လည်း အလင်း ဖြစ် ၏။
13Τὰ δὲ πάντα ἐλεγχόμενα ὑπὸ τοῦ φωτὸς φανεροῦται· πᾶν γὰρ τὸ φανερούμενον φῶς ἐστί.
14ထိုကြောင့် အိပ်ပျော် သူ နိုး လော့။ သေ ခြင်းမှ ထမြောက် လော့။ သို့ပြုလျှင် ခရစ်တော် သည် အလင်း ကို သင့် အား ပေးတော်မူမည်ဟု ဆို သတည်း။
14Διὸ λέγει, Ἔγειραι ὁ καθεύδων καὶ ἀνάστα ἐκ τῶν νεκρῶν, καὶ ἐπιφαύσει σοι ὁ Χριστός.
15ထိုကြောင့် ပညာ မဲ့ကဲ့သို့ မ ဟုတ်၊ ပညာရှိ ကဲ့သို့ စေ့စေ့ မြေ့မြေ့ကျင့်ဆောင် မည်အကြောင်း သတိပြု ကြလော့။
15Βλέπετε οὖν πῶς ἀκριβῶς περιπατεῖτε, μὴ ὡς ἄσοφοι, ἀλλ᾿ ὡς σοφοί,
16ယခု နေ့ရက် ကာလတို့သည် ဆိုးယုတ် သောကြောင့် ကာလ အချိန်ကို ရွေးနှုတ် ကြ လော့။
16ἐξαγοραζόμενοι τὸν καιρόν, ὅτι αἱ ἡμέραι πονηραί εἰσι.
17ထိုကြောင့် သတိ မရှိသောသူမ ဖြစ် ၊ သခင် ဘုရား၏ အလို တော်ရှိရာကို ပိုင်းခြား၍ သိ သောသူ ဖြစ်ကြ လော့။
17Διὰ τοῦτο μὴ γίνεσθε ἄφρονες, ἀλλὰ συνιέντες τί τὸ θέλημα τοῦ Κυρίου.
18လွန်ကျူး စေတတ်သော စပျစ်ရည် နှင့် ယစ်မူး ခြင်းကိုရှောင် ၍ ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်ရှိကြလော့။
18Καὶ μὴ μεθύσκεσθε οἴνῳ, ἐν ᾧ ἐστὶν ἀσωτία, ἀλλὰ πληροῦσθε ἐν πνεύματι,
19ဆာလံ သီချင်းမှစသော ဓမ္မ သီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆို ဘတ်ရွတ်၍၊ နူးညွတ်သော စိတ် နှလုံးနှင့် သခင် ဘုရားရှေ့တော်၌ ကျူးဧ ၍သီချင်း ဆို ကြလော့။
19λαλοῦντες ἑαυτοῖς ψαλμοῖς καὶ ὕμνοις καὶ ᾠδαῖς πνευματικαῖς, ᾄδοντες καὶ ψάλλοντες ἐν τῇ καρδίᾳ ὑμῶν τῷ Κυρίῳ,
20ခပ်သိမ်း သောအရာတို့၌ ကျေးဇူး တော်ကြီးလှပါ၏ဟု ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်ကို ထောက်၍ ၊ ခမည်းတော် ဘုရားသခင် ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။
20εὐχαριστοῦντες πάντοτε ὑπὲρ πάντων ἐν ὀνόματι τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ τῷ Θεῷ καὶ πατρί,
21ခရစ်တော် ကို ခန့်ညား သောအားဖြင့် ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်ကိုယ်ကို နှိမ့်ချ လျက်နေကြလော့။
21ὑποτασσόμενοι ἀλλήλοις ἐν φόβῳ Θεοῦ.
22အချင်းမိန်းမ တို့၊ သခင် ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ၊ ကိုယ် ခင်ပွန်း ၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။
22Αἱ γυναῖκες, τοῖς ἰδίοις ἀνδράσιν ὑποτάσσεσθε, ὡς τῷ Κυρίῳ.
23အကြောင်းမူကား ၊ ခရစ်တော် သည် အသင်းတော် ၏ အပေါ်မှာခေါင်း ဖြစ်တော်မူသကဲ့သို့ ၊ ယောက်ျား သည် မိမိခင်ပွန်း ၏အပေါ်မှာခေါင်း ဖြစ် ၏။ ခရစ်တော်သည်လည်း မိမိ ကိုယ် ကို ကယ်တင် သောသူ ဖြစ်တော်မူ၏။
23Ὅτι ὁ ἀνήρ ἐστι κεφαλὴ τῆς γυναικός, ὡς καὶ ὁ Χριστὸς κεφαλὴ τῆς ἐκκλησίας, καὶ αὐτός ἐστι σωτὴρ τοῦ σώματος.
24အသင်းတော် သည် ခရစ်တော် ၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံ သကဲ့သို့ ၊ မိန်းမ တို့လည်း ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို အရာရာ ၌ ဝန်ခံရကြမည်။
24Ἀλλ᾿ ὥσπερ ἡ ἐκκλησία ὑποτάσσεται τῷ Χριστῷ, οὕτω καὶ αἱ γυναῖκες τοῖς ἰδίοις ἀνδράσιν ἐν παντί.
25အချင်းယောက်ျား တို့၊ ခရစ်တော် သည် အသင်းတော် ကို ချစ် တော်မူသကဲ့သို့ ၊ သင်တို့လည်း ကိုယ် ခင်ပွန်း ကို ချစ် ကြလော့။
25Οἱ ἄνδρες, ἀγαπᾶτε τὰς γυναῖκας ἑαυτῶν, καθὼς καὶ ὁ Χριστὸς ἠγάπησε τὴν ἐκκλησίαν, καὶ ἑαυτὸν παρέδωκεν ὑπὲρ αὐτῆς·
26ထို အသင်းတော် သည် သန့်ရှင်း လျက် အပြစ် ကင်းလျက်ရှိ သည် ဖြစ်၍ ၊
26ἵνα αὐτὴν ἁγιάσῃ, καθαρίσας τῷ λουτρῷ τοῦ ὕδατος ἐν ῥήματι,
27အညစ်အကြေး တင် ခြင်း၊ အရေ တွန့်ခြင်းမှ စ သည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေ တင့်တယ်လျက် ရှိသော အသင်းတော် ကို ခရစ်တော် သည် မိမိ အားဆက်သ အံ့သောငှာ ၊ နှုတ်ကပတ် တော်ရေ ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ် သန့်ရှင်း စေမည်အကြောင်း၊ ထို အသင်းတော်အဘို့ အလို့ငှာကိုယ်ကိုကိုယ် စွန့် တော်မူ၏။
27ἵνα παραστήσῃ αὐτὴν ἑαυτῷ ἔνδοξον τὴν ἐκκλησίαν, μὴ ἔχουσαν σπῖλον ἢ ῥυτίδα ἤ τι τῶν τοιούτων, ἀλλ᾿ ἵνα ᾖ ἁγία καὶ ἄμωμος.
28ထိုနည်းတူ ယောက်ျား တို့သည် မိမိ ကိုယ် ကို ချစ်သကဲ့သို့ မိမိ ခင်ပွန်း တို့ကိုချစ် ရကြမည်။ ခင်ပွန်း ကို ချစ် သောသူ သည် ကိုယ် ကိုချစ် သောသူဖြစ်၏။
28Οὕτως ὀφείλουσιν οἱ ἄνδρες ἀγαπᾷν τὰς ἑαυτῶν γυναῖκας ὡς τὰ ἑαυτῶν σώματα. Ὁ ἀγαπῶν τὴν ἑαυτοῦ γυναῖκα, ἑαυτὸν ἀγαπᾷ·
29ကိုယ် အသား ကို မုန်း သောသူတစ်ယောက် မျှမရှိ။ ခရစ်တော် သည် အသင်းတော် ကို ကျွေးမွေး ပြုစု တော်မူသကဲ့သို့ ၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။
29οὐδεὶς γάρ ποτε τὴν ἑαυτοῦ σάρκα ἐμίσησεν, ἀλλ᾿ ἐκτρέφει καὶ θάλπει αὐτήν, καθὼς καὶ ὁ Κύριος τὴν ἐκκλησίαν·
30အကယ်စင်စစ်ငါတို့သည် သခင် ဘုရား၏ သားတော်၊ အရိုးတော် တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါ ဖြစ် ကြ၏။
30ὅτι μέλη ἐσμὲν τοῦ σώματος αὐτοῦ, ἐκ τῆς σαρκὸς αὐτοῦ καὶ ἐκ τῶν ὀστέων αὐτοῦ.
31ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌ မှီဝဲ သဖြင့် ၊ ထိုသူနှစ် ယောက် တို့သည် တစ်သား တစ်ကိုယ်တည်း ဖြစ် ရလိမ့်မည်။
31Ἀντὶ τούτου καταλείψει ἄνθρωπος τὸν πατέρα αὐτοῦ καὶ τὴν μητέρα, καὶ προσκολληθήσεται πρὸς τὴν γυναῖκα αὐτοῦ, καὶ ἔσονται οἱ δύο εἰς σάρκα μίαν.
32ဤ အရာသည် အလွန် နက်နဲ သောအရာဖြစ် ပေ၏။ ထိုသို့ ငါ ဆို သော် ၊ ခရစ်တော် နှင့် အသင်းတော် ကိုရည်မှတ် ၍ဆိုသတည်း။
32Τὸ μυστήριον τοῦτο μέγα ἐστίν· ἐγὼ δὲ λέγω εἰς Χριστὸν καὶ εἰς τὴν ἐκκλησίαν.
33သို့ရာတွင် သင် တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ် ခင်ပွန်း ကိုချစ် ကြလော့။ မိန်းမ သည်လည်း ကိုယ် ခင်ပွန်း ကို ရိုသေ ခြင်းရှိစေလော့။
33Πλὴν καὶ ὑμεῖς οἱ καθ᾿ ἕνα, ἕκαστος τὴν ἑαυτοῦ γυναῖκα οὕτως ἀγαπάτω ὡς ἑαυτόν· ἡ δὲ γυνὴ ἵνα φοβῆται τὸν ἄνδρα.

Tip: use the ← and → keys to turn chapters.