ဧဖက်ဩဝါဒစာ

Old Testament

Chapter 2

ဧဖက်ဩဝါဒစာ

Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

ဧဖက်ဩဝါဒစာ 2

Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1သင်တို့သည် အထက် ကလောကီ တရားသို့လိုက်၍ အာကာသ ကောင်းကင်၏ တန်ခိုး ကို အစိုးရ သော မင်းတည်းဟူသောငြင်းဆန် သော သူတို့၌ ပြုပြင်သော ဝိညာဉ် ၏အလိုနှင့်အညီ၊
1Καὶ ὑμᾶς ὄντας νεκροὺς τοῖς παραπτώμασι καὶ ταῖς ἁμαρτίαις,
2ဒုစရိုက်အပြစ် တို့၌ကျင်လည်ကြ၍ ၊ ထိုဒုစရိုက် အပြစ်၌ သေ လျက်ရှိ နေသော သင် တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။
2ἐν αἷς ποτὲ περιεπατήσατε κατὰ τὸν αἰῶνα τοῦ κόσμου τούτου, κατὰ τὸν ἄρχοντα τῆς ἐξουσίας τοῦ ἀέρος, τοῦ πνεύματος τοῦ νῦν ἐνεργοῦντος ἐν τοῖς υἱοῖς τῆς ἀπειθείας·
3ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါ တို့ရှိသမျှ သည်အထက် က ကိုယ် ကာယ၏အလို သို့၎င်း ၊ စိတ် ၏ အလိုသို့၎င်း၊ လိုက် သဖြင့် ကာမဂုဏ် တို့၌ ကျင်လည် သည်ဖြစ်၍၊ ကြွင်း သောသူတို့ကဲ့သို့ ပင်ပကတိ အတိုင်း အမျက် တော်ကို ခံရသောသူဖြစ် ကြ၏။
3ἐν οἷς καὶ ἡμεῖς πάντες ἀνεστράφημέν ποτε ἐν ταῖς ἐπιθυμίαις τῆς σαρκὸς ἡμῶν, ποιοῦντες τὰ θελήματα τῆς σαρκὸς καὶ τῶν διανοιῶν, καὶ ἦμεν τέκνα φύσει ὀργῆς, ὡς καὶ οἱ λοιποί·
4သို့သော်လည်း ကရုဏာ တော်နှင့် ကြွယ်ဝ တော်မူသော ဘုရားသခင် သည် ငါ တို့ကို ချစ် တော်မူသော မဟာ မေတ္တာ တော်အားဖြင့် ၊
4ὁ δὲ Θεός, πλούσιος ὢν ἐν ἐλέει, διὰ τὴν πολλὴν ἀγάπην αὐτοῦ ἣν ἠγάπησεν ἡμᾶς,
5ဒုစရိုက် အပြစ်၌ သေ လျက်ရှိ နေသော ငါ တို့ကို ခရစ်တော် နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင် ခြင်းသို့ရောက် ရ၏။
5καὶ ὄντας ἡμᾶς νεκροὺς τοῖς παραπτώμασι συνεζῳοποίησε τῷ Χριστῷ — χάριτί ἐστε σεσῳσμένοι —
6ယေရှု ခရစ် အားဖြင့် ငါတို့ကို ထမြောက် စေ၍ ကောင်းကင် အရပ်၌ နေရာ ပေးတော်မူပြီ။
6καὶ συνήγειρε, καὶ συνεκάθισεν ἐν τοῖς ἐπουρανίοις ἐν Χριστῷ Ἰησοῦ·
7အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါ တို့၌ ကျေးဇူး ပြု၍ ၊ ကျေးဇူး တော်၏အလွန် ကြွယ်ဝ ခြင်းကို နောင် ကပ် ကာလတို့၌ ထင်ရှား စေမည်အကြောင်း ဖြစ်သတည်း။
7ἵνα ἐνδείξηται ἐν τοῖς αἰῶσι τοῖς ἐπερχομένοις τὸν ὑπερβάλλοντα πλοῦτον τῆς χάριτος αὐτοῦ ἐν χρηστότητι ἐφ᾿ ἡμᾶς ἐν Χριστῷ Ἰησοῦ·
8ယုံကြည် သောအားဖြင့် ကျေးဇူး တော်ကြောင့် ကယ်တင် ခြင်းသို့ ရောက် ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မ ဟုတ်။ ဘုရားသခင် သနား တော်မူရာဖြစ်သတည်း။
8τῇ γὰρ χάριτί ἐστε σεσῳσμένοι διὰ τῆς πίστεως, καὶ τοῦτο οὐκ ἐξ ὑμῶν· Θεοῦ τὸ δῶρον·
9ကိုယ်ကုသိုလ် ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မ ဟုတ်။ သို့ဖြစ်၍ အဘယ်သူ မျှ ဝါကြွား စရာ အခွင့်မ ရှိ။
9οὐκ ἐξ ἔργων, ἵνα μή τις καυχήσηται.
10အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်း သောအကျင့်တို့ကို ကျင့် ရမည်အကြောင်း ၊ ယေရှု ခရစ် ၌ ပြုပြင်၍ ဖန်ဆင်း တော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့် တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင် သည် ငါတို့ကို ပြင်ဆင် တော်မူနှင့်ပြီ။
10Αὐτοῦ γάρ ἐσμεν ποίημα, κτισθέντες ἐν Χριστῷ Ἰησοῦ ἐπὶ ἔργοις ἀγαθοῖς, οἷς προητοίμασεν ὁ Θεός, ἵνα ἐν αὐτοῖς περιπατήσωμεν.
11ထိုကြောင့် ၊ လက် ဖြင့် ကိုယ် ကာယ၌ ပြုသောဝေါဟာရ အရေဖျားလှီး ခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့် ၊ အရေဖျားလှီး ခြင်းကို မခံသောလူ ဟူ၍ခေါ်ဝေါ် ကြသော သာသနာပ လူတို့အထဲ ၌ သင် တို့သည် အထက် က ပကတိ အတိုင်းဖြစ်ကြသည်ကို၎င်း၊
11Διὸ μνημονεύετε ὅτι ὑμεῖς ποτὲ τὰ ἔθνη ἐν σαρκί, οἱ λεγόμενοι ἀκροβυστία ὑπὸ τῆς λεγομένης περιτομῆς ἐν σαρκὶ χειροποιήτου,
12ထိုအခါ သင်တို့သည် ခရစ်တော် ကိုမ သိ၊ ဣသရေလ အပေါင်း ၌ မဝင်၊ ဂတိ တော်ပါသော ပဋိညာဉ် တရားတို့နှင့် မဆိုင်၊ မြော်လင့် ခြင်းမ ရှိ ၊ လောက ၌ ဘုရားမဲ့ နေကြသည်ကို၎င်း၊ အောက်မေ့ ကြလော့။
12ὅτι ἦτε ἐν τῷ καιρῷ ἐκείνῳ χωρὶς Χριστοῦ, ἀπηλλοτριωμένοι τῆς πολιτείας τοῦ Ἰσραήλ, καὶ ξένοι τῶν διαθηκῶν τῆς ἐπαγγελίας, ἐλπίδα μὴ ἔχοντες, καὶ ἄθεοι ἐν τῷ κόσμῳ.
13သင်တို့သည် အထက် ကဝေး လျက်ရှိ သော်လည်း ၊ ယခု မှာ ယေရှု ခရစ် ၌ ဖြစ်၍အသွေး တော်အားဖြင့် အနီး သို့ ရောက် ကြပြီ။
13Νυνὶ δὲ ἐν Χριστῷ Ἰησοῦ ὑμεῖς οἱ ποτὲ ὄντες μακρὰν ἐγγὺς ἐγενήθητε ἐν τῷ αἵματι τοῦ Χριστοῦ.
14အဘယ်သို့ နည်းဟူမူကား၊ ထိုသခင် သည် ငါ တို့ ရန်ငြိမ်း ခြင်းအကြောင်း ဖြစ် တော်မူ၏။
14Αὐτὸς γάρ ἐστιν ἡ εἰρήνη ἡμῶν, ὁ ποιήσας τὰ ἀμφότερα ἕν, καὶ τὸ μεσότοιχον τοῦ φραγμοῦ λύσας,
15ဝိနည်း အထုံးအဖွဲ့ နှင့် စပ်ဆိုင်သော ပညတ် တရားတည်းဟူသောရန်ငြိုး ဖွဲ့ခြင်း၏အကြောင်းကို ကိုယ်ခန္ဓာ တော်တွင် ပယ်ရှင်း တော်မူသဖြင့် ၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်း နံရံ ကို ဖြိုဖျက် ၍ လူမျိုး နှစ် စုတို့ကို တစ်စုတည်းဖြစ် စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်း စေပြီးလျှင်၊
15τὴν ἔχθραν ἐν τῇ σαρκὶ αὐτοῦ, τὸν νόμον τῶν ἐντολῶν ἐν δόγμασι, καταργήσας· ἵνα τοὺς δύο κτίσῃ ἐν ἑαυτῷ εἰς ἕνα καινὸν ἄνθρωπον, ποιῶν εἰρήνην,
16ကိုယ်တော် ၌ ထိုလူ နှစ်စုတို့ကို လူ သစ် တစ်ဦးတစ်ကိုယ်တည်းဖြစ်စေခြင်းငှာ ပြင်ဆင် ၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ် စုတို့ကို၊ လက်ဝါးကပ်တိုင် တော်အားဖြင့် ရန် ကို သတ်ဖြတ် လျက်၊ ဘုရားသခင် နှင့် မိသ္သဟာယဖွဲ့ စေမည်အကြောင်းတည်း။
16καὶ ἀποκαταλλάξῃ τοὺς ἀμφοτέρους ἐν ἑνὶ σώματι τῷ Θεῷ διὰ τοῦ σταυροῦ, ἀποκτείνας τὴν ἔχθραν ἐν αὐτῷ·
17ထိုခရစ်တော်သည်လည်း ကြွလာ ၍၊ ဝေး လျက်ရှိသော သင် တို့အား၎င်း၊ နီး လျက်ရှိသောငါ တို့အား၎င်း၊ ရန်ငြိမ်း ခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟော တော်မူ၏။
17καὶ ἐλθὼν εὐηγγελίσατο εἰρήνην ὑμῖν τοῖς μακρὰν καὶ τοῖς ἐγγύς·
18ထိုသို့ ခရစ်တော် အားဖြင့် ငါတို့နှစ် ဦးသည် စိတ် ဝိညာဉ်တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော် ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြ ပြီ။
18ὅτι δι᾿ αὐτοῦ ἔχομεν τὴν προσαγωγὴν οἱ ἀμφότεροι ἐν ἑνὶ πνεύματι πρὸς τὸν πατέρα.
19ထိုကြောင့် ၊ သင်တို့သည် တ ကျွန်းတ နိုင်ငံသားမ ဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်း သူတို့၏ အမျိုးသား ချင်းဖြစ် ကြ၏။ ဘုရားသခင် အိမ်တော်သား လည်း ဖြစ်ကြ၏။
19Ἄρα οὖν οὐκέτι ἐστὲ ξένοι καὶ πάροικοι, ἀλλὰ συμπολῖται τῶν ἁγίων καὶ οἰκεῖοι τοῦ Θεοῦ,
20အဘယ်သို့နည်းဟူမူကား၊ တမန်တော် တို့မှစ၍ ပရောဖက် များတည်းဟူသောတိုက်မြစ် အပေါ် ၌သင်တို့သည် ထပ်ဆင့်၍ တည်ဆောက် လျက်ရှိ ကြ၏။
20ἐποικοδομηθέντες ἐπὶ τῷ θεμελίῳ τῶν ἀποστόλων καὶ προφητῶν, ὄντος ἀκρογωνιαίου αὐτοῦ Ἰησοῦ Χριστοῦ,
21ထိုတိုက်ထောင့် အမြစ်ကျောက်ကား၊ ယေရှု ခရစ် ဖြစ်သတည်း။ ထိုကျောက် နှင့် တစ် တိုက်လုံး သည် စေ့စပ် ၍ ကြီးပွား သဖြင့်၊ သခင် ဘုရားအဘို့ အလိုငှာ သန့်ရှင်း သော ဗိမာန် တော်ဖြစ်၏။
21ἐν ᾧ πᾶσα ἡ οἰκοδομὴ συναρμολογουμένη αὔξει εἰς ναὸν ἅγιον ἐν Κυρίῳ,
22ထိုဗိမာန် တော်၌ လည်း ၊ ဘုရားသခင် သည် ဝိညာဉ် တော်အားဖြင့် ကျိန်းဝပ် တော်မူခြင်းအလိုငှာ ၊ သင် တို့သည် ငါတို့နှင့်အတူတည်ဆောက်လျက်ရှိကြ၏။
22ἐν ᾧ καὶ ὑμεῖς συνοικοδομεῖσθε εἰς κατοικητήριον τοῦ Θεοῦ ἐν πνεύματι.

Tip: use the ← and → keys to turn chapters.