ဧဖက်ဩဝါဒစာ

Old Testament

Chapter 5

ဧဖက်ဩဝါဒစာ

Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

ဧဖက်ဩဝါဒစာ 5

Judson Burmese Bible (1840)
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
1ထိုသို့ သင်တို့သည် ဘုရားသခင် ၏ ချစ် သား ဖြစ်ကြသည်နှင့်အညီ ၊ ဘုရားသခင်ကျင့်တော်မူသည် နည်းတူကျင့် ကြလော့။
1γινεσθε ουν μιμηται του θεου ωσ τεκνα αγαπητα
2ခရစ်တော် သည် ငါ တို့ကို ချစ် တော်မူသောအားဖြင့်ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှာ ၊ ကိုယ်ကိုကိုယ် ဆက်ကပ် ၍ ယဇ် ပူဇော်လျက် ၊ ငါ တို့အတွက် စွန့် တော်မူသည်နည်းတူ ၊ သင်တို့သည် မေတ္တာ တရား၌ ကျင်လည် ကြလော့။
2και περιπατειτε εν αγαπη καθωσ και ο χριστοσ ηγαπησεν ημασ και παρεδωκεν εαυτον υπερ ημων προσφοραν και θυσιαν τω θεω εισ οσμην ευωδιασ
3မတရား သော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုး သော ကိလေသာညစ်ညူး ခြင်း၊ လောဘ လွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်း သူတို့သည် ရှောင် သင့်သည်အတိုင်း ၊ စကား ဖြင့်မျှ မ ဆက်ဆံကြနှင့်။
3πορνεια δε και πασα ακαθαρσια η πλεονεξια μηδε ονομαζεσθω εν υμιν καθωσ πρεπει αγιοισ
4မ တော် မလျော်သော ညစ်ညူး ပြက်ပြယ် ပြက်ယယ် သော စကားများကိုလည်း ပယ်၍ ကျေးဇူး တော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။
4και αισχροτησ και μωρολογια η ευτραπελια τα ουκ ανηκοντα αλλα μαλλον ευχαριστια
5မတရား သောမေထုန်၌ မှီဝဲသောသူ၊ ညစ်ညူး စွာ ပြုသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူဖြစ် သော လောဘ လွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော် နှင့် ဘုရားသခင် ၏နိုင်ငံ ၌ အမွေ မ ခံရ သည်ကို သင်တို့ သိ ကြ၏။
5τουτο γαρ εστε γινωσκοντεσ οτι πασ πορνοσ η ακαθαρτοσ η πλεονεκτησ οσ εστιν ειδωλολατρησ ουκ εχει κληρονομιαν εν τη βασιλεια του χριστου και θεου
6လျှပ်ပေါ် သောစကား ဖြင့် အဘယ်သူ မျှ သင် တို့ ကို မလှည့်ဖြား စေနှင့်။ ထိုအမှု ကြောင့် ဘုရားသခင် ၏ အမျက် တော်သည် ငြင်းဆန် တတ်သော သူ တို့ အပေါ်သို့ သင့်ရောက် ပေ၏။
6μηδεισ υμασ απατατω κενοισ λογοισ δια ταυτα γαρ ερχεται η οργη του θεου επι τουσ υιουσ τησ απειθειασ
7ထိုကြောင့် သူ တို့နှင့်ဆက်ဆံ ၍ မ ကျင့် ကြနှင့်။
7μη ουν γινεσθε συμμετοχοι αυτων
8အထက် ကာလ၌သင်တို့သည် မှောင်မိုက် အတိဖြစ် ကြ၏။ ယခု မူကား ၊ သခင် ဘုရား၌ အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍အလင်း ၏သား ကဲ့သို့ ကျင့် နေကြလော့။
8ητε γαρ ποτε σκοτοσ νυν δε φωσ εν κυριω ωσ τεκνα φωτοσ περιπατειτε
9အလင်း တော်၏ အကျိုး မူကား ၊ အလုံးစုံ သော ကောင်းမွန် ခြင်း၊ ဖြောင့်မတ် ခြင်း၊ သစ္စာစောင့် ခြင်းဖြစ် သတည်း။
9ο γαρ καρποσ του πνευματοσ εν παση αγαθωσυνη και δικαιοσυνη και αληθεια
10သခင် ဘုရားနှစ်သက် တော်မူသောအရာသည် အဘယ် အရာဖြစ် သည်ကို သင် ကြလော့။
10δοκιμαζοντεσ τι εστιν ευαρεστον τω κυριω
11အကျိုးမဲ့ သောမှောင်မိုက် အမှု တို့နှင့် မ ဆက်ဆံ သည်သာမက ၊ ထိုအမှုတို့၏ အပြစ်ကို ပြ ကြလော့။
11και μη συγκοινωνειτε τοισ εργοισ τοισ ακαρποισ του σκοτουσ μαλλον δε και ελεγχετε
12အကြောင်းမူကား ၊ သူ တို့သည် ဆိတ်ကွယ် ရာ၌ ပြု သောအမှုအရာ တို့ကို စကားပြော ကာ မျှ၌ ညစ်ညူး ခြင်းပါ သေး၏။
12τα γαρ κρυφη γινομενα υπ αυτων αισχρον εστιν και λεγειν
13အပြစ်ထင်ရှား သောအရာ ရှိသမျှ တို့သည် အလင်း ဖြင့် ထင်ရှား ကြ၏။ ထင်ရှား စေတတ်သော အရာရှိသမျှ တို့သည်လည်း အလင်း ဖြစ် ၏။
13τα δε παντα ελεγχομενα υπο του φωτοσ φανερουται παν γαρ το φανερουμενον φωσ εστιν
14ထိုကြောင့် အိပ်ပျော် သူ နိုး လော့။ သေ ခြင်းမှ ထမြောက် လော့။ သို့ပြုလျှင် ခရစ်တော် သည် အလင်း ကို သင့် အား ပေးတော်မူမည်ဟု ဆို သတည်း။
14διο λεγει εγειρε ο καθευδων και αναστα εκ των νεκρων και επιφαυσει σοι ο χριστοσ
15ထိုကြောင့် ပညာ မဲ့ကဲ့သို့ မ ဟုတ်၊ ပညာရှိ ကဲ့သို့ စေ့စေ့ မြေ့မြေ့ကျင့်ဆောင် မည်အကြောင်း သတိပြု ကြလော့။
15βλεπετε ουν πωσ ακριβωσ περιπατειτε μη ωσ ασοφοι αλλ ωσ σοφοι
16ယခု နေ့ရက် ကာလတို့သည် ဆိုးယုတ် သောကြောင့် ကာလ အချိန်ကို ရွေးနှုတ် ကြ လော့။
16εξαγοραζομενοι τον καιρον οτι αι ημεραι πονηραι εισιν
17ထိုကြောင့် သတိ မရှိသောသူမ ဖြစ် ၊ သခင် ဘုရား၏ အလို တော်ရှိရာကို ပိုင်းခြား၍ သိ သောသူ ဖြစ်ကြ လော့။
17δια τουτο μη γινεσθε αφρονεσ αλλα συνιεντεσ τι το θελημα του κυριου
18လွန်ကျူး စေတတ်သော စပျစ်ရည် နှင့် ယစ်မူး ခြင်းကိုရှောင် ၍ ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်ရှိကြလော့။
18και μη μεθυσκεσθε οινω εν ω εστιν ασωτια αλλα πληρουσθε εν πνευματι
19ဆာလံ သီချင်းမှစသော ဓမ္မ သီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆို ဘတ်ရွတ်၍၊ နူးညွတ်သော စိတ် နှလုံးနှင့် သခင် ဘုရားရှေ့တော်၌ ကျူးဧ ၍သီချင်း ဆို ကြလော့။
19λαλουντεσ εαυτοισ ψαλμοισ και υμνοισ και ωδαισ πνευματικαισ αδοντεσ και ψαλλοντεσ εν τη καρδια υμων τω κυριω
20ခပ်သိမ်း သောအရာတို့၌ ကျေးဇူး တော်ကြီးလှပါ၏ဟု ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်ကို ထောက်၍ ၊ ခမည်းတော် ဘုရားသခင် ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။
20ευχαριστουντεσ παντοτε υπερ παντων εν ονοματι του κυριου ημων ιησου χριστου τω θεω και πατρι
21ခရစ်တော် ကို ခန့်ညား သောအားဖြင့် ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်ကိုယ်ကို နှိမ့်ချ လျက်နေကြလော့။
21υποτασσομενοι αλληλοισ εν φοβω χριστου
22အချင်းမိန်းမ တို့၊ သခင် ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ၊ ကိုယ် ခင်ပွန်း ၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။
22αι γυναικεσ τοισ ιδιοισ ανδρασιν υποτασσεσθε ωσ τω κυριω
23အကြောင်းမူကား ၊ ခရစ်တော် သည် အသင်းတော် ၏ အပေါ်မှာခေါင်း ဖြစ်တော်မူသကဲ့သို့ ၊ ယောက်ျား သည် မိမိခင်ပွန်း ၏အပေါ်မှာခေါင်း ဖြစ် ၏။ ခရစ်တော်သည်လည်း မိမိ ကိုယ် ကို ကယ်တင် သောသူ ဖြစ်တော်မူ၏။
23οτι ανηρ εστιν κεφαλη τησ γυναικοσ ωσ και ο χριστοσ κεφαλη τησ εκκλησιασ και αυτοσ εστιν σωτηρ του σωματοσ
24အသင်းတော် သည် ခရစ်တော် ၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံ သကဲ့သို့ ၊ မိန်းမ တို့လည်း ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို အရာရာ ၌ ဝန်ခံရကြမည်။
24αλλ ωσπερ η εκκλησια υποτασσεται τω χριστω ουτωσ και αι γυναικεσ τοισ ιδιοισ ανδρασιν εν παντι
25အချင်းယောက်ျား တို့၊ ခရစ်တော် သည် အသင်းတော် ကို ချစ် တော်မူသကဲ့သို့ ၊ သင်တို့လည်း ကိုယ် ခင်ပွန်း ကို ချစ် ကြလော့။
25οι ανδρεσ αγαπατε τασ γυναικασ εαυτων καθωσ και ο χριστοσ ηγαπησεν την εκκλησιαν και εαυτον παρεδωκεν υπερ αυτησ
26ထို အသင်းတော် သည် သန့်ရှင်း လျက် အပြစ် ကင်းလျက်ရှိ သည် ဖြစ်၍ ၊
26ινα αυτην αγιαση καθαρισασ τω λουτρω του υδατοσ εν ρηματι
27အညစ်အကြေး တင် ခြင်း၊ အရေ တွန့်ခြင်းမှ စ သည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေ တင့်တယ်လျက် ရှိသော အသင်းတော် ကို ခရစ်တော် သည် မိမိ အားဆက်သ အံ့သောငှာ ၊ နှုတ်ကပတ် တော်ရေ ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ် သန့်ရှင်း စေမည်အကြောင်း၊ ထို အသင်းတော်အဘို့ အလို့ငှာကိုယ်ကိုကိုယ် စွန့် တော်မူ၏။
27ινα παραστηση αυτην εαυτω ενδοξον την εκκλησιαν μη εχουσαν σπιλον η ρυτιδα η τι των τοιουτων αλλ ινα η αγια και αμωμοσ
28ထိုနည်းတူ ယောက်ျား တို့သည် မိမိ ကိုယ် ကို ချစ်သကဲ့သို့ မိမိ ခင်ပွန်း တို့ကိုချစ် ရကြမည်။ ခင်ပွန်း ကို ချစ် သောသူ သည် ကိုယ် ကိုချစ် သောသူဖြစ်၏။
28ουτωσ οφειλουσιν οι ανδρεσ αγαπαν τασ εαυτων γυναικασ ωσ τα εαυτων σωματα ο αγαπων την εαυτου γυναικα εαυτον αγαπα
29ကိုယ် အသား ကို မုန်း သောသူတစ်ယောက် မျှမရှိ။ ခရစ်တော် သည် အသင်းတော် ကို ကျွေးမွေး ပြုစု တော်မူသကဲ့သို့ ၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။
29ουδεισ γαρ ποτε την εαυτου σαρκα εμισησεν αλλ εκτρεφει και θαλπει αυτην καθωσ και ο κυριοσ την εκκλησιαν
30အကယ်စင်စစ်ငါတို့သည် သခင် ဘုရား၏ သားတော်၊ အရိုးတော် တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါ ဖြစ် ကြ၏။
30οτι μελη εσμεν του σωματοσ αυτου εκ τησ σαρκοσ αυτου και εκ των οστεων αυτου
31ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌ မှီဝဲ သဖြင့် ၊ ထိုသူနှစ် ယောက် တို့သည် တစ်သား တစ်ကိုယ်တည်း ဖြစ် ရလိမ့်မည်။
31αντι τουτου καταλειψει ανθρωποσ τον πατερα αυτου και την μητερα και προσκολληθησεται προσ την γυναικα αυτου και εσονται οι δυο εισ σαρκα μιαν
32ဤ အရာသည် အလွန် နက်နဲ သောအရာဖြစ် ပေ၏။ ထိုသို့ ငါ ဆို သော် ၊ ခရစ်တော် နှင့် အသင်းတော် ကိုရည်မှတ် ၍ဆိုသတည်း။
32το μυστηριον τουτο μεγα εστιν εγω δε λεγω εισ χριστον και εισ την εκκλησιαν
33သို့ရာတွင် သင် တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ် ခင်ပွန်း ကိုချစ် ကြလော့။ မိန်းမ သည်လည်း ကိုယ် ခင်ပွန်း ကို ရိုသေ ခြင်းရှိစေလော့။
33πλην και υμεισ οι καθ ενα εκαστοσ την εαυτου γυναικα ουτωσ αγαπατω ωσ εαυτον η δε γυνη ινα φοβηται τον ανδρα

Tip: use the ← and → keys to turn chapters.