၂တိမောသေ 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ငါ့ သား ၊ သင် သည် ယေရှု ခရစ် ၌ ရှိသော ကျေးဇူး တော်အားဖြင့် ခိုင်ခံ့ ခြင်းရှိလော့။
1Σὺ οὖν, τέκνον μου, ἐνδυναμοῦ ἐν τῇ χάριτι τῇ ἐν Χριστῷ Ἰησοῦ.
2သက်သေခံ အများ ရှိသည်နှင့် ငါ့ ထံ၌ ကြား ရပြီးသော အရာ တို့ကို၊ သစ္စာ နှင့်ပြည့်စုံ၍ သူတစ်ပါး တို့ကို သွန်သင် ခြင်းငှာ၊ တတ်စွမ်းနိုင်သော သူ တို့၌ အပ်ပေး လော့။
2Καὶ ἃ ἤκουσας παρ᾿ ἐμοῦ διὰ πολλῶν μαρτύρων, ταῦτα παράθου πιστοῖς ἀνθρώποις, οἵτινες ἱκανοὶ ἔσονται καὶ ἑτέρους διδάξαι.
3ထိုသို့အလိုငှာ သင်သည်၊ ယေရှု ခရစ် ထံ၌ကောင်း သောစစ်သူရဲ ကဲ့သို့ ၊ ဆင်းရဲ ဒုက္ခကိုသည်းခံလော့
3Σὺ οὖν κακοπάθησον ὡς καλὸς στρατιώτης Ἰησοῦ Χριστοῦ.
4စစ်သူရဲ မည်သည်ကား၊ မိမိကိုစစ်သူရဲ အရာ၌ ခန့်ထားသောသူ ကို နှစ်သက် စေခြင်းငှာ ၊ လောကီမှု ရေးနှင့် ပြွမ်းနှော ရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။
4Οὐδεὶς στρατευόμενος ἐμπλέκεται ταῖς τοῦ βίου πραγματείαις, ἵνα τῷ στρατολογήσαντι ἀρέσῃ.
5ပွဲ၌လူချင်းတိုက်သောသူမည်သည်ကား ၊ ထုံးတမ်း အတိုင်းမ တိုက် လျှင် ပန်း ဦးရစ်ကိုမ ရ။
5Ἐὰν δὲ καὶ ἀθλῇ τις, οὐ στεφανοῦται ἐὰν μὴ νομίμως ἀθλήσῃ.
6လယ် လုပ်သောသူသည်လည်းအရင် လုပ်ပြီးမှအသီးအနှံ ကိုခံရ မည်။
6Τὸν κοπιῶντα γεωργὸν δεῖ πρῶτον τῶν καρπῶν μεταλαμβάνειν.
7ငါ့စကား ကိုဆင်ခြင် လော့။ ထာဝရ ဘုရားသည် အရာရာ တို့၌ ဉာဏ် ကို သင့် အားပေး သနား တော်မူပါစေသော။
7Νόει ἃ λέγω· δῴη γάρ σοι ὁ Κύριος σύνεσιν ἐν πᾶσι.
8ဒါဝိဒ် အမျိုး ဖြစ်သော ယေရှု ခရစ် သည်၊ ငါ ဟောသောဧဝံဂေလိ တရားအတိုင်း ၊ သေ ခြင်းမှ ထမြောက် တော်မူသည်ဟု အောက်မေ့ လော့။
8Μνημόνευε Ἰησοῦν Χριστὸν ἐγηγερμένον ἐκ νεκρῶν, ἐκ σπέρματος Δαβίδ, κατὰ τὸ εὐαγγέλιόν μου·
9ထိုတရား ကြောင့် ငါသည်လူဆိုး ကဲ့သို့ ချည်နှောင် ခြင်းတိုင်အောင် ဆင်းရဲ ဒုက္ခကိုခံရ၏။ သို့သော်လည်း ၊ ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည်ချည်နှောင် ခြင်းနှင့် ကင်းလွတ် ၏။
9ἐν ᾧ κακοπαθῶ μέχρι δεσμῶν, ὡς κακοῦργος· ἀλλ᾿ ὁ λόγος τοῦ Θεοῦ οὐ δέδεται.
10ထိုကြောင့် ရွေးကောက် တော်မူသော သူ တို့သည်၊ ထာဝရ ဘုန်း အသရေနှင့်တကွ ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းသို့ရောက် စိမ့်သောငှာ၊ သူ တို့အဘို့ အရာရာ ကို ငါသည်းခံ ရ၏။
10Διὰ τοῦτο πάντα ὑπομένω διὰ τοὺς ἐκλεκτούς, ἵνα καὶ αὐτοὶ σωτηρίας τύχωσι τῆς ἐν Χριστῷ Ἰησοῦ, μετὰ δόξης αἰωνίου.
11သစ္စာ စကား ဟူမူကား၊ ထိုသခင်နှင့်အတူသေ လျှင် ၊ အတူ ရှင်လိမ့်မည်။
11Πιστὸς ὁ λόγος· εἰ γὰρ συναπεθάνομεν, καὶ συζήσομεν·
12သည်းခံ လျှင် ၊ ထိုသခင်နှင့်အတူစိုးစံ လိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ် လျှင် ၊ ငါ တို့ကို ငြင်းပယ် တော်မူလိမ့်မည်။
12εἰ ὑπομένομεν, καὶ συμβασιλεύσομεν· εἰ ἀρνούμεθα, κἀκεῖνος ἀρνήσεται ἡμᾶς·
13ငါတို့သည်မယုံကြည် သော်လည်း ၊ ထိုသခင် သည် သစ္စာ တည် သဖြင့် ကိုယ် ကိုငြင်းပယ် တော်မ မူနိုင် ။
13εἰ ἀπιστοῦμεν, ἐκεῖνος πιστὸς μένει· ἀρνήσασθαι ἑαυτὸν οὐ δύναται.
14ဤ အကြောင်းအရာများကို သူတစ်ပါးတို့အား သတိပေး လော့။ အဘယ် အကျိုး ကိုမျှမပြုစု၊ ကြားနာ သောသူ တို့၏ စိတ်ကိုမှောက်လှန် လိုသောငှာ ၊ စကား ကြောင့်သာ ငြင်းခုံခြင်းကို မ ပြုမည်အကြောင်း၊ သခင် ဘုရားရှေ့ ၌ သစ္စာ ပေးလော့။
14Ταῦτα ὑπομίμνῃσκε, διαμαρτυρόμενος ἐνώπιον τοῦ Κυρίου μὴ λογομαχεῖν εἰς οὐδὲν χρήσιμον, ἐπὶ καταστροφῇ τῶν ἀκουόντων.
15သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာ တရား ကို မှန်ကန် စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင် ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သ ခြင်းငှာကြိုးစား အားထုတ်လော့။
15Σπούδασον σεαυτὸν δόκιμον παραστῆσαι τῷ Θεῷ, ἐργάτην ἀνεπαίσχυντον, ὀρθοτομοῦντα τὸν λόγον τῆς ἀληθείας.
16တရားမဲ့ ဖြစ်သော အချည်းနှီး စကားကို ရှောင် လော့။ အကြောင်းမူကား ၊ ထိုစကားသည် မတရား သော အမှုတို့ကို ပွားများ စေလိမ့်မည်။
16Τὰς δὲ βεβήλους κενοφωνίας περιΐστασο· ἐπὶ πλεῖον γὰρ προκόψουσιν ἀσεβείας,
17သူ တို့၏စကား သည် ခူနာ ကဲ့သို့ စား လိမ့်မည်။ ထိုသူ တို့တွင် ဟုမေနဲ နှင့် ဖိလက် ပါ သတည်း။
17καὶ ὁ λόγος αὐτῶν ὡς γάγγραινα νομὴν ἕξει· ὧν ἐστὶν Ὑμέναιος καὶ Φιλητός·
18သူ တို့က သေလွန်သော သူတို့သည် ထမြောက် ကြပြီဟု ပြော လျက်၊ သမ္မာတရား လမ်းမှ လွဲ သွား၍ အချို့ သောသူတို့၏ ယုံကြည် ခြင်းကို မှောက်လှန် တတ်ကြ၏။
18οἵτινες περὶ τὴν ἀλήθειαν ἠστόχησαν, λέγοντες τὴν ἀνάστασιν ἤδη γεγονέναι, καὶ ἀνατρέπουσι τήν τινων πίστιν.
19သို့သော်လည်း ၊ သခင် ဘုရားသည် မိမိ လူ တို့ကို သိကျွမ်း တော်မူ၏ဟူ၍၎င်း၊ တံဆိပ် ခတ်လျက်ရှိ သော ဘုရားသခင် ၏ တိုက်မြစ် သည် ခိုင်ခံ့ ၍တည် ၏။
19Ὁ μέντοι στερεὸς θεμέλιος τοῦ Θεοῦ ἕστηκεν, ἔχων τὴν σφραγῖδα ταύτην, Ἔγνω Κύριος τοὺς ὄντας αὐτοῦ, καί, Ἀποστήτω ἀπὸ ἀδικίας πᾶς ὁ ὀνομάζων τὸ ὄνομα Χριστοῦ.
20ကြီးစွာ သောအိမ် ၌ ရွှေ တန်ဆာ ၊ ငွေ တန်ဆာသာ ရှိ သည်မ ဟုတ်၊ သစ်သား တန်ဆာ၊ မြေ တန်ဆာရှိ၏။ အသရေ ရှိသောတန်ဆာ၊ အသရေ မရှိသော တန်ဆာရှိ၏။
20Ἐν μεγάλῃ δὲ οἰκίᾳ οὐκ ἔστι μόνον σκεύη χρυσᾶ καὶ ἀργυρᾶ, ἀλλὰ καὶ ξύλινα καὶ ὀστράκινα, καὶ ἃ μὲν εἰς τιμήν, ἃ δὲ εἰς ἀτιμίαν.
21သို့ဖြစ်၍ ၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိ ကို စင်ကြယ် စေသောသူမည်သည်ကား၊ အသရေ ရှိသောတန်ဆာ ၊ သန့်ရှင်း ၍ အိမ်ရှင် သုံး စရာ ကောင်းသောတန်ဆာ၊ ကောင်း သော အမှု များအဘို့ အလိုငှာ ပြင်ဆင် သောတန်ဆာဖြစ်လိမ့်မည်။
21Ἐὰν οὖν τις ἐκκαθάρῃ ἑαυτὸν ἀπὸ τούτων, ἔσται σκεῦος εἰς τιμήν, ἡγιασμένον, καὶ εὔχρηστον τῷ δεσπότῃ, εἰς πᾶν ἔργον ἀγαθὸν ἡτοιμασμένον.
22လူပျို တို့၏ တပ်မက် ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် ခြင်း၊ သစ္စာ ရှိခြင်း၊ ချစ် ခြင်း၊ စင်ကြယ် သောစိတ် ရှိ၍ ၊ သခင် ဘုရားကိုပဌနာ ပြုသော သူ တို့နှင့် အသင့်အတင့် နေခြင်းတို့ကို မှီအောင်လိုက် လော့။
22Τὰς δὲ νεωτερικὰς ἐπιθυμίας φεῦγε· δίωκε δὲ δικαιοσύνην, πίστιν, ἀγάπην, εἰρήνην, μετὰ τῶν ἐπικαλουμένων τὸν Κύριον ἐκ καθαρᾶς καρδίας.
23မိုက်မဲ ၍ ပညာ ကင်းသောပုစ္ဆာ အမေးတို့သည် ရန် ပွား စေတတ်သည်ဟု သိမှတ် ၍ပယ်ရှား လော့။
23Τὰς δὲ μωρὰς καὶ ἀπαιδεύτους ζητήσεις παραιτοῦ, εἰδὼς ὅτι γεννῶσι μάχας.
24သခင် ဘုရား၏ ကျွန် သည် ရန် မ တွေ့ရ ။ ခပ်သိမ်း သော သူတို့အား ဖြည်းညှင်း စွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံ နိုင်သောသူဖြစ် ရမည်။
24Δοῦλον δὲ Κυρίου οὐ δεῖ μάχεσθαι, ἀλλ᾿ ἤπιον εἶναι πρὸς πάντας, διδακτικόν, ἀνεξίκακον,
25ဆီးတား ငြင်းခုံသောသူ တို့ကို နူးညံ့ သိမ်မွေ့စွာ ဆုံးမ ရမည်။ သမ္မာတရား ကို ဝန်ခံ ခြင်းအလိုငှာ ၊ နောင်တ ကို ဘုရားသခင် ပေး ကောင်းပေးတော်မူ၍
25ἐν πρᾳότητι παιδεύοντα τοὺς ἀντιδιατιθεμένους· μήποτε δῷ αὐτοῖς ὁ Θεὸς μετάνοιαν εἰς ἐπίγνωσιν ἀληθείας,
26မာရ်နတ် ၏ အလို အတိုင်းဘမ်းမိ သောထိုသူ တို့သည် သတိရ၍ ၊ ထိုဘမ်းမိ ရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည်။
26καὶ ἀνανήψωσιν ἐκ τῆς τοῦ διαβόλου παγίδος, ἐζωγρημένοι ὑπ᾿ αὐτοῦ εἰς τὸ ἐκείνου θέλημα.
Tip: use the ← and → keys to turn chapters.