၂တိမောသေ

Old Testament

Chapter 4

၂တိမောသေ

Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

၂တိမောသေ 4

Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ကိုယ်တော် တိုင်ပေါ်ထွန်း ၍ နိုင်ငံ တော်ထင်ရှားသောကာလ၊ အသက် ရှင်သောသူ၊ သေ သော သူတို့ကိုစစ်ကြော စီရင်တော်မူသော သခင် ယေရှု ခရစ် ရှေ့ မှာ၎င်း၊ ဘုရားသခင် ရှေ့မှာ၎င်း ၊ ငါသည် သင့်ကို သစ္စာ ပေးသည်ကား
1Διαμαρτύρομαι οὖν ἐγὼ ἐνώπιον τοῦ Θεοῦ, καὶ τοῦ Κυρίου Ἰησοῦ Χριστοῦ, τοῦ μέλλοντος κρίνειν ζῶντας καὶ νεκρούς, κατὰ τὴν ἐπιφάνειαν αὐτοῦ καὶ τὴν βασιλείαν αὐτοῦ,
2နှုတ်ကပတ် တရားတော်ကို ပြော လော့။ အချိန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဖော်ပြ လော့။ ဆုံးမ ခြင်းကိုပြုလော့။ အလွန် ရှည်သောစိတ်နှင့် ဩဝါဒ မျိုးကိုပေး၍ တိုက်တွန်း သွေးဆောင်လော့။
2κήρυξον τὸν λόγον, ἐπίστηθι εὐκαίρως, ἀκαίρως, ἔλεγξον, ἐπιτίμησον, παρακάλεσον, ἐν πάσῃ μακροθυμίᾳ καὶ διδαχῇ.
3အကြောင်းမူကား ၊ နောင် ကာလ ၌လူ တို့သည် စင်ကြယ် သော ဩဝါဒ ကိုနား မ ခံနိုင်ဘဲ၊ ယား တတ်သော နား ရှိလျှင်၊ မိမိ တပ်မက် ခြင်းအတိုင်း များပြား သော ဆရာ တို့နောက်သို့ လိုက်ကြလိမ့်မည်။
3Ἔσται γὰρ καιρὸς ὅτε τῆς ὑγιαινούσης διδασκαλίας οὐκ ἀνέξονται, ἀλλὰ κατὰ τὰς ἐπιθυμίας τὰς ἰδίας ἑαυτοῖς ἐπισωρεύσουσι διδασκάλους, κνηθόμενοι τὴν ἀκοήν·
4သမ္မာတရား ကို နား မထောင်ဘဲ၊ ဒဏ္ဍာရီ စကားကို နားထောင်၍ လွဲ သွားကြလိမ့်မည်။
4καὶ ἀπὸ μὲν τῆς ἀληθείας τὴν ἀκοὴν ἀποστρέψουσιν, ἐπὶ δὲ τοὺς μύθους ἐκτραπήσονται.
5သင် မူကား ၊ အရာရာ ၌ သမ္မာ သတိရှိစေလော့။ ဆင်းရဲ ဒုက္ခကိုသည်းခံလော့။ သာသနာပြု ဆရာ ဆောင်ရွက်ရသောအမှု ကို ဆောင်ရွက် လော့။ ဓမ္မဆရာ အရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။
5Σὺ δὲ νῆφε ἐν πᾶσι, κακοπάθησον, ἔργον ποίησον εὐαγγελιστοῦ, τὴν διακονίαν σου πληροφόρησον.
6အကြောင်းမူကား ၊ ငါ့ ကိုယဇ်ပေါ်မှာလောင်း ရသော အချိန်ရှိပြီ။ စုတေ့ ရသောအချိန် ရောက် လေပြီ။
6Ἐγὼ γὰρ ἤδη σπένδομαι, καὶ ὁ καιρὸς τῆς ἐμῆς ἀναλύσεως ἐφέστηκε.
7ကောင်း စွာသော တိုက်လှန် ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်း ကို အဆုံး တိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက် ပြီ။
7Τὸν ἀγῶνα τὸν καλὸν ἠγώνισμαι, τὸν δρόμον τετέλεκα, τὴν πίστιν τετήρηκα·
8ယခု မှစ၍ဓမ္မ သရဖူ သည် ငါ့ အဘို့သိုထား လျက်ရှိ၏။ ထို နေ့ရက် ၌ တရား သဖြင့် စီရင် သောသူ တည်းဟူသောသခင် ဘုရားသည် ထို သရဖူကို ငါ ၌အပ်ပေး တော်မူမည်။ ထိုမျှမက ၊ ပေါ်ထွန်း တော်မူခြင်းကို တောင့်တ သောသူ အပေါင်း တို့၌ လည်း အပ်ပေးတော်မူမည်။
8λοιπόν, ἀπόκειταί μοι ὁ τῆς δικαιοσύνης στέφανος, ὃν ἀποδώσει μοι ὁ Κύριος ἐν ἐκείνῃ τῇ ἡμέρᾳ, ὁ δίκαιος κριτής· οὐ μόνον δὲ ἐμοί, ἀλλὰ καὶ πᾶσι τοῖς ἠγαπηκόσι τὴν ἐπιφάνειαν αὐτοῦ.
9ငါ့ ထံသို့ မြန်မြန် လာ ခြင်းငှာကြိုးစား လော့။ အကြောင်းမူကား၊ ဒေမ သည် ယခု ဘဝ ကို နှစ်သက် သော စိတ်ရှိသည်နှင့် ငါ့ ကိုစွန့်ပစ် ၍၊ သက်သာလောနိတ် မြို့သို့ သွား ပြီ။
9Σπούδασον ἐλθεῖν πρός με ταχέως·
10ကရက္ကေ သည်ဂလာတိ ပြည်သို့ ၎င်း ၊ တိတု သည် ဒါလမာတိ ပြည်သို့ ၎င်း သွားပြီ။
10Δημᾶς γάρ με ἐγκατέλιπεν, ἀγαπήσας τὸν νῦν αἰῶνα, καὶ ἐπορεύθη εἰς Θεσσαλονίκην· Κρήσκης εἰς Γαλατίαν, Τίτος εἰς Δαλματίαν.
11လုကာ တယောက်တည်း သာ ငါ့ ထံမှာရှိ ၏။ မာကု ကိုသင် နှင့်အတူ ခေါ် ခဲ့လော့။ သူသည်ဆရာ အမှုကို ပြုရာမှာ ငါ အကျိုး ရှိ ၏။
11Λουκᾶς ἐστὶ μόνος μετ᾿ ἐμοῦ. Μάρκον ἀναλαβὼν ἄγε μετὰ σεαυτοῦ· ἔστι γάρ μοι εὔχρηστος εἰς διακονίαν.
12တုခိတ် ကိုလည်း ဧဖက် မြို့သို့ ငါစေလွှတ် ပြီ။
12Τυχικὸν δὲ ἀπέστειλα εἰς Ἔφεσον.
13တရော မြို့တွင် ကာပုလက် ၌ ငါထား ခဲ့သော ဝတ်လုံ ကို၎င်း ၊ စာစောင်ကို၎င်း၊ အထူးသဖြင့် သားရေ စာ ကို၎င်း၊ သင်သည်လာ သောအခါယူခဲ့ လော့။
13Τὸν φελόνην ὃν ἀπέλιπον ἐν Τρῳάδι παρὰ Κάρπῳ, ἐρχόμενος φέρε, καὶ τὰ βιβλία, μάλιστα τὰς μεμβράνας.
14ပန်းတိမ် သမားအာလေဇန္ဒြု သည် ငါ ၌မကောင်း သောအမှုအများ ကို ပြု လေပြီ။ ထိုသူ ကျင့်သော အကျင့် တို့၏ အကျိုး အပြစ်ကို သခင် ဘုရား ဆပ်ပေး တော်မူပါစေသော။
14Ἀλέξανδρος ὁ χαλκεὺς πολλά μοι κακὰ ἐνεδείξατο· ἀποδῴη αὐτῷ ὁ Κύριος κατὰ τὰ ἔργα αὐτοῦ·
15သူ တို့သတိပြု လော့။ ငါ တို့စကား ကို အလွန် ငြင်းပယ် လေပြီ။
15ὃν καὶ σὺ φυλάσσου, λίαν γὰρ ἀνθέστηκε τοῖς ἡμετέροις λόγοις.
16ပဌမ အချိန်၌ အပြစ်တင် ခွင့်ကိုဖြေ၍ ငါ သည် အစီရင်ခံရသောအခါ၊ ငါ့ ဘက် ၌ အဘယ်သူ မျှမနေ။ လူအပေါင်း တို့သည် ငါ့ ကို စွန့်ပစ် ကြ၏။
16Ἐν τῇ πρώτῃ μου ἀπολογίᾳ οὐδείς μοι συμπαρεγένετο, ἀλλὰ πάντες με ἐγκατέλιπον· μὴ αὐτοῖς λογισθείη.
17သူ တို့၌ အပြစ်တင်တော်မ မူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော ၍၊ ခပ်သိမ်း သောလူမျိုး တို့သည် ကြားသိ စေခြင်းငှာ ၊ သခင် ဘုရားသည် ငါ့ ဘက်၌ နေ ၍ ငါ့ ကို ခွန်အား နှင့် ပြည့်စုံ စေတော်မူသောကြောင့် ၊ ခြင်္သေ့ ခံတွင်း မှ ကယ်နှုတ် ခြင်းချမ်းသာကို ငါ ရ၏။
17Ὁ δὲ Κύριός μοι παρέστη, καὶ ἐνεδυνάμωσέ με, ἵνα δι᾿ ἐμοῦ τὸ κήρυγμα πληροφορηθῇ, καὶ ἀκούσῃ πάντα τὰ ἔθνη· καὶ ἐρρύσθην ἐκ στόματος λέοντος.
18ထိုမျှမက၊ သခင် ဘုရားသည် မကောင်း သော အမှု ရှိသမျှ ကို ငါ့ ကိုကယ်နှုတ် ၍၊ မိမိ ကောင်းကင် နိုင်ငံ တော်သို့ တိုင်အောင်မစ ပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေ သတည်း။ အာမင် ။
18Καὶ ῥύσεταί με ὁ Κύριος ἀπὸ παντὸς ἔργου πονηροῦ, καὶ σώσει εἰς τὴν βασιλείαν αὐτοῦ τὴν ἐπουράνιον· ᾧ ἡ δόξα εἰς τοὺς αἰῶνας τῶν αἰώνων. Ἀμήν.
19ပြစ်ကိလ နှင့် အာကုလ မှစ၍ ဩနေသိဖော် ၏ အိမ်သူ အိမ်သားများကို နှုတ်ဆက် လော့။
19Ἄσπασαι Πρίσκαν καὶ Ἀκύλαν, καὶ τὸν Ὀνησιφόρου οἶκον.
20ဧရတ္တု သည် ကောရိန္သု မြို့၌ နေ ၏။ တရောဖိမ် သည် နာ ၍ မိလက် မြို့၌ ငါထား ခဲ့၏။
20Ἔραστος ἔμεινεν ἐν Κορίνθῳ· Τρόφιμον δὲ ἀπέλιπον ἐν Μιλήτῳ ἀσθενοῦντα.
21ဆောင်း ကာလမ ရောက်မှီကြိုးစား ၍ လာ ခဲ့ လော့။ ဥဗုလု ၊ ပုဒေ ၊ လိနု ၊ ကလောဒိ မှစ၍ ညီအစ်ကို အပေါင်း တို့သည် သင့် ကို နှုတ်ဆက် ကြ၏။
21Σπούδασον πρὸ χειμῶνος ἐλθεῖν. Ἀσπάζεταί σε Εὔβουλος, καὶ Πούδης, καὶ Λῖνος, καὶ Κλαυδία, καὶ οἱ ἀδελφοὶ πάντες.
22သခင် ယေရှုခရစ်သည် သင် ၏စိတ် ဝိညာဉ်နှင့်အတူ ရှိတော်မူပါစေသော။ သင် ၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။
22Ὁ Κύριος Ἰησοῦς Χριστὸς μετὰ τοῦ πνεύματός σου. Ἡ χάρις μεθ᾿ ὑμῶν. Ἀμήν.

Tip: use the ← and → keys to turn chapters.