ローマ人への手紙 3
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1では、ユダヤ人にはどんな優位性がありますか。割礼にはどんな益がありますか。
1ထိုသို့ဖြစ်လျှင် ၊ ယုဒ လူသည်အဘယ်သို့ သာ သနည်း။ အရေဖျားလှီး ခြင်းအားဖြင့်အဘယ် အကျိုး ရှိသနည်း။
2あらゆる点で大いにあります。何よりもまず、彼らは神の言葉を委ねられました。
2အထွေထွေ သော အကျိုး များစွာ ရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား ၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင် ၏ ဗျာဒိတ် တော်များကို ခံရကြ၏။
3では、ある者たちが信じなかったとしても、それがどうしたというのでしょう。彼らの不信仰が神の真実を無にするのでしょうか。
3သူတို့တွင် အချို့ မ ယုံသော်လည်း ၊ အဘယ် ဆိုဘွယ်ရှိသနည်း။ သူ တို့မ ယုံဘဲနေခြင်းအရာသည် ဘုရားသခင် ၏သစ္စာ တော်ကို ဖျက် နိုင်သလော။
4決してそうではありません。たとえすべての人が偽り者であっても、神は真実であるとされるべきです。こう書かれています。 「あなたが語る言葉によって義とされ、 裁きを受けるとき、勝利を得るためです。」
4မ ဖျက် နိုင်ရာ။ သို့ဖြစ်၍ မိန့် တော်မူချက်သည် ဖြောင့် ပါ၏။ တရား စီရင်သောအခါ အောင်မြင် တော်မူ၏ ဟု ကျမ်းစာ၌လာ သည်နှင့်အညီ ၊ လူ ခပ်သိမ်း တို့သည် သစ္စာပျက် သော်လည်း ၊ ဘုရားသခင် ၏ သစ္စာ တော်သည် တည် စေသတည်း။
5しかし、私たちの不義が神の義を明らかにするのなら、何と言えばよいでしょう。怒りを下す神は不義なのでしょうか。私は人間的な言い方をしています。
5ငါ တို့၏ မတရား သောအမှုသည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေလျှင် ၊ အဘယ်သို့ ဆို ရသနည်း။ ဘုရားသခင် သည် ဒဏ် ပေးတော်မူလျှင်၊ မတရား သောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော်လူ သဘောအတိုင်း ငါဆို သတည်း။
6決してそうではありません。もしそうなら、神はどうして世界を裁けるでしょうか。
6ထိုသို့မ ဟုတ် ရာ။ ဟုတ် လျှင်လောက သားတို့ကို အဘယ်သို့ စစ်ကြော စီရင်တော်မူမည်နည်း။
7しかし、私の偽りによって神の真実がますます明らかになり、神の栄光となるのなら、なぜ私もなお罪人として裁かれるのでしょうか。
7ထိုမှတစ်ပါးငါ သည် သစ္စာပျက် သောအားဖြင့် ဘုရားသခင် ၏ သစ္စာ တော်သည် ဂုဏ် အသရေတော်ကို တိုးပွား စေလျှင် ၊ ငါ့ ကို အပြစ် ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင် သေး သနည်းဟူ၍မေးပြန်လျှင်၊
8それなら、「善をもたらすために悪を行おう」ということになるのでしょうか。私たちがそう言っていると中傷し、実際そう主張する者もいますが、そのような者が罪に定められるのは当然です。
8ကောင်း သောအကျိုးရှိစေခြင်းငှာ မ ကောင်းသောအကျင့်ကို ကျင့် ကြကုန်အံ့ဟု လူအချို့ တို့သည် ငါတို့ကို ကဲ့ရဲ့ လျက် ၊ ငါ တို့စကား ကိုပြန်ပြော သည်အတိုင်း ဆို ဦးမည်လော။ ထိုသို့ဆိုသောသူ တို့သည် ကိုယ် အပြစ် ဒဏ်ကို ခံထိုက် ကြ၏။
9では、どうでしょう。私たちは彼らより優れているのでしょうか。決してそうではありません。すでに私たちが指摘したように、ユダヤ人もギリシャ人も皆、罪のもとにあります。
9ထိုသို့ဖြစ်လျှင် အဘယ်သို့ နည်း။ ငါတို့သည် မြတ် သလောဟု မေးပြန်သော်။ အလျှင်း မ မြတ်။ အကြောင်းမူကား ၊ ယုဒ လူ၊ ဟေလသ လူအပေါင်း တို့သည် အပြစ် ရှိ ကြောင်း ကို အထက်က ပြခဲ့ပြီ။
10こう書かれています。 「義人はいない。 一人もいない。
10ကျမ်းစာလာ သည်ကား ၊ ဖြောင့်မတ် သောသူမ ရှိ ၊ တစ်ယောက် မျှ မရှိ။
11悟る者はいない。 神を求める者はいない。
11နားလည် သောသူ မ ရှိ ၊ ဘုရားသခင် ကို ရှာ သောသူ မ ရှိ
12皆が道を外れ、 そろって役に立たない者となった。 善を行う者はいない。 一人としていない。」
12လူအပေါင်း တို့သည် လမ်းလွဲ ကြပြီ။ တစ်ညီတစ်ညွတ် တည်းအသုံး မရသောသူဖြစ်ကြပြီ။ ကောင်း သောအကျင့်ကို ကျင့် သောသူ မ ရှိ ၊ တစ် ယောက်မျှ မ ရှိ
13「彼らの喉は開いた墓。 その舌で人を欺く。」 「まむしの毒が彼らの唇の下にある。」
13သူ တို့၏လည်ချောင်း သည် ဖွင့် ထားသော သင်္ချိုင်း တွင်းဖြစ်၏။ သူ တို့သည်လျှာ နှင့် လှည့်စား တတ် ကြ၏။ သူ တို့နှုတ်ခမ်း အထဲ မှာ မြွေဆိုး အဆိပ် အတောက်ရှိ၏။
14「彼らの口は呪いと苦々しさで満ちている。」
14သူ တို့နှုတ် သည် ကျိန်ဆဲ သောစကား၊ ကြမ်းတမ်း သောစကားနှင့် ပြည့်ဝ ၏။
15「彼らの足は血を流すことに速く、
15သူ တို့ခြေ သည်လူ အသက်ကို သတ် ခြင်းငှာလျင်မြန် ၏။
16その道には破滅と悲惨がある。
16သူ တို့သွားရာလမ်း ၌ ပျက်စီး ခြင်း၊ ဒုက္ခ ဆင်းရဲခြင်းရှိ၏။
17彼らは平和の道を知らない。」
17ချမ်းသာ လမ်း ကိုသူတို့ မသိ ကြ။
18「彼らの目の前に神への恐れはない。」
18ဘုရားသခင် ကို ကြောက်ရွံ့ ရသော အကြောင်း သည် သူ တို့မျက်စိ ၌ မ ထင် ဟုကျမ်းစာလာသတည်း။
19さて、律法が語ることはすべて、律法のもとにいる人々に語られていると私たちは知っています。それは、すべての口が閉ざされ、全世界が神の裁きのもとに置かれるためです。
19ပညတ် တရား၌ ပါ သမျှ သောစကား တို့သည် ပညတ် တရားကို ခံသောသူ တို့နှင့် စပ်ဆိုင် သည်ကို ငါတို့ သိ ကြ၏။ ထိုသို့ဖြစ်၍ ၊ လောကီသား အပေါင်း တို့သည် စကား တစ်ခွန်းကိုမျှ မ ပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်သင့် သောသူဖြစ် ကြ၏။
20律法の行いによっては、だれ一人、神の前で義とされません。律法によって罪が自覚されるからです。
20ထိုသို့ပညတ် တရားသည် ဒုစရိုက် အပြစ်ကို ထင်ရှား စေသည်ဖြစ်သောကြောင့် ၊ ပညတ် တရား၏ အကျင့် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ အဘယ်သူမျှ ဖြောင့်မတ် ရာသို့ မ ရောက်ရာ။
21しかし今、律法とは別に神の義が現されました。律法と預言者たちも、それをあかししています。
21ယခု မူကား ၊ ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်း တို့သည် သက်သေခံ သည်နှင့်အညီ၊ ပညတ် တရားနှင့် မ စပ်ဆိုင်သော ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားတည်းဟူသော၊
22すなわち、イエス・キリストを信じる信仰による神の義が、信じるすべての人に与えられ、そのすべての人の上に及ぶのです。そこに区別はありません。
22ယေရှု ခရစ် ကို ယုံကြည် ခြင်းအားဖြင့် ၊ ယုံကြည် သောသူ အပေါင်း တို့အဘို့ ဖြစ်၍၊ ထိုသူအပေါင်းတို့အပေါ်သို့ရောက်သော ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားသည် ထင်ရှားခဲ့ပြီ။ ခြားနား ခြင်းအလျှင်းမ ရှိ
23すべての人が罪を犯し、神の栄光に達していないからです。
23အဘယ်ကြောင့် နည်းဟူမူကား၊ လူအပေါင်း တို့သည် ဒုစရိုက်ကို ပြု ၍ ဘုရားသခင် ရှေ့တော်၌ အသရေ ပျက် ကြပြီ။
24しかし、キリスト・イエスによる贖いを通し、神の恵みによって無償で義とされます。
24ယေရှု ခရစ် ရွေးနှုတ် တော်မူသောအားဖြင့် အဘိုး ကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူး တော်ကြောင့် ဖြောင့်မတ် ရာသို့ ရောက်ရကြ၏။
25神はキリストを、その血に対する信仰によって受ける贖罪の供え物として公に示されました。それは、神が寛容のうちに以前の罪を見過ごしてこられた間にも、ご自分の義を示すためでした。
25ဘုရားသခင် သည် သည်းခံ တော်မူ၍၊
26こうして今この時にご自分の義を示し、ご自身が義であり、イエスを信じる者を義と認める方であることを明らかにされたのです。
26လွန် ခဲ့ပြီးသောဒုစရိုက်အပြစ် များကို မှတ်တော် မမူရာတွင် ၊ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေခြင်းငှာ၎င်း၊ ယခု ကာလ ၌ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေ၍၊ ယေရှု ကိုယုံကြည် သော သူ တို့၏အပြစ် ကို လွှတ်တော်မူသော်လည်း ၊ တရား သဖြင့် ပြု တော်မူခြင်းငှာ ၎င်း၊ ယေရှု ခရစ်၏အသွေး တော်ကို ယုံကြည် ခြင်းအားဖြင့် ၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာခန့်ထားတော်မူပြီ။
27では、誇る余地はどこにありますか。まったくありません。どのような律法によってでしょう。行いの律法によってですか。いいえ、信仰の律法によってです。
27သို့ဖြစ်လျှင် ဝါကြွား စရာ အကြောင်းကား အဘယ်သို့ နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ် ပြီးအဘယ် တရား အားဖြင့် ပယ်သနည်း။ အကျင့် တရားအားဖြင့်ပယ်သလော။ အကျင့်တရားအားဖြင့်ပယ်သည်မ ဟုတ်၊ယုံကြည် ခြင်းတရား အားဖြင့် ပယ်ပြီ။
28私たちは、人は律法の行いとは別に、信仰によって義とされると結論づけます。
28ထိုကြောင့်လူ မည်သည်ကား၊ ပညတ် တရား၏ အကျင့် မ ရှိဘဲ ယုံကြည် ခြင်းအားဖြင့်ဖြောင့်မတ် ရာသို့ ရောက်တတ်သည်ဟုယူဆ ရ၏။
29それとも、神はユダヤ人だけの神でしょうか。異邦人の神でもあるのではありませんか。確かに、異邦人の神でもあります。
29ဘုရားသခင် သည် ယုဒ လူတို့၏ ဘုရားသာ ဖြစ်တော်မူသလော။ တစ်ပါး အမျိုးသားတို့၏ ဘုရားဖြစ် တော်မူသည်မ ဟုတ်လော။ ဟုတ် ပေ၏။ တစ်ပါး အမျိုးသားတို့၏ ဘုရားလည်း ဖြစ်တော်မူ၏။
30神はただ一人であり、割礼を受けた者を信仰によって、割礼を受けていない者を信仰を通して義と認める方だからです。
30အကြောင်းမူကား၊ အရေဖျားလှီး ခြင်းကို ခံသောသူနှင့် မ ခံသောသူနှစ်ဦးကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာ၌တည်စေတော်မူသော ဘုရားသခင် တဆူတည်း ရှိတော်မူ၏။
31では、私たちは信仰によって律法を無効にするのでしょうか。決してそうではありません。むしろ、律法を確立するのです。
31သို့ဖြစ်လျှင် ၊ ယုံကြည် ခြင်းအားဖြင့် ငါတို့သည် ပညတ် တရားကို ပယ် ကြသလော။ အလျှင်း မ ပယ်၊ သာ၍တည် စေကြ၏။
Tip: use the ← and → keys to turn chapters.