ローマ人への手紙 13
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1すべての人は、上に立つ権威に従いなさい。神によらない権威はなく、今ある権威は神によって定められているからです。
1အစိုးရသော မင်းအာဏာစက် ၏ အုပ်စိုး ခြင်းကို လူ တိုင်း ဝန်ခံ စေ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ အခွင့် မ ရှိ လျှင် ၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှ သည် ဘုရားသခင် ခန့်ထား တော်မူရာ ဖြစ် သတည်း။
2ですから、権威に逆らう者は神の定めに逆らっており、逆らう者は自ら裁きを受けることになります。
2ထိုကြောင့် ၊ မင်းအာဏာ ကို ဆန် သောသူ သည် ဘုရားသခင် စီရင် တော်မူရာကိုဆန် သောသူ ဖြစ်၏။ ထိုသို့ ဆန် သောသူ သည် ရာဇဝတ် ကို ခံရ မည်။
3支配者は、善を行う者にとって恐ろしいのではなく、悪を行う者にとって恐ろしい存在です。権威を恐れずにいたいのですか。善を行いなさい。そうすれば、その権威から称賛を受けます。
3မင်း မူကား ကောင်း သောအကျင့် ကို ကျင့်သောသူကြောက် ဘို့ ဖြစ် သည်မ ဟုတ်။ မကောင်း သော အကျင့်ကို ကျင့်သောသူကြောက်ဘို့၏။ မင်းအာဏာ ကို မ ကြောက် ဘဲနေချင် သလော။ ကောင်း သော အကျင့်ကိုကျင့် လော့။ ကျင့်လျှင်မင်း အာဏာကြောင့် ချီးမွမ်း ခြင်းကို ခံရ လိမ့်မည်။
4権威を持つ者は、あなたに益を与えるために神に仕える者だからです。しかし、悪を行うなら恐れなさい。その者が剣を帯びているのは無意味ではありません。悪を行う者に怒りをもって報いる、神に仕える者だからです。
4မင်းသည်ကား ၊ သင် ၏အကျိုး အလိုငှာ ဘုရားသခင် ၏ အစေခံ ဖြစ် ၏။ မကောင်း သောအကျင့်ကို ကျင့် လျှင် ၊ ကြောက် ခြင်းမရှိစေလော့။ အကြောင်းမူကား ၊ မင်းသည်အချည်းနှီး ဓား ကို ဆောင် သည်မ ဟုတ်။ မကောင်း သောအကျင့်ကို ကျင့် သောသူ တို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသောဘုရားသခင် ၏ အစေခံ ဖြစ် သတည်း။
5ですから、怒りを受けないためだけでなく、良心のためにも従う必要があります。
5ထိုကြောင့် ၊ ရာဇဝတ် ကိုကြောက်သောကြောင့် သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံ ရမည် မ ဟုတ်။ ကိုယ်ကိုကိုယ် သိသော စိတ်ကို ထောက် ၍ဝန်ခံရမည်။
6あなたがたが税を納めるのも、このためです。権威を持つ者たちは神に仕える者であり、この務めに専念しているからです。
6ထို အကြောင်း ကြောင့် အခွန်အတုတ် ကို ပေး ကြလော့။ မင်းတို့သည် ဘုရားသခင် ၏ အမှု စောင့်ဖြစ် ၍၊ အမှုတော်ကို အမြဲ ထမ်းကြ၏။
7すべての人に、負うべきものを納めなさい。税を納めるべき人には税を、関税を納めるべき人には関税を納め、敬意を払うべき人には敬意を払い、敬うべき人を敬いなさい。
7ထိုကြောင့်၊ လူအသီးအသီး ခံထိုက် သည်အတိုင်း ပေး ကြလော့။ အခွန် ကိုခံထိုက်သောသူ အား အခွန် ကို ၎င်း၊ အကောက် ကို ခံထိုက်သော သူ အား အကောက် ကို၎င်း ပေးကြလော့။ ကြောက် ထိုက်သောသူ ကို ကြောက် ကြလော့။ ရိုသေ ထိုက်သောသူ ကို ရိုသေ ကြလော့။
8互いに愛し合うことのほかは、だれにも何も負ってはなりません。隣人を愛する人は、律法を全うしているからです。
8အချင်းချင်း ချစ် ခြင်းမေတ္တာမှတစ်ပါး အဘယ် ကြွေး မျှ မ တင်စေနှင့်။ သူတစ်ပါး ကိုချစ် သောသူ သည် အကျင့် တရားနှင့်ပြည့်စုံ ပြီ။
9「姦淫してはならない」「殺してはならない」「盗んではならない」「むさぼってはならない」という戒めも、そのほかのどんな戒めも、「隣人を自分自身のように愛しなさい」という言葉に要約されます。
9အကြောင်းမူကား၊ သူ့မယားကိုမ ပြစ်မှား နှင့် ၊ လူအသက်ကို မ သတ် နှင့်၊ သူ့ဥစ္စာကိုမ ခိုး နှင့်၊ မမှန်သော သက်သေကိုမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ်မ ရှိ စေနှင့်ဟူသော ပညတ်မှစ၍အခြား သော ပညတ် ရှိသမျှတို့သည်၊ ကိုယ် နှင့်စပ်ဆိုင် သောသူကို ကိုယ် နှင့်အမျှ ၊ ချစ် လော့ဟူသော ပညတ် တစ်ခု ၌ အပါအဝင် ဖြစ်ကြ၏။
10愛は隣人に害を加えません。ですから、愛は律法を全うします。
10ချစ် ခြင်းမေတ္တာရှိ သောသူသည် ကိုယ်နှင့် မ စပ်ဆိုင် သော သူ၏အကျိုးကို မဖျက်ဆီး တတ်။ ထိုကြောင့် ၊ ချစ် ခြင်းမေတ္တာသည် အကျင့် တရားပြည့်စုံ ရာ ဖြစ်သတည်း။
11さらに、あなたがたは今がどのような時かを知っているのですから、このように行いなさい。すでに眠りから目を覚ます時です。今や救いは、私たちが信じ始めた時よりも近づいているからです。
11ထိုမှတစ်ပါး၊ ငါ တို့ကို ကယ်တင် သော ကျေးဇူးတော်သည် ငါတို့ယုံကြည် သော နေ့ရက်၌နီးသည်ထက် ယခု သာ၍နီး သောကြောင့် ၎င်း၊
12夜は更け、昼が近づきました。ですから、闇の行いを脱ぎ捨て、光の武具を身に着けましょう。
12ညဉ့် အချိန်ကုန် လု၍ နေ့ အချိန်ရောက် လုသောကြောင့် ၎င်း၊ ယခု အခါ အိပ်ပျော် ရာမှ နိုး ရသော အချိန် ရောက် ခဲ့ပြီဟု ငါတို့သည် သိ ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက် ၏အကျင့် ကို ပယ်ရှား၍ ၊ အလင်း ၏ လက်နက်စုံ ကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။
13昼間にふさわしく、品位をもって歩みましょう。酒宴と酩酊、淫らな行いと好色、争いとねたみにふけってはなりません。
13ပွဲ လုပ်ခြင်း၊ ယစ်မျိုး သောက်ကြူးခြင်း၊ မတရား သော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာ ညစ်ညူးခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်းအမှုတို့ကို ကြဉ်ရှောင် ၍၊ နေ့ အချိန်၌ ကဲ့သို့ တင့်တယ် လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။
14むしろ、主イエス・キリストを身にまといなさい。肉の欲望を満たそうと考えてはなりません。
14သခင် ယေရှု ခရစ် ကို ယူတင်ဝတ်ဆောင် ကြလော့။ ကိုယ် ကာယ၏တပ်မက် ခြင်းအလိုငှာ မ ကြံစည် ကြနှင့်။
Tip: use the ← and → keys to turn chapters.