ローマ人への手紙 9
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1私はキリストにあって真実を語り、偽りを言いません。私の良心も聖霊によって共にあかししています。
1ငါ့ ကိုယ်ကိုကိုယ်သိ သော စိတ်သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်တကွ ငါ့ ဘက်၌ သက်သေခံ လျက်၊ ငါသည်မုသာ မ ပါ၊ ခရစ်တော် ရှေ့၌ မှန်ကန် စွာ ပြော သည်ကား၊
2私には大きな悲しみがあり、心には絶え間ない痛みがあります。
2ငါ သည် အလွန် ဝမ်းနည်း ခြင်းရှိ ၏။ စိတ် နှလုံး ထဲ၌ မခြားမလပ် ပူပန် ခြင်းဝေဒနာရှိ၏။
3私の兄弟たち、肉による同胞のためなら、私自身がキリストから引き離され、呪われた者となってもよいとさえ願うほどです。
3အကြောင်းမူကား ၊ ဇာတိ အားဖြင့် ငါ့ အမျိုးသား ချင်းဖြစ်သော ငါ့ ညီအစ်ကို တို့အတွက် ၊ ငါ သည်ကိုယ်တိုင် ခရစ်တော် နှင့် ခွာ ၍ ကျိန် ခြင်းကိုခံချင်လောက်အောင် စိတ် ရှိ၏။
4彼らはイスラエル人です。子とされることも、栄光も、数々の契約も、律法を授けられたことも、礼拝も、数々の約束も、彼らのものです。
4ထိုသူ တို့သည် ဣသရေလ လူဖြစ် ၍၊ သား အရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း ၊ ဘုန်း အာနုဘော်တော်နှင့်၎င်း ၊ ပဋိညာဉ် တရားတို့နှင့်၎င်း ၊ ပညတ် တရားထားခြင်းနှင့် ၎င်း ၊ ဝတ်ပြု ခြင်းနှင့်၎င်း ၊ ဂတိ တော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။
5父祖たちも彼らのものであり、肉によればキリストも彼らから出られました。キリストはすべてのものの上におられる神、永遠にほめたたえられる方です。アーメン。
5ဘိုးဘေး များတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ၊ ဇာတိ အမျိုးအားဖြင့် ထိုသူ တို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော် သည်လည်း ခပ်သိမ်း သောအရာတို့ကို အစိုးရ တော်မူ၍ ထာဝရ မင်္ဂလာ ရှိ တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင်
6しかし、神の言葉が無効になったわけではありません。イスラエルから出た者が皆、イスラエルなのではないからです。
6ထိုသို့ဆိုသော်ဘုရားသခင် ၏ ဂတိ တော်မ တည် ဟု ငါမဆိုလို။ အကြောင်းမူကား ၊ ဣသရေလ နှင့် ဆက်နွယ်သော သူ အပေါင်း တို့သည် ဣသရေလ လူမှန်မ ဟုတ်။
7また、アブラハムの子孫だからといって、皆が子どもなのでもありません。むしろ、「イサクから生まれる者が、あなたの子孫と呼ばれる」とあります。
7ထိုနည်းတူအာဗြဟံ ၏ အမျိုးအနွယ် ဖြစ် သော သူအပေါင်း တို့သည် အာဗြဟံ၏သား မှန်မ ဟုတ်။ ဣဇာက် ၌ သာ သင် ၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ် တော်ရှိ၏။
8つまり、肉による子どもが神の子どもなのではなく、約束の子どもが子孫とみなされるのです。
8ထိုကြောင့်၊ ဇာတိ အမျိုးသားတို့သည် ဘုရားသခင် ၏သား မှန်မ ဟုတ်။ ဂတိ တော်နှင့်ဆိုင်သော သား တို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ် တော်မူ၏။
9約束の言葉はこうです。「定められた時に私は来る。そのとき、サラに男の子が生まれる。」
9ဂတိ တော်အချက် ဟူမူကား ၊ ယခု မှစ၍ကာလ အချိန်စေ့သောအခါ ၊ ငါလာ ၍ စာရာ သည် သား ကို ရ လိမ့်မည်ဟု လာသတည်း။
10それだけではありません。リベカもまた、ただ一人の人、私たちの父イサクによって身ごもりました。
10ထိုမျှမက ၊ ရေဗက္ကာ သည် ငါ တို့ အဘ ဣဇာက် နှင့် စုံဘက် ၍ ပဋိသန္ဓေစွဲယူ သောအခါ ၊
11その子どもたちがまだ生まれず、善も悪も何も行っていないうちに、行いによらず、召す方によって、神の選びに基づく目的が揺るがず成り立つため、
11ဘုရားသခင် ရွေးကောက် တော်မူခြင်းနှင့် ယှဉ်သောအကြံ တော်သည် အကျင့်အားဖြင့် မ တည် ၊ ခေါ် တော်မူသော သူ ၏အလိုတော်အားဖြင့် တည်မည် အကြောင်း ၊ သားမ ဘွား မှီ ၊ ထိုသားတို့သည် ကောင်း သောအကျင့်၊ မ ကောင်းသောအကျင့်ကိုမကျင့် မှီ၊
12「兄は弟に仕える」と彼女に告げられました。
12သားအကြီး သည် သားအငယ် ၌ ကျွန် ခံရလိမ့်မည်ဟု ထိုမိန်းမ အားဗျာဒိတ် ပေးတော်မူ၏။
13「私はヤコブを愛し、エサウを憎んだ」と書かれているとおりです。
13ထိုသို့နှင့်အညီ၊ ယာကုပ် ကိုငါချစ် ၏။ ဧသော ကို မုန်း ၏ဟု ကျမ်းစာ လာသတည်း။
14では、何と言えばよいでしょう。神に不義があるのでしょうか。決してそうではありません。
14သို့ဖြစ်၍ ၊ အဘယ်သို့ ပြော ရမည်နည်း။ ဘုရားသခင် သည် မတရား သောအမှုကို ပြုတော်မူသလော။ ထိုသို့မ ပြောရ
15神はモーセにこう言われました。「私は、あわれもうとする者をあわれみ、慈しもうとする者を慈しむ。」
15ဘုရားသခင်က၊ ငါသည်ကျေးဇူး ပြုလိုသောသူ ကိုကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်ဟု မောရှေ ကို မိန့် တော်မူ၏။
16ですから、それは人の意志や努力によるのではなく、あわれんでくださる神によるのです。
16ထိုကြောင့် ၊ လိုချင် သောသူ သည် တတ်နိုင်သည် မ ဟုတ်။ ပြေး သောသူ သည်လည်း တတ်နိုင်သည်မ ဟုတ်။ ကျေးဇူး ပြုတော်မူသော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။
17聖書はファラオにこう言っています。「私があなたを立てたのは、まさにこの目的のためである。あなたによって私の力を示し、私の名が全地に告げ知らされるためである。」
17ကျမ်းစာ ၌ ဖာရော ဘုရင်ကိုဆိုသည်ကား၊ ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှာ ၎င်း ၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေခြင်းငှာ ၎င်း၊ သင့် ကို ချီးမြှောက် ခဲ့ပြီဟု ဆို သတည်း။
18このように、神は望む者をあわれみ、望む者をかたくなにされます。
18ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလို သောသူ ကို ကျေးဇူး ပြုတော်မူ၏။ ခိုင်မာစေလို သောသူ ကိုလည်း ခိုင်မာ စေတော်မူ၏။
19すると、あなたは私にこう言うでしょう。「それなら、なぜ神はなお人を責めるのですか。だれが神の意志に逆らえるでしょう。」
19သို့ဖြစ်လျှင် ၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင် တော်မူသေး သနည်း။ အဘယ်သူ သည် အလို တော်ကို ဆီးတား ဘူးသနည်းဟု ဆို မည်လော။
20しかし、人よ、神に言い返すあなたは、いったい何者ですか。形造られたものが、形造った方に「なぜ私をこのように造ったのですか」と言うでしょうか。
20ဘုရားသခင် ကို ငြင်းဆန် သော အချင်း လူ ၊ သင် သည်ကား အဘယ်သူ နည်း။ လုပ်အပ် သော အရာ သည် လုပ် တတ်သောသူ အား၊ အဘယ်ကြောင့် ငါ့ ကို ဤသို့ လုပ် သနည်းဟု ဆို ရမည်လော။
21陶器師には、同じ一塊の粘土から、一つを尊いことに用いる器に、もう一つを卑しいことに用いる器に造る権利があるのではありませんか。
21အိုးထိန်း သမားသည် အိုးမြေကို ပိုင် သည် မ ဟုတ်လော။ အိုး မြေတပုံ တည်း နှင့် အိုး မြတ် ၊ အိုးယုတ် ကို လုပ် ပိုင်သည်မဟုတ်လော။
22では、神がご自分の怒りを示し、その力を知らせようとされながら、滅びのために備えられた怒りの器を深い忍耐をもって耐え忍ばれ、
22ဘုရားသခင် သည် မိမိ အမျက် တော်ကိုပြ ၍ ၊ တန်ခိုး တော်ကို ထင်ရှား စေခြင်းငှာအလို တော်ရှိလျက်၊ ပျက်စီး ခြင်းအဘို့ ပြင်ဆင် သော အမျက် ရာအိုး များတို့ကို အလွန် သည်းခံ ခြင်းခန္တီနှင့်သည်းခံ တော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း။
23また、栄光のために前もって備えられたあわれみの器に、ご自分の豊かな栄光を知らせようとされたとしても、何が言えるでしょう。
23ချီးမြှောက် ခြင်းအဘို့ ပြင်ဆင် တော်မူနှင့်သော ကရုဏာ ခံရာ အိုး များတည်းဟူသော၊
24その器とは、ユダヤ人だけでなく異邦人の中からも神に召された私たちのことです。
24ယုဒ အမျိုးသားတို့အထဲ မှသာ မ ဟုတ်၊ တစ်ပါး အမျိုးသားတို့အထဲ မှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ် တော်မူသောငါတို့၌ ဘုန်း အာနုဘော်တော် ကြွယ်ဝ ခြင်းကို ထင်ရှား စေခြင်းငှာ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဘွယ်ရှိအံ့နည်း။
25神はホセア書でもこう言われます。 「私の民でなかった者を『私の民』と呼び、 愛されなかった女を『愛する者』と呼ぶ。」
25ဟောရှေ ၏ ကျမ်းစာ၌ လာ သည်ကား၊ ငါ ၏ လူ မ ဟုတ်သော သူ ကိုငါ ၏လူ ဟူ၍ငါခေါ် မည်။ မ ချစ် သော သတို့သမီး ကိုလည်း အချစ် ဟူ၍ငါခေါ်မည်။
26「『あなたがたは私の民ではない』と言われたその場所で、 彼らは『生ける神の子どもたち』と呼ばれる。」
26သင်တို့သည်ငါ ၏လူ မ ဟုတ် ဟုပြောဆို ရာ အရပ် ၌ နေ သောသူ တို့သည်၊ အသက် ရှင်တော်မူသော ဘုရားသခင် ၏သား ဟု ခေါ်ဝေါ် ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။
27また、イザヤはイスラエルについて叫んでいます。 「イスラエルの子らの数が海の砂のようであっても、 救われるのは残された者である。
27ပရောဖက်ဟေရှာယ သည်လည်း ၊ ဣသရေလ အမျိုးကို ရည်မှတ် ၍ ကြွေးကြော် သည်ကား၊ ဣသရေလ အမျိုးသား တို့သည် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ သော်လည်း ၊ ကြွင်း သောသူ တို့သာလျှင်ကယ်တင် တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။
28主は義をもってその働きを成し遂げ、速やかに終えられる。 主は地上で、その働きを速やかに行われるからである。」
28အမှု တော်ကို တရားသဖြင့် ပြီးစီး စေခြင်းငှာဆုံးဖြတ်တော်မူမည်။ ထာဝရ ဘုရားသည်မြေ ပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။
29さらに、イザヤが前もって言ったとおりです。 「もし万軍の主が、私たちに子孫を残してくださらなかったなら、 私たちはソドムのようになり、 ゴモラと同じにされていただろう。」
29ထိုသို့ နှင့်အညီ၊ ဟေရှာယ သည် အထက် က ဆိုပြန်သည်ကား၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်ငါ တို့၌ မျိုးစေ့ ကို ကြွင်း စေတော်မ မူလျှင် ၊ ငါတို့သည်သောဒုံ မြို့ကဲ့သို့ ဖြစ် ၍ ဂေါမောရ မြို့နှင့် တူ ကြပြီ။
30では、何と言えばよいでしょう。義を追い求めなかった異邦人が義、すなわち信仰による義を得ました。
30ထိုကြောင့် ၊ အဘယ်သို့ ပြော ရမည်နည်းဟူမူကား ၊ ဖြောင့်မတ် ခြင်းကို မှီအောင် မ လိုက် သောတစ်ပါး အမျိုးသားတို့သည် ဖြောင့်မတ် ခြင်းကို မှီ ကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည် ခြင်းအားဖြင့် မှီ သောဖြောင့်မတ် ခြင်းကို ဆိုလိုသတည်း။
31しかし、義の律法を追い求めたイスラエルは、その義の律法に到達しませんでした。
31ဖြောင့်မတ် ခြင်းတရား ကိုမှီအောင်လိုက် သော ဣသရေလ လူတို့မူကား၊ ဖြောင့်မတ်ခြင်းတရား ကို မ မှီ ကြ။
32なぜでしょうか。信仰によってではなく、律法の行いによるかのように追い求めたからです。彼らは、つまずきの石につまずきました。
32အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည် ခြင်း အားဖြင့် မ လိုက်၊ ပညတ်တရား၏ အကျင့် အားဖြင့် သာ လိုက်ကြ သတည်း။
33こう書かれています。 「見よ、私はシオンにつまずきの石、妨げの岩を置く。 この方を信じる者は、だれも失望に終わることがない。」
33ကျမ်းစာ၌လာ သည်ကား ၊ ထိမိ ၍ လဲစရာ ကျောက် ၊ မှားယွင်း စရာကျောက် ကို ဇိအုန် တောင်ပေါ်မှာ ငါချထား ၏။ ထိုကျောက် ကို အမှီပြု သောသူ မည်သည်ကား၊ ရှက်ကြောက် ခြင်းမ ရှိ နိုင်ရာဟုလာသည်နှင့်အညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။
Tip: use the ← and → keys to turn chapters.