ΠΡΟΣ ΚΟΡΙΝΘΙΟΥΣ Β 5
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Οἴδαμεν γὰρ ὅτι ἐὰν ἡ ἐπίγειος ἡμῶν οἰκία τοῦ σκήνους καταλυθῇ, οἰκοδομὴν ἐκ Θεοῦ ἔχομεν, οἰκίαν ἀχειροποίητον, αἰώνιον ἐν τοῖς οὐρανοῖς.
1ယာယီတဲ ဖြစ်သော ငါ တို့မြေ အိမ် သည်ပျက် လျှင် ၊ ကောင်းကင် ဘုံ၌ လူလက် ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော နိစ္စ ထာဝရအိမ် ရှိ ကြောင်း ကို ငါတို့ သိ ကြ၏။
2Καὶ γὰρ ἐν τούτῳ στενάζομεν, τὸ οἰκητήριον ἡμῶν τὸ ἐξ οὐρανοῦ ἐπενδύσασθαι ἐπιποθοῦντες·
2ငါ တို့သည် မြေ အိမ်၌ ရှိစဉ်တွင်၊ ကောင်းကင် အိမ် ထဲသို့ ဝင်စား ခြင်းငှာအလွန်တောင့်တလိုချင် သော စိတ် ရှိ၍၊ ညည်းတွားမြည်တမ်း လျက် ၊ နေကြ၏။
3εἴγε καὶ ἐνδυσάμενοι οὐ γυμνοὶ εὑρεθησόμεθα.
3ထိုသို့ဝင်စားလျှင် နေရာမဲ့ ဖြစ်မည် မ ဟုတ်။
4Καὶ γὰρ οἱ ὄντες ἐν τῷ σκήνει στενάζομεν βαρούμενοι· ἐφ᾿ ᾧ οὐ θέλομεν ἐκδύσασθαι, ἀλλ᾿ ἐπενδύσασθαι, ἵνα καταποθῇ τὸ θνητὸν ὑπὸ τῆς ζωῆς.
4ဤတဲ ၌ နေ သော ငါ တို့သည် လေး သောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်း ကြ၏။ နေရာထဲက ထွက် ချင် သောကြောင့် ညည်းတွားသည် မဟုတ် ။ သေ တတ်သောအရာကို အသက် ရှင်ခြင်း၌ ဆုံးရှုံး စေခြင်းငှာ ၊ မြဲသောနေရာထဲသို့ ဝင်စား ချင်သောကြောင့် ညည်းတွားကြ၏။
5Ὁ δὲ κατεργασάμενος ἡμᾶς εἰς αὐτὸ τοῦτο Θεός, ὁ καὶ δοὺς ἡμῖν τὸν ἀρραβῶνα τοῦ πνεύματος.
5ထိုသို့သော အကျိုး ကိုခံစေခြင်းငှာငါ တို့ကို ပြင်ဆင် သောသူ ကား ၊ ဘုရားသခင် ပေတည်း။ ထိုဘုရားသခင် သည် ဝိညာဉ် တော်တည်းဟူသောစားရန် ကို ငါ တို့အား ပေး တော်မူပြီ။
6Θαρροῦντες οὖν πάντοτε, καὶ εἰδότες ὅτι ἐνδημοῦντες ἐν τῷ σώματι ἐκδημοῦμεν ἀπὸ τοῦ Κυρίου —
6ထို့ကြောင့် ငါတို့သည် ကိုယ်ခန္ဓါ ၌ နေ မြဲနေစဉ်ကာလ ၊ သခင်ဘုရား နှင့် ကွာဝေးရာအရပ်၌ နေသည်ကို ငါတို့သည်သိ လျက် ၊
7διὰ πίστεως γὰρ περιπατοῦμεν, οὐ διὰ εἴδους —
7အစဉ် ရဲရင့်သောစိတ် ရှိကြ၏။ မျက်မှောက် မ မြင်ဘဲ ယုံကြည် မျှော်လင့်ခြင်းရှိသည်အတိုင်း ၊ ငါတို့သည် ကျင့်ဆောင် ပြုမူသည်ဖြစ်၍၊
8θαρροῦμεν δέ, καὶ εὐδοκοῦμεν μᾶλλον ἐκδημῆσαι ἐκ τοῦ σώματος, καὶ ἐνδημῆσαι πρὸς τὸν Κύριον.
8ကိုယ်ခန္ဓါ နှင့် ကွာဝေး ရာအရပ်သို့သွား၍ ၊ သခင်ဘုရား ထံတော်၌ နေမြဲ နေခြင်းငှာ အလိုရှိ လျက် ၊ ရဲရင့် သောစိတ်နှင့်ပြည့်စုံကြ၏။
9Διὸ καὶ φιλοτιμούμεθα, εἴτε ἐνδημοῦντες, εἴτε ἐκδημοῦντες, εὐάρεστοι αὐτῷ εἶναι.
9ထို့ကြောင့် ငါတို့သည် နေမြဲအရပ်၌ နေ သည် ဖြစ်စေ ၊ ကွာဝေး ရာအရပ်၌နေသည်ဖြစ်စေ ၊ သခင်ဘုရား နှစ်သက် တော်မူသော သူ ဖြစ် ခြင်းငှာစေတနာစိတ်ရှိ၍ ကြိုးစားအားထုတ် ကြ၏။
10Τοὺς γὰρ πάντας ἡμᾶς φανερωθῆναι δεῖ ἔμπροσθεν τοῦ βήματος τοῦ Χριστοῦ, ἵνα κομίσηται ἕκαστος τὰ διὰ τοῦ σώματος, πρὸς ἃ ἔπραξεν, εἴτε ἀγαθόν, εἴτε κακόν.
10အကြောင်းမူကား၊ ငါ တို့ရှိသမျှ သည် ကိုယ်ခန္ဓါ ၌ကျင့် သောအကျင့် ၊ ကောင်း မကောင်း ရှိသည်အတိုင်း အကျိုးအပြစ် ကို အသီးအသီး ခံ ခြင်းငှာ ၊ ခရစ်တော် ၏ တရားပလ္လင် ရှေ့ ၌ ပေါ်လာ ရ ကြမည်။
11Εἰδότες οὖν τὸν φόβον τοῦ Κυρίου ἀνθρώπους πείθομεν, Θεῷ δὲ πεφανερώμεθα· ἐλπίζω δὲ καὶ ἐν ταῖς συνειδήσεσιν ὑμῶν πεφανερῶσθαι.
11သို့ဖြစ်၍ သခင် ဘုရားနှင့်ဆိုင်သောကြောက်မက် ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိ လျှင်၊ လူ များကိုနှိုးဆော် သွေးဆောင်ရသည်ဖြစ်၍ ၊ ဘုရားသခင် ရှေ့တော်၌ ထင်ရှား ကြ၏။ သင် တို့၏စိတ် ရှေ့၌ လည်း ထင်ရှား ကြသည်ဟု ငါထင်မှတ် ၏။
12Οὐ γὰρ πάλιν ἑαυτοὺς συνιστάνομεν ὑμῖν, ἀλλὰ ἀφορμὴν διδόντες ὑμῖν καυχήματος ὑπὲρ ἡμῶν, ἵνα ἔχητε πρὸς τοὺς ἐν προσώπῳ καυχωμένους καὶ οὐ καρδίᾳ.
12ငါ တို့သည်သင် တို့ရှေ့၌ တစ်ဖန် ကိုယ်ကိုကိုယ် ချီးမွမ်း ကြသည်မ ဟုတ်။ စိတ် သဘောကိုမ ထောက်၊ အသွေးအဆင်း ကိုထောက်၍ ဝါကြွား သောသူ တို့၏ စကားကို သင်တို့သည် ချေ နိုင်မည်အကြောင်း ၊ ငါတို့ ကြောင့် ဝါကြွား ခြင်းအခွင့် ကိုသာ ပေး ကြ၏။
13Εἴτε γὰρ ἐξέστημεν, Θεῷ· εἴτε σωφρονοῦμεν, ὑμῖν.
13ငါတို့သည် သူရူး ဖြစ်လျှင် ဘုရားသခင် အဘို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့ အဘို့ ဖြစ်ကြ၏။
14Ἡ γὰρ ἀγάπη τοῦ Χριστοῦ συνέχει ἡμᾶς, κρίναντας τοῦτο, ὅτι εἰ εἷς ὑπὲρ πάντων ἀπέθανεν, ἄρα οἱ πάντες ἀπέθανον·
14အကြောင်းမူကား ၊ တစ်ယောက် သောသူသည် လူအပေါင်း တို့အတွက် ကြောင့် အသေခံ သည်မှန်လျှင် ၊
15καὶ ὑπὲρ πάντων ἀπέθανεν ἵνα οἱ ζῶντες μηκέτι ἑαυτοῖς ζῶσιν, ἀλλὰ τῷ ὑπὲρ αὐτῶν ἀποθανόντι καὶ ἐγερθέντι.
15လူအပေါင်း တို့သည် သေ လျက်နေကြသည် ဟူ၍၎င်း ၊ အသက် ရှင်သောသူ တို့သည် တဖန်ကိုယ် အလို သို့လိုက်၍ မ ရှင်၊ သူ တို့အတွက် ကြောင့် အသေခံ ပြီးမှ ထမြောက် တော်မူသော သူ ၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း ၊ လူအပေါင်း တို့အတွက် ကြောင့် အသေခံ တော်မူသည်ဟူ၍၎င်း၊ ငါ တို့သည်သဘောထား လျက်၊ ခရစ်တော် ၏ချစ် ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏။
16Ὥστε ἡμεῖς ἀπὸ τοῦ νῦν οὐδένα οἴδαμεν κατὰ σάρκα· εἰ δὲ καὶ ἐγνώκαμεν κατὰ σάρκα Χριστόν, ἀλλὰ νῦν οὐκέτι γινώσκομεν.
16သို့ဖြစ်လျှင် ၊ ယခု မှစ၍ ငါ တို့သည် ဇာတိ အမျိုးကိုထောက် ၍ အဘယ်သူ ကိုမျှမသိ မမှတ်။ ဇာတိ အမျိုးကိုထောက် ၍ ခရစ်တော် ကို အထက်က သိမှတ် သော်လည်း ၊ ယခု မှစ၍ ထိုသို့သောသိမှတ် ခြင်းမ ရှိ။
17Ὥστε εἴ τις ἐν Χριστῷ, καινὴ κτίσις· τὰ ἀρχαῖα παρῆλθεν, ἰδού, γέγονε καινὰ τὰ πάντα.
17လူ မည်သည်ကား ၊ ခရစ်တော် ၌ ရှိလျှင် အသစ် ပြုပြင် သောသတ္တဝါဖြစ်၏။ ဟောင်း သောအရာ တို့သည်ပြောင်းလဲ ၍ ခပ်သိမ်း သောအရာတို့သည် အသစ် ဖြစ် ကြပြီ။
18Τὰ δὲ πάντα ἐκ τοῦ Θεοῦ, τοῦ καταλλάξαντος ἡμᾶς ἑαυτῷ διὰ Ἰησοῦ Χριστοῦ, καὶ δόντος ἡμῖν τὴν διακονίαν τῆς καταλλαγῆς·
18ထိုသို့ဖြစ်သော်ဘုရားသခင် ၏ တန်ခိုးတော်အားဖြင့်ဖြစ်ကြ၏။ ဘုရားသခင် သည် ယေရှုခရစ် အားဖြင့် ငါ တို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော် နှင့် မိသ္သဟာယဖွဲ့ စေတော်မူ၏။ ထိုမိဿဟာယ တရား ကို ဟောရသော အခွင့်အရာကို ငါ တို့၌အပ်ပေး တော်မူ၏။
19ὡς ὅτι Θεὸς ἦν ἐν Χριστῷ κόσμον καταλλάσσων ἑαυτῷ, μὴ λογιζόμενος αὐτοῖς τὰ παραπτώματα αὐτῶν, καὶ θέμενος ἐν ἡμῖν τὸν λόγον τῆς καταλλαγῆς.
19ထိုတရား ဟူမူကား၊ ဘုရားသခင် သည် ခရစ်တော် အထဲ ၌ ရှိ နေလျက်၊ လောကီသား တို့၏ အပြစ် များ ကို မှတ် တော်မ မူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့စေတော်မူ၏။ ထိုမိဿဟာယ တရား ကိုလည်း ငါ တို့၌ အပ်ပေး တော်မူ၏။
20Ὑπὲρ Χριστοῦ οὖν πρεσβεύομεν, ὡς τοῦ Θεοῦ παρακαλοῦντος δι᾿ ἡμῶν· δεόμεθα ὑπὲρ Χριστοῦ, καταλλάγητε τῷ Θεῷ.
20ထို့ကြောင့် ငါတို့သည်ခရစ်တော် ၏ သံတမန်ဖြစ် ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင် နှင့် မိဿဟာယ ဖွဲ့ကြလော့ဟု ဘုရားသခင် သည် ငါ တို့အားဖြင့် နှိုးဆော်သွေးဆောင် တော်မူသကဲ့သို့ ၊ ငါတို့သည် ခရစ်တော် ၏ ကိုယ်စားဖြစ်၍သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။
21Τὸν γὰρ μὴ γνόντα ἁμαρτίαν, ὑπὲρ ἡμῶν ἁμαρτίαν ἐποίησεν, ἵνα ἡμεῖς γινώμεθα δικαιοσύνη Θεοῦ ἐν αὐτῷ.
21အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ် နှင့် ကင်းစင် သောသူ ကို ငါ တို့အတွက် ကြောင့် အပြစ် ရှိသောသူဖြစ် စေတော်မူ၏။ အကြောင်းမူကား ၊ ငါ တို့သည်ထိုသူ အားဖြင့်ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ် သောသူဖြစ် မည်အကြောင်းတည်း။
Tip: use the ← and → keys to turn chapters.