ΠΡΟΣ ΚΟΡΙΝΘΙΟΥΣ Β
Chapter 7

ΠΡΟΣ ΚΟΡΙΝΘΙΟΥΣ Β

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΠΡΟΣ ΚΟΡΙΝΘΙΟΥΣ Β 7

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Ταύτας οὖν ἔχοντες τὰς ἐπαγγελίας, ἀγαπητοί, καθαρίσωμεν ἑαυτοὺς ἀπὸ παντὸς μολυσμοῦ σαρκὸς καὶ πνεύματος, ἐπιτελοῦντες ἁγιωσύνην ἐν φόβῳ Θεοῦ.
1ထိုကြောင့် ချစ်သူ တို့၊ ထို ဂတိ တော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓါ ၏ အညစ်အကြေး ၊ စိတ်ဝိညာဉ် ၏အညစ်အကြေးရှိသမျှ တို့နှင့် ကိုယ်ကိုကိုယ် ကင်းစင် စေလျက်၊ ဘုရားသခင် ကို ကြောက်ရွံ့ ၍ သန့်ရှင်း ခြင်းပါရမီနှင့် ပြည့်စုံ ကြကုန်အံ့။
2Χωρήσατε ἡμᾶς· οὐδένα ἠδικήσαμεν, οὐδένα ἐφθείραμεν, οὐδένα ἐπλεονεκτήσαμεν.
2ငါ တို့ကိုလက်ခံ ကြလော့။ ငါတို့သည် အဘယ်သူ ကိုမျှမပြစ်မှား ။ အဘယ်သူ ကိုမျှမယိုယွင်း စေ၊ အဘယ်သူ ၏ဥစ္စာကိုမျှပရိယာယ် အားဖြင့်မယူ။
3Οὐ πρὸς κατάκρισιν λέγω· προείρηκα γάρ, ὅτι ἐν ταῖς καρδίαις ἡμῶν ἐστὲ εἰς τὸ συναποθανεῖν καὶ συζῇν.
3သင်တို့ကိုအပြစ်တင် ၍ ဤသို့ငါ ဆိုသည်မ ဟုတ်။ သင်တို့နှင့်အတူအသက် ရှင်ခြင်းငှာ၎င်း ၊ သေ ခြင်းငှာ၎င်း၊ အလိုရှိသည်တိုင်အောင် ၊ ငါ တို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြော ခဲ့ပြီ။
4Πολλή μοι παρρησία πρὸς ὑμᾶς, πολλή μοι καύχησις ὑπὲρ ὑμῶν· πεπλήρωμαι τῇ παρακλήσει, ὑπερπερισσεύομαι τῇ χαρᾷ ἐπὶ πάσῃ τῇ θλίψει ἡμῶν.
4သင် တို့ကြောင့် အလွန် ရဲရင့်ခြင်း ရှိ၏။ သင် တို့ကြောင့် အလွန် ကြွားဝါ ခြင်းရှိရ၏။ သက်သာ ခြင်းနှင့် ပြည့်စုံ ၏။ ညှင်းဆဲ ခြင်းကို ခံလေရာရာ ၌ အတိုင်း ထက် အလွန်ဝမ်းမြောက် ခြင်းရှိ၏။
5Καὶ γὰρ ἐλθόντων ἡμῶν εἰς Μακεδονίαν οὐδεμίαν ἔσχηκεν ἄνεσιν ἡ σὰρξ ἡμῶν, ἀλλ᾿ ἐν παντὶ θλιβόμενοι· ἔξωθεν μάχαι, ἔσωθεν φόβοι.
5ငါ တို့သည် မာကေဒေါနိ ပြည်သို့ ရောက် သောအခါ ၊ ကိုယ် ကာယငြိမ်ဝပ် ခြင်း အလျှင်း မ ရှိ၊ အရာရာ ၌ ညှဉ်းဆဲ ခြင်းကို ခံကြရ၏။ ပြင် ၌ ကား တိုက်လှန် ခြင်းရှိ၏။ အတွင်း ၌ကားစိုးရိမ် ခြင်းရှိ၏။
6Ἀλλ᾿ ὁ παρακαλῶν τοὺς ταπεινοὺς παρεκάλεσεν ἡμᾶς, ὁ Θεός, ἐν τῇ παρουσίᾳ Τίτου·
6သို့သော်လည်း နှိမ့်ချ လျက်ရှိသော သူတို့ ကို သက်သာ စေတော်မူတတ်သော ဘုရားသခင် သည်၊ တိတု ရောက်လာ သောအားဖြင့် ငါ တို့ကို သက်သာ စေတော်မူ၏။
7οὐ μόνον δὲ ἐν τῇ παρουσίᾳ αὐτοῦ, ἀλλὰ καὶ ἐν τῇ παρακλήσει ᾗ παρεκλήθη ἐφ᾿ ὑμῖν, ἀναγγέλλων ἡμῖν τὴν ὑμῶν ἐπιπόθησιν, τὸν ὑμῶν ὀδυρμόν, τὸν ὑμῶν ζῆλον ὑπὲρ ἐμοῦ, ὥστε με μᾶλλον χαρῆναι.
7တိတု ရောက်လာ ခြင်းအားဖြင့် သာ သက်သာစေတော်မူသည်မ ဟုတ်။ တိတု သည် သင် တို့ဆီမှ ရသောသက်သာ ခြင်းအားဖြင့် လည်း သက်သာ စေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ သင် တို့၏တောင့်တ ခြင်း၊ ညည်းတွား ခြင်း၊ ငါ ၏အကျိုးအလို့ငှာ စေတနာ စိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည်ငါ တို့အား ကြားပြော ၏။ ထိုကြောင့် ငါ သည်သာ၍ ဝမ်းမြောက် ခြင်းရှိ၏။
8Ὅτι εἰ καὶ ἐλύπησα ὑμᾶς ἐν τῇ ἐπιστολῇ, οὐ μεταμέλομαι, εἰ καὶ μετεμελόμην· βλέπω γὰρ ὅτι ἡ ἐπιστολὴ ἐκείνη, εἰ καὶ πρὸς ὥραν, ἐλύπησεν ὑμᾶς.
8အထက်ကပေးလိုက်သောစာ အားဖြင့် သင် တို့ကို ဝမ်းနည်း စေသောကြောင့် ၊ ငါသည်ယခင်အခါ၌ နောင်တ ရှိသော်လည်း ယခုအခါ၌ မ ရှိ။ အကြောင်းမူကား ၊ ထို စာ သည်သင် တို့ကို ခဏ သာ ဝမ်းနည်း စေသည် ကို ငါမြင် ၏။
9Νῦν χαίρω, οὐχ ὅτι ἐλυπήθητε, ἀλλ᾿ ὅτι ἐλυπήθητε εἰς μετάνοιαν· ἐλυπήθητε γὰρ κατὰ Θεόν, ἵνα ἐν μηδενὶ ζημιωθῆτε ἐξ ἡμῶν.
9သင်တို့ဝမ်းနည်း စေသောကြောင့် ငါဝမ်းမြောက်သည်မ ဟုတ်။ ဝမ်းနည်း စေ၍ နောင်တရ သောကြောင့် ငါဝမ်းမြောက်ခြင်းရှိ ၏။ ငါ တို့အားဖြင့် သင်တို့၏ အကျိုး အလျှင်း မပျက်ရမည်အကြောင်း ၊ ဘုရားသခင် ၏ အလို တော်နှင့်အညီ ဝမ်းနည်း စေကြ၏။
10Ἡ γὰρ κατὰ Θεὸν λύπη μετάνοιαν εἰς σωτηρίαν ἀμεταμέλητον κατεργάζεται· ἡ δὲ τοῦ κόσμου λύπη θάνατον κατεργάζεται.
10အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ၏ အလို တော်နှင့် ညီသော ဝမ်းနည်း ခြင်းသည် ကယ်တင် ခြင်းနှင့် ယှဉ်သောနောင်တ စိတ် တည်းဟူသော၊ မ ပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင် တတ်၏။ လောကီ ဝမ်းနည်း ခြင်းမူကား ၊ သေ ခြင်းကိုပြုပြင် တတ်၏။
11Ἰδοὺ γάρ, αὐτὸ τοῦτο, τὸ κατὰ Θεὸν λυπηθῆναι ὑμᾶς, πόσην κατειργάσατο ὑμῖν σπουδήν, ἀλλὰ ἀπολογίαν, ἀλλὰ ἀγανάκτησιν, ἀλλὰ φόβον, ἀλλὰ ἐπιπόθησιν, ἀλλὰ ζῆλον, ἀλλ᾿ ἐκδίκησιν. Ἐν παντὶ συνεστήσατε ἑαυτοὺς ἁγνοὺς εἶναι ἐν τῷ πράγματι.
11ဘုရားသခင် ၏အလိုတော်နှင့် ညီသော သင်တို့၏ ဝမ်းနည်း ခြင်းသည် သင် တို့၌ အဘယ်သို့ သော သတိပြု ခြင်း၊ ကိုယ်အပြစ်ကိုဖြေ ခြင်း၊ အမျက်ထွက် ခြင်း၊ ကြောက်ရွံ့ ခြင်း၊ အလွန်တောင့်တ ခြင်း၊ ငါ၏အကျိုး အလို့ငှာ စိတ် အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်း တို့ကို ပြုပြင် သည်ကို ကြည့်ရှု ကြလော့။ သင် တို့သည် ဤအမှု ၌ အပြစ်ကင်း သည်ကို အရာရာ အားဖြင့် ထင်ရှား ပြကြပြီ။
12Ἄρα εἰ καὶ ἔγραψα ὑμῖν, οὐχ εἵνεκεν τοῦ ἀδικήσαντος, οὐδὲ εἵνεκεν τοῦ ἀδικηθέντος, ἀλλ᾿ εἵνεκεν τοῦ φανερωθῆναι τὴν σπουδὴν ἡμῶν τὴν ὑπὲρ ὑμῶν πρὸς ὑμᾶς ἐνώπιον τοῦ Θεοῦ.
12ထိုသို့နှင့်အညီ၊ ငါသည်သင် တို့အား ရေး ၍ ပေးလိုက်သောအခါ ၊ ပြစ်မှား သောသူ နှင့် ပြစ်မှား ခြင်း ခံရသောသူ ကိုသာ ထောက်၍ ရေး သည်မဟုတ်။ သင် တို့အကျိုးကိုငါ တို့သည် ဘုရားသခင် ရှေ့ တော်၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်း ကိုသင် တို့အား ထင်ရှား စေခြင်းငှာရေးသတည်း။
13Διὰ τοῦτο παρακεκλήμεθα ἐπὶ τῇ παρακλήσει ὑμῶν· περισσοτέρως δὲ μᾶλλον ἐχάρημεν ἐπὶ τῇ χαρᾷ Τίτου, ὅτι ἀναπέπαυται τὸ πνεῦμα αὐτοῦ ἀπὸ πάντων ὑμῶν.
13ထိုကြောင့် သင်တို့၏ သက်သာ ခြင်းအကြောင်း အားဖြင့်၊ ငါတို့သည်လည်း သက်သာ ခြင်းသို့ရောက်သည် သာမက ၊ တိတု ၏ဝမ်းမြောက် ခြင်းအကြောင်း အားဖြင့်သာ၍အလွန် ဝမ်းမြောက် ကြ၏။ သင် တို့ရှိသမျှ သည် ထိုသူ ၏စိတ်နှလုံး ကို သက်သာ ဝမ်းမြောက်စေကြသည် ဖြစ်၍ ၊
14Ὅτι εἴ τι αὐτῷ ὑπὲρ ὑμῶν κεκαύχημαι, οὐ κατῃσχύνθην· ἀλλ᾿ ὡς πάντα ἐν ἀληθείᾳ ἐλαλήσαμεν ὑμῖν, οὕτω καὶ ἡ καύχησις ἡμῶν ἡ ἐπὶ Τίτου ἀλήθεια ἐγενήθη.
14အထက် ကငါသည် သင် တို့ကိုအကြောင်း ပြု၍ ဝါကြွား သော စကားကိုထိုသူ အားပြောပြီးလျှင် ၊ ယခု ရှက်ကြောက် ခြင်းမ ရှိ။ ငါတို့သည် အရာရာ ၌ သင် တို့အား ဟုတ်မှန် စွာပြော သည်နည်းတူ ၊ တိတု ရှေ့ ၌ ငါ ဝါကြွား သောစကားသည်လည်း မှန် သောစကားဖြစ် ကြောင်း ထင်ရှား ၏။
15Καὶ τὰ σπλάγχνα αὐτοῦ περισσοτέρως εἰς ὑμᾶς ἐστίν, ἀναμιμνῃσκομένου τὴν πάντων ὑμῶν ὑπακοήν, ὡς μετὰ φόβου καὶ τρόμου ἐδέξασθε αὐτόν.
15သင်တို့သည် ကြောက်ရွံ့ တုန်လှုပ် ခြင်းနှင့် သူ တို့ လက်ခံ ၍ နားထောင် ကြသည်ကို သူ သည် အောက်မေ့ သဖြင့် ၊ သင် တို့ကို ချစ် သနားခြင်းမေတ္တာကရုဏာစိတ်နှင့် အလွန် ပြည့်စုံ၏။
16Χαίρω οὖν ὅτι ἐν παντὶ θαρρῶ ἐν ὑμῖν.
16ငါသည်အရာရာ ၌ သင် တို့ကို ယုံ နိုင်သောကြောင့် ဝမ်းမြောက် ခြင်းရှိ၏။

Tip: use the ← and → keys to turn chapters.