ΠΕΤΡΟΥ Β
Chapter 1

ΠΕΤΡΟΥ Β

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΠΕΤΡΟΥ Β 1

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Συμεὼν Πέτρος, δοῦλος καὶ ἀπόστολος Ἰησοῦ Χριστοῦ, τοῖς ἰσότιμον ἡμῖν λαχοῦσι πίστιν ἐν δικαιοσύνῃ τοῦ Θεοῦ ἡμῶν καὶ σωτῆρος ἡμῶν Ἰησοῦ Χριστοῦ·
1ယေရှု ခရစ် ၏ကျွန် တမန်တော် ငါရှိမုန် ပေတရု သည် ကယ်တင် တော်မူသောအရှင်၊ ငါ တို့ဘုရားသခင် ယေရှု ခရစ် ၏ ဖြောင့်မတ် ခြင်းတရားကို ငါ တို့ ယုံကြည် သည်နည်းတူ ၊ မြတ်စွာသော ယုံကြည်ခြင်း ကို ရသောသူ တို့အား ကြားလိုက်ပါ၏။
2χάρις ὑμῖν καὶ εἰρήνη πληθυνθείη ἐν ἐπιγνώσει τοῦ Θεοῦ, καὶ Ἰησοῦ τοῦ Κυρίου ἡμῶν·
2ဘုရားသခင် ကို၎င်း ၊ ငါ တို့သခင် ယေရှု ကို၎င်း၊ သိသောဉာဏ် အားဖြင့် ၊ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌များပြား ပါစေသော။
3ὡς πάντα ἡμῖν τῆς θείας δυνάμεως αὐτοῦ τὰ πρὸς ζωὴν καὶ εὐσέβειαν δεδωρημένης, διὰ τῆς ἐπιγνώσεως τοῦ καλέσαντος ἡμᾶς διὰ δόξης καὶ ἀρετῆς·
3ထိုသို့နှင့်အညီ ငါ တို့ကိုဘုန်းတန်ခိုး တော်နှင့် ခေါ် တော်မူသော ဘုရား ကို သိသောဉာဏ် အားဖြင့် ၊ ငါ တို့အားအသက် ရှင်ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှ တို့ကို ဘုရား တန်ခိုး တော်သည် ပေး သနားတော်မူပြီ။
4δι᾿ ὧν τὰ μέγιστα ἡμῖν καὶ τίμια ἐπαγγέλματα δεδώρηται, ἵνα διὰ τούτων γένησθε θείας κοινωνοὶ φύσεως, ἀποφυγόντες τῆς ἐν κόσμῳ ἐν ἐπιθυμίᾳ φθορᾶς.
4ထိုသို့သောအားဖြင့် လည်း အလွန်ကြီးမြတ် ၍ အဘိုး ထိုက်သော ဂတိ များကို ငါ တို့၌အပ်ပေး တော်မူပြီ။ အကြောင်းမူကား၊ ထို ဂတိတော် များ ကို အမှီပြု ၍ သင်တို့သည် လောကီ တပ်မက် ခြင်းအညစ်အကြေး နှင့် ကင်းလွတ် သဖြင့်၊ ဘုရား ပကတိ ကိုဆက်ဆံ ရသောသူ ဖြစ် ကြမည်အကြောင်း တည်း။
5Καὶ αὐτὸ τοῦτο δέ, σπουδὴν πᾶσαν παρεισενέγκαντες, ἐπιχορηγήσατε ἐν τῇ πίστει ὑμῶν τὴν ἀρετήν, ἐν δὲ τῇ ἀρετῇ τὴν γνῶσιν,
5ထိုသို့ အလိုငှာ၊ သင် တို့သည် ယုံကြည် ခြင်း၌ သီလ ကို၎င်း ၊ သီလ ၌ ပညာ ကို၎င်း၊
6ἐν δὲ τῇ γνώσει τὴν ἐγκράτειαν, ἐν δὲ τῇ ἐγκρατείᾳ τὴν ὑπομονήν, ἐν δὲ τῇ ὑπομονῇ τὴν εὐσέβειαν,
6ပညာ ၌ ကာမဂုဏ် ချုပ်တည်းခြင်းကို၎င်း ၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်းခံ ခြင်းကို၎င်း၊ သည်းခံ ခြင်း၌ ဘုရား ဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊
7ἐν δὲ τῇ εὐσεβείᾳ τὴν φιλαδελφίαν, ἐν δὲ τῇ φιλαδελφίᾳ τὴν ἀγάπην.
7ထိုမွေ့လျော် ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကို၎င်း ၊ ညီအစ်ကို စုံမက်ခြင်း၌ ချစ် ခြင်းမေတ္တာကို၎င်း၊ အလွန် ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။
8Ταῦτα γὰρ ὑμῖν ὑπάρχοντα καὶ πλεονάζοντα, οὐκ ἀργοὺς οὐδὲ ἀκάρπους καθίστησιν εἰς τὴν τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ ἐπίγνωσιν.
8အကြောင်းမူကား ၊ ထိုပါရမီ တို့သည် သင် တို့၌ ရှိ ၍ ကြွယ်ဝ လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ မ ပျင်းရိ စေခြင်းငှာ၎င်း၊ အကျိုးမဲ့ မ ဖြစ်စေခြင်းငှာ၎င်း၊ ပြုပြင်တတ်ကြ၏။
9ᾯ γὰρ μὴ πάρεστι ταῦτα, τυφλός ἐστι, μυωπάζων, λήθην λαβὼν τοῦ καθαρισμοῦ τῶν πάλαι αὐτοῦ ἁμαρτιῶν.
9ထို ပါရမီနှင့် ကင်း သောသူ မူကား ၊ မျက်စိ ကန်း၏။ ကိုယ်မျက်စိကိုကိုယ်ပိတ် ၏။ မိမိ အပြစ် ဟောင်း ဆေးကြော ကြောင်းကို မေ့လျော့ ၏။
10Διὸ μᾶλλον, ἀδελφοί, σπουδάσατε βεβαίαν ὑμῶν τὴν κλῆσιν καὶ ἐκλογὴν ποιεῖσθαι· ταῦτα γὰρ ποιοῦντες οὐ μὴ πταίσητέ ποτε·
10ထိုကြောင့် ၊ ညီအစ်ကို တို့၊ သင် တို့ခံရ သော ခေါ် တော်မူခြင်းနှင့် ရွေးချယ် တော်မူခြင်းကို တည်မြဲ စေခြင်းငှာသာ၍ ကြိုးစား အားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍၊
11οὕτω γὰρ πλουσίως ἐπιχορηγηθήσεται ὑμῖν ἡ εἴσοδος εἰς τὴν αἰώνιον βασιλείαν τοῦ Κυρίου ἡμῶν καὶ σωτῆρος Ἰησοῦ Χριστοῦ.
11ငါ တို့ကို ကယ်တင် တော်မူသောအရှင်သခင် ယေရှု ခရစ် ၏ ထာဝရ နိုင်ငံ တော်ထဲသို့ ဝင်စား ခြင်းအခွင့် ကို သင် တို့အားကြွယ်ဝ စွာပေး သနားတော်မူလတံ့။
12Διὸ οὐκ ἀμελήσω ὑμᾶς ἀεὶ ὑπομιμνῄσκειν περὶ τούτων, καίπερ εἰδότας, καὶ ἐστηριγμένους ἐν τῇ παρούσῃ ἀληθείᾳ.
12ထိုကြောင့် ၊ ယခု ဟောပြောသောသမ္မာတရား ကို သင်တို့သည် နားလည် ၍ တည်ကြည် ခြင်းရှိသော်လည်း ၊ ဤသို့သောစကားများနှင့် သင် တို့အား အစဉ်မပြတ် သတိပေး မည် အမှုကို ငါမမေ့မလျော့။
13Δίκαιον δὲ ἡγοῦμαι, ἐφ᾿ ὅσον εἰμὶ ἐν τούτῳ τῷ σκηνώματι, διεγείρειν ὑμᾶς ἐν ὑπομνήσει·
13ငါ တို့သခင် ယေရှု ခရစ် သည် ဗျာဒိတ် ပေးတော်မူသည်အတိုင်း ၊
14εἰδὼς ὅτι ταχινή ἐστιν ἡ ἀπόθεσις τοῦ σκηνώματός μου, καθὼς καὶ ὁ Κύριος ἡμῶν Ἰησοῦς Χριστὸς ἐδήλωσέ μοι.
14ငါ တည်းခို ရာတဲကို မ ကြာမမြင့်မှီ ငါပစ် သွားရမည်အရာ ကို ငါသိမှတ် ၍၊ ဤ တဲ ၌ ရှိ နေစဉ်ကာလ ပတ်လုံး ၊ သင် တို့ကို သတိပေး ၍ နှိုးဆော် အပ်သည်ဟု ငါသဘော ရှိ၏။
15Σπουδάσω δὲ καὶ ἑκάστοτε ἔχειν ὑμᾶς μετὰ τὴν ἐμὴν ἔξοδον τὴν τούτων μνήμην ποιεῖσθαι.
15ထိုမှတစ်ပါး ၊ ငါ စုတေ့သည်နောက် ၊ သင် တို့သည် ဤ အရာများကို အစဉ် မှတ်မိ စေခြင်းငှာငါ ကြိုးစားအားထုတ်မည်။
16Οὐ γὰρ σεσοφισμένοις μύθοις ἐξακολουθήσαντες ἐγνωρίσαμεν ὑμῖν τὴν τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ δύναμιν καὶ παρουσίαν, ἀλλ᾿ ἐπόπται γενηθέντες τῆς ἐκείνου μεγαλειότητος.
16ငါ တို့သခင် ယေရှု ခရစ် ၏ တန်ခိုး တော်ကို၎င်း ၊ ကြွလာ တော်မူခြင်းကို၎င်း၊ သင် တို့အား ကြားပြော သောအခါ၊ ငါတို့သည် ပရိယာယ် နှင့် ပြင်ဆင် သော ဒဏ္ဍာရီ စကားကိုမ လိုက် ၊ ဘုန်း အာနုဘော်တော်ကို ကိုယ်တိုင် မြင် သော သူ ဖြစ် ကြ၏။
17Λαβὼν γὰρ παρὰ Θεοῦ πατρὸς τιμὴν καὶ δόξαν, φωνῆς ἐνεχθείσης αὐτῷ τοιᾶσδε ὑπὸ τῆς μεγαλοπρεποῦς δόξης, Οὗτός ἐστιν ὁ υἱός μου ὁ ἀγαπητός, εἰς ὃν ἐγὼ εὐδόκησα·
17အဘယ်သို့ နည်းဟူမူကား၊ ဤသူ သည် ငါ နှစ်သက် မြတ်နိုးရာ၊ ငါ ၏ ချစ်သား ပေတည်းဟူသောအသံ တော်သည်၊ ထူးမြတ် သောအရောင်အဝါ တော်ထဲက၊ ထိုသခင် သို့ရောက် သောအခါ၊ ခမည်းတော် ဘုရားသခင့် အထံ တော်မှ ဂုဏ်သရေ ဘုန်း အာနုဘော်ကိုခံရ တော်မူ၏။
18καὶ ταύτην τὴν φωνὴν ἡμεῖς ἠκούσαμεν ἐξ οὐρανοῦ ἐνεχθεῖσαν, σὺν αὐτῷ ὄντες ἐν τῷ ὄρει τῷ ἁγίῳ.
18ကောင်းကင် က ရောက်လာ သော ထို အသံ တော် ကို ငါ တို့သည် သန့်ရှင်း သောတောင် ပေါ်မှာ သခင် ဘုရား နှင့်အတူ ရှိ သောအခါကြား ရကြ၏။
19Καὶ ἔχομεν βεβαιότερον τὸν προφητικὸν λόγον, ᾧ καλῶς ποιεῖτε προσέχοντες, ὡς λύχνῳ φαίνοντι ἐν αὐχμηρῷ τόπῳ, ἕως οὗ ἡμέρα διαυγάσῃ, καὶ φωσφόρος ἀνατείλῃ ἐν ταῖς καρδίαις ὑμῶν·
19ထိုမှတစ်ပါး၊ သာ၍ မြဲမြံသော အနာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ် နှလုံးထဲ၌ အာရုဏ်တက် ၍ ကြယ်နီပေါ်ထွက် သည် ကာလ တိုင်အောင် ၊ ထို အနာဂတ္တိ စကား တော်ကို မှောင်မိုက် အရပ် ၌ ထွန်းလင်း သောဆီမီး ကဲ့သို့ မှတ် ၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။
20τοῦτο πρῶτον γινώσκοντες, ὅτι πᾶσα προφητεία γραφῆς ἰδίας ἐπιλύσεως οὐ γίνεται.
20ကျမ်းစာ ၌ပါသော အနာဂတ္တိ စကားမည်သည်ကား ၊ ကိုယ် အလိုအလျောက်အနက် မ ပေါ်ဟု ရှေ့ဦးစွာ သိမှတ် ကြလော့။
21Οὐ γὰρ θελήματι ἀνθρώπου ἠνέχθη ποτὲ προφητεία, ἀλλ᾿ ὑπὸ πνεύματος ἁγίου φερόμενοι ἐλάλησαν οἱ ἅγιοι Θεοῦ ἄνθρωποι.
21အကြောင်းမူကား ၊ အနာဂတ္တိ စကားသည် လူ အလို အားဖြင့်ဖြစ် ဘူးသည်မ ဟုတ်၊ ဘုရားသခင် ၏ သန့်ရှင်း သောသူ တို့သည် သန့်ရှင်းသော ဝိညာဉ် တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ ၍ ဟောပြော ကြ၏။

Tip: use the ← and → keys to turn chapters.