ΠΕΤΡΟΥ Β 3
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Ταύτην ἤδη, ἀγαπητοί, δευτέραν ὑμῖν γράφω ἐπιστολήν, ἐν αἷς διεγείρω ὑμῶν ἐν ὑπομνήσει τὴν εἰλικρινῆ διάνοιαν,
1ချစ်သူ တို့၊ ဤ ဒုတိယ ဩဝါဒစာ ကို သင် တို့အား ယခု ငါရေး ၍ ပေးလိုက်၏။
2μνησθῆναι τῶν προειρημένων ῥημάτων ὑπὸ τῶν ἁγίων προφητῶν, καὶ τῆς τῶν ἀποστόλων ἡμῶν ἐντολῆς τοῦ Κυρίου καὶ σωτῆρος·
2သန့်ရှင်း သော ပရောဖက် တို့သည်၊ အထက်က ဟောပြော သော စကား များကို၎င်း ၊ ကယ်တင် တော်မူသော အရှင်သခင် ဘုရား၏ တမန်တော် ဖြစ်သော ငါတို့ ပညတ် ကို၎င်း၊ သင် တို့သည် အောက်မေ့ စေခြင်းငှာ၊ ဤ စာနှစ်စောင်၌ သင် တို့၏ ကြည်ဖြူ သော စိတ် ဝိညာဉ် တို့ကို ငါသတိပေး ၍ နှိုးဆော် ၏။
3τοῦτο πρῶτον γινώσκοντες, ὅτι ἐλεύσονται ἐπ᾿ ἐσχάτου τῶν ἡμερῶν ἐμπαῖκται, κατὰ τὰς ἰδίας αὐτῶν ἐπιθυμίας πορευόμενοι,
3ရှေ့ဦးစွာ သိမှတ် အပ်သောအရာ ဟူမူကား၊ နောက်ဆုံး သော ကာလ ၌ ပြက်ယယ်ပြု တတ်သော သူတို့သည်၊ မိမိ တို့တပ်မက် ခြင်းအတိုင်း ကျင့် နေ၍ ၊
4καὶ λέγοντες, Ποῦ ἐστὶν ἡ ἐπαγγελία τῆς παρουσίας αὐτοῦ; Ἀφ᾿ ἧς γὰρ οἱ πατέρες ἐκοιμήθησαν, πάντα οὕτω διαμένει ἀπ᾿ ἀρχῆς κτίσεως.
4သခင် ဘုရားကြွလာ မည်ဟူသော ဂတိ တော် သည် အဘယ်မှာ ရှိ သနည်း။ ဘိုးဘေး များ အိပ်ပျော် သည်နောက်၊ ခပ်သိမ်း သော အရာတို့သည် ဖန်ဆင်း စ က ဖြစ်သကဲ့သို့ ၊ ဖြစ်မြဲ ဖြစ်ကြလိမ့်မည်။
5Λανθάνει γὰρ αὐτοὺς τοῦτο θέλοντας, ὅτι οὐρανοὶ ἦσαν ἔκπαλαι, καὶ γῆ ἐξ ὕδατος καὶ δι᾿ ὕδατος συνεστῶσα, τῷ τοῦ Θεοῦ λόγῳ,
5ရှေး ကာလ၌ မိုဃ်း ကောင်းကင်ကို၎င်း၊ ရေ ထဲက ထွက်၍ရေ ဖြင့် တည် သောမြေကြီး ကို၎င်း၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊
6δι᾿ ὧν ὁ τότε κόσμος ὕδατι κατακλυσθεὶς ἀπώλετο·
6ဖြစ်ဘူးသောလောက ဓါတ်ကို ထိုသို့ အားဖြင့် ရေ နှင့် လွှမ်း မြှုပ်၍ ဖျက်ဆီး ကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။
7οἱ δὲ νῦν οὐρανοὶ καὶ ἡ γῆ τῷ αὐτῷ λόγῳ τεθησαυρισμένοι εἰσί, πυρὶ τηρούμενοι εἰς ἡμέραν κρίσεως καὶ ἀπωλείας τῶν ἀσεβῶν ἀνθρώπων.
7ယခု ရှိသော မိုဃ်း ကောင်းကင်နှင့် မြေကြီး မူကား ၊ တရား ဆုံးဖြတ်၍ အဓမ္မ လူ တို့ကို ဖျက်ဆီး သော နေ့ရက် တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထား လျက် ရှိ ၍၊ မီးရှို့ ခြင်းအဘို့အလိုငှာ နေရစ်သတည်း။
8Ἓν δὲ τοῦτο μὴ λανθανέτω ὑμᾶς, ἀγαπητοί, ὅτι μία ἡμέρα παρὰ Κυρίῳ ὡς χίλια ἔτη, καὶ χίλια ἔτη ὡς ἡμέρα μία.
8ချစ်သူ တို့၊ ထာဝရ ဘုရားမှာ ကာလ တ ရက် သည်၊ အနှစ် တထောင် ကဲ့သို့ ၎င်း ၊ အနှစ် တထောင် သည် တ ရက် ကဲ့သို့ ၎င်း ဖြစ် သည် အရာ တစ်ခုကို မ မေ့လျော့ ကြ နှင့်။
9Οὐ βραδύνει ὁ Κύριος τῆς ἐπαγγελίας, ὥς τινες βραδυτῆτα ἡγοῦνται· ἀλλὰ μακροθυμεῖ εἰς ἡμᾶς, μὴ βουλόμενός τινας ἀπολέσθαι, ἀλλὰ πάντας εἰς μετάνοιαν χωρῆσαι.
9လူအချို့ တို့သည်၊ နှေး ခြင်းကိုမှတ် သည်အတိုင်း ၊ ထာဝရ ဘုရားသည် ဂတိ တော်အရာ မှာ နှေး တော်မ မူ။ ငါတို့တွင်အဘယ်သူ မျှမ ပျက်စီး ဘဲ၊ ရှိသမျှ တို့သည် နောင်တရ စေခြင်းငှာအလို တော်ရှိ၍၊ ငါ တို့ကို သည်းခံ တော်မူ၏။
10Ἥξει δὲ ἡ ἡμέρα Κυρίου ὡς κλέπτης ἐν νυκτί, ἐν ᾗ οἱ οὐρανοὶ ῥοιζηδὸν παρελεύσονται, στοιχεῖα δὲ καυσούμενα λυθήσονται, καὶ γῆ καὶ τὰ ἐν αὐτῇ ἔργα κατακαήσεται.
10သူခိုး သည် ညဉ့်အခါလာသကဲ့သို့ ၊ ထာဝရ ဘုရား၏ နေ့ရက် သည် လာ လိမ့်မည်။ ထိုနေ့ ၌ မိုဃ်း ကောင်းကင်သည် ကြီးစွာ သောအသံနှင့်တကွပျောက်သွား လိမ့်မည်။ မြေကြီး ကိုယ်မှစ၍ ၊ မြေကြီးပေါ်မှာပြုလုပ် သမျှသောအရာတို့သည် လောင်ကျွမ်း ကြလိမ့်မည်။
11Τούτων οὖν πάντων λυομένων, ποταποὺς δεῖ ὑπάρχειν ὑμᾶς ἐν ἁγίαις ἀναστροφαῖς καὶ εὐσεβείαις,
11သို့ဖြစ်၍ ၊ ဤ အရာအလုံးစုံ တို့သည် ကုန်စင်မည်မှန်သောကြောင့်၊
12προσδοκῶντας καὶ σπεύδοντας τὴν παρουσίαν τῆς τοῦ Θεοῦ ἡμέρας, δι᾿ ἣν οὐρανοὶ πυρούμενοι λυθήσονται, καὶ στοιχεῖα καυσούμενα τήκεται;
12မိုဃ်း ကောင်းကင်သည် မီး နှင့်ပျက် ၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင် ၏ နေ့ ရောက် လိမ့်မည်ဟုသင် တို့သည် မြော်လင့် တောင့်တလျက်၊ သန့်ရှင်း သောအကျင့်ကိုကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့ သောသူ ဖြစ် အပ် ကြသနည်း။
13Καινοὺς δὲ οὐρανοὺς καὶ γῆν καινὴν κατὰ τὸ ἐπάγγελμα αὐτοῦ προσδοκῶμεν, ἐν οἷς δικαιοσύνη κατοικεῖ.
13ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ၊ ဖြောင့်မတ် ခြင်းတရားတည်နေရာမိုဃ်း ကောင်းကင်သစ် နှင့် မြေကြီး သစ် ကို ငါတို့သည် ဂတိ တော် နှင့်အညီ မြော်လင့် ကြ၏။
14Διό, ἀγαπητοί, ταῦτα προσδοκῶντες, σπουδάσατε ἄσπιλοι καὶ ἀμώμητοι αὐτῷ εὑρεθῆναι ἐν εἰρήνῃ.
14ထိုသို့ မြော်လင့် ခြင်းရှိသောကြောင့်၊ ချစ်သူ တို့၊ သင်တို့သည် အညစ်အကြေး နှင့် ကင်းစင်၍ အဘယ် အပြစ် မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ် စွာရောက်မည် အကြောင်း ကြိုစား အားထုတ်ကြလော့။
15Καὶ τὴν τοῦ Κυρίου ἡμῶν μακροθυμίαν σωτηρίαν ἡγεῖσθε, καθὼς καὶ ὁ ἀγαπητὸς ἡμῶν ἀδελφὸς Παῦλος κατὰ τὴν αὐτῷ δοθεῖσαν σοφίαν ἔγραψεν ὑμῖν·
15ငါ တို့ချစ် သော ညီ ပေါလု သည်၊ မိမိခံရသော ဉာဏ် ပညာအတိုင်း သင် တို့အား ရေး ၍ ပေး လိုက်သော စာ၌၎င်း၊ သူ သည်ဤ အရာများ ကိုပြော ၍ စီရင်သော ဩဝါဒစာရှိသမျှတို့၌ ၎င်း ပါသည်နှင့်အညီ ၊ ငါ တို့ သခင် ဘုရားသည်းခံ တော်မူခြင်းသည် ကယ်တင် မည် အကြောင်း ဖြစ်သည်ဟုမှတ် ကြလော့။
16ὡς καὶ ἐν πάσαις ταῖς ἐπιστολαῖς, λαλῶν ἐν αὐταῖς περὶ τούτων· ἐν οἷς ἔστι δυσνόητά τινα, ἃ οἱ ἀμαθεῖς καὶ ἀστήρικτοι στρεβλοῦσιν, ὡς καὶ τὰς λοιπὰς γραφάς, πρὸς τὴν ἰδίαν αὐτῶν ἀπώλειαν.
16ထို စာ တို့၌ ခက်ခဲ သောအရာအချို့ ရှိ ၏။ မတတ် သောသူ၊ တည်ကြည် ခြင်းမရှိသောသူ တို့သည်၊ ထို အရာမှစ၍ ကြွင်းသောကျမ်းစာ ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီး တတ်ကြ၏။
17Ὑμεῖς οὖν, ἀγαπητοί, προγινώσκοντες φυλάσσεσθε, ἵνα μή, τῇ τῶν ἀθέσμων πλάνῃ συναπαχθέντες, ἐκπέσητε τοῦ ἰδίου στηριγμοῦ.
17သို့ဖြစ်၍ ၊ ချစ်သူ တို့၊ မတရား သော သူ တို့၏ ပရိယာယ် အားဖြင့် ၊ သင် တို့သည်လည်း သွေးဆောင်ရာသို့ လိုက်၍၊ သင်တို့တည်ကြည် ခြင်းမှ မ ရွေ့လျော့ မည် အကြောင်း၊ ဤအရာများကို သိ နှင့်ပြီဖြစ်၍၊ ကိုယ်ကိုကိုယ်စောင့်ရှောက် ကြလော့။
18Αὐξάνετε δὲ ἐν χάριτι καὶ γνώσει τοῦ Κυρίου ἡμῶν καὶ σωτῆρος Ἰησοῦ Χριστοῦ. Αὐτῷ ἡ δόξα καὶ νῦν καὶ εἰς ἡμέραν αἰῶνος. Ἀμήν.
18ကျေးဇူး တော်၌ ၎င်း ၊ ငါ တို့ကို ကယ်တင် တော်မူသော အရှင် သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ ၎င်း ကြီးပွား ကြလော့။ ထိုသခင် သည် ယခု မှစ၍ ထာဝရ နေ့ရက် ကာလပတ်လုံးဘုန်း အသရေရှိ တော်မူစေ သတည်း။ အာမင် ။
Tip: use the ← and → keys to turn chapters.