ΙΑΚΩΒΟΥ
Chapter 1

ΙΑΚΩΒΟΥ

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΙΑΚΩΒΟΥ 1

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Ἰάκωβος, Θεοῦ καὶ Κυρίου Ἰησοῦ Χριστοῦ δοῦλος, ταῖς δώδεκα φυλαῖς ταῖς ἐν τῇ διασπορᾷ, χαίρειν.
1ဘုရားသခင် နှင့် အရှင် ယေရှု ခရစ် ၏ကျွန် ငါယာကုပ် သည်၊ အရပ်ရပ် တို့၌ ကွဲပြား သော တဆယ် နှစ်ပါးသောအမျိုး တို့ကို မေတ္တာနှင့် ကြား လိုက်ပါ၏။
2Πᾶσαν χαρὰν ἡγήσασθε, ἀδελφοί μου, ὅταν πειρασμοῖς περιπέσητε ποικίλοις,
2ငါ့ ညီအစ်ကို တို့၊ သင် တို့၏ယုံကြည် ခြင်းကို စစ်ကြော စုံစမ်းခြင်းအရာ သည် သည်းခံ ခြင်းကို ပွားစေ တတ် သည်ဟုသိမှတ် လျက်၊ အထူးထူး အပြားပြားစုံစမ်း နှောင့်ရှက်ခြင်းနှင့် တွေ့ကြုံ သောအခါ ၊
3γινώσκοντες ὅτι τὸ δοκίμιον ὑμῶν τῆς πίστεως κατεργάζεται ὑπομονήν·
3ဝမ်းမြောက် စရာ အကြောင်း သက်သက်ဖြစ်သည်ဟု မှတ် ကြလော့။
4ἡ δὲ ὑπομονὴ ἔργον τέλειον ἐχέτω, ἵνα ἦτε τέλειοι καὶ ὁλόκληροι, ἐν μηδενὶ λειπόμενοι.
4သင်တို့သည်အလျှင်း မချို့တဲ့ ဘဲ စေ့စပ် စုံလင် မည်အကြောင်း ၊ သည်းခံ ခြင်းစိတ်သည် အကုန်အစင်ပြုပြင် ပါ စေ။
5Εἰ δέ τις ὑμῶν λείπεται σοφίας, αἰτείτω παρὰ τοῦ διδόντος Θεοῦ πᾶσιν ἁπλῶς, καὶ μὴ ὀνειδίζοντος, καὶ δοθήσεται αὐτῷ.
5သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ပညာ ကိုလို လျှင် ၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ပြုတော်မ မူဘဲ၊ ခပ်သိမ်း သော သူတို့အား စေတနာ စိတ်နှင့် ပေး သနားတော်မူသော ဘုရားသခင် ကို တောင်း စေ၊ တောင်းလျှင် ရ လိမ့်မည်။
6Αἰτείτω δὲ ἐν πίστει, μηδὲν διακρινόμενος· ὁ γὰρ διακρινόμενος ἔοικε κλύδωνι θαλάσσης ἀνεμιζομένῳ καὶ ῥιπιζομένῳ.
6သို့ရာတွင် တွေးတော ခြင်းမ ရှိဘဲယုံကြည် သောစိတ်နှင့် တောင်း ရမည်။ တွေးတော ခြင်းရှိသော သူ သည် ကား ၊ လေ ခတ် ၍ လှုပ်ရှားတတ်သော လှိုင်း တံပိုးနှင့်တူ ၏။
7Μὴ γὰρ οἰέσθω ὁ ἄνθρωπος ἐκεῖνος ὅτι λήψεταί τι παρὰ τοῦ Κυρίου.
7ထိုသို့သောသူ သည် စိတ် နှစ်ခွရှိသောသူ၊ ပြု လေသမျှ တို့၌ မ တည်ကြည်သောသူဖြစ်၍၊
8Ἀνὴρ δίψυχος, ἀκατάστατος ἐν πάσαις ταῖς ὁδοῖς αὐτοῦ.
8ထာဝရ ဘုရား၏ လက်တော်မှ တစ်စုံတစ်ခု ကို ရ မည်ဟုမ ထင် မမှတ်စေနှင့်။
9Καυχάσθω δὲ ὁ ἀδελφὸς ὁ ταπεινὸς ἐν τῷ ὕψει αὐτοῦ·
9အောက်လျှိုး နှိမ့်ချသော ညီအစ်ကို သည်မိမိ ချီးမြှောက် ခြင်းအရာ၌ ဝါကြွား ဝမ်းမြောက်စေ။
10ὁ δὲ πλούσιος ἐν τῇ ταπεινώσει αὐτοῦ· ὅτι ὡς ἄνθος χόρτου παρελεύσεται.
10ငွေရတတ် သော ညီအစ်ကိုသည် မိမိ နှိမ့်ချ ဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူကား ၊ သူသည်မြက် ပွင့် ကဲ့သို့ ဖောက်ပြန် ခြင်းသဘောရှိ၏။
11Ἀνέτειλε γὰρ ὁ ἥλιος σὺν τῷ καύσωνι, καὶ ἐξήρανε τὸν χόρτον, καὶ τὸ ἄνθος αὐτοῦ ἐξέπεσε, καὶ ἡ εὐπρέπεια τοῦ προσώπου αὐτοῦ ἀπώλετο· οὕτω καὶ ὁ πλούσιος ἐν ταῖς πορείαις αὐτοῦ μαρανθήσεται.
11နေ သည်ပူ သော အရှိန်နှင့် ထွက် သောအခါ ၊ မြက်ပင် သည် သွေ့ခြောက် ခြင်းသို့ရောက်၍ အပွင့် လည်း ကြွေ တတ်၏။ တင့်တယ် သော အသွေးအဆင်း လည်း ပျောက်ပျက် တတ်၏။ ထိုနည်းတူ ၊ ငွေရတတ် သောသူ သည် မိမိ အမှုအရာတို့၌ ညှိုးနွမ်း ပျောက်ပျက်ခြင်းသို့ရောက်တတ်၏။
12Μακάριος ἀνὴρ ὃς ὑπομένει πειρασμόν· ὅτι δόκιμος γενόμενος λήψεται τὸν στέφανον τῆς ζωῆς, ὃν ἐπηγγείλατο ὁ Κύριος τοῖς ἀγαπῶσιν αὐτόν.
12စုံစမ်းနှောင့်ရှက်ခြင်း ကို သည်းခံ သောသူ သည် မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ စစ်ကြော စုံစမ်းခြင်းကို ခံ ပြီးမှသခင် ဘုရားကို ချစ် သော သူ တို့အား ဂတိ ထားတော်မူသောအသက် သရဖူ ကို ရ လိမ့်မည်။
13Μηδεὶς πειραζόμενος λεγέτω ὅτι Ἀπὸ τοῦ Θεοῦ πειράζομαι· ὁ γὰρ Θεὸς ἀπείραστός ἐστι κακῶν, πειράζει δὲ αὐτὸς οὐδένα·
13အပြစ် သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင် သည် ငါ့ကိုသွေးဆောင် တော်မူသည်ဟု မ ပြော စေနှင့်။ မ ကောင်းသောအရာသည် ဘုရားသခင် ကိုမ သွေးဆောင်နိုင် ရာ။ ကိုယ်တော်သည်လည်း အဘယ်သူ ကိုမျှ အပြစ်သို့ သွေးဆောင် တော်မမူ။
14ἕκαστος δὲ πειράζεται, ὑπὸ τῆς ἰδίας ἐπιθυμίας ἐξελκόμενος καὶ δελεαζόμενος.
14မိမိ တပ်မက်သောစိတ် ဆွဲငင် ဖြားယောင်း ခြင်းကို ခံသောသူ မည်သည်ကား ၊ အပြစ်သွေးဆောင် ခြင်းသို့ ရောက်တတ်၏။
15Εἶτα ἡ ἐπιθυμία συλλαβοῦσα τίκτει ἁμαρτίαν· ἡ δὲ ἁμαρτία ἀποτελεσθεῖσα ἀποκύει θάνατον.
15တပ်မက်သောစိတ် သည် ပဋိသန္ဓေ ယူ၍ဒုစရိုက် သည်လည်း ပြည့်စုံ လျှင်သေ ခြင်းကို ဘွား တတ်၏။
16Μὴ πλανᾶσθε, ἀδελφοί μου ἀγαπητοί.
16ငါ ချစ် သောညီအစ်ကို တို့၊ အလွဲ မ ယူကြနှင့်။ ကောင်းမြတ် စုံလင် သော ဆု ကျေးဇူး ရှိသမျှ တို့သည် အလင်း တို့၏ အဘ ထံ တော်က သက်ရောက် သည်ဖြစ်၍၊ အထက် အရပ်မှ လာ ကြ၏။
17Πᾶσα δόσις ἀγαθὴ καὶ πᾶν δώρημα τέλειον ἄνωθέν ἐστι, καταβαῖνον ἀπὸ τοῦ πατρὸς τῶν φώτων, παρ᾿ ᾧ οὐκ ἔνι παραλλαγή, ἢ τροπῆς ἀποσκίασμα.
17ထိုအဘ သည် ရွေ့လျော့ တိမ်းယိမ်းခြင်းမ ရှိ ၊ ပြောင်းလဲ ခြင်းအရိပ် နှင့် ကင်းလွတ်တော်မူ၏။
18Βουληθεὶς ἀπεκύησεν ἡμᾶς λόγῳ ἀληθείας, εἰς τὸ εἶναι ἡμᾶς ἀπαρχήν τινα τῶν αὐτοῦ κτισμάτων.
18နိမ္မိတ သတ္တဝါတို့တွင် ငါ တို့သည် အဦး သီးသောအသီးကဲ့သို့ ဖြစ် စေခြင်းငှာ၊ သမ္မာတရား စကား အားဖြင့်မိမိ အလို တော်အတိုင်း ငါ တို့ကို ဖြစ် ဘွား စေတော်မူ၏။
19Ὥστε, ἀδελφοί μου ἀγαπητοί, ἔστω πᾶς ἄνθρωπος ταχὺς εἰς τὸ ἀκοῦσαι, βραδὺς εἰς τὸ λαλῆσαι, βραδὺς εἰς ὀργήν·
19သို့ဖြစ်၍၊ ငါ ချစ် သော ညီအစ်ကို တို့၊ ခပ်သိမ်း သောသူ တို့သည် နားကြား ခြင်းငှာ လျင်မြန် ကြစေ။ စကား ပြောခြင်းငှာ ၎င်း ၊ အမျက်ထွက် ခြင်းငှာ ၎င်း နှေး ကြစေ။
20ὀργὴ γὰρ ἀνδρὸς δικαιοσύνην Θεοῦ οὐ κατεργάζεται.
20လူ ၏ဒေါသအမျက် သည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို မ ပြုစု တတ်။
21Διὸ ἀποθέμενοι πᾶσαν ῥυπαρίαν καὶ περισσείαν κακίας, ἐν πρᾳΰτητι δέξασθε τὸν ἔμφυτον λόγον, τὸν δυνάμενον σῶσαι τὰς ψυχὰς ὑμῶν.
21ထိုကြောင့် ၊ ခပ်သိမ်း သောညစ်ညူး ခြင်း၊ မနာလို သောစိတ်လွန်ကျူးခြင်းကို ပယ်ရှား ၍ ၊ သင် တို့စိတ် ဝိညာဉ်ကို ကယ်တင် နိုင် သော၊ အထဲ ၌ စိုက်ပျိုး သောနှုတ်ကပတ် တရားကို နူးညံ့ သိမ်မွေ့သော စိတ်နှင့် ခံယူ ကြ လော့။
22Γίνεσθε δὲ ποιηταὶ λόγου, καὶ μὴ μόνον ἀκροαταί, παραλογιζόμενοι ἑαυτούς.
22ကိုယ်ကိုကိုယ် လှည့်ဖြား ၍ ၊ နှုတ်ကပတ် တရားကို နာ ရုံမျှသာ ပြုသောသူမ ဟုတ်၊ တရားကိုကျင့်သောသူ ဖြစ် ကြလော့။
23Ὅτι εἴ τις ἀκροατὴς λόγου ἐστὶ καὶ οὐ ποιητής, οὗτος ἔοικεν ἀνδρὶ κατανοοῦντι τὸ πρόσωπον τῆς γενέσεως αὐτοῦ ἐν ἐσόπτρῳ·
23တရား ကိုမ ကျင့် ဘဲနာ ရုံမျှသာပြုသောသူ မည်သည်ကား၊ မှန် ၌ မိမိ ပကတိ မျက်နှာ ကို ကြည့် သော သူ နှင့်တူ ၏။
24κατενόησε γὰρ ἑαυτὸν καὶ ἀπελήλυθε, καὶ εὐθέως ἐπελάθετο ὁποῖος ἦν.
24အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ကြည့် ပြီးမှ၊ အခြားသို့သွား ၍ မိမိအဆင်းသဏ္ဌာန် ကို ချက်ခြင်း မေ့လျော့ တတ်၏။
25Ὁ δὲ παρακύψας εἰς νόμον τέλειον τὸν τῆς ἐλευθερίας καὶ παραμείνας, οὗτος οὐκ ἀκροατὴς ἐπιλησμονῆς γενόμενος ἀλλὰ ποιητὴς ἔργου, οὗτος μακάριος ἐν τῇ ποιήσει αὐτοῦ ἔσται.
25လွှတ် ခြင်းနှင့် စပ်ဆိုင် ၍စုံလင် သောတရား ၌ စေ့စေ့ကြည့်ရှု ၍ တည်ကြည်သောသူမူကား၊ တရားနာ ၍ မေ့လျော့ သောသူမ ဟုတ်၊ အကျင့် ကျင့် သောသူဖြစ် သဖြင့်၊ မိမိ ကျင့် သောအကျင့်၌ မင်္ဂလာ ရှိသောသူ ဖြစ် ၏။
26Εἴ τις δοκεῖ θρῆσκος εἶναι ἐν ὑμῖν, μὴ χαλιναγωγῶν γλῶσσαν αὐτοῦ, ἀλλ᾿ ἀπατῶν καρδίαν αὐτοῦ, τούτου μάταιος ἡ θρησκεία.
26သင်တို့တွင် အကြင်သူ သည် သီလ ဆောက်တည်ဟန် ပြု သော်လည်း၊ မိမိ နှုတ် ကို မ ချုပ်တည်း ၊ မိမိ နှလုံး ကို လှည့်ဖြား ၏။ ထိုသူ ၏ သီလ သည် အချည်းနှီး သက်သက်ဖြစ်၏။
27Θρησκεία καθαρὰ καὶ ἀμίαντος παρὰ τῷ Θεῷ καὶ πατρὶ αὕτη ἐστίν, ἐπισκέπτεσθαι ὀρφανοὺς καὶ χήρας ἐν τῇ θλίψει αὐτῶν, ἄσπιλον ἑαυτὸν τηρεῖν ἀπὸ τοῦ κόσμου.
27ခမည်းတော် ဘုရားသခင့် ရှေ့ ၌ စင်ကြယ်သန့်ရှင်း သော သီလ ဟူမူကား ၊ မိဘမရှိ သောသူငယ်တို့နှင့် မုဆိုးမ တို့သည် ဆင်းရဲ ခံရသောအခါ၊ သူ တို့ကို ကြည့်ရှု ပြုစုခြင်း၊ ကိုယ်တိုင် လည်းလောကီ အညစ်အကြေး နှင့် ကင်းစင် အံ့သောငှာစောင့်ရှောက် ခြင်းပေတည်း။

Tip: use the ← and → keys to turn chapters.