ΠΡΟΣ ΦΙΛΙΠΠΗΣΙΟΥΣ 1
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Παῦλος καὶ Τιμόθεος, δοῦλοι Ἰησοῦ Χριστοῦ, πᾶσι τοῖς ἁγίοις ἐν Χριστῷ Ἰησοῦ τοῖς οὖσιν ἐν Φιλίπποις, σὺν ἐπισκόποις καὶ διακόνοις·
1ယေရှု ခရစ် ၏ ကျွန် ဖြစ်သောပေါလု နှင့် တိမောသေ သည်၊ ဖိလိပ္ပိ မြို့၌ ရှိ သော သင်းအုပ် တို့နှင့် သင်းထောက် တို့မှစ၍ ယေရှု ခရစ် ၏ သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။
2χάρις ὑμῖν καὶ εἰρήνη ἀπὸ Θεοῦ πατρὸς ἡμῶν καὶ Κυρίου Ἰησοῦ Χριστοῦ.
2သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ရှိပါစေသော။
3Εὐχαριστῶ τῷ Θεῷ μου ἐπὶ πάσῃ τῇ μνείᾳ ὑμῶν,
3ငါ သည်ဆုတောင်း ပဌနာပြုသောအခါ ၊
4πάντοτε ἐν πάσῃ δεήσει μου ὑπὲρ πάντων ὑμῶν μετὰ χαρᾶς τὴν δέησιν ποιούμενος,
4ဝမ်းမြောက် သောစိတ်နှင့် သင် တို့ရှိသမျှ အဘို့ ကို အစဉ် ဆုတောင်း ပဌနာပြု လျက်၊ သင် တို့ကို အောက်မေ့ သောအခါ၊
5ἐπὶ τῇ κοινωνίᾳ ὑμῶν εἰς τὸ εὐαγγέλιον, ἀπὸ πρώτης ἡμέρας ἄχρι τοῦ νῦν·
5သင် တို့သည် ရှေ့ဦးစွာ သောနေ့ရက် မှစ၍ ယခု တိုင်အောင် ဧဝံဂလိ တရားကို ဆက်ဆံ ၍ ခံစား ကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းပါ၏။
6πεποιθὼς αὐτὸ τοῦτο, ὅτι ὁ ἐναρξάμενος ἐν ὑμῖν ἔργον ἀγαθὸν ἐπιτελέσει ἄχρις ἡμέρας Ἰησοῦ Χριστοῦ·
6သင် တို့တွင် ကောင်း သောအမှုကို ပြုစ ပြုတော်မူသောသူ သည်၊ ယေရှု ခရစ် ၏နေ့ရက် တိုင်အောင် ပြီးစီး လျက်ပြု တော်မူမည်ဟု ငါသဘောကျ ၏။
7καθώς ἐστι δίκαιον ἐμοὶ τοῦτο φρονεῖν ὑπὲρ πάντων ὑμῶν, διὰ τὸ ἔχειν με ἐν τῇ καρδίᾳ ὑμᾶς, ἔν τε τοῖς δεσμοῖς μου καὶ τῇ ἀπολογίᾳ καὶ βεβαιώσει τοῦ εὐαγγελίου, συγκοινωνούς μου τῆς χάριτος πάντας ὑμᾶς ὄντας.
7ရှိသမျှ သောသင် တို့၏ အမှုအရာ၌ ဤသို့ ငါ ယူ အပ်၏။ အကြောင်းမူကား ၊ ငါ ခံရ သော ကျေးဇူး တော်ကို သင် တို့အပေါင်း သည် ဆက်ဆံကြသည်ဖြစ်၍၊ ငါ သည် အကျဉ်း ခံရသော်၎င်း၊ ဧဝံဂလိ တရားဘက်၌ သက်သေခံ ၍ ထိုတရားကို တည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။
8Μάρτυς γάρ μού ἐστιν ὁ Θεός, ὡς ἐπιποθῶ πάντας ὑμᾶς ἐν σπλάγχνοις Ἰησοῦ Χριστοῦ.
8ငါသည် သင် တို့အပေါင်း ကို ယေရှု ခရစ် ၏ မေတ္တာ ကရုဏာနှင့် အဘယ်မျှလောက်လွမ်း သည်ဟု ဘုရားသခင် သည် ငါ့ သက်သေ ဖြစ်တော်မူ၏။
9Καὶ τοῦτο προσεύχομαι, ἵνα ἡ ἀγάπη ὑμῶν ἔτι μᾶλλον καὶ μᾶλλον περισσεύῃ ἐν ἐπιγνώσει καὶ πάσῃ αἰσθήσει,
9ငါသည်အဘယ်သို့ဆုတောင်း သနည်းဟူမူကား၊ သင် တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှာ ဉာဏ်ပညာ အမျိုးမျိုး ရှိ လျက် ၊
10εἰς τὸ δοκιμάζειν ὑμᾶς τὰ διαφέροντα, ἵνα ἦτε εἰλικρινεῖς καὶ ἀπρόσκοποι εἰς ἡμέραν Χριστοῦ,
10မေတ္တာ ပါရမီတိုးပွား ၍ ပြည့်စုံ မည်အကြောင်း ကို၎င်း၊
11πεπληρωμένοι καρπῶν δικαιοσύνης τῶν διὰ Ἰησοῦ Χριστοῦ, εἰς δόξαν καὶ ἔπαινον Θεοῦ.
11ယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေတတ်သော ဖြောင့်မတ် ခြင်းအကျင့် နှင့် သင်တို့သည် ပြည့်စုံ ၍ ခရစ်တော် ၏ နေ့ရက် တိုင်အောင် စိတ်ကြည်ဖြူ လျက် ၊ တိမ်းလဲ ခြင်းအမှုနှင့် ကင်းလွတ် လျက်ရှိ မည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။။
12Γινώσκειν δὲ ὑμᾶς βούλομαι, ἀδελφοί, ὅτι τὰ κατ᾿ ἐμὲ μᾶλλον εἰς προκοπὴν τοῦ εὐαγγελίου ἐλήλυθεν·
12ညီအစ်ကို တို့၊ ငါ ၌ရောက် သော အမှုအရာတို့သည် ဧဝံဂေလိ တရားကို မမြစ်တားသည်သာမက ၊ ပြုစု ရာဖြစ်သည်ဟု သင် တို့ သိ စေခြင်းငှာငါအလိုရှိ ၏။။
13ὥστε τοὺς δεσμούς μου φανεροὺς ἐν Χριστῷ γενέσθαι ἐν ὅλῳ τῷ πραιτωρίῳ καὶ τοῖς λοιποῖς πᾶσι,
13ထိုသို့သော အားဖြင့်ခရစ်တော် ကြောင့် ငါ ခံရသော ချည်နှောင် ခြင်းအမှုအရာသည်၊ နန်းတော် ၌ အနှံ့အပြား ထင်ရှား သည်သာမက၊ ခပ်သိမ်း သောအရပ်၌ ထင်ရှား၏။။
14καὶ τοὺς πλείονας τῶν ἀδελφῶν ἐν Κυρίῳ, πεποιθότας τοῖς δεσμοῖς μου, περισσοτέρως τολμᾷν ἀφόβως τὸν λόγον λαλεῖν.
14သခင် ဘုရား၌ ညီအစ်ကို အများ တို့သည် ငါ ခံရသော ချည်နှောင် ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ် ၍ ကြောက်ရွံ့ ခြင်းမရှိဘဲ၊ နှုတ်ကပတ် တရားတော် ကို သာ၍ ဟောပြော ဝံ့ ကြ၏။။
15Τινὲς μὲν καὶ διὰ φθόνον καὶ ἔριν, τινὲς δὲ καὶ δι᾿ εὐδοκίαν τὸν Χριστὸν κηρύσσουσιν·
15လူအချို့ တို့သည် ငြူစူ ရန်တွေ့ ချင်သောသဘော နှင့် ခရစ်တော် ၏တရားကို ဟောပြော ကြ၏။ အချို့ တို့ သည် စေတနာ စိတ်နှင့် ဟောပြောကြ၏။။
16οἱ μὲν ἐξ ἐριθείας τὸν Χριστὸν καταγγέλλουσιν, οὐχ ἁγνῶς, οἰόμενοι θλίψιν ἐπιφέρειν τοῖς δεσμοῖς μου·
16ငါသည် ဧဝံဂေလိ တရားကို ထောက်မ ဘို့ရာ ခန့်ထား သောသူဖြစ် ကြောင်းကို ဤ သူတို့သည်သိ ၍ ခရစ်တော် ၏တရားကို မေတ္တာ စိတ်နှင့် ဟောပြော ကြ၏။။
17οἱ δὲ ἐξ ἀγάπης, εἰδότες ὅτι εἰς ἀπολογίαν τοῦ εὐαγγελίου κεῖμαι.
17ထိုသူတို့သည် ကြည်ဖြူ သောစိတ်မ ရှိ၊ ချည်နှောင် ခြင်းကို ငါ ခံရသည်တွင် သာ၍ဆင်းရဲ စေမည်ဟု အကြံရှိ ၍၊ ရန်တွေ့ ချင်သောစိတ်နှင့် ဟောပြောကြ၏။။
18Τί γάρ; Πλὴν παντὶ τρόπῳ, εἴτε προφάσει εἴτε ἀληθείᾳ, Χριστὸς καταγγέλλεται· καὶ ἐν τούτῳ χαίρω, ἀλλὰ καὶ χαρήσομαι.
18သို့ဖြစ်၍ အဘယ်သို့ နည်း၊ လျှို့ဝှက် ၍ ဟောပြောသည်ဖြစ်စေ ၊ သစ္စာ ရှိ၍ ဟောပြောသည်ဖြစ်စေ ၊ အဘယ်သို့သောအားဖြင့်ဟောပြောသည်ဖြစ်စေ၊ ခရစ်တော် ၏တရားကို ဟောပြော ခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခု ဝမ်းမြောက်၏ ။ နောင်၌ လည်း ဝမ်းမြောက် လိမ့်မည်။။
19Οἶδα γὰρ ὅτι τοῦτό μοι ἀποβήσεται εἰς σωτηρίαν διὰ τῆς ὑμῶν δεήσεως, καὶ ἐπιχορηγίας τοῦ πνεύματος Ἰησοῦ Χριστοῦ,
19အဘယ်သို့ နည်းဟူမူကား၊ ငါ သည်အလျှင်း ရှက်ကြောက် ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက် ရှင်သည်ဖြစ်စေ ၊ သေ သည်ဖြစ်စေ၊ ငါ့ ကိုယ်ခန္ဓါ ၌ ခရစ်တော် သည် အစဉ်မပြတ် ဂုဏ် အသရေထင်ရှား တော်မူသကဲ့သို့ ၊
20κατὰ τὴν ἀποκαραδοκίαν καὶ ἐλπίδα μου, ὅτι ἐν οὐδενὶ αἰσχυνθήσομαι, ἀλλ᾿ ἐν πάσῃ παρρησίᾳ, ὡς πάντοτε, καὶ νῦν μεγαλυνθήσεται Χριστὸς ἐν τῷ σώματί μου, εἴτε διὰ ζωῆς εἴτε διὰ θανάτου.
20ယခုပင်ထင်ရှား တော်မူမည်ဟု ငါမြော်လင့် အားကြီး၍ တောင့်တသည်နှင့်အညီ သင် တို့ဆုတောင်း သဖြင့်၎င်း ၊ ယေရှု ခရစ် ၏ ဝိညာဉ် တော်မှစသဖြင့်၎င်း၊ ဤ အကြောင်း အရာသည် ငါ့ ကိုကယ်တင် သော အကြောင်းအရာဖြစ် မည်ဟု ငါသိ ၏။။
21Ἐμοὶ γὰρ τὸ ζῇν, Χριστός· καὶ τὸ ἀποθανεῖν, κέρδος.
21အသက် ရှင်သည်အရာမှာ ခရစ်တော် ဖြစ်၏။ သေ လျှင် မူကား ၊ သာ၍အကျိုး ရှိ၏။။
22Εἰ δὲ τὸ ζῇν ἐν σαρκί, τοῦτό μοι καρπὸς ἔργου· καὶ τί αἱρήσομαι οὐ γνωρίζω.
22ဤကိုယ်ခန္ဓာ ၌ ငါသည်အသက် ရှင်လျှင် ၊ ငါ ပြုသောအမှု ၏ အကျိုးကား ထိုသို့သောအကျိုး ဖြစ်၏။ သို့သော်လည်း အဘယ် အကျိုးကို ရွေးယူ ရမည်ဟု ငါမ သိ ။။
23Συνέχομαι γὰρ ἐκ τῶν δύο, τὴν ἐπιθυμίαν ἔχων εἰς τὸ ἀναλῦσαι καὶ σὺν Χριστῷ εἶναι, πολλῷ μᾶλλον κρεῖσσον·
23ထိုအကျိုးနှစ် ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော် နှင့်အတူ နေ ခြင်းငှာတောင့်တ လိုချင်သော စိတ်ရှိ ၏။ သာ၍ အလွန် ထူးမြတ် သောအကျိုးဖြစ်၏။။
24τὸ δὲ ἐπιμένειν ἐν τῇ σαρκὶ ἀναγκαιότερον δι᾿ ὑμᾶς.
24သို့သော်လည်း ကိုယ်ခန္ဓာ ၌ နေ ရလျှင် သင် တို့၌ သာ၍ အကျိုး ရှိလိမ့်မည်။။
25Καὶ τοῦτο πεποιθὼς οἶδα ὅτι μενῶ, καὶ συμπαραμενῶ πᾶσιν ὑμῖν εἰς τὴν ὑμῶν προκοπὴν καὶ χαρὰν τῆς πίστεως,
25ထိုသို့ ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍ ၊ သင်တို့ရှိရာသို့ ငါ တစ်ဖန် ရောက်လာ သော အားဖြင့် ၊ သင် တို့သည် ယေရှု ခရစ် ကိုအမှီပြု ၍ ငါ့ အတွက်ကြောင့် သာ၍ ဝါကြွား ဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊
26ἵνα τὸ καύχημα ὑμῶν περισσεύῃ ἐν Χριστῷ Ἰησοῦ ἐν ἐμοί, διὰ τῆς ἐμῆς παρουσίας πάλιν πρὸς ὑμᾶς.
26သင်တို့သည် ယုံကြည် ခြင်း၌ တိုးပွား ဝမ်းမြောက် မည်အကြောင်း ၊ ငါသည်ကိုယ်ခန္ဓါ၌နေ ၍ သင် တို့ရှိသမျှ နှင့် ပေါင်းဖေါ် ရမည်ဟု ငါသိ ၏။။
27Μόνον ἀξίως τοῦ εὐαγγελίου τοῦ Χριστοῦ πολιτεύεσθε, ἵνα εἴτε ἐλθὼν καὶ ἰδὼν ὑμᾶς, εἴτε ἀπών, ἀκούσω τὰ περὶ ὑμῶν, ὅτι στήκετε ἐν ἑνὶ πνεύματι, μιᾷ ψυχῇ συναθλοῦντες τῇ πίστει τοῦ εὐαγγελίου,
27သင်တို့သည် ရန်သူ များကြောင့် အလျှင်း မ ကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ် ဝိညာဉ် ၌ တည် ၍၊ ဧဝံဂေလိ တရားနှင့် ဆိုင် သော ယုံကြည် ခြင်းအဘို့ အလိုငှာ တစ်ညီတစ်ညွတ် တည်း ကြိုးစားအားထုတ်ကြသည် အကြောင်းအရာကို၊ ငါ ရောက်လျှင် သင် တို့နှင့် မျက်မှောက်တွေ့ သည်ဖြစ်စေ၊ ကွာ လျက်နေသည် ဖြစ်စေ၊ ငါကြားသိ ရပါမည်အကြောင်း ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေ ကြလော့။။
28καὶ μὴ πτυρόμενοι ἐν μηδενὶ ὑπὸ τῶν ἀντικειμένων· ἥτις αὐτοῖς μέν ἐστιν ἔνδειξις ἀπωλείας, ὑμῖν δὲ σωτηρίας, καὶ τοῦτο ἀπὸ Θεοῦ·
28ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့မတုန်လှုပ်သော အကြောင်းအရာသည်၊ သူ တို့၌ ပျက်စီး ခြင်း၏ နိမိတ် လက္ခဏာဖြစ် ၏။ဘုရားသခင် စီရင် တော်မူသောအားဖြင့် သင် တို့၌ကား ၊ကယ်တင် ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။။
29ὅτι ὑμῖν ἐχαρίσθη τὸ ὑπὲρ Χριστοῦ, οὐ μόνον τὸ εἰς αὐτὸν πιστεύειν, ἀλλὰ καὶ τὸ ὑπὲρ αὐτοῦ πάσχειν·
29အကြောင်းမူကား ၊ သင် တို့သည် အထက်ကမြင် သည်အတိုင်း၊ ယခု လည်း ကြား သည်အတိုင်း ငါ ခံရ သော တိုက်လှန် ခြင်းကို ခံရသည်နည်းတူ ၊
30τὸν αὐτὸν ἀγῶνα ἔχοντες οἷον ἴδετε ἐν ἐμοί, καὶ νῦν ἀκούετε ἐν ἐμοί.
30သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော် ကို ယုံကြည် ခြင်းအခွင့်မှတပါး ၊ ခရစ်တော် အတွက် ကြောင့် ဆင်းရဲ ခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့်ရကြ၏။
Tip: use the ← and → keys to turn chapters.