ΠΕΤΡΟΥ Α 1
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Πέτρος, ἀπόστολος Ἰησοῦ Χριστοῦ, ἐκλεκτοῖς παρεπιδήμοις διασπορᾶς Πόντου, Γαλατίας, Καππαδοκίας, Ἀσίας, καὶ Βιθυνίας,
1ယေရှု ခရစ် ၏ တမန်တော် ငါပေတရု သည်၊ နားထောင် ခြင်းကျေးဇူး၊ ယေရှု ခရစ် ၏ အသွေး တော်နှင့် ဖြန်း ခြင်းကျေးဇူးကိုခံရမည်အကြောင်း၊ ဝိညာဉ် တော်အားဖြင့် သန့်ရှင်း ခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင် ၏ အနာဂတံသဉာဏ် တော်အတိုင်း ရွေးကောက် တော်မူသောသူတည်းဟူသော၊
2κατὰ πρόγνωσιν Θεοῦ πατρός, ἐν ἁγιασμῷ πνεύματος, εἰς ὑπακοὴν καὶ ῥαντισμὸν αἵματος Ἰησοῦ Χριστοῦ· χάρις ὑμῖν καὶ εἰρήνη πληθυνθείη.
2ပုန္တု ပြည်၊ ဂလာတိ ပြည်၊ ကပ္ပဒေါကိ ပြည်၊ အာရှိ ပြည်၊ ဗိသုနိ ပြည်၊ အရပ်ရပ်တို့၌ ကွဲပြား သော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌များပြား ပါစေသော။
3Εὐλογητὸς ὁ Θεὸς καὶ πατὴρ τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ, ὁ κατὰ τὸ πολὺ αὐτοῦ ἔλεος ἀναγεννήσας ἡμᾶς εἰς ἐλπίδα ζῶσαν δι᾿ ἀναστάσεως Ἰησοῦ Χριστοῦ ἐκ νεκρῶν,
3အသက် ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့် ခြင်းအကြောင်း ရှိစေခြင်းငှာ၊ ဖောက်ပြန် ခြင်း၊ ညစ်စွန်း ခြင်း၊ ညှိုးနွမ်း ခြင်းနှင့်ကင်းစင်သောအမွေ တော်ကို ငါတို့သည် ခံရစေမည်အကြောင်း ၊ ယေရှု ခရစ် ကို သေ ခြင်းမှ ထမြောက် စေတော်မူသောအားဖြင့် ၊ ကြီးစွာ သောကရုဏာ တော်နှင့်အညီ ငါ တို့ကို တစ်ဖန်ဖြစ်ဘွား စေတော်မူသော၊ ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။
4εἰς κληρονομίαν ἄφθαρτον καὶ ἀμίαντον καὶ ἀμάραντον, τετηρημένην ἐν οὐρανοῖς εἰς ἡμᾶς,
4ထိုအမွေတော်သည်ကား၊ နောက်ဆုံး သောကာလ ၌ ထင်ရှား စေခြင်းငှာပြင်ဆင် သော ကယ်တင် ခြင်းသို့ ရောက်စေမည်အကြောင်း ၊
5τοὺς ἐν δυνάμει Θεοῦ φρουρουμένους διὰ πίστεως εἰς σωτηρίαν ἑτοίμην ἀποκαλυφθῆναι ἐν καιρῷ ἐσχάτῳ.
5ယုံကြည် ခြင်းအားဖြင့် ဘုရားသခင် ၏ တန်ခိုး တော်သည် စောင့်ရှောက် တော်မူသော သင် တို့အဘို့ ကောင်းကင် ဘုံ၌ သိုထား လျက်ရှိသောအမွေတည်း။
6Ἐν ᾧ ἀγαλλιᾶσθε, ὀλίγον ἄρτι, εἰ δέον ἐστί, λυπηθέντες ἐν ποικίλοις πειρασμοῖς,
6အရည် ကျို၍ စုံစမ်း ခြင်းကိုခံနိုင်သော်လည်း ၊ ပျက်စီး တတ်သော ရွှေ ကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင် တို့ယုံကြည် ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍မြတ် သည်နှင့်၊ ယေရှု ခရစ် ပေါ်ထွန်း တော်မူသောအခါအချီးအမွမ်း ၊ ဂုဏ်သရေ ၊ ဘုန်း အာနုဘော် အလိုငှာ ဖြစ် မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင် ၊
7ἵνα τὸ δοκίμιον ὑμῶν τῆς πίστεως πολὺ τιμιώτερον χρυσίου τοῦ ἀπολλυμένου, διὰ πυρὸς δὲ δοκιμαζομένου, εὑρεθῇ εἰς ἔπαινον καὶ τιμὴν καὶ δόξαν ἐν ἀποκαλύψει Ἰησοῦ Χριστοῦ·
7သင်တို့သည် ယခု ခဏ ခံရ၍ ဝမ်းနည်း သော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်း သောစိတ်ရှိကြ၏။
8ὃν οὐκ εἰδότες ἀγαπᾶτε, εἰς ὃν ἄρτι μὴ ὁρῶντες, πιστεύοντες δέ, ἀγαλλιᾶσθε χαρᾷ ἀνεκλαλήτῳ καὶ δεδοξασμένῃ,
8ထိုသခင် ကိုသင်တို့သည် မ မြင် ဘူးသော်လည်းချစ် ကြ၏။ ယခု မှာ လည်းမ မြင် ဘဲလျက်၊ ယုံကြည် သော အားဖြင့်ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော ၍မမှီနိုင်သော ရွှင်လန်း ခြင်းစိတ်နှင့် ဝမ်းမြောက် ကြသည်ဖြစ်၍၊
9κομιζόμενοι τὸ τέλος τῆς πίστεως ὑμῶν, σωτηρίαν ψυχῶν.
9စိတ် ဝိညာဉ်ကို ကယ်တင် ခြင်းတည်းဟူသောယုံကြည် ခြင်း၏ အကျိုး ကိုခံရ ကြ၏။
10Περὶ ἧς σωτηρίας ἐξεζήτησαν καὶ ἐξηρεύνησαν προφῆται οἱ περὶ τῆς εἰς ὑμᾶς χάριτος προφητεύσαντες·
10ထို ကယ်တင် ခြင်းအကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ ၍၊ သင် တို့ ခံရသော ကျေးဇူး တော်အကြောင်း ကို ဟောပြော ကြပြီ။
11ἐρευνῶντες εἰς τίνα ἢ ποῖον καιρὸν ἐδήλου τὸ ἐν αὐτοῖς πνεῦμα Χριστοῦ, προμαρτυρόμενον τὰ εἰς Χριστὸν παθήματα, καὶ τὰς μετὰ ταῦτα δόξας.
11ခရစ်တော် ခံတော်မူရသော ဆင်းရဲကို၎င်း ၊ ဆင်းရဲ ခံပြီးမှ ဝင်စားတော်မူရသော ဘုန်း စည်းစိမ်ကို၎င်း၊ သူ တို့အထဲ ၌ရှိသောခရစ်တော် ၏ဝိညာဉ် သည် သက်သေခံနှင့်သောအခါ၊ အဘယ် မည်သောသူကို၎င်း၊ အဘယ်သို့ သောအချိန်ကာလကို ၎င်း ဆိုလို တော်မူသည်ဟု မေးမြန်း ရှာဖွေကြ၏။
12Οἷς ἀπεκαλύφθη ὅτι οὐχ ἑαυτοῖς, ἡμῖν δὲ διηκόνουν αὐτά, ἃ νῦν ἀνηγγέλη ὑμῖν διὰ τῶν εὐαγγελισαμένων ὑμᾶς ἐν πνεύματι ἁγίῳ ἀποσταλέντι ἀπ᾿ οὐρανοῦ, εἰς ἃ ἐπιθυμοῦσιν ἄγγελοι παρακύψαι.
12ကိုယ်ဟောပြော ပြုစုသော အရာ များတို့သည်၊ ကိုယ် အဘို့မ ဟုတ်၊ သင် တို့အဘို့ဖြစ်သည်ဟု ထိုသူ တို့ အားဖွင့်ပြ တော်မူ၏။ ကောင်းကင် ဘုံမှ စေလွှတ် တော်မူသောသန့်ရှင်း သော ဝိညာဉ် တော်ပါလျက် ၊ သင် တို့အား ဧဝံဂေလိ တရားကို ဟောပြောသောသူ တို့သည်၊ ထို အရာများကို သင် တို့အား ယခု ကြားပြော ကြပြီ။ ထိုအရာ တို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ၏။
13Διὸ ἀναζωσάμενοι τὰς ὀσφύας τῆς διανοίας ὑμῶν, νήφοντες, τελείως ἐλπίσατε ἐπὶ τὴν φερομένην ὑμῖν χάριν ἐν ἀποκαλύψει Ἰησοῦ Χριστοῦ·
13သို့ဖြစ်၍ ၊ သင် တို့စိတ် နှလုံးကို ခါးပန်း စည်း ၍ သမ္မာ သတိရှိကြလော့။ ယေရှု ခရစ် ပေါ်ထွန်း တော်မူသောအခါ ၊ သင် တို့ဆီသို့ရောက် လတံ့သောဆု ကျေးဇူးကို အဆုံး တိုင်အောင်မြော်လင့် ကြလော့။
14ὡς τέκνα ὑπακοῆς, μὴ συσχηματιζόμενοι ταῖς πρότερον ἐν τῇ ἀγνοίᾳ ὑμῶν ἐπιθυμίαις,
14အထက် က သင် တို့သည် မှောင်မိုက် ထဲမှာကျင့်သော တပ်မက် ခြင်းတရားကို ယခုမ လိုက် မကျင့်ဘဲ၊ နားထောင် တတ်သော သူငယ် ကဲ့သို့ ဖြစ်၍၊
15ἀλλὰ κατὰ τὸν καλέσαντα ὑμᾶς ἅγιον καὶ αὐτοὶ ἅγιοι ἐν πάσῃ ἀναστροφῇ γενήθητε·
15သင် တို့ကိုခေါ် တော်မူသော သူ သည်သန့်ရှင်း တော်မူသည်နည်းတူ ၊ ကျင့်ကြံ ပြုမူသမျှ တို့၌ သန့်ရှင်း ခြင်း ရှိ ကြလော့။
16διότι γέγραπται, Ἅγιοι γένεσθε, ὅτι ἐγὼ ἅγιός εἰμι.
16အကြောင်းမူကား ၊ ငါ သည်သန့်ရှင်း တော်မူသောကြောင့် ၊ သင်တို့သည်လည်း သန့်ရှင်း ခြင်းရှိ ကြလော့ ဟု ကျမ်းစာ လာသတည်း။
17Καὶ εἰ πατέρα ἐπικαλεῖσθε τὸν ἀπροσωπολήπτως κρίνοντα κατὰ τὸ ἑκάστου ἔργον, ἐν φόβῳ τὸν τῆς παροικίας ὑμῶν χρόνον ἀναστράφητε·
17လူမျက်နှာကိုမ ငဲ့၊ ခပ်သိမ်းသောသူ တို့၏ အကျင့် အတိုင်း စီရင် တော်မူသောခမည်းတော် ကို သင်တို့သည် ဆုတောင်း ကိုးကွယ်လျှင် ၊ ဧည့်သည် ဖြစ် စဉ် ကာလ ပတ်လုံးကြောက်ရွံ့ သောစိတ်နှင့် ကျင့် နေကြ လော့။
18εἰδότες ὅτι οὐ φθαρτοῖς, ἀργυρίῳ ἢ χρυσίῳ, ἐλυτρώθητε ἐκ τῆς ματαίας ὑμῶν ἀναστροφῆς πατροπαραδότου,
18မိ စဉ်ဘဆက်ကျင်လည်သော အချည်းနှီး ကျင့်ကြံ ပြုမူခြင်းမှ ၊ ရွှေ ငွေ အစရှိသောဖောက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေး တော်မူသည်မ ဟုတ်။
19ἀλλὰ τιμίῳ αἵματι ὡς ἀμνοῦ ἀμώμου καὶ ἀσπίλου Χριστοῦ,
19အဘယ်အပြစ် မျှမရှိ၊ အညစ်အကြေး နှင့် ကင်းစင်သော သိုးသငယ် ကဲ့သို့သော ခရစ်တော် ၏ အသွေး တော်မြတ် နှင့်ရွေးတော်မူသည်ကို သိမှတ် ကြလော့။
20προεγνωσμένου μὲν πρὸ καταβολῆς κόσμου, φανερωθέντος δὲ ἐπ᾿ ἐσχάτων τῶν χρόνων δι᾿ ὑμᾶς,
20ထိုခရစ်တော်ကား၊ ဤကမ္ဘာ မ တည် မရှိမှီခန့်ထား တော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော် အားဖြင့် ဘုရားသခင် ကို ယုံကြည် သော သင် တို့အဘို့ ၊ ဤနောက်ဆုံး သော ကာလ ၌ ထင်ရှား တော်မူပြီ။
21τοὺς δι᾿ αὐτοῦ πιστεύοντας εἰς Θεόν, τὸν ἐγείραντα αὐτὸν ἐκ νεκρῶν, καὶ δόξαν αὐτῷ δόντα, ὥστε τὴν πίστιν ὑμῶν καὶ ἐλπίδα εἶναι εἰς Θεόν.
21သင် တို့သည် ဘုရားသခင် ကို ထောက်လျက်ယုံကြည် ခြင်း၊ မြော်လင့် ခြင်းရှိ စေခြင်းငှာ၊ ထိုသခင် ကို ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေ၍ ဘုန်း အသရေကို ပေး သနားတော်မူပြီ။
22Τὰς ψυχὰς ὑμῶν ἡγνικότες ἐν τῇ ὑπακοῇ τῆς ἀληθείας διὰ πνεύματος εἰς φιλαδελφίαν ἀνυπόκριτον, ἐκ καθαρᾶς καρδίας ἀλλήλους ἀγαπήσατε ἐκτενῶς·
22သင်တို့သည် ဖောက်ပြန် ပျက်စီးတတ်သော မျိုးစေ့ အားဖြင့် ဖြစ်ဘွား သည်မ ဟုတ်၊
23ἀναγεγεννημένοι οὐκ ἐκ σπορᾶς φθαρτῆς, ἀλλὰ ἀφθάρτου, διὰ λόγου ζῶντος Θεοῦ καὶ μένοντος εἰς τὸν αἰῶνα.
23မ ဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသောအသက် ရှင်၍ အစဉ်အမြဲတည် တော်မူသော ဘုရားသခင် ၏နှုတ်ကပတ် တော်အားဖြင့် ဖြစ်ဘွားသောကြောင့်၊ ညီအစ်ကို များကိုချစ်ယောင်မဆောင် ၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှသမ္မာတရား ကို နားထောင် လျက်၊ ကိုယ် စိတ် နှလုံးကို စင်ကြယ် စေပြီးသည်နှင့်အညီ၊ စင်ကြယ် သော စိတ် နှင့်အချင်းချင်း အားကြီး သောချစ် ခြင်းမေတ္တာရှိကြလော့။
24Διότι, Πᾶσα σὰρξ ὡς χόρτος, καὶ πᾶσα δόξα ἀνθρώπου ὡς ἄνθος χόρτου. Ἐξηράνθη ὁ χόρτος, καὶ τὸ ἄνθος αὐτοῦ ἐξέπεσε·
24လူမျိုး ရှိသမျှ သည်လည်း မြက် ပွင့်ကဲ့သို့ ဖြစ်၏။ လူမျိုး ၏ ဘုန်း ရှိသမျှ သည်လည်း မြက် ပွင့် ကဲ့သို့ ဖြစ်၏။ မြက်ပင် သည်ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။
25τὸ δὲ ῥῆμα Κυρίου μένει εἰς τὸν αἰῶνα. Τοῦτο δέ ἐστι τὸ ῥῆμα τὸ εὐαγγελισθὲν εἰς ὑμᾶς.
25ထာဝရ ဘုရား၏ နှုတ်ကပတ် တရားမူကား ၊ ကာလအစဉ်အမြဲ တည် ၏။ ထို နှုတ်ကပတ် တော်သည်၊သင် တို့အား ဟောပြော သော ဧဝံဂေလိတရားဖြစ် သတည်း။
Tip: use the ← and → keys to turn chapters.