ΠΕΤΡΟΥ Α
Chapter 4

ΠΕΤΡΟΥ Α

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΠΕΤΡΟΥ Α 4

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Χριστοῦ οὖν παθόντος ὑπὲρ ἡμῶν σαρκί, καὶ ὑμεῖς τὴν αὐτὴν ἔννοιαν ὁπλίσασθε· ὅτι ὁ παθὼν ἐν σαρκί, πέπαυται ἁμαρτίας·
1ထိုသို့ ခရစ်တော် သည် ကိုယ်ခန္ဓာ တော်၌ ငါတို့အတွက်ခံ တော်မူသည်မှန်သောကြောင့်၊ သင် တို့လည်း ထိုသို့သောသဘော ကို လက်နက် ပြု၍သုံးစွဲကြလော့။ အကြောင်းမူကား ၊ ကိုယ်ခန္ဓာ ၌ခံ သောသူ သည် ဒုစရိုက် တို့နှင့် လွတ်ငြိမ်း သည်ဖြစ်၍၊
2εἰς τὸ μηκέτι ἀνθρώπων ἐπιθυμίαις, ἀλλὰ θελήματι Θεοῦ τὸν ἐπίλοιπον ἐν σαρκὶ βιῶσαι χρόνον.
2နောက် တဖန်သူ တို့၏ တပ်မက် ခြင်းတရားကို မကျင့်၊ ဘုရားသခင် ၏ အလို တော်အတိုင်း ကျင့်လျက်၊ ကိုယ်ခန္ဓာ အသက် အပိုင်းအခြားကျန်ရစ် သောကာလ ကို လွန် စေတတ်၏။
3Ἀρκετὸς γὰρ ἡμῖν ὁ παρεληλυθὼς χρόνος τοῦ βίου τὸ θέλημα τῶν ἐθνῶν κατεργάσασθαι, πεπορευμένους ἐν ἀσελγείαις, ἐπιθυμίαις, οἰνοφλυγίαις, κώμοις, πότοις, καὶ ἀθεμίτοις εἰδωλολατρείαις·
3သာသနာပ လူတို့၏အလို သို့လိုက်၍ ၊ ကိလေသာ ညစ်ညှူးခြင်း၊ ကာမ တပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူး ခြင်း၊ ပွဲ လုပ်ခြင်း၊ သောက်ကြူး ခြင်း၊ အဓမ္မ ရုပ်တု ကို ကိုးကွယ်ခြင်း၌ကျင်လည်၍၊ ငါတို့လွန် စေပြီးသော အသက်ကာလ သည် ငါတို့အားလောက် ပေ၏။
4ἐν ᾧ ξενίζονται, μὴ συντρεχόντων ὑμῶν εἰς τὴν αὐτὴν τῆς ἀσωτίας ἀνάχυσιν, βλασφημοῦντες·
4ယခုမှာသင် တို့သည် သူတို့နှင့်အတူမ ဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူး ညစ်ညှုးစွာမပြုသည်အရာကို သူတို့သည်အံ့ဩ ၍ ကဲ့ရဲ့ တတ်ကြ၏။
5οἳ ἀποδώσουσι λόγον τῷ ἑτοίμως ἔχοντι κρῖναι ζῶντας καὶ νεκρούς.
5သို့ဖြစ်၍၊ အသက် ရှင်သော သူ တို့ကို၎င်း ၊ သေ သောသူတို့ကို၎င်း တရား စီရင်ခြင်းငှာအသင့် ရှိ တော်မူသောသူ ရှေ့၌၊ ထိုသူတို့သည် စစ်ကြော ခြင်းကို ခံရ ကြလတံ့။
6Εἰς τοῦτο γὰρ καὶ νεκροῖς εὐηγγελίσθη, ἵνα κριθῶσι μὲν κατὰ ἀνθρώπους σαρκί, ζῶσι δὲ κατὰ Θεὸν πνεύματι.
6ထို အကြောင်း ကြောင့် လူတို့ ရှေ့ ၌ ကိုယ်ခန္ဓာ အားဖြင့်အပြစ် စီရင်ခြင်းကိုခံရသော်လည်း ၊ ဘုရားသခင့် ရှေ့ တော်၌ စိတ်ဝိညာဉ် အားဖြင့်အသက် ရှင်မည်အကြောင်း ၊ သေ သောသူတို့သည် ဧဝံဂေလိ တရားကို ကြားရကြ၏။
7Πάντων δὲ τὸ τέλος ἤγγικε· σωφρονήσατε οὖν καὶ νήψατε εἰς τὰς προσευχάς·
7ခပ်သိမ်း သောအမှုအရာတို့သည် အဆုံး သို့ရောက် လုသည် ဖြစ်သောကြောင့် ၊ သမ္မာ သတိရှိကြလော့။ ဆုတောင်း ခြင်းအလိုငှာ စောင့် နေကြလော့။
8πρὸ πάντων δὲ τὴν εἰς ἑαυτοὺς ἀγάπην ἐκτενῆ ἔχοντες, ὅτι ἡ ἀγάπη καλύψει πλῆθος ἁμαρτιῶν·
8အခြားသောအမှုအရာထက်မက၊ အချင်းချင်း အားကြီး သော ချစ် ခြင်းမေတ္တာသည် များစွာ သော အပြစ် တို့ကို ဖုံးအုပ် တတ်၏။
9φιλόξενοι εἰς ἀλλήλους ἄνευ γογγυσμῶν·
9မြည်တမ်း ခြင်းမ ရှိဘဲ အချင်းချင်း ဧည့်သည် ဝတ်ကိုပြုကြလော့။
10ἕκαστος καθὼς ἔλαβε χάρισμα, εἰς ἑαυτοὺς αὐτὸ διακονοῦντες, ὡς καλοὶ οἰκονόμοι ποικίλης χάριτος Θεοῦ·
10သင်တို့သည် ဆု ကျေးဇူးတော်ကို အသီးသီး ခံရ ကြသည်နှင့်အညီ ၊ ဘုရားသခင် ၏ အထူးထူး အပြားပြားသော ကျေးဇူး တော်ဘဏ္ဍာစိုး ကောင်း ကဲ့သို့ ၊ အချင်းချင်း ဝေငှ ပေးကမ်းကြလော့။
11εἴ τις λαλεῖ, ὡς λόγια Θεοῦ· εἴ τις διακονεῖ, ὡς ἐξ ἰσχύος ἧς χορηγεῖ ὁ Θεός· ἵνα ἐν πᾶσι δοξάζηται ὁ Θεὸς διὰ Ἰησοῦ Χριστοῦ, ᾧ ἐστὶν ἡ δόξα καὶ τὸ κράτος εἰς τοὺς αἰῶνας τῶν αἰώνων. Ἀμήν.
11ဘုရားသခင် သည် အရာရာ ၌ ယေရှု ခရစ် အားဖြင့် ဘုန်းတော်ထင်ရှား စေမည်အကြောင်း ၊ ဟောပြော သောသူ သည်ဘုရားသခင် ၏ ဗျာဒိတ် တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက် သောသူ သည်၊ ဘုရားသခင် ပေး သနားတော်မူသော အစွမ်း သတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ အစွမ်းသတ္တိရှိ တော်မူစေသတည်း။ အာမင် ။
12Ἀγαπητοί, μὴ ξενίζεσθε τῇ ἐν ὑμῖν πυρώσει πρὸς πειρασμὸν ὑμῖν γινομένῃ, ὡς ξένου ὑμῖν συμβαίνοντος·
12ချစ်သူ တို့၊ သင် တို့ကို စုံစမ်း စရာဘို့ ယခုခံရသော မီး စစ်ခြင်းအရာကိုကား၊ သင် တို့၌ အံ့ဩဘွယ် သောအရာဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩ ခြင်းမ ရှိကြနှင့်။
13ἀλλὰ καθὸ κοινωνεῖτε τοῖς τοῦ Χριστοῦ παθήμασι, χαίρετε, ἵνα καὶ ἐν τῇ ἀποκαλύψει τῆς δόξης αὐτοῦ χαρῆτε ἀγαλλιώμενοι.
13သင်တို့သည် ခရစ်တော် ၏ဆင်းရဲ ကိုဆက်ဆံ ကြသည်ဖြစ်၍ ၊ ဘုန်း တော်ပေါ်ထွန်း သောအခါအလွန်ဝမ်းမြောက် ရွှင်လန်း မည်အကြောင်း ၊ ယခုပင်ဝမ်းမြောက် ကြလော့။
14Εἰ ὀνειδίζεσθε ἐν ὀνόματι Χριστοῦ, μακάριοι· ὅτι τὸ τῆς δόξης καὶ τὸ τοῦ Θεοῦ πνεῦμα ἐφ᾿ ὑμᾶς ἀναπαύεται· κατὰ μὲν αὐτοὺς βλασφημεῖται, κατὰ δὲ ὑμᾶς δοξάζεται.
14ခရစ်တော် ၏ နာမ ကြောင့် ကဲ့ရဲ့ ခြင်းကိုခံရလျှင် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ဘုရားသခင် ၏ ဘုန်းကြီး သောဝိညာဉ် တော်သည် သင် တို့အပေါ်မှာ ကျိန်းဝပ် တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။
15Μὴ γάρ τις ὑμῶν πασχέτω ὡς φονεύς, ἢ κλέπτης, ἢ κακοποιός, ἢ ὡς ἀλλοτριοεπίσκοπος·
15လူ အသက်ကိုသတ်သောအပြစ်၊ သူ့ ဥစ္စာကို ခိုးသောအပြစ်၊ ဒုစရိုက် ကိုပြုသောအပြစ်၊ သူတစ်ပါး အမှု၌ ရောနှောသောအပြစ်ရှိ၍၊ သင် တို့တွင် အဘယ်သူ မျှမ ခံ စေနှင့်။
16εἰ δὲ ὡς Χριστιανός, μὴ αἰσχυνέσθω, δοξαζέτω δὲ τὸν Θεὸν ἐν τῷ μέρει τούτῳ.
16ခရစ်ယာန် ဖြစ်သောကြောင့် ခံရလျှင် မူကား ၊ ရှက်ကြောက် ခြင်း မ ရှိစေနှင့်။ ထို အမှု ကြောင့် ခံရလျှင် ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းစေ။
17Ὅτι ὁ καιρὸς τοῦ ἄρξασθαι τὸ κρίμα ἀπὸ τοῦ οἴκου τοῦ Θεοῦ· εἰ δὲ πρῶτον ἀφ᾿ ἡμῶν, τί τὸ τέλος τῶν ἀπειθούντων τῷ τοῦ Θεοῦ εὐαγγελίῳ;
17ဘုရားသခင် ၏အိမ်တော်သား တို့ကို ရှေ့ဦးစွာ စစ်ကြော စီရင်ရသော အချိန် ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာစစ်ကြောအချိန်ရှိပြီ။ ငါ တို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင် ၊ ဘုရားသခင် ၏ ဧဝံဂလိ တရားစကားကို နားမထောင် သောသူ တို့၏ အမှုသည် အဘယ်သို့ ပြီး လိမ့်မည်နည်း။
18Καὶ εἰ ὁ δίκαιος μόλις σώζεται, ὁ ἀσεβὴς καὶ ἁμαρτωλὸς ποῦ φανεῖται;
18ဖြောင့်မတ် သောသူသည် ကယ်တင် ခြင်းသို့ ရောက်နိုင်ခဲ သည်မှန်လျှင် ၊ ဘုရားသခင်ကို မ ကိုးကွယ်သောသူ၊ အပြစ် ထင်ရှားသောသူသည် အဘယ်မှာ ပေါ် လိမ့်မည်နည်း။
19Ὥστε καὶ οἱ πάσχοντες κατὰ τὸ θέλημα τοῦ Θεοῦ, ὡς πιστῷ κτίστῃ παρατιθέσθωσαν τὰς ψυχὰς ἑαυτῶν ἐν ἀγαθοποιΐᾳ.
19ထို့ကြောင့် ၊ ဘုရားသခင် ၏အလို တော်အတိုင်း ဆင်းရဲခံရ သောသူ တို့သည်၊ ဘုရားသခင်ကို သစ္စာရှိ သော အသက် သခင်ကဲ့သို့မှတ်လျက်၊ ကောင်း သောအကျင့်ကိုကျင့်နေ၍ ၊ ကိုယ်တော်၌မိမိ တို့အသက် ဝိညာဉ်ကိုအပ်နှံ ကြစေ။

Tip: use the ← and → keys to turn chapters.