ΠΡΟΣ ΦΙΛΙΠΠΗΣΙΟΥΣ 2
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Εἴ τις οὖν παράκλησις ἐν Χριστῷ, εἴ τι παραμύθιον ἀγάπης, εἴ τις κοινωνία πνεύματος, εἴ τινα σπλάγχνα καὶ οἰκτιρμοί,
1ထိုကြောင့် ခရစ်တော် ၌ သက်သာ ခြင်း၊ မေတ္တာ နှင့်စပ်ဆိုင်သော ချမ်းသာ ခြင်း၊ ဝိညာဉ် တော်နှင့် မိဿဟာယ ဖွဲ့ခြင်း၊ သနားစုံမက် ခြင်းတည်းဟူသောအရာ တစ်စုံတစ်ခုရှိလျှင် ၊
2πληρώσατέ μου τὴν χαράν, ἵνα τὸ αὐτὸ φρονῆτε, τὴν αὐτὴν ἀγάπην ἔχοντες, σύμψυχοι, τὸ ἓν φρονοῦντες·
2သင်တို့သည် အချင်းချင်း ချစ် ကြ၍၊ စိတ် မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တစ် ညီတစ်ညွတ်တည်းရှိသောအားဖြင့်၊ ငါ ဝမ်းမြောက် စရာအကြောင်း ကို စုံလင် စေကြလော့။
3μηδὲν κατὰ ἐριθείαν ἢ κενοδοξίαν, ἀλλὰ τῇ ταπεινοφροσύνῃ ἀλλήλους ἡγούμενοι ὑπερέχοντας ἑαυτῶν·
3ရန်တွေ့ လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မ ပြုကြ နှင့်။ သူတစ်ပါး သည် ကိုယ် ထက် သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချ သောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ် ကြလော့။
4μὴ τὰ ἑαυτῶν ἕκαστος σκοπεῖτε, ἀλλὰ καὶ τὰ ἑτέρων ἕκαστος.
4ကိုယ် အမှုအရာကိုသာ မ ရှု မမှတ်ဘဲ၊ သူ့အမှုအရာ ကို အချင်းချင်း ရှုမှတ်ကြလော့။
5Τοῦτο γὰρ φρονείσθω ἐν ὑμῖν ὃ καὶ ἐν Χριστῷ Ἰησοῦ·
5ယေရှု ခရစ် ၌ ရှိသော ထို စိတ် သဘောကို သင် တို့၌ လည်း ရှိစေကြလော့။
6ὃς ἐν μορφῇ Θεοῦ ὑπάρχων, οὐχ ἁρπαγμὸν ἡγήσατο τὸ εἶναι ἶσα Θεῷ,
6ထိုသခင် သည် ဘုရားသခင် ၏ သဏ္ဌာန် တော်နှင့် ပြည့်စုံတော်မူသည်ဖြစ် ၍၊ ဘုရားသခင် နှင့် ပြိုင် သောအမှုကို လုယူ ခြင်းအမှုဟူ၍မ ထင် မမှတ်လျက်ပင်၊
7ἀλλ᾿ ἑαυτὸν ἐκένωσε, μορφὴν δούλου λαβών, ἐν ὁμοιώματι ἀνθρώπων γενόμενος·
7မိမိ အသရေကိုစွန့် ၍ အစေခံ ကျွန်၏သဏ္ဌာန် ကို ယူဆောင် လျက်၊ လူ ကဲ့သို့သော အဖြစ်၌ ဘွားမြင် ခြင်းကို ခံတော်မူ၏။
8καὶ σχήματι εὑρεθεὶς ὡς ἄνθρωπος, ἐταπείνωσεν ἑαυτόν, γενόμενος ὑπήκοος μέχρι θανάτου, θανάτου δὲ σταυροῦ.
8ထိုသို့ လူ ၏ဂုဏ် အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံ ခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင် မှာ အသေခံ ခြင်းတိုင်အောင် အစေ ကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချ တော်မူ၏။
9Διὸ καὶ ὁ Θεὸς αὐτὸν ὑπερύψωσε, καὶ ἐχαρίσατο αὐτῷ ὄνομα τὸ ὑπὲρ πᾶν ὄνομα·
9ထို့ကြောင့် ဘုရားသခင် သည် ကိုယ်တော် ကိုအလွန်ချီးမြှောက် ၍ ဘွဲ့နာမ တကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမ ကို ပေး သနားတော်မူ၏။။
10ἵνα ἐν τῷ ὀνόματι Ἰησοῦ πᾶν γόνυ κάμψῃ ἐπουρανίων καὶ ἐπιγείων καὶ καταχθονίων,
10အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီး အောက်၌ ရှိသော သတ္တဝါ တည်းဟူသောခပ်သိမ်း သော သတ္တဝါတို့သည် ယေရှု ၏ဘွဲ့နာမ တော်ကို ဒူး ထောက် ၍၊
11καὶ πᾶσα γλῶσσα ἐξομολογήσηται ὅτι Κύριος Ἰησοῦς Χριστός, εἰς δόξαν Θεοῦ πατρός.
11ယေရှု ခရစ် သည် သခင် ဖြစ်တော်မူ၏ဟု နှုတ် နှင့် ဝန်ခံသဖြင့်၊ ခမည်းတော် ဘုရား ၏ ဘုန်း အသရေ တော်ကို ထင်ရှား စေကြမည်အကြောင်း တည်း။။
12Ὥστε, ἀγαπητοί μου, καθὼς πάντοτε ὑπηκούσατε, μὴ ὡς ἐν τῇ παρουσίᾳ μου μόνον, ἀλλὰ νῦν πολλῷ μᾶλλον ἐν τῇ ἀπουσίᾳ μου, μετὰ φόβου καὶ τρόμου τὴν ἑαυτῶν σωτηρίαν κατεργάζεσθε·
12သို့ဖြစ်၍ ငါ့ ချစ်သူ တို့၊ သင်တို့သည် ငါ့ မျက်မှောက် ၌ နားထောင် သည်သာမက ၊ မျက်ကွယ် ၌ လည်း အစဉ်နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့ တုန်လှုပ် သောစိတ်နှင့် ၊ ကိုယ် ကို ကယ်တင် ခြင်းငှာကိုယ်တိုင်ကြိုးစား အားထုတ်ကြလော့။။
13ὁ Θεὸς γάρ ἐστιν ὁ ἐνεργῶν ἐν ὑμῖν καὶ τὸ θέλειν καὶ τὸ ἐνεργεῖν ὑπὲρ τῆς εὐδοκίας.
13အကြောင်းမူကား ၊ သင် တို့သည် အလိုရှိ စေခြင်းငှာ၎င်း ၊ အကျင့်ကျင့် စေခြင်းငှာ၎င်း၊ သင်တို့အထဲ ၌ စေတနာ တော်အားဖြင့်ပြုပြင် တော်မူသောသူ ကား ဘုရားသခင် ပေတည်း။။
14Πάντα ποιεῖτε χωρὶς γογγυσμῶν καὶ διαλογισμῶν,
14သင်တို့သည် ပြုလေသမျှ တို့၌ မြည်တမ်း ခြင်း၊ ငြင်းခုံ ခြင်းမ ရှိဘဲ ပြု ကြလော့။။
15ἵνα γένησθε ἄμεμπτοι καὶ ἀκέραιοι, τέκνα Θεοῦ ἀμώμητα ἐν μέσῳ γενεᾶς σκολιᾶς καὶ διεστραμμένης, ἐν οἷς φαίνεσθε ὡς φωστῆρες ἐν κόσμῳ,
15သို့ပြုလျှင် အပြစ်တင် ခွင့်မရှိ၊ အဘယ်သူကိုမျှ မ ပြစ်မှားဘဲနေ ၍ ၊
16λόγον ζωῆς ἐπέχοντες, εἰς καύχημα ἐμοὶ εἰς ἡμέραν Χριστοῦ, ὅτι οὐκ εἰς κενὸν ἔδραμον, οὐδὲ εἰς κενὸν ἐκοπίασα.
16မဖြောင့် မမှန်ဖောက်ပြန် သောလူမျိုး အထဲ ၌ အဘယ် အပြစ်မျှမပါသော ဘုရားသခင် ၏ သား ဖြစ်ကြ လိမ့်မည်။ အသက် ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြဝဠာ ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုး အထဲ ၌ ထွန်းလင်း ကြ၏။ သို့ပြုလျှင်ငါ သည် အကျိုး မရှိဘဲလျက် ပြေး သည်မ ဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစား အားထုတ်သည်မ ဟုတ်ကြောင်း ကို ငါထောက်၍ ခရစ်တော် ၏နေ့ရက် ၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိလိမ့်မည်။။
17Ἀλλ᾿ εἰ καὶ σπένδομαι ἐπὶ τῇ θυσίᾳ καὶ λειτουργίᾳ τῆς πίστεως ὑμῶν, χαίρω καὶ συγχαίρω πᾶσιν ὑμῖν·
17ထိုမျှမက၊ သင် တို့၏ယုံကြည် ခြင်းကို တင်လှူ ပူဇော်သော ယဇ် အပေါ်မှာ ငါ့ကိုလောင်း သော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှ နှင့်အတူ ငါဝမ်းမြောက် ခြင်းရှိ၏။။
18τὸ δ᾿ αὐτὸ καὶ ὑμεῖς χαίρετε καὶ συγχαίρετέ μοι.
18ထိုနည်းတူ သင် တို့သည်လည်း ဝမ်းမြောက် ကြလော့။ ငါ နှင့်အတူဝမ်းမြောက် ခြင်း ရှိကြလော့။။
19Ἐλπίζω δὲ ἐν Κυρίῳ Ἰησοῦ, Τιμόθεον ταχέως πέμψαι ὑμῖν, ἵνα κἀγὼ εὐψυχῶ, γνοὺς τὰ περὶ ὑμῶν.
19သင် တို့အကြောင်း အရာများကို ငါသိ ၍ စိတ်သက်သာ ခြင်းငှာ ၊ တိမောသေ ကို သင် တို့ရှိရာသို့ များမကြာ စေလွှတ် မည်အကြောင်း၊ သခင် ယေရှု ခရစ်၌ ငါမှီဝဲ ခြင်းရှိ၏။။
20Οὐδένα γὰρ ἔχω ἰσόψυχον, ὅστις γνησίως τὰ περὶ ὑμῶν μεριμνήσει.
20အကြောင်းမူကား ၊ ထိုသူသည်သင် တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့စိတ်သဘောတူသော သူတယောက် မျှ ငါတို့၌မရှိ ။။
21Οἱ πάντες γὰρ τὰ ἑαυτῶν ζητοῦσιν, οὐ τὰ τοῦ Χριστοῦ Ἰησοῦ.
21လူခပ်သိမ်း တို့သည် ယေရှု ခရစ် ၏အကျိုးကို မ ရှာ၊ ကိုယ် အကျိုးကိုသာ ရှာ ကြ၏။။
22Τὴν δὲ δοκιμὴν αὐτοῦ γινώσκετε, ὅτι ὡς πατρὶ τέκνον, σὺν ἐμοὶ ἐδούλευσεν εἰς τὸ εὐαγγέλιον.
22သို့သော်လည်း သား သည်အဘ နှင့်အတူဆောင်ရွက် သကဲ့သို့ ၊ သူသည်ငါ နှင့်အတူ ဧဝံဂေလိ တရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူ ပြသောသက်သေ ကို သင်တို့ သိ ကြ၏။။
23Τοῦτον μὲν οὖν ἐλπίζω πέμψαι, ὡς ἂν ἀπίδω τὰ περὶ ἐμέ, ἐξαυτῆς·
23ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါ သိ သောအခါ ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ခြင်း စေလွှတ် မည် ဟု ကြံစည် မြော်လင့်လျက် ငါနေ၏။။
24πέποιθα δὲ ἐν Κυρίῳ, ὅτι καὶ αὐτὸς ταχέως ἐλεύσομαι.
24ထိုမျှမက ၊ ငါ့ ကိုယ်တိုင်သင်တို့ရှိရာသို့ များမကြာ လာ မည်ဟု သခင် ဘုရားအားဖြင့် ယုံမှတ် စွဲလမ်းသောစိတ်ရှိ၏။။
25Ἀναγκαῖον δὲ ἡγησάμην Ἐπαφρόδιτον τὸν ἀδελφὸν καὶ συνεργὸν καὶ συστρατιώτην μου, ὑμῶν δὲ ἀπόστολον, καὶ λειτουργὸν τῆς χρείας μου, πέμψαι πρὸς ὑμᾶς·
25သို့သော်လည်း ဆောင်ရွက် ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ ၏အပေါင်းအဘော်၊ ငါ့ ကိုပြုစု သောသူတည်းဟူသောသင် တို့တမန် ၊ ငါ့ညီ ဧပဖြောဒိတ် ကို သင် တို့ရှိရာ သို့ ယခုစေလွှတ် သင့်သည်ဟု ငါထင်မှတ် ၏။။
26ἐπειδὴ ἐπιποθῶν ἦν πάντας ὑμᾶς, καὶ ἀδημονῶν, διότι ἠκούσατε ὅτι ἠσθένησε·
26အကြောင်းမူကား၊ သူသည် နာ ကြောင်း ကို သင်တို့ကြားသိ သောကြောင့် ၊ သူသည် သင် တို့အပေါင်း ကို လွမ်းဆွတ် ၍ စိတ်မသာလျက် နေ ၏။။
27καὶ γὰρ ἠσθένησε παραπλήσιον θανάτῳ, ἀλλ᾿ ὁ Θεὸς αὐτὸν ἠλέησεν, οὐκ αὐτὸν δὲ μόνον, ἀλλὰ καὶ ἐμέ, ἵνα μὴ λύπην ἐπὶ λύπῃ σχῶ.
27သူသည် သေ လု အောင် နာ သည်မှန် ၏။ ထိုအခါ ဘုရားသခင် သည် သူ့ ကို သနား တော်မူ၏။ သူ့ ကိုသာ သနားတော်မူသည်မ ဟုတ်။ ငါ့ ၌ ဝမ်းနည်း ခြင်းအဆင့်ဆင့် အထပ်ထပ်မ ရှိ စေခြင်းငှာ ၊ ငါ့ကိုလည်း သနားတော်မူ၏။။
28Σπουδαιοτέρως οὖν ἔπεμψα αὐτόν, ἵνα, ἰδόντες αὐτὸν πάλιν, χαρῆτε, κἀγὼ ἀλυπότερος ὦ.
28ထိုကြောင့် သင်တို့သည် သူ့ ကိုတစ်ဖန် တွေ့မြင် ၍ ဝမ်းမြောက် စေခြင်းငှာ၎င်း၊ ငါ သည်လည်း သက်သာ ခြင်းငှာ ၎င်း၊ သူ့ ကို သာ၍ကြိုးစား သည်နှင့် ငါစေလွှတ် ၏။။
29Προσδέχεσθε οὖν αὐτὸν ἐν Κυρίῳ μετὰ πάσης χαρᾶς, καὶ τοὺς τοιούτους ἐντίμους ἔχετε·
29သို့ဖြစ်၍ သခင် ဘုရားကို ထောက် လျက်၊ ဝမ်းမြောက် သောစိတ်နှင့် သူ့ ကိုလက်ခံ ကြလော့။ ထိုသို့သော သူတို့ကို ရိုသေ လေးမြတ်ကြလော့။။
30ὅτι διὰ τὸ ἔργον τοῦ Χριστοῦ μέχρι θανάτου ἤγγισε, παραβουλευσάμενος τῇ ψυχῇ, ἵνα ἀναπληρώσῃ τὸ ὑμῶν ὑστέρημα τῆς πρός με λειτουργίας.
30အကြောင်းမူကား ၊ သင် တို့သည် ငါ့ ကိုပြုစု ၍ မ ပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံ ခြင်းငှာ ၊ ကိုယ် အသက် ကို စွန့်စား ၍ ခရစ်တော် ၏အမှု ကြောင့် သေ ခြင်းသို့ ရောက် လုနီးပြီ။
Tip: use the ← and → keys to turn chapters.