ΠΡΟΣ ΦΙΛΙΠΠΗΣΙΟΥΣ
Chapter 4

ΠΡΟΣ ΦΙΛΙΠΠΗΣΙΟΥΣ

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΠΡΟΣ ΦΙΛΙΠΠΗΣΙΟΥΣ 4

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Ὥστε, ἀδελφοί μου ἀγαπητοὶ καὶ ἐπιπόθητοι, χαρὰ καὶ στέφανός μου, οὕτω στήκετε ἐν Κυρίῳ, ἀγαπητοί.
1ထိုကြောင့် ငါ ဝမ်းမြောက် ခြင်းအကြောင်း၊ ငါ့ဦးရစ် သရဖူတည်းဟူသော၊ ငါ ချစ် ၍ အလွန်လွမ်း သော ညီအစ်ကို တို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင် ဘုရား၌ တည်နေ ကြလော့၊ ငါ့ချစ်သူ တို့။
2Εὐοδίαν παρακαλῶ, καὶ Συντύχην παρακαλῶ, τὸ αὐτὸ φρονεῖν ἐν Κυρίῳ.
2ဧဝေါဒိ နှင့် သုန္တုတ် တို့သည် သခင် ဘုရား၌ သဘော တစ် ညီတစ်ညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါ တောင်းပန်သွေးဆောင်ပါ၏။
3Καὶ ἐρωτῶ καί σε, σύζυγε γνήσιε, συλλαμβάνου αὐταῖς, αἵτινες ἐν τῷ εὐαγγελίῳ συνήθλησάν μοι, μετὰ καὶ Κλήμεντος, καὶ τῶν λοιπῶν συνεργῶν μου, ὧν τὰ ὀνόματα ἐν βίβλῳ ζωῆς.
3အချင်း ငါ့လုပ်ဘော်ဆောင်ဘက် စစ် ၊ သင် တို့ကိုလည်း ငါတောင်းပန် ၏။ ငါ နှင့် ကလေမင် မှစ၍ အသက် စာရင်းဝင်သော အခြား သောငါ ၏လုပ်ဘော်ဆောင်ဘက် တို့နှင့်အတူ ၊ ဧဝံဂေလိ တရားကို ဟောပြောသောအမှု၌ ကူညီ ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့။
4Χαίρετε ἐν Κυρίῳ πάντοτε· πάλιν ἐρῶ, χαίρετε.
4သခင် ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက် ခြင်း ရှိကြလော့။ တစ်ဖန် ငါဆို သည်ကား ဝမ်းမြောက် ကြလော့။
5Τὸ ἐπιεικὲς ὑμῶν γνωσθήτω πᾶσιν ἀνθρώποις. Ὁ Κύριος ἐγγύς.
5လူ အပေါင်း တို့ရှေ့၌ သင် တို့၏ ဖြည်းညှင်း ခြင်း သဘောကို ထင်ရှား စေကြလော့။ သခင် ဘုရားသည် အနီးအပါး ၌ ရှိတော်မူ၏။
6Μηδὲν μεριμνᾶτε, ἀλλ᾿ ἐν παντὶ τῇ προσευχῇ καὶ τῇ δεήσει μετὰ εὐχαριστίας τὰ αἰτήματα ὑμῶν γνωριζέσθω πρὸς τὸν Θεόν.
6အဘယ် အမှုကိုမျှ စိုးရိမ် ခြင်းမ ရှိဘဲအရာရာ၌ ကျေးဇူး တော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင် တို့တောင်းပန် လိုသောအရာများတို့ကို ဘုရားသခင် အား ကြားလျှောက် ကြလော့။
7Καὶ ἡ εἰρήνη τοῦ Θεοῦ ἡ ὑπερέχουσα πάντα νοῦν, φρουρήσει τὰς καρδίας ὑμῶν καὶ τὰ νοήματα ὑμῶν ἐν Χριστῷ Ἰησοῦ.
7ထိုသို့ပြုလျှင်အဘယ်သူမျှကြုံ၍မမှီနိုင်သော ဘုရားသခင် ၏ ငြိမ်သက် ခြင်းသည် ယေရှု ခရစ် အားဖြင့် သင် တို့၏စိတ် နှလုံးတို့ကို စောင့်မ လိမ့်မည်။
8Τὸ λοιπόν, ἀδελφοί, ὅσα ἐστὶν ἀληθῆ, ὅσα σεμνά, ὅσα δίκαια, ὅσα ἁγνά, ὅσα προσφιλῆ, ὅσα εὔφημα, εἴ τις ἀρετὴ καὶ εἴ τις ἔπαινος, ταῦτα λογίζεσθε.
8ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကို တို့၊ သမ္မာတရား နှင့် ဆိုင်သောအကျင့်၊ လျောက်ပတ် သောအကျင့်၊ ဖြောင့်မတ် သောအကျင့်၊ စင်ကြယ် သောအကျင့်၊ သူတစ်ပါးနှစ်သက် ဘွယ်သောအကျင့်၊ ချီးမွမ်း ဘွယ်သောအကျင့် ရှိသမျှ တို့ကို၎င်း၊ ပါရမီ တပါးပါး ၊ ကောင်း သောသိတင်းတပါးပါး နှင့် ဆိုင်သောအကျင့်တို့ကို၎င်း၊ နှလုံး သွင်းကြလော့။
9Ἃ καὶ ἐμάθετε καὶ παρελάβετε καὶ ἠκούσατε καὶ εἴδετε ἐν ἐμοί, ταῦτα πράσσετε· καὶ ὁ Θεὸς τῆς εἰρήνης ἔσται μεθ᾿ ὑμῶν.
9သင်တို့သည် အထက်ကသင် ယူ ၍ ငါ ၌ ကြား မြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ ကျင့် လျှင်၊ ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလိမ့်မည်။။
10Ἐχάρην δὲ ἐν Κυρίῳ μεγάλως, ὅτι ἤδη ποτὲ ἀνεθάλετε τὸ ὑπὲρ ἐμοῦ φρονεῖν· ἐφ᾿ ᾧ καὶ ἐφρονεῖτε, ἠκαιρεῖσθε δέ.
10ယခု ၌လည်း သင်တို့သည် ငါ့ ကို ကြည့်ရှုပြုစုချင်သော စေတနာ စိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင် ဘုရား၌ အလွန် ဝမ်းမြောက် ခြင်းရှိ၏။ ထိုစေတနာ စိတ်သည် အထက် ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။။
11Οὐχ ὅτι καθ᾿ ὑστέρησιν λέγω· ἐγὼ γὰρ ἔμαθον, ἐν οἷς εἰμί, αὐτάρκης εἶναι.
11ထိုသို့ငါဆို သော်၊ ကိုယ်တိုင်ဆင်းရဲ ခြင်းကို ရည်မှတ် ၍ ဆိုသည်မ ဟုတ်။ အကြောင်းမူကား ၊ ငါ သည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲ သောစိတ်ရှိ အံ့သောငှာသင် မိပြီ။။
12Οἶδα δὲ ταπεινοῦσθαι, οἶδα καὶ περισσεύειν· ἐν παντὶ καὶ ἐν πᾶσι μεμύημαι καὶ χορτάζεσθαι καὶ πεινᾷν, καὶ περισσεύειν καὶ ὑστερεῖσθαι.
12ရှုတ်ချ ခြင်းကို၎င်း ၊ ကြွယ်ဝ ခြင်းကို၎င်း၊ ခံတတ်၏။ ဝ စွာစားခြင်း၊ မွတ်သိပ် ခြင်း၊ စည်းစိမ် ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ် တို့တွင် အရာရာ ၌ သင် မိပြီ။။
13Πάντα ἰσχύω ἐν τῷ ἐνδυναμοῦντί με Χριστῷ.
13ငါ့ ကို ခွန်အား နှင့်ပြည့်စုံစေတော်မူသော ခရစ်တော် အားဖြင့် ခပ်သိမ်း သောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။။
14Πλὴν καλῶς ἐποιήσατε συγκοινωνήσαντές μου τῇ θλίψει.
14သို့သော်လည်း ဆင်းရဲ ဒုက္ခကိုငါ ခံရ စဉ်အခါ၊ သင် တို့သည် ငါနှင့်ဆက်ဆံ သောအားဖြင့်ကောင်းမွန် စွာ ပြု ကြပြီ။။
15Οἴδατε δὲ καὶ ὑμεῖς, Φιλιππήσιοι, ὅτι ἐν ἀρχῇ τοῦ εὐαγγελίου, ὅτε ἐξῆλθον ἀπὸ Μακεδονίας, οὐδεμία μοι ἐκκλησία ἐκοινώνησεν εἰς λόγον δόσεως καὶ λήψεως, εἰ μὴ ὑμεῖς μόνοι·
15အချင်းဖိလိပ္ပိ မြို့သားတို့၊ ဧဝံဂေလိ တရားကို ဟောစ ပြု၍ ၊ မာကေဒေါနိ ပြည်မှ ငါထွက် ဆဲရှိသောအခါ အလှူ လှူခြင်း၊ အလှူခံ ခြင်းအမှု၌ ၊ သင် တို့မှတစ်ပါး အဘယ် အသင်းတော် မျှငါ နှင့်မ ဆက်ဆံ ကြ။။
16ὅτι καὶ ἐν Θεσσαλονίκῃ καὶ ἅπαξ καὶ δὶς εἰς τὴν χρείαν μοι ἐπέμψατε.
16သက်သာလောနိတ် မြို့၌ ငါရှိစဉ်ပင်၊ ငါ လို သောအရာကို သင်တို့သည် နှစ်ကြိမ် တိုင်အောင်ပေး လိုက် ကြ၏။။
17Οὐχ ὅτι ἐπιζητῶ τὸ δόμα, ἀλλ᾿ ἐπιζητῶ τὸν καρπὸν τὸν πλεονάζοντα εἰς λόγον ὑμῶν.
17ထိုသို့ ငါဆိုသော်၊ အလှူ ကို ရှာ သည်မ ဟုတ်၊ သင် တို့၌ ကြွယ်ဝ သောအကျိုး ကို ရှာ ၏။။
18Ἀπέχω δὲ πάντα καὶ περισσεύω· πεπλήρωμαι, δεξάμενος παρὰ Ἐπαφροδίτου τὰ παρ᾿ ὑμῶν, ὀσμὴν εὐωδίας, θυσίαν δεκτήν, εὐάρεστον τῷ Θεῷ.
18ယခုအခါ အရာရာ ၌ငါရ တတ်၏။ ဥစ္စာကြွယ်ဝ ၏။ မွှေးကြိုင် သောအနံ့ နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက် အားရတော်မူသော ယဇ် တည်းဟူသောသင် တို့ ပေးလိုက်သောအရာ တို့ကို ဧပဖြောဒိတ် လက်မှ ငါခံရ သည်ဖြစ်၍ကြွယ်ဝ လျက်ရှိ၏။။
19Ὁ δὲ Θεός μου πληρώσει πᾶσαν χρείαν ὑμῶν κατὰ τὸν πλοῦτον αὐτοῦ ἐν δόξῃ, ἐν Χριστῷ Ἰησοῦ.
19ငါ ၏ဘုရားသခင် သည် ဘုန်း အာနုဘော်၌ စံပယ်တော်မူသော စည်းစိမ် ရှိသည်အတိုင်း ၊ သင် တို့အလို ရှိသမျှ တို့ကို ယေရှု ခရစ် အားဖြင့် ပြည့်စုံ စေတော်မူလိမ့်မည်။။
20Τῷ δὲ Θεῷ καὶ πατρὶ ἡμῶν ἡ δόξα εἰς τοὺς αἰῶνας τῶν αἰώνων. Ἀμήν.
20ငါ တို့အဘ တည်းဟူသောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။။
21Ἀσπάσασθε πάντα ἅγιον ἐν Χριστῷ Ἰησοῦ. Ἀσπάζονται ὑμᾶς οἱ σὺν ἐμοὶ ἀδελφοί.
21ယေရှု ခရစ် ၌ ရှိသော သန့်ရှင်း သူအပေါင်း တို့ကို နှုတ်ဆက် ကြလော့။။
22Ἀσπάζονται ὑμᾶς πάντες οἱ ἅγιοι, μάλιστα δὲ οἱ ἐκ τῆς Καίσαρος οἰκίας.
22ငါ နှင့်အတူ ရှိသောညီအစ်ကို မှစ၍ သန့်ရှင်း သောသူအပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ ကဲသာ ဘုရင်၏ နန်းတော် ၌နေသော သန့်ရှင်း သူတို့သည် အထူးသဖြင့် နှုတ်ဆက် ကြ၏။။
23Ἡ χάρις τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ μετὰ πάντων ὑμῶν. Ἀμήν.
23ငါတို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။

Tip: use the ← and → keys to turn chapters.