ΙΑΚΩΒΟΥ 2
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Ἀδελφοί μου, μὴ ἐν προσωποληψίαις ἔχετε τὴν πίστιν τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ τῆς δόξης.
1ငါ့ ညီအစ်ကို တို့၊ ဘုန်းကြီး တော်မူသော ငါ တို့ သခင် ယေရှု ခရစ် ကို ယုံကြည် ခြင်းအမှုမှာ၊ လူမျက်နှာ ကို ထောက် ခြင်းမ ရှိ ကြနှင့်။
2Ἐὰν γὰρ εἰσέλθῃ εἰς τὴν συναγωγὴν ὑμῶν ἀνὴρ χρυσοδακτύλιος ἐν ἐσθῆτι λαμπρᾷ, εἰσέλθῃ δὲ καὶ πτωχὸς ἐν ῥυπαρᾷ ἐσθῆτι,
2ရွှေ လက်စွပ်နှင့် တင့်တယ် သော အဝတ်ကို ဝတ်ဆင် သောသူ ၊ ညစ် သောအဝတ်ကိုဝတ် ၍ ဆင်းရဲ သောသူနှစ်ဦးသည် သင် တို့၏ တရားစရပ် ထဲသို့ ဝင် သောအခါ ၊
3καὶ ἐπιβλέψητε ἐπὶ τὸν φοροῦντα τὴν ἐσθῆτα τὴν λαμπράν, καὶ εἴπητε αὐτῷ, Σὺ κάθου ὧδε καλῶς, καὶ τῷ πτωχῷ εἴπητε, Σὺ στῆθι ἐκεῖ, ἢ κάθου ὧδε ὑπὸ τὸ ὑποπόδιόν μου·
3တင့်တယ် သောအဝတ် ကို ဝတ်ဆင် သောသူ ကိုကြည့် ၍ ၊ ကောင်းမွန် သော ဤအရပ် မှာထိုင် ပါဟူ၍၎င်း ၊ ဆင်းရဲ သောသူ ကို၊ ဟိုမှာ နေ လော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ ခြေ တင်ခုံအောက် ၌ ထိုင် လော့ဟူ၍၎င်း၊ သင် တို့သည် ပြောဆို လျှင် ၊
4καὶ οὐ διεκρίθητε ἐν ἑαυτοῖς, καὶ ἐγένεσθε κριταὶ διαλογισμῶν πονηρῶν;
4တစ်ဘက်၌ငဲ့ကွက်သောစိတ် ရှိ၍ မကောင်း သောအကြံအစည် နှင့် စီရင် သောသူ ဖြစ် ကြသည်မ ဟုတ်လော။
5Ἀκούσατε, ἀδελφοί μου ἀγαπητοί. Οὐχ ὁ Θεὸς ἐξελέξατο τοὺς πτωχοὺς τοῦ κόσμου τούτου πλουσίους ἐν πίστει, καὶ κληρονόμους τῆς βασιλείας ἧς ἐπηγγείλατο τοῖς ἀγαπῶσιν αὐτόν;
5ငါ ချစ် သောညီအစ်ကို တို့၊ နားထောင် ကြလော့။ လောက တွင် ဆင်းရဲ သောသူ တို့သည် ယုံကြည် ခြင်းရတနာကို ရ တတ်စေခြင်းငှာ၎င်း ၊ ဘုရားသခင် ကို ချစ် သောသူ တို့အား ပေးမည်ဟုဝန်ခံ တော်မူသော နိုင်ငံ တော်၏အမွေခံ ဖြစ်စေခြင်းငှာ၎င်း၊ ထိုသူတို့ကို ရွေးကောက် တော်မူသည် မ ဟုတ်လော။
6Ὑμεῖς δὲ ἠτιμάσατε τὸν πτωχόν. Οὐχ οἱ πλούσιοι καταδυναστεύουσιν ὑμῶν, καὶ αὐτοὶ ἕλκουσιν ὑμᾶς εἰς κριτήρια;
6သင် တို့သည် ဆင်းရဲ သောသူ ကို မထီမဲ့မြင် ပြုကြသည်တကား ။ ငွေရတတ် သော သူ တို့သည် သင် တို့ကို ညှဉ်းဆဲ နှိပ်စက်ကြသည်မ ဟုတ်လော။ တရား ပလ္လင် ရှေ့သို့ ဆွဲငင် ကြသည်မဟုတ်လော။
7Οὐκ αὐτοὶ βλασφημοῦσι τὸ καλὸν ὄνομα τὸ ἐπικληθὲν ἐφ᾿ ὑμᾶς;
7သင် တို့ကို သမုတ် သော နာမ တော်မြတ် ကို သူ တို့သည်ကဲ့ရဲ့ ကြသည်မ ဟုတ်လော။
8Εἰ μέντοι νόμον τελεῖτε βασιλικόν, κατὰ τὴν γραφήν, Ἀγαπήσεις τὸν πλησίον σου ὡς σεαυτόν, καλῶς ποιεῖτε·
8ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့်အမျှ ချစ် လော့ဟု ကျမ်းစာ ၌ ပါသော ရွှေ ပညတ် တော်ကို သင်တို့သည် စောင့်ရှောက် လျှင် ၊ ကောင်း သောအကျင့်ကို ကျင့် ရာသို့ရောက်ကြ၏။
9εἰ δὲ προσωποληπτεῖτε, ἁμαρτίαν ἐργάζεσθε, ἐλεγχόμενοι ὑπὸ τοῦ νόμου ὡς παραβάται.
9သို့မဟုတ် လူမျက်နှာကိုထောက် လျှင် ၊ ဒုစရိုက် ကို ပြုသောသူ ဖြစ်ကြ၏။ တရားကို လွန်ကျူး သောသူဟု ပညတ် တော်အားဖြင့် ထင်ရှား စွာဖြစ်ကြ၏။
10Ὅστις γὰρ ὅλον τὸν νόμον τηρήσει, πταίσει δὲ ἐν ἑνί, γέγονε πάντων ἔνοχος.
10အဘယ်သို့ နည်းဟူမူကား၊ ပညတ် တရားအလုံးစုံ ကို စောင့်ရှောက် သည်တွင် တစ်စုံတစ်ခု၌ မှား မိလျှင် ၊ ပညတ် တရားကို လွန်ကျူးသောအပြစ် ရှိ ၏။
11Ὁ γὰρ εἰπών, Μὴ μοιχεύσῃς, εἶπε καί, Μὴ φονεύσῃς· εἰ δὲ οὐ μοιχεύσεις, φονεύσεις δέ, γέγονας παραβάτης νόμου.
11သူ့ မယားကိုမ ပြစ်မှားနှင့်ဟု ပညတ် တော်မူသောသူ က၊ လူအသက်ကို မ သတ် နှင့်ဟု ပညတ် တော်မူသေး၏။ သို့ဖြစ်၍ သင်သည်သူ့ မယားကိုမ ပြစ်မှားဘဲနေသော်လည်း ၊ သူအသက်ကိုသတ် လျှင် ၊ ပညတ် တရားကို လွန်ကျူး သောသူဖြစ် ၏။
12Οὕτω λαλεῖτε καὶ οὕτω ποιεῖτε, ὡς διὰ νόμου ἐλευθερίας μέλλοντες κρίνεσθαι.
12လွှတ် ခြင်းတရား အတိုင်း စီရင် ခြင်းကို ခံရ လတံ့ သောသူကဲ့သို့ ၊ စကား ပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြ လော့။
13Ἡ γὰρ κρίσις ἀνίλεως τῷ μὴ ποιήσαντι ἔλεος· καὶ κατακαυχᾶται ἔλεος κρίσεως.
13ကရုဏာ မရှိသောသူ သည်၊ ကရုဏာ ကိုမ ရ ဘဲ၊ တရား စီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာ သည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွား တတ်၏။
14Τί τὸ ὄφελος, ἀδελφοί μου, ἐὰν πίστιν λέγῃ τις ἔχειν, ἔργα δὲ μὴ ἔχῃ; Μὴ δύναται ἡ πίστις σῶσαι αὐτόν;
14ငါ့ ညီအစ်ကို တို့၊ တစ်စုံတစ်ယောက်သောသူက၊ ငါသည်ယုံကြည် ခြင်းရှိ ၏ဟုပြော လျက် ၊ အကျင့် ကို မ ကျင့် ဘဲနေ လျှင် အဘယ် အကျိုး ရှိသနည်း။ ထိုယုံကြည်ခြင်း သည် ထိုသူ ကို ကယ်တင် နိုင် သလော။
15Ἐὰν δὲ ἀδελφὸς ἢ ἀδελφὴ γυμνοὶ ὑπάρχωσι καὶ λειπόμενοι ὦσι τῆς ἐφημέρου τροφῆς,
15ညီအစ်ကို နှမ တို့သည် အဝတ် အချည်းစည်းရှိ၍၊ နေ့တိုင်း စားရ သောအစာ မရှိ သောအခါ ၊
16εἴπῃ δέ τις αὐτοῖς ἐξ ὑμῶν, Ὑπάγετε ἐν εἰρήνῃ, θερμαίνεσθε καὶ χορτάζεσθε, μὴ δῶτε δὲ αὐτοῖς τὰ ἐπιτήδεια τοῦ σώματος, τί τὸ ὄφελος;
16သင် တို့တွင် တစ်စုံတစ်ယောက် သောသူက၊ ငြိမ်ဝပ် စွာသွား ကြလော့။ နွေး ကြလော့။ ဝ ကြလော့ဟု ပြော လျက် ၊ သူ တို့ကိုယ် နှင့်တော်လျော် သော အသုံးအဆောင်ကို မ ပေး ဘဲနေလျှင် အဘယ် အကျိုး ရှိသနည်း။
17Οὕτω καὶ ἡ πίστις, ἐὰν μὴ ἔργα ἔχῃ, νεκρά ἐστι καθ᾿ ἑαυτήν.
17ထိုနည်းတူ ၊ အကျင့် နှင့် ကင်း သော ယုံကြည် ခြင်းသည် တစ်ပါးတည်းရှိ သောကြောင့် အသေ ဖြစ်၏။
18Ἀλλ᾿ ἐρεῖ τις, Σὺ πίστιν ἔχεις, κἀγὼ ἔργα ἔχω· δεῖξόν μοι τὴν πίστιν σου ἐκ τῶν ἔργων σου, κἀγὼ δείξω σοι ἐκ τῶν ἔργων μου τὴν πίστιν μου.
18တနည်းကား၊ သင် သည်ယုံကြည် ခြင်းရှိ ၏။ ငါ သည်အကျင့် ရှိ ၏။ သို့ဖြစ်၍သင် သည်အကျင့် မ ရှိဘဲ သင် ၏ယုံကြည် ခြင်းကို ပြ လော့။ ငါ မူကား၊ အကျင့် အားဖြင့် ငါ ၏ယုံကြည် ခြင်းကို ပြ မည်ဟုပြော စရာရှိ၏။
19Σὺ πιστεύεις ὅτι ὁ Θεὸς εἷς ἐστί· καλῶς ποιεῖς· καὶ τὰ δαιμόνια πιστεύουσι, καὶ φρίσσουσι.
19ဘုရားသခင် တစ်ဆူတည်း ရှိ သည်ဟု သင် သည်ယုံ ၏။ ကောင်း ပေ၏။ နတ်ဆိုး တို့သည် ယုံ ၍ ကြောက်ရွံ့တုန်လှုပ် ကြ၏။
20Θέλεις δὲ γνῶναι, ὦ ἄνθρωπε κενέ, ὅτι ἡ πίστις χωρὶς τῶν ἔργων νεκρά ἐστιν;
20လျှပ်ပေါ် သောလူ ၊ အကျင့် နှင့်ကင်း သော ယုံကြည် ခြင်းသည် အသေ ဖြစ် သည်ကို သိ ချင် သလော။
21Ἀβραὰμ ὁ πατὴρ ἡμῶν οὐκ ἐξ ἔργων ἐδικαιώθη, ἀνενέγκας Ἰσαὰκ τὸν υἱὸν αὐτοῦ ἐπὶ τὸ θυσιαστήριον;
21ငါ တို့အဘ အာဗြဟံ သည်၊ မိမိ သား ဣဇာက် ကို ယဇ်ပလ္လင် ပေါ်မှာ တင်လှူ ပူဇော်သောအခါ၊ အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သည်မ ဟုတ်လော။
22Βλέπεις ὅτι ἡ πίστις συνήργει τοῖς ἔργοις αὐτοῦ, καὶ ἐκ τῶν ἔργων ἡ πίστις ἐτελειώθη;
22ယုံကြည် ခြင်းသည် အကျင့် နှင့်အတူ ပြုပြင် ၍၊ အကျင့် အားဖြင့် စုံလင် သည်ကိုသိမြင် ရ၏။
23Καὶ ἐπληρώθη ἡ γραφὴ ἡ λέγουσα, Ἐπίστευσε δὲ Ἀβραὰμ τῷ Θεῷ, καὶ ἐλογίσθη αὐτῷ εἰς δικαιοσύνην, καὶ φίλος Θεοῦ ἐκλήθη.
23အာဗြဟံ သည် ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏ဟူသော ကျမ်း စကား ပြည့်စုံ လေ၏။ အာဗြဟံသည်လည်း ၊ ဘုရားသခင် ၏အဆွေ ဟူ၍ခေါ်ဝေါ် ခြင်းကိုခံရ၏။
24Ὁρᾶτε τοίνυν ὅτι ἐξ ἔργων δικαιοῦται ἄνθρωπος, καὶ οὐκ ἐκ πίστεως μόνον;
24လူ သည်ယုံကြည် ခြင်းအားဖြင့် သာ ဖြောင့်မတ် ရာသို့ရောက်သည်မ ဟုတ်။ အကျင့် အားဖြင့် ရောက် သည်ကို သင်တို့သိမြင် ရကြ၏။
25Ὁμοίως δὲ καὶ Ῥαὰβ ἡ πόρνη οὐκ ἐξ ἔργων ἐδικαιώθη, ὑποδεξαμένη τοὺς ἀγγέλους, καὶ ἑτέρᾳ ὁδῷ ἐκβαλοῦσα;
25ထိုနည်းတူ ၊ ပြည်တန်ဆာ ရာခပ် သည်၊ တမန် တို့ကိုလက်ခံ ပြီးမှ အခြား သောလမ်း ဖြင့် လွှတ် လိုက်၍ ၊ အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သည်မ ဟုတ်လော။
26Ὥσπερ γὰρ τὸ σῶμα χωρὶς πνεύματος νεκρόν ἐστιν, οὕτω καὶ ἡ πίστις χωρὶς τῶν ἔργων νεκρά ἐστι.
26ဝိညာဉ် နှင့်ကင်း သောကိုယ် သည် အသေ ဖြစ် သကဲ့သို့ ၊ အကျင့် နှင့်ကင်း သော ယုံကြည် ခြင်းသည် အသေ ဖြစ် ၏။
Tip: use the ← and → keys to turn chapters.