ΠΡΟΣ ΚΟΡΙΝΘΙΟΥΣ Β 2
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Ἔκρινα δὲ ἐμαυτῷ τοῦτο, τὸ μὴ πάλιν ἐλθεῖν ἐν λύπῃ πρὸς ὑμᾶς.
1ထိုမှတစ်ပါး၊ ဝမ်းနည်း ခြင်းနှင့်တကွ သင် တို့ဆီသို့ နောက် တဖန် ငါ မ လာ ဟု ငါစိတ်ပြဋ္ဌာန်း ခဲ့ပြီ။
2Εἰ γὰρ ἐγὼ λυπῶ ὑμᾶς, καὶ τίς ἐστιν ὁ εὐφραίνων με, εἰ μὴ ὁ λυπούμενος ἐξ ἐμοῦ;
2အကြောင်းမူကား ၊ ငါ သည်သင် တို့ကို ဝမ်းနည်း စေလျှင် ၊ ထိုသို့ ဝမ်းနည်း စေသောသူ ကိုမှတပါး အဘယ်သူ သည် ငါ့ ကိုဝမ်းမြောက် စေမည်နည်း။
3Καὶ ἔγραψα ὑμῖν τοῦτο αὐτό, ἵνα μὴ ἐλθὼν λύπην ἔχω ἀφ᾿ ὧν ἔδει με χαίρειν, πεποιθὼς ἐπὶ πάντας ὑμᾶς, ὅτι ἡ ἐμὴ χαρὰ πάντων ὑμῶν ἐστίν.
3ငါ ဝမ်းမြောက် ခြင်း၏ အကြောင်းသည် သင် တို့ ရှိသမျှ ၏ ဝမ်းမြောက် ခြင်းအကြောင်း ဖြစ် သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက် သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်းအကြောင်းကို မပြုစေခြင်းငှာ၊ အထက်စာကို ငါရေး ၍ ပေးလိုက်၏။
4Ἐκ γὰρ πολλῆς θλίψεως καὶ συνοχῆς καρδίας ἔγραψα ὑμῖν διὰ πολλῶν δακρύων, οὐχ ἵνα λυπηθῆτε, ἀλλὰ τὴν ἀγάπην ἵνα γνῶτε ἣν ἔχω περισσοτέρως εἰς ὑμᾶς.
4အလွန် ညှိုးငယ် ပူပန် သောစိတ် နှင့် မျက်ရည် အများ ကျလျက်၊ သင် တို့အား ငါရေး ၍ပေးလိုက်၏။ သင်တို့ကိုစိတ်နာ စေခြင်းငှာ ငါရေးသည်မ ဟုတ်။ ငါ သည် သင် တို့အား အလွန် ချစ် သောမေတ္တာစိတ်ကို သင်တို့ သိ စေခြင်းငှာ ငါရေး၏။
5Εἰ δέ τις λελύπηκεν, οὐκ ἐμὲ λελύπηκεν, ἀλλ᾿ ἀπὸ μέρους — ἵνα μὴ ἐπιβαρῶ — πάντας ὑμᾶς.
5တစ်စုံတစ်ယောက် သောသူသည် ဝမ်းနည်း ခြင်းအကြောင်းကို ပြုသည်မှန်လျှင် ၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ ကို ဝမ်းနည်း စေ၏။ သင် တို့ရှိသမျှ ကို ကျပ်တည်း စွာမ စီရင်လို။
6Ἱκανὸν τῷ τοιούτῳ ἡ ἐπιτιμία αὕτη ἡ ὑπὸ τῶν πλειόνων·
6အများ သောသူတို့စီရင်သော ဒဏ် သည်ထိုသူ ၏ အပြစ်နှင့် တန် ပြီ။
7ὥστε τοὐναντίον μᾶλλον ὑμᾶς χαρίσασθαι καὶ παρακαλέσαι, μήπως τῇ περισσοτέρᾳ λύπῃ καταποθῇ ὁ τοιοῦτος.
7သို့ဖြစ်၍ ထိုသို့သော သူသည် ဝမ်းနည်း ခြင်းအားကြီး လျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှာ၊ သင် တို့သည်ခြားနား သော အားဖြင့်သူ၏အပြစ် ကို လွှတ်၍ သူ့ကိုနှစ်သိမ့် စေခြင်းငှာပြုသင့်၏။
8Διὸ παρακαλῶ ὑμᾶς κυρῶσαι εἰς αὐτὸν ἀγάπην.
8ထိုကြောင့် သင် တို့သည် သူ့ ကိုအမှန်ချစ် ကြသည်ကို ထင်ရှားစွာပြ မည်အကြောင်း ငါတောင်းပန် ၏။
9Εἰς τοῦτο γὰρ καὶ ἔγραψα, ἵνα γνῶ τὴν δοκιμὴν ὑμῶν, εἰ εἰς πάντα ὑπήκοοί ἐστε.
9ထိုမှတပါး၊ သင်သည်အရာရာ ၌ နားထောင် သည်၊ နားမထောင်သည်ကို ငါသိ လို၍၊ သင် တို့ကို စုံစမ်း သောအားဖြင့် အထက်က ရေး ၏။
10ᾯ δέ τι χαρίζεσθε, καὶ ἐγώ· καὶ γὰρ ἐγὼ εἴ τι κεχάρισμαι, ᾧ κεχάρισμαι, δι᾿ ὑμᾶς ἐν προσώπῳ Χριστοῦ,
10အကြင်သူ ၏အပြစ်ကို သင်တို့သည် လွှတ် ၏၊ ထိုသူ ၏အပြစ်ကို ငါသည်လည်း လွှတ်၏၊၊ အကြောင်းမူကား ၊ ငါ သည်တစ်စုံတစ်ယောက်သောသူ၏ အပြစ်ကို လွှတ်ဘူးလျှင် ၊ သင် တို့ကိုထောက် ၍ခရစ်တော် ၏ အခွင့်နှင့် လွှတ်ဘူး၏။
11ἵνα μὴ πλεονεκτηθῶμεν ὑπὸ τοῦ Σατανᾶ· οὐ γὰρ αὐτοῦ τὰ νοήματα ἀγνοοῦμεν.
11သို့မ ဟုတ်လျှင် ၊ စာတန် သည် ငါတို့ကိုနိုင် မည်ဟု စိုးရိမ်စရာရှိ၏။ သူ ၏အကြံအစည် များကို ငါတို့သိ ကြ၏။
12Ἐλθὼν δὲ εἰς τὴν Τρῳάδα εἰς τὸ εὐαγγέλιον τοῦ Χριστοῦ, καὶ θύρας μοι ἀνεῳγμένης ἐν Κυρίῳ,
12ထိုမှတစ်ပါး ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားကို ဟောခြင်းငှာ တရော မြို့သို့ ငါရောက် ၍၊ သခင် ဘုရား သည် ငါ့ အားတံခါး ကို ဖွင့် တော်မူသောအခါ၊
13οὐκ ἔσχηκα ἄνεσιν τῷ πνεύματί μου, τῷ μὴ εὑρεῖν με Τίτον τὸν ἀδελφόν μου· ἀλλὰ ἀποταξάμενος αὐτοῖς ἐξῆλθον εἰς Μακεδονίαν.
13ငါ့ ညီ တိတု ကို ငါ မ တွေ့ သောကြောင့် စိတ် မ သက်သာ သဖြင့် ၊ ထိုသူ တို့ကိုအခွင့်ပန် ပြီးမှမာကေဒေါနိ ပြည်သို့ ထွက်သွား လေ၏။
14Τῷ δὲ Θεῷ χάρις τῷ πάντοτε θριαμβεύοντι ἡμᾶς ἐν τῷ Χριστῷ, καὶ τὴν ὀσμὴν τῆς γνώσεως αὐτοῦ φανεροῦντι δι᾿ ἡμῶν ἐν παντὶ τόπῳ.
14ငါ တို့သည် ခရစ်တော် နှင့်အတူ အောင်ပွဲ ကိုအစဉ် ခံစေခြင်းငှာ၎င်း၊ ထိုသခင် ကို သိ ခြင်း၏ အမွှေးအကြိုင် သည် ငါ တို့အားဖြင့် အရပ်ရပ် တို့၌ နှံ့ပြား စေခြင်းငှာ၎င်း၊ ပြုတော်မူသောဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းခြင်းရှိစေသတည်း။
15Ὅτι Χριστοῦ εὐωδία ἐσμὲν τῷ Θεῷ ἐν τοῖς σῳζομένοις καὶ ἐν τοῖς ἀπολλυμένοις·
15အဘယ်သို့ နည်းဟူမူကား၊ ငါတို့သည် ကယ်တင် သောသူ တို့၌ ၎င်း ၊ ဆုံးရှုံး သောသူ တို့၌ ၎င်း၊ ဘုရားသခင် အား ခရစ်တော် ၏ အမွှေးအကြိုင် ဖြစ် ကြ၏။
16οἷς μὲν ὀσμὴ θανάτου εἰς θάνατον, οἷς δὲ ὀσμὴ ζωῆς εἰς ζωήν. Καὶ πρὸς ταῦτα τίς ἱκανός;
16ဆုံးရှုံးသောသူ တို့၌ ကား၊ သေ ခြင်းတိုင်အောင် သေခြင်း ၏အမွှေးအကြိုင် ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက် ရှင်ခြင်းတိုင်အောင် အသက် ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်ကြ၏။ သို့ဖြစ်၍ ဤ အမှုအရာ တို့နှင့် အဘယ်သူ ထိုက်တန် သနည်း။
17Οὐ γάρ ἐσμεν ὡς οἱ πολλοί, καπηλεύοντες τὸν λόγον τοῦ Θεοῦ· ἀλλ᾿ ὡς ἐξ εἰλικρινείας, ἀλλ᾿ ὡς ἐκ Θεοῦ, κατενώπιον τοῦ Θεοῦ, ἐν Χριστῷ λαλοῦμεν.
17ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို မှောက်လှန် သောသူများ တို့နှင့် ငါတို့သည်မ တူ ဘဲ ကြည်ဖြူ သောစိတ်ရှိ၍ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ၊ ဘုရားသခင် ရှေ့ တော်၌ ခရစ်တော် ၏တရားကို ဟောပြော ကြ၏။
Tip: use the ← and → keys to turn chapters.