2 Corinthians 2
Berean Standard BibleTranslation
Berean Standard Bible
Judson Burmese Bible (1840)
1So I made up my mind not to make another painful visit to you.
1ထိုမှတစ်ပါး၊ ဝမ်းနည်း ခြင်းနှင့်တကွ သင် တို့ဆီသို့ နောက် တဖန် ငါ မ လာ ဟု ငါစိတ်ပြဋ္ဌာန်း ခဲ့ပြီ။
2For if I grieve you, who is left to cheer me but those whom I have grieved?
2အကြောင်းမူကား ၊ ငါ သည်သင် တို့ကို ဝမ်းနည်း စေလျှင် ၊ ထိုသို့ ဝမ်းနည်း စေသောသူ ကိုမှတပါး အဘယ်သူ သည် ငါ့ ကိုဝမ်းမြောက် စေမည်နည်း။
3I wrote as I did so that on my arrival I would not be saddened by those who ought to make me rejoice. I had confidence in all of you, that you would share my joy.
3ငါ ဝမ်းမြောက် ခြင်း၏ အကြောင်းသည် သင် တို့ ရှိသမျှ ၏ ဝမ်းမြောက် ခြင်းအကြောင်း ဖြစ် သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက် သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်းအကြောင်းကို မပြုစေခြင်းငှာ၊ အထက်စာကို ငါရေး ၍ ပေးလိုက်၏။
4For through many tears I wrote you out of great distress and anguish of heart, not to grieve you but to let you know how much I love you.
4အလွန် ညှိုးငယ် ပူပန် သောစိတ် နှင့် မျက်ရည် အများ ကျလျက်၊ သင် တို့အား ငါရေး ၍ပေးလိုက်၏။ သင်တို့ကိုစိတ်နာ စေခြင်းငှာ ငါရေးသည်မ ဟုတ်။ ငါ သည် သင် တို့အား အလွန် ချစ် သောမေတ္တာစိတ်ကို သင်တို့ သိ စေခြင်းငှာ ငါရေး၏။
5Now if anyone has caused grief, he has not grieved me but all of you—to some degree, not to overstate it.
5တစ်စုံတစ်ယောက် သောသူသည် ဝမ်းနည်း ခြင်းအကြောင်းကို ပြုသည်မှန်လျှင် ၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ ကို ဝမ်းနည်း စေ၏။ သင် တို့ရှိသမျှ ကို ကျပ်တည်း စွာမ စီရင်လို။
6The punishment imposed on him by the majority is sufficient for him.
6အများ သောသူတို့စီရင်သော ဒဏ် သည်ထိုသူ ၏ အပြစ်နှင့် တန် ပြီ။
7So instead, you ought to forgive and comfort him, so that he will not be overwhelmed by excessive sorrow.
7သို့ဖြစ်၍ ထိုသို့သော သူသည် ဝမ်းနည်း ခြင်းအားကြီး လျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှာ၊ သင် တို့သည်ခြားနား သော အားဖြင့်သူ၏အပြစ် ကို လွှတ်၍ သူ့ကိုနှစ်သိမ့် စေခြင်းငှာပြုသင့်၏။
8Therefore I urge you to reaffirm your love for him.
8ထိုကြောင့် သင် တို့သည် သူ့ ကိုအမှန်ချစ် ကြသည်ကို ထင်ရှားစွာပြ မည်အကြောင်း ငါတောင်းပန် ၏။
9My purpose in writing you was to see if you would stand the test and be obedient in everything.
9ထိုမှတပါး၊ သင်သည်အရာရာ ၌ နားထောင် သည်၊ နားမထောင်သည်ကို ငါသိ လို၍၊ သင် တို့ကို စုံစမ်း သောအားဖြင့် အထက်က ရေး ၏။
10If you forgive anyone, I also forgive him. And if I have forgiven anything, I have forgiven it in the presence of Christ for your sake,
10အကြင်သူ ၏အပြစ်ကို သင်တို့သည် လွှတ် ၏၊ ထိုသူ ၏အပြစ်ကို ငါသည်လည်း လွှတ်၏၊၊ အကြောင်းမူကား ၊ ငါ သည်တစ်စုံတစ်ယောက်သောသူ၏ အပြစ်ကို လွှတ်ဘူးလျှင် ၊ သင် တို့ကိုထောက် ၍ခရစ်တော် ၏ အခွင့်နှင့် လွှတ်ဘူး၏။
11in order that Satan should not outwit us. For we are not unaware of his schemes.
11သို့မ ဟုတ်လျှင် ၊ စာတန် သည် ငါတို့ကိုနိုင် မည်ဟု စိုးရိမ်စရာရှိ၏။ သူ ၏အကြံအစည် များကို ငါတို့သိ ကြ၏။
12Now when I went to Troas to preach the gospel of Christ and a door stood open for me in the Lord,
12ထိုမှတစ်ပါး ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားကို ဟောခြင်းငှာ တရော မြို့သို့ ငါရောက် ၍၊ သခင် ဘုရား သည် ငါ့ အားတံခါး ကို ဖွင့် တော်မူသောအခါ၊
13I had no peace in my spirit, because I did not find my brother Titus there. So I said goodbye to them and went on to Macedonia.
13ငါ့ ညီ တိတု ကို ငါ မ တွေ့ သောကြောင့် စိတ် မ သက်သာ သဖြင့် ၊ ထိုသူ တို့ကိုအခွင့်ပန် ပြီးမှမာကေဒေါနိ ပြည်သို့ ထွက်သွား လေ၏။
14But thanks be to God, who always leads us triumphantly as captives in Christ and through us spreads everywhere the fragrance of the knowledge of Him.
14ငါ တို့သည် ခရစ်တော် နှင့်အတူ အောင်ပွဲ ကိုအစဉ် ခံစေခြင်းငှာ၎င်း၊ ထိုသခင် ကို သိ ခြင်း၏ အမွှေးအကြိုင် သည် ငါ တို့အားဖြင့် အရပ်ရပ် တို့၌ နှံ့ပြား စေခြင်းငှာ၎င်း၊ ပြုတော်မူသောဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းခြင်းရှိစေသတည်း။
15For we are to God the sweet aroma of Christ among those who are being saved and those who are perishing.
15အဘယ်သို့ နည်းဟူမူကား၊ ငါတို့သည် ကယ်တင် သောသူ တို့၌ ၎င်း ၊ ဆုံးရှုံး သောသူ တို့၌ ၎င်း၊ ဘုရားသခင် အား ခရစ်တော် ၏ အမွှေးအကြိုင် ဖြစ် ကြ၏။
16To the one, we are an odor of death and demise; to the other, a fragrance that brings life. And who is qualified for such a task?
16ဆုံးရှုံးသောသူ တို့၌ ကား၊ သေ ခြင်းတိုင်အောင် သေခြင်း ၏အမွှေးအကြိုင် ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက် ရှင်ခြင်းတိုင်အောင် အသက် ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်ကြ၏။ သို့ဖြစ်၍ ဤ အမှုအရာ တို့နှင့် အဘယ်သူ ထိုက်တန် သနည်း။
17For we are not like so many others, who peddle the word of God for profit. On the contrary, in Christ we speak before God with sincerity, as men sent from God.
17ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို မှောက်လှန် သောသူများ တို့နှင့် ငါတို့သည်မ တူ ဘဲ ကြည်ဖြူ သောစိတ်ရှိ၍ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ၊ ဘုရားသခင် ရှေ့ တော်၌ ခရစ်တော် ၏တရားကို ဟောပြော ကြ၏။
Tip: use the ← and → keys to turn chapters.