Ecclesiastes 1
Berean Standard BibleTranslation
Berean Standard Bible
Judson Burmese Bible (1840)
1These are the words of the Teacher, the son of David, king in Jerusalem:
1ဒါဝိဒ် ၏သား တော်၊ ဓမ္မဒေသနာဆရာ ဖြစ်သော ယေရုရှလင် မင်းကြီး ၏စကား ဟူမူကား၊
2“Futility of futilities,” says the Teacher, “futility of futilities! Everything is futile!”
2အနတ္တ သက်သက်၊ အနတ္တ သက်သက်၊ ခပ်သိမ်း သောအရာတို့သည် အနတ္တ ဖြစ်ကြ၏။
3What does a man gain from all his labor, at which he toils under the sun?
3လူသည် နေ အောက် မှာ ကြိုးစား အားထုတ်သမျှ တို့ ၌ အဘယ် အကျိုး ရှိသနည်း။
4Generations come and generations go, but the earth remains forever.
4လူ တဆက်လွန် သွား၏။ တဆက် ပေါ် လာ၏။ မြေကြီး မူကား အစဉ် အမြဲတည် ၏။
5The sun rises and the sun sets; it hurries back to where it rises.
5နေ လည်းထွက် လျက် ဝင် လျက် ၊ ထွက် ရာအရပ် သို့ တဖန် ပြေးလျက်၊ တောင် လမ်းသို့ လိုက် ၍ ၊ တဖန် မြောက် လမ်းသို့ ပြန် လည်တတ်၏။
6The wind blows southward, then turns northward; round and round it swirls, ever returning on its course.
6လေ သည်လည်း အစဉ်လည် သွား၍၊ လည်ပြီး သောအရပ် သို့ တဖန်ပြန်၍လည် ပြန်တတ်၏။
7All the rivers flow into the sea, yet the sea is never full; to the place from which the streams come, there again they flow.
7ခပ်သိမ်း သော မြစ် တို့သည် ပင်လယ် ထဲသို့ ရောက် ကြ၏။ သို့သော်လည်း ၊ ပင်လယ် သည် မ ပြည့် တတ်။ မြစ် ရေသည် စီး ထွက်ရာအရပ် သို့ တဖန်ပြန် သွား တတ်၏။
8All things are wearisome, more than one can describe; the eye is not satisfied with seeing, nor the ear content with hearing.
8ခပ်သိမ်း သော အရာ တို့သည် လူ မ ပြော နိုင် အောင် ပင်ပန်း ခြင်းနှင့် ယှဉ်ကြ၏။ မျက်စိ သည် မြင် ၍ မ ကုန် တတ်။ နား သည်လည်း ကြား ၍ မ ဝ တတ်။
9What has been will be again, and what has been done will be done again; there is nothing new under the sun.
9ဖြစ် ဘူးသော အရာ သည် ဖြစ် လတံ့သောအရာ နှင့်တူ၏။ ယခုပြု သော အမှု သည် ပြု လတံ့သော အမှု နှင့်တူ၏။ နေ အောက်မှာ အသစ် သောအမှုအရာမ ရှိ။
10Is there a case where one can say, “Look, this is new”? It has already existed in the ages before us.
10ကြည့် ပါ။ အသစ် ဖြစ်၏ဟုဆို ရသော အမှုအရာ တစုံတခုရှိ သလော။ ထို အမှုအရာသည် ငါ တို့အရင် ၊ ရှေး ကာလ၌ ဖြစ် ဘူးပြီ။
11There is no remembrance of those who came before, and those yet to come will not be remembered by those who follow after.
11ရှေး ဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ်၏။ နောက် ဖြစ် လတံ့သောအမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက် ၌ ဖြစ် လတံ့သောသူတို့ သည် မေ့လျော့ကြလိမ့်မည်။
12I, the Teacher, was king over Israel in Jerusalem.
12ငါ ဓမ္မဒေသနာဆရာ သည်၊ ယေရုရှလင် မြို့၌ ဣသရေလ ရှင်ဘုရင် ဖြစ် စဉ်တွင်၊
13And I set my mind to seek and explore by wisdom all that is done under heaven. What a heavy burden God has laid upon the sons of men to occupy them!
13မိုဃ်း ကောင်းကင်အောက် ၌ ပြု သမျှ တို့ကို ဉာဏ် ပညာ အားဖြင့် ၊ ရှာဖွေ စစ်ဆေးခြင်းငှါ နှလုံး ထား ၏။ လူ သား တို့ ကျင်လည် ရာဘို့ ထို ပင်ပန်း စေသောအမှု ကို ဘုရား သခင် ပေး တော်မူပြီ။
14I have seen all the things that are done under the sun, and have found them all to be futile, a pursuit of the wind.
14နေ အောက် မှာ ပြု လေသမျှ သော အမှု အရာ တို့ကို ငါမြင် ပြီ။ အလုံးစုံ တို့သည် အနတ္တ အမှု၊ လေ ကို ကျက်စား သော အမှုဖြစ်ကြ၏။
15What is crooked cannot be straightened, and what is lacking cannot be counted.
15ကောက် သောအရာကို မ ဖြောင့် စေနိုင်။ ချို့တဲ့ သောအရာကို မ ရေတွက် ရာ။
16I said to myself, “Behold, I have grown and increased in wisdom beyond all those before me who were over Jerusalem, and my mind has observed a wealth of wisdom and knowledge.”
16ငါ သည် ကိုယ် စိတ် နှလုံးထဲမှာ ပြောဆို သည် ကား၊ ငါ သည်ငါ့ အရင် ၊ ယေရုရှလင် မြို့၌ ဖြစ် ဘူးသောသူ အပေါင်း တို့ထက် ကြီးမြင့် ၍ ပညာ ရှိ ၏။ အကယ်စင်စစ်ငါ့ စိတ် နှလုံးသည် ပညာ အတတ်များကို အထူးသဖြင့် လေ့ကျက် ၏။
17So I set my mind to know wisdom and madness and folly; I learned that this, too, is a pursuit of the wind.
17ပညာ တရားကို၎င်း ၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်းပိုင်းခြား ၍ သိ အံ့သောငှါ ငါ သည်နှလုံး ထား ၏။ ထို အမှုသည်လည်း ၊ လေ ကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ ၏။
18For with much wisdom comes much sorrow, and as knowledge grows, grief increases.
18အကြောင်း မူကား၊ ပညာ များ လျှင် ၊ ငြိုငြင် စရာ အကြောင်းများ ၏။ သိပ္ပံ အတတ် တိုးပွား သောသူသည် ဝမ်းနည်း ခြင်း တိုးပွား တတ်၏။
Tip: use the ← and → keys to turn chapters.