2 Samuel
Chapter 1
Berean Standard Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

2 Samuel 1

Berean Standard Bible
Judson Burmese Bible (1840)
1After the death of Saul, David returned from the slaughter of the Amalekites and stayed in Ziklag two days.
1ရှောလု သေ သောနောက် ၊ ဒါဝိဒ် သည် အာမလက် လူတို့ကို လုပ်ကြံ ရာမှ ပြန် လာ၍ ၊ ဇိကလတ် မြို့၌ နှစ် ရက် နေ ပြီးလျှင်၊
2On the third day a man with torn clothes and dust on his head arrived from Saul’s camp. When he came to David, he fell to the ground to pay him homage.
2သုံး ရက်မြောက်သောနေ့ တွင် လူ တယောက်သည် မိမိ အဝတ် ကိုဆုတ် လျက် ၊ မိမိ ခေါင်း ပေါ် မှာ မြေမှုန့် ကို တင်လျက်၊ ရှောလု တပ် က လာ ၍ ဒါဝိဒ် ထံသို့ ရောက် သော် ၊ မြေ ပေါ် မှာ ပြပ်ဝပ် လျက် ရှိခိုး ၏။
3“Where have you come from?” David asked. “I have escaped from the Israelite camp,” he replied.
3ဒါဝိဒ် ကလည်း ၊ အဘယ် အရပ်ကလာ သနည်းဟုမေး လျှင် ၊ ထိုသူက ကျွန်တော်သည် ဣသရေလ တပ် က ပြေး ၍လာပါသည်ဟု လျှောက် လေ၏။
4“What was the outcome?” David asked. “Please tell me.” “The troops fled from the battle,” he replied. “Many of them fell and died. And Saul and his son Jonathan are also dead.”
4ဒါဝိဒ် ကလည်း ၊ အမှု ကားအဘယ်သို့ နည်း။ ငါ့ အား ပြော ပါလော့ဟုမေး လျှင် ၊ သူက ဣသရေလလူ တို့ သည် စစ်တိုက် ရာတွင် ပြေး ၍အများ တို့သည် လဲ လျက် သေ ပါပြီ။ ရှောလု နှင့် သား တော်ယောနသန် လည်း သေ ပါပြီဟု ပြန်လျှောက် လေ၏။
5Then David asked the young man who had brought him the report, “How do you know that Saul and his son Jonathan are dead?”
5ထိုသိတင်းကိုကြားပြော သောလုလင် အား ဒါဝိဒ် က၊ ရှောလု နှင့် သား တော်ယောနသန် သေ ကြောင်း ကို သင်သည်အဘယ်သို့ သိ သနည်းဟုမေး ပြန်လျှင်၊
6“I happened to be on Mount Gilboa,” he replied, “and there was Saul, leaning on his spear, with the chariots and the cavalry closing in on him.
6ထိုလုလင် က၊ ကျွန်တော်သည် ဂိလဗော တောင် ပေါ် သို့ အလိုလိုရောက် သောအခါ၊ ရှောလု သည် လှံ တော်ကို ထောင်၍နေပါ၏။ ရထား စီးသူရဲ မြင်း စီးသူရဲတို့သည် ပြင်းထန်စွာလိုက် ကြ၏။
7When he turned around and saw me, he called out and I answered, ‘Here I am!’
7ရှောလုသည် နောက် တော်သို့ ကြည့် သဖြင့် ကျွန်တော် ကိုမြင် ၍ ခေါ် ပါ၏။
8‘Who are you?’ he asked. So I told him, ‘I am an Amalekite.’
8ကျွန်တော် ရှိ ပါသည်ဟု လျှောက် သောအခါ ၊ သင် သည် အဘယ်သူ နည်းဟုမေး လျှင် ၊ ကျွန်တော် သည် အာမလက် လူဖြစ်ပါသည်ဟု ပြန်လျှောက် ပါ၏။
9Then he begged me, ‘Stand over me and kill me, for agony has seized me, but my life still lingers.’
9ရှောလုကလည်း၊ ငါ့ ထံသို့ လာ၍ ငါ့ ကိုသတ် ပါတော့။ ငါ့ အသက် မသေနိုင်သောကြောင့် ပြင်းစွာ သော ဝေဒနာကို ခံရ ၏ဟုဆို သည်အတိုင်း၊
10So I stood over him and killed him, because I knew that after he had fallen he could not survive. And I took the crown that was on his head and the band that was on his arm, and I have brought them here to my lord.”
10လဲ သောနောက် အသက် မ ရှင်နိုင်သည်ကို ကျွန်တော်သိ လျှင် သူ့ ထံသို့သွား၍သတ် ပါ၏။ ခေါင်း တော် ၌ ဆောင်းသောဦးရစ် နှင့် လက်ရုံး တော်၌ ဝတ်သော လက်ကောက် ကို ချွတ်ယူ ပြီးလျှင် ၊ ကျွန်တော် သခင့် ထံ တော်သို့ ဆောင် ခဲ့ပါသည်ဟု လျှောက်လေ၏။
11Then David took hold of his own clothes and tore them, and all the men who were with him did the same.
11ထိုအခါ ဒါဝိဒ် သည် မိမိ အဝတ် ကိုဆွဲဆုတ် ၍ ၊ သူ ၏လူ အပေါင်း တို့သည် ထိုနည်းတူပြုကြ၏။
12They mourned and wept and fasted until evening for Saul and his son Jonathan, and for the people of the LORD and the house of Israel, because they had fallen by the sword.
12ရှောလု မှစ၍သား တော်ယောနသန် ၊ ထာဝရဘုရား ၏လူ များ၊ ဣသရေလ အမျိုးသားတို့သည် ထား ဖြင့် လဲ သေသောကြောင့် ၊ သူတို့အတွက် ညဦး တိုင်အောင် ငိုကြွေး မြည်တမ်း ၍ အစာ ကိုရှောင်ကြ၏။
13And David inquired of the young man who had brought him the report, “Where are you from?” “I am the son of a foreigner,” he answered. “I am an Amalekite.”
13ထိုသိတင်းကိုကြား ပြောသော လုလင် အား ဒါဝိဒ် က၊ သင် သည် အဘယ် အရပ်က လာသနည်းဟုမေးလျှင် ၊ ထိုသူက ကျွန်တော် သည် တပါး အမျိုးသားအာမလက် လူ ဖြစ်ပါ၏ဟုပြန်လျှောက် သော်၊
14So David asked him, “Why were you not afraid to lift your hand to destroy the LORD’s anointed?”
14ဒါဝိဒ် က၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို သတ် ခြင်းငှါ သင့် လက် ကိုအဘယ်သို့ ဆန့် ဝံ့သနည်းဟုဆို လျက်၊
15Then David summoned one of the young men and said, “Go, execute him!” So the young man struck him down, and he died.
15လုလင် တယောက် ကိုခေါ် ၍ ၊ သူ့ ကို သွား သတ် တော့ဟုဆို သည်အတိုင်း ၊ လုလင်သည် လုပ်ကြံ ၍ သတ် လေ၏။
16For David had said to the Amalekite, “Your blood be on your own head because your own mouth has testified against you, saying, ‘I killed the LORD’s anointed.’”
16ဒါဝိဒ် ကလည်း ၊ သင် ၏အသွေး သည် သင့် ခေါင်း ပေါ် မှာတည်စေ။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို ကျွန်တော် သတ် ပါပြီဟု သင့် နှုတ် သည် သင့် တဘက် ၌ သက်သေခံ လေပြီဟုဆို ၏။
17Then David took up this lament for Saul and his son Jonathan,
17ဒါဝိဒ် သည် ရှောလု နှင့် သား တော် ယောနသန် ကြောင့် ငိုကြွေး မြည်တမ်း၍၊
18and he ordered that the sons of Judah be taught the Song of the Bow. It is written in the Book of Jashar:
18ယုဒ အမျိုးသား တို့အား သင် စေသော လေး သီချင်းတည်းဟူသောယာရှာ စာ ၌ ပါသောသီချင်းစကား ဟူမူကား၊
19“Your glory, O Israel, lies slain on your heights. How the mighty have fallen!
19အိုဣသရေလ ဂုဏ် အသရေ၊ သင် ၏မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီ။ သူရဲ တို့သည် လဲ သေကြပြီတကား။
20Tell it not in Gath; proclaim it not in the streets of Ashkelon, lest the daughters of the Philistines rejoice, and the daughters of the uncircumcised exult.
20ထိုသိတင်းကို ဂါသ မြို့၌ မ ပြော ကြနှင့်။ အာရှကေလုန် မြို့လမ်း တို့၌ မ ကြား မပြောကြနှင့်။ ဖိလိတ္တိ အမျိုးသမီး တို့သည် ဝမ်းမြောက် ၍ အရေဖျား လှီးခြင်းကို မခံသော အမျိုးသမီး တို့သည် ရွှင်လန်း ကြလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
21O mountains of Gilboa, may you have no dew or rain, no fields yielding offerings of grain. For there the shield of the mighty was defiled, the shield of Saul, no longer anointed with oil.
21အိုဂိလဗော တောင် တို့၊ သင် တို့အပေါ် မှာ နှင်း မ ကျစေနှင့်။ မိုဃ်း မ ရွာစေနှင့်။ ပူဇော် စရာအသီးကိုသီးသော လယ်ကွက် မရှိစေနှင့်။ အကြောင်း မူကား၊ ထို အရပ်၌ သူရဲ ဆောင်သော ဒိုင်း တည်းဟူသောရှောလု ဆောင်သောဒိုင်း လွှား၊ ဆီ နှင့် လိမ်း ပြီးသော လက်နက်တော်ကို ရှုတ်ချ လေပြီတကား။
22From the blood of the slain, from the fat of the mighty, the bow of Jonathan did not retreat, and the sword of Saul did not return empty.
22သူရဲတို့၏အသွေး ၊ ခွန်အား ကြီးသောသူတို့ ၏ ဆီဥ မှ ယောနသန် ၏လေး သည် နောက် သို့မ လှန်။ ရှောလု၏ထား တော်သည် ကိုယ်ချည်း ပြန် ၍ မ လာတတ်။
23Saul and Jonathan, beloved and delightful in life, were not divided in death. They were swifter than eagles, they were stronger than lions.
23ရှောလု နှင့် ယောနသန် သည် ချစ် တတ်သောသဘောရှိ၍ အသက် ရှင်စဉ် အခါ မိတ်ဆွေဖြစ်လျက် ၊ အသက်သေ သောအခါ တယောက်နှင့် တယောက်မ ကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတ ထက် မြန် ၍ ခြင်္သေ့ ထက် ခွန်အား ကြီးကြ၏။
24O daughters of Israel, weep for Saul, who clothed you in scarlet and luxury, who decked your garments with ornaments of gold.
24အိုဣသရေလ အမျိုးသမီး တို့၊ ရှောလု ကို ငိုကြွေး ကြလော့။ သင် တို့ကို လှသော ကမ္ဗလာ နီ နှင့် ဝတ် စေ၍၊ သင် တို့အဝတ် ၌ လည်း ရွှေ တန်ဆာ နှင့် ဆင်စေတော်မူ ၏။
25How the mighty have fallen in the thick of battle! Jonathan lies slain on your heights.
25စစ်တိုက် ပွဲ၌ သူရဲ တို့သည် လဲ သေကြပြီ။ အို ယောနသန် ၊ သင် ၏ မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီတကား။
26I grieve for you, Jonathan, my brother. You were delightful to me; your love to me was extraordinary, surpassing the love of women.
26ငါ့ ညီ ယောနသန် ၊ သင့် ကြောင့် ငါ ညှိုးငယ် ခြင်းရှိ၏။ သင်သည် ငါ့ မိတ်ဆွေကြီးဖြစ်၍၊ ငါ့ ကို ချစ်သော မေတ္တာ သည် အံ့ဩဘွယ် သောမေတ္တာ၊ မိန်းမ ကို ချစ်တတ်သော မေတ္တာ ထက် သာ၍အားကြီးသောမေတ္တာဖြစ်၏။
27How the mighty have fallen and the weapons of war have perished!”
27သူရဲ တို့သည်လဲ သေကြပြီတကား။ စစ်တိုက် လက်နက် တို့သည် ဆုံး ကြပြီတကားဟု ပါသတည်း။

Tip: use the ← and → keys to turn chapters.