哥林多後書 7
Chinese Union Version, punctuated (Traditional)
Judson Burmese Bible (1840)
1親愛的 弟兄 啊,我們既有這等應許,就當潔淨自己,除去身體、靈魂一切的污穢,敬畏上帝,得以成聖。
1ထိုကြောင့် ချစ်သူ တို့၊ ထို ဂတိ တော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓါ ၏ အညစ်အကြေး ၊ စိတ်ဝိညာဉ် ၏အညစ်အကြေးရှိသမျှ တို့နှင့် ကိုယ်ကိုကိုယ် ကင်းစင် စေလျက်၊ ဘုရားသခင် ကို ကြောက်ရွံ့ ၍ သန့်ရှင်း ခြင်းပါရမီနှင့် ပြည့်စုံ ကြကုန်အံ့။
2你們要心地寬大收納我們。我們未曾虧負誰,未曾敗壞誰,未曾佔誰的便宜。
2ငါ တို့ကိုလက်ခံ ကြလော့။ ငါတို့သည် အဘယ်သူ ကိုမျှမပြစ်မှား ။ အဘယ်သူ ကိုမျှမယိုယွင်း စေ၊ အဘယ်သူ ၏ဥစ္စာကိုမျှပရိယာယ် အားဖြင့်မယူ။
3我說這話,不是要定你們的罪。我已經說過,你們常在我們心裏,情願與你們同生同死。
3သင်တို့ကိုအပြစ်တင် ၍ ဤသို့ငါ ဆိုသည်မ ဟုတ်။ သင်တို့နှင့်အတူအသက် ရှင်ခြင်းငှာ၎င်း ၊ သေ ခြင်းငှာ၎င်း၊ အလိုရှိသည်တိုင်အောင် ၊ ငါ တို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြော ခဲ့ပြီ။
4我大大地放膽,向你們說話;我因你們多多誇口,滿得安慰;我們在一切患難中分外地快樂。
4သင် တို့ကြောင့် အလွန် ရဲရင့်ခြင်း ရှိ၏။ သင် တို့ကြောင့် အလွန် ကြွားဝါ ခြင်းရှိရ၏။ သက်သာ ခြင်းနှင့် ပြည့်စုံ ၏။ ညှင်းဆဲ ခြင်းကို ခံလေရာရာ ၌ အတိုင်း ထက် အလွန်ဝမ်းမြောက် ခြင်းရှိ၏။
5我們從前就是到了 馬其頓 的時候,身體也不得安寧,周圍遭患難,外有爭戰,內有懼怕。
5ငါ တို့သည် မာကေဒေါနိ ပြည်သို့ ရောက် သောအခါ ၊ ကိုယ် ကာယငြိမ်ဝပ် ခြင်း အလျှင်း မ ရှိ၊ အရာရာ ၌ ညှဉ်းဆဲ ခြင်းကို ခံကြရ၏။ ပြင် ၌ ကား တိုက်လှန် ခြင်းရှိ၏။ အတွင်း ၌ကားစိုးရိမ် ခြင်းရှိ၏။
6但那安慰喪氣之人的上帝藉着 提多 來安慰了我們;
6သို့သော်လည်း နှိမ့်ချ လျက်ရှိသော သူတို့ ကို သက်သာ စေတော်မူတတ်သော ဘုရားသခင် သည်၊ တိတု ရောက်လာ သောအားဖြင့် ငါ တို့ကို သက်သာ စေတော်မူ၏။
7不但藉着他來,也藉着他從你們所得的安慰,安慰了我們;因他把你們的想念、哀慟,和向我的熱心,都告訴了我,叫我更加歡喜。
7တိတု ရောက်လာ ခြင်းအားဖြင့် သာ သက်သာစေတော်မူသည်မ ဟုတ်။ တိတု သည် သင် တို့ဆီမှ ရသောသက်သာ ခြင်းအားဖြင့် လည်း သက်သာ စေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ သင် တို့၏တောင့်တ ခြင်း၊ ညည်းတွား ခြင်း၊ ငါ ၏အကျိုးအလို့ငှာ စေတနာ စိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည်ငါ တို့အား ကြားပြော ၏။ ထိုကြောင့် ငါ သည်သာ၍ ဝမ်းမြောက် ခြင်းရှိ၏။
8我先前寫信叫你們憂愁,我後來雖然懊悔,如今卻不懊悔;因我知道,那信叫你們憂愁不過是暫時的。
8အထက်ကပေးလိုက်သောစာ အားဖြင့် သင် တို့ကို ဝမ်းနည်း စေသောကြောင့် ၊ ငါသည်ယခင်အခါ၌ နောင်တ ရှိသော်လည်း ယခုအခါ၌ မ ရှိ။ အကြောင်းမူကား ၊ ထို စာ သည်သင် တို့ကို ခဏ သာ ဝမ်းနည်း စေသည် ကို ငါမြင် ၏။
9如今我歡喜,不是因你們憂愁,是因你們從憂愁中生出懊悔來。你們依着上帝的意思憂愁,凡事就不至於因我們受虧損了。
9သင်တို့ဝမ်းနည်း စေသောကြောင့် ငါဝမ်းမြောက်သည်မ ဟုတ်။ ဝမ်းနည်း စေ၍ နောင်တရ သောကြောင့် ငါဝမ်းမြောက်ခြင်းရှိ ၏။ ငါ တို့အားဖြင့် သင်တို့၏ အကျိုး အလျှင်း မပျက်ရမည်အကြောင်း ၊ ဘုရားသခင် ၏ အလို တော်နှင့်အညီ ဝမ်းနည်း စေကြ၏။
10因為依着上帝的意思憂愁,就生出沒有後悔的懊悔來,以致得救;但世俗的憂愁是叫人死。
10အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ၏ အလို တော်နှင့် ညီသော ဝမ်းနည်း ခြင်းသည် ကယ်တင် ခြင်းနှင့် ယှဉ်သောနောင်တ စိတ် တည်းဟူသော၊ မ ပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင် တတ်၏။ လောကီ ဝမ်းနည်း ခြင်းမူကား ၊ သေ ခြင်းကိုပြုပြင် တတ်၏။
11你看,你們依着上帝的意思憂愁,從此就生出何等的殷勤、自訴、自恨、恐懼、想念、熱心、責罰。在這一切事上,你們都表明自己是潔淨的。
11ဘုရားသခင် ၏အလိုတော်နှင့် ညီသော သင်တို့၏ ဝမ်းနည်း ခြင်းသည် သင် တို့၌ အဘယ်သို့ သော သတိပြု ခြင်း၊ ကိုယ်အပြစ်ကိုဖြေ ခြင်း၊ အမျက်ထွက် ခြင်း၊ ကြောက်ရွံ့ ခြင်း၊ အလွန်တောင့်တ ခြင်း၊ ငါ၏အကျိုး အလို့ငှာ စိတ် အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်း တို့ကို ပြုပြင် သည်ကို ကြည့်ရှု ကြလော့။ သင် တို့သည် ဤအမှု ၌ အပြစ်ကင်း သည်ကို အရာရာ အားဖြင့် ထင်ရှား ပြကြပြီ။
12我雖然從前寫信給你們,卻不是為那虧負人的,也不是為那受人虧負的,乃要在上帝面前把你們顧念我們的熱心表明出來。
12ထိုသို့နှင့်အညီ၊ ငါသည်သင် တို့အား ရေး ၍ ပေးလိုက်သောအခါ ၊ ပြစ်မှား သောသူ နှင့် ပြစ်မှား ခြင်း ခံရသောသူ ကိုသာ ထောက်၍ ရေး သည်မဟုတ်။ သင် တို့အကျိုးကိုငါ တို့သည် ဘုရားသခင် ရှေ့ တော်၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်း ကိုသင် တို့အား ထင်ရှား စေခြင်းငှာရေးသတည်း။
13故此,我們得了安慰。 並且在安慰之中,因你們眾人使 提多 心裏暢快歡喜,我們就更加歡喜了。
13ထိုကြောင့် သင်တို့၏ သက်သာ ခြင်းအကြောင်း အားဖြင့်၊ ငါတို့သည်လည်း သက်သာ ခြင်းသို့ရောက်သည် သာမက ၊ တိတု ၏ဝမ်းမြောက် ခြင်းအကြောင်း အားဖြင့်သာ၍အလွန် ဝမ်းမြောက် ကြ၏။ သင် တို့ရှိသမျှ သည် ထိုသူ ၏စိတ်နှလုံး ကို သက်သာ ဝမ်းမြောက်စေကြသည် ဖြစ်၍ ၊
14我若對 提多 誇獎了你們甚麼,也覺得沒有慚愧;因我對 提多 誇獎你們的話成了真的,正如我對你們所說的話也都是真的。
14အထက် ကငါသည် သင် တို့ကိုအကြောင်း ပြု၍ ဝါကြွား သော စကားကိုထိုသူ အားပြောပြီးလျှင် ၊ ယခု ရှက်ကြောက် ခြင်းမ ရှိ။ ငါတို့သည် အရာရာ ၌ သင် တို့အား ဟုတ်မှန် စွာပြော သည်နည်းတူ ၊ တိတု ရှေ့ ၌ ငါ ဝါကြွား သောစကားသည်လည်း မှန် သောစကားဖြစ် ကြောင်း ထင်ရှား ၏။
15並且 提多 想起你們眾人的順服,是怎樣恐懼戰兢地接待他,他愛你們的心腸就越發熱了。
15သင်တို့သည် ကြောက်ရွံ့ တုန်လှုပ် ခြင်းနှင့် သူ တို့ လက်ခံ ၍ နားထောင် ကြသည်ကို သူ သည် အောက်မေ့ သဖြင့် ၊ သင် တို့ကို ချစ် သနားခြင်းမေတ္တာကရုဏာစိတ်နှင့် အလွန် ပြည့်စုံ၏။
16我如今歡喜,能在凡事上為你們放心。
16ငါသည်အရာရာ ၌ သင် တို့ကို ယုံ နိုင်သောကြောင့် ဝမ်းမြောက် ခြင်းရှိ၏။
Tip: use the ← and → keys to turn chapters.