Corinthios Ii 5
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Scimus enim quoniam si terrestris domus nostra hujus habitationis dissolvatur, quod ædificationem ex Deo habemus, domum non manufactam, æternam in cælis.
1ယာယီတဲ ဖြစ်သော ငါ တို့မြေ အိမ် သည်ပျက် လျှင် ၊ ကောင်းကင် ဘုံ၌ လူလက် ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော နိစ္စ ထာဝရအိမ် ရှိ ကြောင်း ကို ငါတို့ သိ ကြ၏။
2Nam et in hoc ingemiscimus, habitationem nostram, quæ de cælo est, superindui cupientes:
2ငါ တို့သည် မြေ အိမ်၌ ရှိစဉ်တွင်၊ ကောင်းကင် အိမ် ထဲသို့ ဝင်စား ခြင်းငှာအလွန်တောင့်တလိုချင် သော စိတ် ရှိ၍၊ ညည်းတွားမြည်တမ်း လျက် ၊ နေကြ၏။
3si tamen vestiti, non nudi inveniamur.
3ထိုသို့ဝင်စားလျှင် နေရာမဲ့ ဖြစ်မည် မ ဟုတ်။
4Nam et qui sumus in hoc tabernaculo, ingemiscimus gravati: eo quod nolumus expoliari, sed supervestiri, ut absorbeatur quod mortale est, a vita.
4ဤတဲ ၌ နေ သော ငါ တို့သည် လေး သောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်း ကြ၏။ နေရာထဲက ထွက် ချင် သောကြောင့် ညည်းတွားသည် မဟုတ် ။ သေ တတ်သောအရာကို အသက် ရှင်ခြင်း၌ ဆုံးရှုံး စေခြင်းငှာ ၊ မြဲသောနေရာထဲသို့ ဝင်စား ချင်သောကြောင့် ညည်းတွားကြ၏။
5Qui autem efficit nos in hoc ipsum, Deus, qui dedit nobis pignus Spiritus.
5ထိုသို့သော အကျိုး ကိုခံစေခြင်းငှာငါ တို့ကို ပြင်ဆင် သောသူ ကား ၊ ဘုရားသခင် ပေတည်း။ ထိုဘုရားသခင် သည် ဝိညာဉ် တော်တည်းဟူသောစားရန် ကို ငါ တို့အား ပေး တော်မူပြီ။
6Audentes igitur semper, scientes quoniam dum sumus in corpore, peregrinamur a Domino
6ထို့ကြောင့် ငါတို့သည် ကိုယ်ခန္ဓါ ၌ နေ မြဲနေစဉ်ကာလ ၊ သခင်ဘုရား နှင့် ကွာဝေးရာအရပ်၌ နေသည်ကို ငါတို့သည်သိ လျက် ၊
7(per fidem enim ambulamus, et non per speciem):
7အစဉ် ရဲရင့်သောစိတ် ရှိကြ၏။ မျက်မှောက် မ မြင်ဘဲ ယုံကြည် မျှော်လင့်ခြင်းရှိသည်အတိုင်း ၊ ငါတို့သည် ကျင့်ဆောင် ပြုမူသည်ဖြစ်၍၊
8audemus autem, et bonam voluntatem habemus magis peregrinari a corpore, et præsentes esse ad Dominum.
8ကိုယ်ခန္ဓါ နှင့် ကွာဝေး ရာအရပ်သို့သွား၍ ၊ သခင်ဘုရား ထံတော်၌ နေမြဲ နေခြင်းငှာ အလိုရှိ လျက် ၊ ရဲရင့် သောစိတ်နှင့်ပြည့်စုံကြ၏။
9Et ideo contendimus, sive absentes, sive præsentes, placere illi.
9ထို့ကြောင့် ငါတို့သည် နေမြဲအရပ်၌ နေ သည် ဖြစ်စေ ၊ ကွာဝေး ရာအရပ်၌နေသည်ဖြစ်စေ ၊ သခင်ဘုရား နှစ်သက် တော်မူသော သူ ဖြစ် ခြင်းငှာစေတနာစိတ်ရှိ၍ ကြိုးစားအားထုတ် ကြ၏။
10Omnes enim nos manifestari oportet ante tribunal Christi, ut referat unusquisque propria corporis, prout gessit, sive bonum, sive malum.
10အကြောင်းမူကား၊ ငါ တို့ရှိသမျှ သည် ကိုယ်ခန္ဓါ ၌ကျင့် သောအကျင့် ၊ ကောင်း မကောင်း ရှိသည်အတိုင်း အကျိုးအပြစ် ကို အသီးအသီး ခံ ခြင်းငှာ ၊ ခရစ်တော် ၏ တရားပလ္လင် ရှေ့ ၌ ပေါ်လာ ရ ကြမည်။
11Scientes ergo timorem Domini, hominibus suademus, Deo autem manifesti sumus. Spero autem et in conscientiis vestris manifestos nos esse.
11သို့ဖြစ်၍ သခင် ဘုရားနှင့်ဆိုင်သောကြောက်မက် ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိ လျှင်၊ လူ များကိုနှိုးဆော် သွေးဆောင်ရသည်ဖြစ်၍ ၊ ဘုရားသခင် ရှေ့တော်၌ ထင်ရှား ကြ၏။ သင် တို့၏စိတ် ရှေ့၌ လည်း ထင်ရှား ကြသည်ဟု ငါထင်မှတ် ၏။
12Non iterum commendamus nos vobis, sed occasionem damus vobis gloriandi pro nobis: ut habeatis ad eos qui in facie gloriantur, et non in corde.
12ငါ တို့သည်သင် တို့ရှေ့၌ တစ်ဖန် ကိုယ်ကိုကိုယ် ချီးမွမ်း ကြသည်မ ဟုတ်။ စိတ် သဘောကိုမ ထောက်၊ အသွေးအဆင်း ကိုထောက်၍ ဝါကြွား သောသူ တို့၏ စကားကို သင်တို့သည် ချေ နိုင်မည်အကြောင်း ၊ ငါတို့ ကြောင့် ဝါကြွား ခြင်းအခွင့် ကိုသာ ပေး ကြ၏။
13Sive enim mente excedimus Deo: sive sobrii sumus, vobis.
13ငါတို့သည် သူရူး ဖြစ်လျှင် ဘုရားသခင် အဘို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့ အဘို့ ဖြစ်ကြ၏။
14Caritas enim Christi urget nos: æstimantes hoc, quoniam si unus pro omnibus mortuus est, ergo omnes mortui sunt:
14အကြောင်းမူကား ၊ တစ်ယောက် သောသူသည် လူအပေါင်း တို့အတွက် ကြောင့် အသေခံ သည်မှန်လျှင် ၊
15et pro omnibus mortuus est Christus: ut, et qui vivunt, jam non sibi vivant, sed ei qui pro ipsis mortuus est et resurrexit.
15လူအပေါင်း တို့သည် သေ လျက်နေကြသည် ဟူ၍၎င်း ၊ အသက် ရှင်သောသူ တို့သည် တဖန်ကိုယ် အလို သို့လိုက်၍ မ ရှင်၊ သူ တို့အတွက် ကြောင့် အသေခံ ပြီးမှ ထမြောက် တော်မူသော သူ ၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း ၊ လူအပေါင်း တို့အတွက် ကြောင့် အသေခံ တော်မူသည်ဟူ၍၎င်း၊ ငါ တို့သည်သဘောထား လျက်၊ ခရစ်တော် ၏ချစ် ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏။
16Itaque nos ex hoc neminem novimus secundum carnem. Et si cognovimus secundum carnem Christum, sed nunc jam non novimus.
16သို့ဖြစ်လျှင် ၊ ယခု မှစ၍ ငါ တို့သည် ဇာတိ အမျိုးကိုထောက် ၍ အဘယ်သူ ကိုမျှမသိ မမှတ်။ ဇာတိ အမျိုးကိုထောက် ၍ ခရစ်တော် ကို အထက်က သိမှတ် သော်လည်း ၊ ယခု မှစ၍ ထိုသို့သောသိမှတ် ခြင်းမ ရှိ။
17Si qua ergo in Christo nova creatura, vetera transierunt: ecce facta sunt omnia nova.
17လူ မည်သည်ကား ၊ ခရစ်တော် ၌ ရှိလျှင် အသစ် ပြုပြင် သောသတ္တဝါဖြစ်၏။ ဟောင်း သောအရာ တို့သည်ပြောင်းလဲ ၍ ခပ်သိမ်း သောအရာတို့သည် အသစ် ဖြစ် ကြပြီ။
18Omnia autem ex Deo, qui nos reconciliavit sibi per Christum: et dedit nobis ministerium reconciliationis,
18ထိုသို့ဖြစ်သော်ဘုရားသခင် ၏ တန်ခိုးတော်အားဖြင့်ဖြစ်ကြ၏။ ဘုရားသခင် သည် ယေရှုခရစ် အားဖြင့် ငါ တို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော် နှင့် မိသ္သဟာယဖွဲ့ စေတော်မူ၏။ ထိုမိဿဟာယ တရား ကို ဟောရသော အခွင့်အရာကို ငါ တို့၌အပ်ပေး တော်မူ၏။
19quoniam quidem Deus erat in Christo mundum reconcilians sibi, non reputans illis delicta ipsorum, et posuit in nobis verbum reconciliationis.
19ထိုတရား ဟူမူကား၊ ဘုရားသခင် သည် ခရစ်တော် အထဲ ၌ ရှိ နေလျက်၊ လောကီသား တို့၏ အပြစ် များ ကို မှတ် တော်မ မူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့စေတော်မူ၏။ ထိုမိဿဟာယ တရား ကိုလည်း ငါ တို့၌ အပ်ပေး တော်မူ၏။
20Pro Christo ergo legatione fungimur, tamquam Deo exhortante per nos. Obsecramus pro Christo, reconciliamini Deo.
20ထို့ကြောင့် ငါတို့သည်ခရစ်တော် ၏ သံတမန်ဖြစ် ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင် နှင့် မိဿဟာယ ဖွဲ့ကြလော့ဟု ဘုရားသခင် သည် ငါ တို့အားဖြင့် နှိုးဆော်သွေးဆောင် တော်မူသကဲ့သို့ ၊ ငါတို့သည် ခရစ်တော် ၏ ကိုယ်စားဖြစ်၍သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။
21Eum, qui non noverat peccatum, pro nobis peccatum fecit, ut nos efficeremur justitia Dei in ipso.
21အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ် နှင့် ကင်းစင် သောသူ ကို ငါ တို့အတွက် ကြောင့် အပြစ် ရှိသောသူဖြစ် စေတော်မူ၏။ အကြောင်းမူကား ၊ ငါ တို့သည်ထိုသူ အားဖြင့်ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ် သောသူဖြစ် မည်အကြောင်းတည်း။
Tip: use the ← and → keys to turn chapters.