Hebrews
Chapter 7
Douay-Rheims Bible, Amer…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1For this Melchisedech was king of Salem, priest of the most high God, who met Abraham returning from the slaughter of the kings, and blessed him:
1မင်းကြီး များကို လုပ်ကြံ ရာမှ ပြန်လာ သော အာဗြဟံ ကို ခရီးဦးကြိုပြု ၍ ကောင်းကြီး ပေးပြီးလျှင် ၊
2To whom also Abraham divided the tithes of all: who first indeed by interpretation, is king of justice: and then also king of Salem, that is, king of peace:
2အာဗြဟံ လှူ သောလက်ရဥစ္စာရှိသမျှ ကို ဆယ်ဘို့တဘို့ ခံယူသော ထိုရှာလင် မင်းကြီး တည်းဟူသောအမြင့်ဆုံး သော ဘုရားသခင် ၏ ယဇ် ပုရောဟိတ်မေလခိဇေဒက် သည်၊ နာမရင်းအနက် အားဖြင့်တရား မင်း ၊ ထိုမှတစ်ပါး၊ ငြိမ်သက် ခြင်းမင်း ဟုဆိုလို သော ရှာလင် မင်း ဖြစ် လျက်၊
3Without father, without mother, without genealogy, having neither beginning of days nor end of life, but likened unto the Son of God, continueth a priest for ever.
3အဘ မရှိ၊ အမိ မရှိ၊ ရှေး မျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင် ၏ သား တော်နှင့် တူ ၍၊ ယဇ် ပုရောဟိတ်အရာ၌ အစဉ်အမြဲ တည် ၏
4Now consider how great this man is, to whom also Abraham the patriarch gave tithes out of the principal things.
4အမျိုး၏အဘ အာဗြဟံ သည်၊ လက်ရ ဥစ္စာများကို ဆယ်ဘို့တဘို့ လှူ ၍ အလှူခံသောထို မင်း သည် အဘယ်မျှလောက် ကြီးမြတ်သည်ကို ဆင်ခြင် ကြလော့
5And indeed they that are of the sons of Levi, who receive the priesthood, have a commandment to take tithes of the people according to the law, that is to say, of their brethren: though they themselves also came out of the loins of Abraham.
5ယဇ် ပုရောဟိတ်အရာကိုခံ သော လေဝိ သား တို့သည် အာဗြဟံ အမျိုး ဖြစ်သောသူတည်းဟူသော၊ မိမိ တို့ညီအစ်ကို များလက်မှ ပညတ် တရားအတိုင်း ဆယ်ဘို့တဘို့ ကို ခံရသော အခွင့် ရှိ ကြ၏
6But he, whose pedigree is not numbered among them, received tithes of Abraham, and blessed him that had the promises.
6သူ တို့ အမျိုး မ ဟုတ်သော ထိုမင်း မူကား ၊ အာဗြဟံ ၏ လက်မှ ဆယ်ဘို့တစ်ဘို့ ကို ခံလေ၏။ ဂတိ တော်တို့ကိုခံရ သော သူ ကိုလည်း ကောင်းချီး ပေးလေ၏
7And without all contradiction, that which is less, is blessed by the better.
7ကြီး သောသူသည် ငယ် သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံ ဘွယ်မ ရှိ
8And here indeed, men that die, receive thithes: but there he hath witness, that he liveth.
8ထိုမှတစ်ပါး ၊ သေ တတ်သောသူ တို့သည် ယခုအခါ ဆယ်ဘို့တစ်ဘို့ ကို ခံ လေ့ရှိ၏။ ထိုအခါမူကား အသက် ရှင် သည်ဟု သက်သေခံ ခြင်းကို ရသောသူသည် ဆယ်ဘို့တစ်ဘို့ကိုခံရ၏
9And (as it may be said) even Levi who received tithes, paid tithes in Abraham:
9ထိုမှတစ်ပါး ၊ ဆယ်ဘို့တဘို့ ကိုခံ တတ်သော လေဝိ သည် အာဗြဟံ အားဖြင့် ဆယ်ဘို့တဘို့ ကို ပေးပြီဟု ဆို စရာ အခွင့် ရှိ၏
10For he was yet in the loins of his father, when Melchisedech met him.
10အကြောင်းမူကား ၊ မေလခိဇေဒက် သည် အာဗြဟံ ကိုတွေ့ သောအခါ ၊ လေဝိသည် မိမိအဘ ၏ ကိုယ် ၌ ရှိ သတည်း
11If then perfection was by the Levitical priesthood, (for under it the people received the law,) what further need was there that another priest should rise according to the order of Melchisedech, and not be called according to the order of Aaron?
11တနည်းကား၊ လေဝိ မှဆင်းသက်သော ယဇ် ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူ များတို့သည် ပညတ် တရားတော်ကို ခံကြသောကြောင့် ၊ ထိုအမျိုးအားဖြင့် စုံလင် ခြင်းသို့ ရောက် နိုင်သည်မှန် လျှင် ၊ အခြား သော ယဇ် ပုရောဟိတ်သည်၊ အာရုန် နည်းတူ မ ခေါ်ဝေါ် ဘဲ၊ မေလခိဇေဒက် နည်းတူ ပေါ်ထွန်း စရာအကြောင်း အဘယ်သို့ ရှိ သေး သနည်း
12For the priesthood being translated, it is necessary that a translation also be made of the law.
12ယဇ် ပုရောဟိတ်အမျိုးသည် ပြောင်းလဲ လျှင်၊ ပညတ် တရားသည် မပြောင်းလဲ ဘဲမနေနိုင်ရာ
13For he, of whom these things are spoken, is of another tribe, of which no one attended on the altar.
13ထို ဗျာဒိတ်တော်ကို ခံရသောသူ သည်၊ ယဇ်ပလ္လင် ဝတ် ကို တစ် ယောက်မျှမပြုရသောအမျိုး နှင့် စပ်ဆိုင် ပေ၏
14For it is evident that our Lord sprung out of Juda: in which tribe Moses spoke nothing concerning priests.
14အကြောင်းမူကား ၊ ငါ တို့သခင် သည် ယုဒ အမျိုးထဲ၌ ပေါ်ထွန်း သည်ဟု ထင်ရှား လျက်ရှိ၏။ ထို အမျိုး သည် ယဇ် ပုရောဟိတ်အရာနှင့် စပ်ဆိုင် သည်ဟု မောရှေ သည် တစ်ခွန်းကို မျှမပြော
15And it is yet far more evident: if according to the similitude of Melchisedech there ariseth another priest,
15ထိုမှတစ်ပါး ၊ မေလခိဇေဒက် နည်းတူ အခြား သော ယဇ် ပုရောဟိတ်သည် ပေါ်ထွန်း သည်မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ ထင်ရှား ၏
16Who is made not according to the law of a carnal commandment, but according to the power of an indissoluble life:
16ထိုယဇ် ပုရောဟိတ်သည် ကိုယ်ခန္ဓာ နှင့် စပ်ဆိုင် သော တရား အတိုင်း ခန့်ထား လျက်ရှိသည်မ ဟုတ်။ ထာဝရ အသက် ၏ တန်ခိုး အာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း
17For he testifieth: Thou art a priest for ever, according to the order of Melchisedech.
17အကြောင်းမူကား ၊ သင် သည် မေလခိဇေဒက် နည်းတူ ၊ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံ တော်မူသတည်း
18There is indeed a setting aside of the former commandment, because of the weakness and unprofitableness thereof:
18ပညတ် တရားသည် အဘယ်သူ ကိုမျှ စုံလင် ခြင်းသို့ မပို့ နိုင်သည် ဖြစ်၍
19(For the law brought nothing to perfection,) but a bringing in of a better hope, by which we draw nigh to God.
19ရှေး ပညတ် တရားဟောင်းသည်၊ အား မရှိ၊ အကျိုး ကိုမပေးနိုင်သောကြောင့် ၊ ပယ်ရှင်း ခြင်းသို့ ရောက် ရ၏။ သို့သော်လည်း ၊ သာ၍ မြတ်သော မြော်လင့် ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့် အထံတော်သို့ တိုးဝင် ချဉ်းကပ်ရကြ၏
20And inasmuch as it is not without an oath, (for the others indeed were made priests without an oath;
20ထိုသူ တို့သည် အကျိန် တော်မ ရှိဘဲယဇ် ပုရောဟိတ်အရာကို ရ ကြ၏
21But this with an oath, by him that said unto him: The Lord hath sworn, and he will not repent, Thou art a priest for ever.)
21ယေရှုမူကား၊ အကျိန် တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ၊ ထာဝရ ဘုရားက၊ သင် သည် မေလခိဇေဒက်နည်းတူထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန်စိတ် ပြောင်းလဲခြင်းရှိတော် မ မူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊
22By so much is Jesus made a surety of a better testament.
22သာ၍ မြတ်သော ပဋိညာဉ် တရား၏ အာမခံ ဖြစ် ၏
23And the others indeed were made many priests, because by reason of death they were not suffered to continue:
23ထိုသူ တို့သည်လည်း သေ ရသောကြောင့် အစဉ် မ တည်နိုင်သည် ဖြစ်၍အများ ရှိ ရကြ၏
24But this, for that he continueth for ever, hath an everlasting priesthood,
24ယေရှု မူကား ၊ နိစ္စ ထာဝရတည် သောကြောင့် မ ပြောင်းမလဲသော ယဇ် ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏
25Whereby he is able also to save for ever them that come to God by him; always living to make intercession for us.
25ထိုကြောင့် ၊ အကြင်သူတို့သည် ယေရှု အားဖြင့် ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် ကြ၏၊ ထိုသူ တို့၏ အမှုကို ကိုယ်တော်သည် စောင့် လျက်၊ ကာလအစဉ် အသက် ရှင်သောကြောင့် ၊ သူတို့ကို အစဉ် ကယ်တင် ခြင်းငှာ တတ်နိုင် တော်မူ၏
26For it was fitting that we should have such a high priest, holy, innocent, undefiled, separated from sinners, and made higher than the heavens;
26ထိုသို့သောယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်း စင်ကြယ်၍ အညစ်အကြေး နှင့် ကင်းလွတ်လျက် အပြစ် ရှိသော သူတို့နှင့် မ ဆက်ဆံ၊ ကောင်းကင် သားအပေါင်းတို့ထက် မြင့်မြတ် သောသူဖြစ် ၍၊ ငါ တို့နှင့် တော် သင့်တော်မူ၏
27Who needeth not daily (as the other priests) to offer sacrifices first for his own sins, and then for the people’s: for this he did once, in offering himself.
27အခြားသော ယဇ်ပုရောဟိတ် မင်းတို့သည် ကိုယ် အပြစ် ကြောင့် ၎င်း၊ လူ များအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ် ပူဇော် ရသကဲ့သို့ ၊ ထိုသခင် သည် ယဇ်ပူဇော်စရာအကြောင်း မ ရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတစ်ခါ တည်း ယဇ် ပူဇော်၍ ထိုအမှုကို ပြီးစီး တော်မူပြီ
28For the law maketh men priests, who have infirmity: but the word of the oath, which was since the law, the Son who is perfected for evermore.
28ပညတ် တရားသည် အပြစ် ရှိ သောသူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား ၏။ ပညတ်တရား နောက် ၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား ၊ အစဉ်အမြဲ စုံလင် ခြင်းသို့ရောက်သော သား တော်ကို ခန့်ထား သတည်း။

Tip: use the ← and → keys to turn chapters.