Hebrews
Chapter 9
Douay-Rheims Bible, Amer…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1The former indeed had also justifications of divine service, and a worldly sanctuary.
1တနည်း ကား၊ ပဌမ ပဋိညာဉ်တရားသည် ဝတ်ပြု ရာစီရင်ချက် နှင့်၎င်း ၊ လောကီ သန့်ရှင်း ရာ ဌာနတော်နှင့်၎င်း စပ်ဆိုင် ၏
2For there was a tabernacle made the first, wherein were the candlesticks, and the table, and the setting forth of loaves, which is called the holy.
2အဘယ်သို့နည်းဟူမူကား၊ ဟဂျာ ဟုခေါ်ဝေါ် သော ပဌမ တဲ တော်သည်၊ ဆီမီးခုံ ၊ စားပွဲ ၊ ရှေ့ တော်မုန့် နှင့် ပြင်ဆင် လျက်ရှိ၏
3And after the second veil, the tabernacle, which is called the holy of holies:
3ဒုတိယ ကုလားကာ အတွင်း၌၊ ဟဂျာဟဂျုန် ဟု ခေါ်ဝေါ် သော တဲ တော်ရှိ၏
4Having a golden censer, and the ark of the testament covered about on every part with gold, in which was a golden pot that had manna, and the rod of Aaron, that had blossomed, and the tables of the testament.
4ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေ ဖြင့်မွမ်းမံ သော ပဋိညာဉ် တရားသေတ္တာ ရှိ၏။ ထို သေတ္တာ၌ မန္န ကိုထား သောရွှေ အိုး ၊ အပွင့်ပွင့် သော အာရုန် ၏ လှံတံ ၊ ပဋိညာဉ် တရားကို ရေးထားသော ကျောက် ပြားတို့ သည်ရှိ ကြ၏
5And over it were the cherubims of glory overshadowing the propitiatory: of which it is not needful to speak now particularly.
5ထိုသေတ္တာ ပေါ်မှာ ဘုန်းကြီး သော ခေရုဗိမ် တို့သည် အပြစ် ဖြေရာပလ္လင်ကို လွှမ်းမိုး လျက်ရှိကြ၏။ ထို အရာများကို ယခု သေချာ စွာ ပြော စရာအကြောင်း မ ရှိ
6Now these things being thus ordered, into the first tabernacle the priests indeed always entered, accomplishing the offices of sacrifices.
6ထိုသို့ ခပ်သိမ်း သောအရာတို့သည် ပြင်ဆင် လျက် ရှိသောအခါ၊ ယဇ် ပုရောဟိတ်တို့သည် ဝတ်ပြု ၍ ပဌမ တဲ တော်အတွင်း သို့ အစဉ် ဝင် ကြရ၏
7But into the second, the high priest alone, once a year: not without blood, which he offereth for his own, and the people’s ignorance:
7ဒုတိယ တဲတော်အတွင်း သို့ ယဇ်ပုရောဟိတ် မင်းတစ်ပါးတည်းသာ မိမိ အပြစ် ကြောင့် ၎င်း ၊ လူ များအပြစ် ကြောင့်၎င်း၊ ပူဇော် သောအသွေး ကိုဆောင်၍ တနှစ် လျှင် တစ်ခါ တည်းသာဝင်ရ၏
8The Holy Ghost signifying this, that the way into the holies was not yet made manifest, whilst the former tabernacle was yet standing.
8ပဌမ တဲ တော်မပျက်မှီ တိုင်အောင်၊ သန့်ရှင်း ရာ ဌာနသို့ သွားသောလမ်း မ ဖွင့် သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့်သန့်ရှင်း သော ဝိညာဉ် တော်သည် အရိပ် ပေးတော်မူ၏
9Which is a parable of the time present: according to which gifts and sacrifices are offered, which can not, as to the conscience, make him perfect that serveth, only in meats and in drinks,
9ထိုတဲတော်ကား၊ ပူဇော် သက္ကာနှင့် ယဇ် များကို ပူဇော် သော ကာလ တည်းဟူသောမျက်မှောက် ကာလ ပတ်လုံးပုံပမာ ဖြစ်၏။ ထို ပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက် လျှင်လည်း၊ ဝတ်ပြု သောသူအား စုံလင် ခြင်းအကျိုးကို မ ပေးနိုင် သည်ဖြစ်၍
10And divers washings, and justices of the flesh laid on them until the time of correction.
10စားစရာ ၊ သောက် စရာ၊ အမျိုးမျိုး သော နှစ် စရာတည်းဟူသော၊ ကိုယ်ခန္ဓာ နှင့်ဆိုင်သော အထုံးအဖွဲ့ များ နှင့်တကွအသစ် ပြုပြင် ခြင်း ကာလ တိုင် ရုံမျှသာ တည် ရကြ၏
11But Christ, being come an high priest of the good things to come, by a greater and more perfect tabernacle not made with hand, that is, not of this creation:
11ယခုမှာလူလက် ဖြင့်မ လုပ်၊ ဤ လောက ဓါတ်နှင့် မ စပ်ဆိုင် ၊ သာ၍ကြီးမြတ် စုံလင် သောတဲ တော်၌၊ နောက် မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ် မင်းဖြစ်သော ခရစ်တော် သည်
12Neither by the blood of goats, or of calves, but by his own blood, entered once into the holies, having obtained eternal redemption.
12ငါတို့အဘို့ထာဝရ ရွေးနှုတ် ခြင်းကျေးဇူးကိုခံရ၍ ဆိတ် အသွေး ၊ နွားကလေး အသွေးနှင့် မ ဟုတ်၊ မိမိ အသွေး တော်နှင့် သန့်ရှင်း ရာဌာနထဲသို့ တစ်ခါ တည်း ဝင် တော်မူ၏
13For if the blood of goats and of oxen, and the ashes of an heifer being sprinkled, sanctify such as are defiled, to the cleansing of the flesh:
13အကြောင်းမူကား ၊ အညစ်အကြေး ရှိသော သူ တို့ အပေါ်၌ ဖြန်း သောနွား အသွေး ၊ ဆိတ် အသွေး၊ နွားမ ကလေး၏ပြာ သည်၊ သူတို့ ကိုယ်ခန္ဓာ ၌ စင်ကြယ် ခြင်းကို ပြုနိုင်သည်မှန်လျှင်
14How much more shall the blood of Christ, who by the Holy Ghost offered himself unspotted unto God, cleanse our conscience from dead works, to serve the living God?
14ထိုမျှမက၊ အပြစ် ကင်းသော ကိုယ်တော် ကို၊ ထာဝရ ဝိညာဉ် တော်အားဖြင့် ၊ ဘုရားသခင့် ရှေ့၌ တင်လှူပူဇော် သော ခရစ်တော် ၏ အသွေး သည်၊ သေ ခြင်းနှင့် စပ်ဆိုင်သောအကျင့် ကို ပယ်ရှင်း၍၊ သင်တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ကို ဝတ်ပြု မည်အကြောင်း ၊ သင် တို့၌ ကိုယ်ကိုကိုယ် သိသော စိတ်ကို စင်ကြယ် စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော
15And therefore he is the mediator of the new testament: that by means of his death, for the redemption of those transgressions, which were under the former testament, they that are called may receive the promise of eternal inheritance.
15ထိုကြောင့် ပဌမ ပဋိညာဉ် တရားလက်ထက် ၌ ပြစ်မှားသောအပြစ် ကိုလည်း လွတ် စေခြင်းငှာ၊ ခရစ်တော်သည် အသေခံ တော်မူသည် ဖြစ်၍ ၊ ခေါ် တော်မူသော သူ တို့သည် ဂတိ တော်နှင့်ယှဉ်သော ထာဝရ အမွေ ကို ခံရ မည်အကြောင်း ၊ ထိုသခင်သည် ပဋိညာဉ် တရားသစ် ၏ အာမခံ ဖြစ်တော်မူ ၏
16For where there is a testament, the death of the testator must of necessity come in.
16အမွေခံစေခြင်းငှာအခွင့်ပေး၍ စာချုပ်သည် အမှုမှာ လည်း စာချုပ် တည်လျှင် စာချုပ်သောသူသည် ဧကန် သေ ရမည်မှန်ပြီ
17For a testament is of force, after men are dead: otherwise it is as yet of no strength, whilst the testator liveth.
17အကယ်၍ မ သေလျှင်၊ ထိုစာချုပ်သည်မ တည်၊ သေမှသာတည် ၏
18Whereupon neither was the first indeed dedicated without blood.
18ထို့ကြောင့် ပဌမ ပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေး နှင့် ကင်း ၍မ စီရင်
19For when every commandment of the law had been read by Moses to all the people, he took the blood of calves and goats, with water, and scarlet wool and hyssop, and sprinkled both the book itself and all the people,
19တရား တော်၌ ပါ သမျှသော ပညတ် တို့ကို မောရှေ သည် လူ အပေါင်း တို့အား ဟောပြော ပြီးမှ၊ ရေ နှင့် ရောနှောသောနွား ၊ ဆိတ် ၏အသွေး ကိုယူ ၍၊ အနီ ဆိုးသော သိုးမွေး တပ်သောဟုဿုပ် ပင်ညွန့်နှင့်၊ ကျမ်းစာ ကို၎င်း လူ အပေါင်း တို့ကို၎င်း ဖြန်း လျက်၊
20Saying: This is the blood of the testament, which God hath enjoined unto you.
20ဤ အသွေးကား၊ သင် ၌ ဘုရားသခင် ဝန်ခံ တော်မူသော ပဋိညာဉ် ၏ အသွေး ဖြစ်သည်ဟု ပြောဆို ၏
21The tabernacle also and all the vessels of the ministry, in like manner, he sprinkled with blood.
21တဲ တော်နှင့် ဝတ်ပြု သော တန်ဆာ များကိုလည်း ထိုနည်းတူ သွေး နှင့်ဖြန်း ရ၏
22And almost all things, according to the law, are cleansed with blood: and without shedding of blood there is no remission.
22ပညတ် တရားအတိုင်း ခပ်သိမ်း သောအရာတို့ကို ကုန်မတတ် အသွေး အားဖြင့် စင်ကြယ် စေတတ်၏။ အသွေး မ သွန်းလောင်းဘဲ အပြစ်လွတ် ခြင်းမ ရှိ
23It is necessary therefore that the patterns of heavenly things should be cleansed with these: but the heavenly things themselves with better sacrifices than these.
23ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိသောအရာ တို့၌ ပုံ များကိုထိုသို့သောယဇ် ပူဇော်ခြင်းအားဖြင့်စင်ကြယ် စေ ရသည်ဖြစ်၍၊ ကောင်းကင် အရာတို့ကိုသာ၍ မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့်စင်ကြယ်စေရ၏
24For Jesus is not entered into the holies made with hands, the patterns of the true: but into heaven itself, that he may appear now in the presence of God for us.
24ထိုသို့နှင့်အညီ၊ မှန် သောသန့်ရှင်းရာဌာနတို့၏ ပုံ ဖြစ်သော၊ လူတို့လက် ဖြင့်လုပ်သော သန့်ရှင်း ရာဌာန ထဲသို့ ခရစ်တော် သည်မ ဝင် ဘဲ၊ ငါ တို့ အတွက် ကြောင့် ယခု ဘုရားသခင် ၏ ရှေ့ တော်၌ကိုယ်ကိုပြ ခြင်းငှာ၊ ကောင်းကင် ကိုယ် ထဲသို့ ဝင်တော်မူပြီ၊
25Nor yet that he should offer himself often, as the high priest entereth into the holies, every year with the blood of others:
25သို့သော်လည်း၊ ယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်း ရာဌာနထဲသို့ သူတစ်ပါး အသွေး နှင့် နှစ် တိုင်း အစဉ် ဝင် ရသကဲ့သို့ ခရစ်တော် သည် အဖန် များစွာကိုယ်ကို ပူဇော်ရသည်မ ဟုတ်
26For then he ought to have suffered often from the beginning of the world: but now once at the end of ages, he hath appeared for the destruction of sin, by the sacrifice of himself.
26ထိုသို့ ပူဇော်ရသည်မှန် လျှင်၊ ကမ္ဘာ ဦး မှစ၍ အဖန် များစွာအသေခံ တော်မူရ၏။ ယခု မူကား ၊ ဤကပ် ကာလအဆုံး ၌ တစ်ခါ တည်း ကိုယ် ကိုပူဇော် သောအားဖြင့် အပြစ် များကို သုတ်သင် ပယ်ရှင်းခြင်းငှာ ပေါ်ထွန်း တော်မူ၏
27And as it is appointed unto men once to die, and after this the judgment:
27လူ သည် တစ်ခါ တည်းသေ ၍ ထိုနောက်မှ တရား စီရင်တော်မူခြင်းကိုခံရ သကဲ့သို့ ၊
28So also Christ was offered once to exhaust the sins of many; the second time he shall appear without sin to them that expect him unto salvation.
28ထိုနည်းတူ ၊ ခရစ်တော် သည် လူများ အပြစ် တို့ကို ခံခြင်းငှာတစ်ခါ တည်းကိုယ်ကိုပူဇော် ပြီးမှ၊ နောက်တစ်ဖန် ထိုသခင် ကို မြော်လင့် လျက် နေသောသူ တို့ကို ကယ်တင် ခြင်းအလိုငှာ ၊ အပြစ် နှင့်မ ဆိုင်ဘဲ ပေါ်ထွန်း တော်မူလတံ့။

Tip: use the ← and → keys to turn chapters.