ΠΡΟΣ ΕΒΡΑΙΟΥΣ
Chapter 9

ΠΡΟΣ ΕΒΡΑΙΟΥΣ

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΠΡΟΣ ΕΒΡΑΙΟΥΣ 9

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Εἶχε μὲν οὖν καὶ ἡ πρώτη σκηνὴ δικαιώματα λατρείας, τό τε ἅγιον κοσμικόν.
1တနည်း ကား၊ ပဌမ ပဋိညာဉ်တရားသည် ဝတ်ပြု ရာစီရင်ချက် နှင့်၎င်း ၊ လောကီ သန့်ရှင်း ရာ ဌာနတော်နှင့်၎င်း စပ်ဆိုင် ၏
2Σκηνὴ γὰρ κατεσκευάσθη ἡ πρώτη, ἐν ᾗ ἥ τε λυχνία καὶ ἡ τράπεζα καὶ ἡ πρόθεσις τῶν ἄρτων, ἥτις λέγεται ἅγια.
2အဘယ်သို့နည်းဟူမူကား၊ ဟဂျာ ဟုခေါ်ဝေါ် သော ပဌမ တဲ တော်သည်၊ ဆီမီးခုံ ၊ စားပွဲ ၊ ရှေ့ တော်မုန့် နှင့် ပြင်ဆင် လျက်ရှိ၏
3Μετὰ δὲ τὸ δεύτερον καταπέτασμα σκηνὴ ἡ λεγομένη ἅγια ἁγίων,
3ဒုတိယ ကုလားကာ အတွင်း၌၊ ဟဂျာဟဂျုန် ဟု ခေါ်ဝေါ် သော တဲ တော်ရှိ၏
4χρυσοῦν ἔχουσα θυμιατήριον, καὶ τὴν κιβωτὸν τῆς διαθήκης περικεκαλυμμένην πάντοθεν χρυσίῳ, ἐν ᾗ στάμνος χρυσῆ ἔχουσα τὸ μάννα, καὶ ἡ ῥάβδος Ἀαρὼν ἡ βλαστήσασα, καὶ αἱ πλάκες τῆς διαθήκης·
4ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေ ဖြင့်မွမ်းမံ သော ပဋိညာဉ် တရားသေတ္တာ ရှိ၏။ ထို သေတ္တာ၌ မန္န ကိုထား သောရွှေ အိုး ၊ အပွင့်ပွင့် သော အာရုန် ၏ လှံတံ ၊ ပဋိညာဉ် တရားကို ရေးထားသော ကျောက် ပြားတို့ သည်ရှိ ကြ၏
5ὑπεράνω δὲ αὐτῆς Χερουβὶμ δόξης κατασκιάζοντα τὸ ἱλαστήριον· περὶ ὧν οὐκ ἔστι νῦν λέγειν κατὰ μέρος.
5ထိုသေတ္တာ ပေါ်မှာ ဘုန်းကြီး သော ခေရုဗိမ် တို့သည် အပြစ် ဖြေရာပလ္လင်ကို လွှမ်းမိုး လျက်ရှိကြ၏။ ထို အရာများကို ယခု သေချာ စွာ ပြော စရာအကြောင်း မ ရှိ
6Τούτων δὲ οὕτω κατεσκευασμένων, εἰς μὲν τὴν πρώτην σκηνὴν διὰ παντὸς εἰσίασιν οἱ ἱερεῖς, τὰς λατρείας ἐπιτελοῦντες·
6ထိုသို့ ခပ်သိမ်း သောအရာတို့သည် ပြင်ဆင် လျက် ရှိသောအခါ၊ ယဇ် ပုရောဟိတ်တို့သည် ဝတ်ပြု ၍ ပဌမ တဲ တော်အတွင်း သို့ အစဉ် ဝင် ကြရ၏
7εἰς δὲ τὴν δευτέραν ἅπαξ τοῦ ἐνιαυτοῦ μόνος ὁ ἀρχιερεύς, οὐ χωρὶς αἵματος, ὃ προσφέρει ὑπὲρ ἑαυτοῦ καὶ τῶν τοῦ λαοῦ ἀγνοημάτων·
7ဒုတိယ တဲတော်အတွင်း သို့ ယဇ်ပုရောဟိတ် မင်းတစ်ပါးတည်းသာ မိမိ အပြစ် ကြောင့် ၎င်း ၊ လူ များအပြစ် ကြောင့်၎င်း၊ ပူဇော် သောအသွေး ကိုဆောင်၍ တနှစ် လျှင် တစ်ခါ တည်းသာဝင်ရ၏
8τοῦτο δηλοῦντος τοῦ πνεύματος τοῦ ἁγίου, μήπω πεφανερῶσθαι τὴν τῶν ἁγίων ὁδόν, ἔτι τῆς πρώτης σκηνῆς ἐχούσης στάσιν·
8ပဌမ တဲ တော်မပျက်မှီ တိုင်အောင်၊ သန့်ရှင်း ရာ ဌာနသို့ သွားသောလမ်း မ ဖွင့် သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့်သန့်ရှင်း သော ဝိညာဉ် တော်သည် အရိပ် ပေးတော်မူ၏
9ἥτις παραβολὴ εἰς τὸν καιρὸν τὸν ἐνεστηκότα, καθ᾿ ὃν δῶρά τε καὶ θυσίαι προσφέρονται, μὴ δυνάμεναι κατὰ συνείδησιν τελειῶσαι τὸν λατρεύοντα,
9ထိုတဲတော်ကား၊ ပူဇော် သက္ကာနှင့် ယဇ် များကို ပူဇော် သော ကာလ တည်းဟူသောမျက်မှောက် ကာလ ပတ်လုံးပုံပမာ ဖြစ်၏။ ထို ပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက် လျှင်လည်း၊ ဝတ်ပြု သောသူအား စုံလင် ခြင်းအကျိုးကို မ ပေးနိုင် သည်ဖြစ်၍
10μόνον ἐπὶ βρώμασι καὶ πόμασι καὶ διαφόροις βαπτισμοῖς καὶ δικαιώμασι σαρκός, μέχρι καιροῦ διορθώσεως ἐπικείμενα.
10စားစရာ ၊ သောက် စရာ၊ အမျိုးမျိုး သော နှစ် စရာတည်းဟူသော၊ ကိုယ်ခန္ဓာ နှင့်ဆိုင်သော အထုံးအဖွဲ့ များ နှင့်တကွအသစ် ပြုပြင် ခြင်း ကာလ တိုင် ရုံမျှသာ တည် ရကြ၏
11Χριστὸς δὲ παραγενόμενος ἀρχιερεὺς τῶν μελλόντων ἀγαθῶν, διὰ τῆς μείζονος καὶ τελειοτέρας σκηνῆς, οὐ χειροποιήτου, τοῦτ᾿ ἔστιν, οὐ ταύτης τῆς κτίσεως,
11ယခုမှာလူလက် ဖြင့်မ လုပ်၊ ဤ လောက ဓါတ်နှင့် မ စပ်ဆိုင် ၊ သာ၍ကြီးမြတ် စုံလင် သောတဲ တော်၌၊ နောက် မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ် မင်းဖြစ်သော ခရစ်တော် သည်
12οὐδὲ δι᾿ αἵματος τράγων καὶ μόσχων, διὰ δὲ τοῦ ἰδίου αἵματος εἰσῆλθεν ἐφάπαξ εἰς τὰ ἅγια, αἰωνίαν λύτρωσιν εὑράμενος.
12ငါတို့အဘို့ထာဝရ ရွေးနှုတ် ခြင်းကျေးဇူးကိုခံရ၍ ဆိတ် အသွေး ၊ နွားကလေး အသွေးနှင့် မ ဟုတ်၊ မိမိ အသွေး တော်နှင့် သန့်ရှင်း ရာဌာနထဲသို့ တစ်ခါ တည်း ဝင် တော်မူ၏
13Εἰ γὰρ τὸ αἷμα ταύρων καὶ τράγων, καὶ σποδὸς δαμάλεως ῥαντίζουσα τοὺς κεκοινωμένους, ἁγιάζει πρὸς τὴν τῆς σαρκὸς καθαρότητα,
13အကြောင်းမူကား ၊ အညစ်အကြေး ရှိသော သူ တို့ အပေါ်၌ ဖြန်း သောနွား အသွေး ၊ ဆိတ် အသွေး၊ နွားမ ကလေး၏ပြာ သည်၊ သူတို့ ကိုယ်ခန္ဓာ ၌ စင်ကြယ် ခြင်းကို ပြုနိုင်သည်မှန်လျှင်
14πόσῳ μᾶλλον τὸ αἷμα τοῦ Χριστοῦ, ὃς διὰ πνεύματος αἰωνίου ἑαυτὸν προσήνεγκεν ἄμωμον τῷ Θεῷ, καθαριεῖ τὴν συνείδησιν ὑμῶν ἀπὸ νεκρῶν ἔργων, εἰς τὸ λατρεύειν Θεῷ ζῶντι;
14ထိုမျှမက၊ အပြစ် ကင်းသော ကိုယ်တော် ကို၊ ထာဝရ ဝိညာဉ် တော်အားဖြင့် ၊ ဘုရားသခင့် ရှေ့၌ တင်လှူပူဇော် သော ခရစ်တော် ၏ အသွေး သည်၊ သေ ခြင်းနှင့် စပ်ဆိုင်သောအကျင့် ကို ပယ်ရှင်း၍၊ သင်တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ကို ဝတ်ပြု မည်အကြောင်း ၊ သင် တို့၌ ကိုယ်ကိုကိုယ် သိသော စိတ်ကို စင်ကြယ် စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော
15Καὶ διὰ τοῦτο διαθήκης καινῆς μεσίτης ἐστίν, ὅπως, θανάτου γενομένου εἰς ἀπολύτρωσιν τῶν ἐπὶ τῇ πρώτῃ διαθήκῃ παραβάσεων, τὴν ἐπαγγελίαν λάβωσιν οἱ κεκλημένοι τῆς αἰωνίου κληρονομίας.
15ထိုကြောင့် ပဌမ ပဋိညာဉ် တရားလက်ထက် ၌ ပြစ်မှားသောအပြစ် ကိုလည်း လွတ် စေခြင်းငှာ၊ ခရစ်တော်သည် အသေခံ တော်မူသည် ဖြစ်၍ ၊ ခေါ် တော်မူသော သူ တို့သည် ဂတိ တော်နှင့်ယှဉ်သော ထာဝရ အမွေ ကို ခံရ မည်အကြောင်း ၊ ထိုသခင်သည် ပဋိညာဉ် တရားသစ် ၏ အာမခံ ဖြစ်တော်မူ ၏
16Ὅπου γὰρ διαθήκη, θάνατον ἀνάγκη φέρεσθαι τοῦ διαθεμένου.
16အမွေခံစေခြင်းငှာအခွင့်ပေး၍ စာချုပ်သည် အမှုမှာ လည်း စာချုပ် တည်လျှင် စာချုပ်သောသူသည် ဧကန် သေ ရမည်မှန်ပြီ
17Διαθήκη γὰρ ἐπὶ νεκροῖς βεβαία, ἐπεὶ μήποτε ἰσχύει ὅτε ζῇ ὁ διαθέμενος.
17အကယ်၍ မ သေလျှင်၊ ထိုစာချုပ်သည်မ တည်၊ သေမှသာတည် ၏
18Ὅθεν οὐδ᾿ ἡ πρώτη χωρὶς αἵματος ἐγκεκαίνισται.
18ထို့ကြောင့် ပဌမ ပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေး နှင့် ကင်း ၍မ စီရင်
19Λαληθείσης γὰρ πάσης ἐντολῆς κατὰ νόμον ὑπὸ Μωϋσέως παντὶ τῷ λαῷ, λαβὼν τὸ αἷμα τῶν μόσχων καὶ τράγων, μετὰ ὕδατος καὶ ἐρίου κοκκίνου καὶ ὑσσώπου, αὐτό τε τὸ βιβλίον καὶ πάντα τὸν λαὸν ἐρράντισε,
19တရား တော်၌ ပါ သမျှသော ပညတ် တို့ကို မောရှေ သည် လူ အပေါင်း တို့အား ဟောပြော ပြီးမှ၊ ရေ နှင့် ရောနှောသောနွား ၊ ဆိတ် ၏အသွေး ကိုယူ ၍၊ အနီ ဆိုးသော သိုးမွေး တပ်သောဟုဿုပ် ပင်ညွန့်နှင့်၊ ကျမ်းစာ ကို၎င်း လူ အပေါင်း တို့ကို၎င်း ဖြန်း လျက်၊
20λέγων, Τοῦτο τὸ αἷμα τῆς διαθήκης ἧς ἐνετείλατο πρὸς ὑμᾶς ὁ Θεός.
20ဤ အသွေးကား၊ သင် ၌ ဘုရားသခင် ဝန်ခံ တော်မူသော ပဋိညာဉ် ၏ အသွေး ဖြစ်သည်ဟု ပြောဆို ၏
21Καὶ τὴν σκηνὴν δὲ καὶ πάντα τὰ σκεύη τῆς λειτουργίας τῷ αἵματι ὁμοίως ἐρράντισε.
21တဲ တော်နှင့် ဝတ်ပြု သော တန်ဆာ များကိုလည်း ထိုနည်းတူ သွေး နှင့်ဖြန်း ရ၏
22Καὶ σχεδὸν ἐν αἵματι πάντα καθαρίζεται κατὰ τὸν νόμον, καὶ χωρὶς αἱματεκχυσίας οὐ γίνεται ἄφεσις.
22ပညတ် တရားအတိုင်း ခပ်သိမ်း သောအရာတို့ကို ကုန်မတတ် အသွေး အားဖြင့် စင်ကြယ် စေတတ်၏။ အသွေး မ သွန်းလောင်းဘဲ အပြစ်လွတ် ခြင်းမ ရှိ
23Ἀνάγκη οὖν τὰ μὲν ὑποδείγματα τῶν ἐν τοῖς οὐρανοῖς, τούτοις καθαρίζεσθαι, αὐτὰ δὲ τὰ ἐπουράνια κρείττοσι θυσίαις παρὰ ταύτας.
23ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိသောအရာ တို့၌ ပုံ များကိုထိုသို့သောယဇ် ပူဇော်ခြင်းအားဖြင့်စင်ကြယ် စေ ရသည်ဖြစ်၍၊ ကောင်းကင် အရာတို့ကိုသာ၍ မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့်စင်ကြယ်စေရ၏
24Οὐ γὰρ εἰς χειροποίητα ἅγια εἰσῆλθεν ὁ Χριστός, ἀντίτυπα τῶν ἀληθινῶν, ἀλλ᾿ εἰς αὐτὸν τὸν οὐρανόν, νῦν ἐμφανισθῆναι τῷ προσώπῳ τοῦ Θεοῦ ὑπὲρ ἡμῶν·
24ထိုသို့နှင့်အညီ၊ မှန် သောသန့်ရှင်းရာဌာနတို့၏ ပုံ ဖြစ်သော၊ လူတို့လက် ဖြင့်လုပ်သော သန့်ရှင်း ရာဌာန ထဲသို့ ခရစ်တော် သည်မ ဝင် ဘဲ၊ ငါ တို့ အတွက် ကြောင့် ယခု ဘုရားသခင် ၏ ရှေ့ တော်၌ကိုယ်ကိုပြ ခြင်းငှာ၊ ကောင်းကင် ကိုယ် ထဲသို့ ဝင်တော်မူပြီ၊
25οὐδ᾿ ἵνα πολλάκις προσφέρῃ ἑαυτόν, ὥσπερ ὁ ἀρχιερεὺς εἰσέρχεται εἰς τὰ ἅγια κατ᾿ ἐνιαυτὸν ἐν αἵματι ἀλλοτρίῳ·
25သို့သော်လည်း၊ ယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်း ရာဌာနထဲသို့ သူတစ်ပါး အသွေး နှင့် နှစ် တိုင်း အစဉ် ဝင် ရသကဲ့သို့ ခရစ်တော် သည် အဖန် များစွာကိုယ်ကို ပူဇော်ရသည်မ ဟုတ်
26ἐπεὶ ἔδει αὐτὸν πολλάκις παθεῖν ἀπὸ καταβολῆς κόσμου· νῦν δὲ ἅπαξ ἐπὶ συντελείᾳ τῶν αἰώνων εἰς ἀθέτησιν ἁμαρτίας διὰ τῆς θυσίας αὐτοῦ πεφανέρωται.
26ထိုသို့ ပူဇော်ရသည်မှန် လျှင်၊ ကမ္ဘာ ဦး မှစ၍ အဖန် များစွာအသေခံ တော်မူရ၏။ ယခု မူကား ၊ ဤကပ် ကာလအဆုံး ၌ တစ်ခါ တည်း ကိုယ် ကိုပူဇော် သောအားဖြင့် အပြစ် များကို သုတ်သင် ပယ်ရှင်းခြင်းငှာ ပေါ်ထွန်း တော်မူ၏
27Καὶ καθ᾿ ὅσον ἀπόκειται τοῖς ἀνθρώποις ἅπαξ ἀποθανεῖν, μετὰ δὲ τοῦτο κρίσις·
27လူ သည် တစ်ခါ တည်းသေ ၍ ထိုနောက်မှ တရား စီရင်တော်မူခြင်းကိုခံရ သကဲ့သို့ ၊
28οὕτως ὁ Χριστός, ἅπαξ προσενεχθεὶς εἰς τὸ πολλῶν ἀνενεγκεῖν ἁμαρτίας, ἐκ δευτέρου χωρὶς ἁμαρτίας ὀφθήσεται τοῖς αὐτὸν ἀπεκδεχομένοις, εἰς σωτηρίαν.
28ထိုနည်းတူ ၊ ခရစ်တော် သည် လူများ အပြစ် တို့ကို ခံခြင်းငှာတစ်ခါ တည်းကိုယ်ကိုပူဇော် ပြီးမှ၊ နောက်တစ်ဖန် ထိုသခင် ကို မြော်လင့် လျက် နေသောသူ တို့ကို ကယ်တင် ခြင်းအလိုငှာ ၊ အပြစ် နှင့်မ ဆိုင်ဘဲ ပေါ်ထွန်း တော်မူလတံ့။

Tip: use the ← and → keys to turn chapters.