ΠΡΟΣ ΕΒΡΑΙΟΥΣ
Chapter 7

ΠΡΟΣ ΕΒΡΑΙΟΥΣ

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΠΡΟΣ ΕΒΡΑΙΟΥΣ 7

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Οὗτος γὰρ ὁ Μελχισεδέκ, βασιλεὺς Σαλήμ, ἱερεὺς τοῦ Θεοῦ τοῦ ὑψίστου, ὁ συναντήσας Ἀβραὰμ ὑποστρέφοντι ἀπὸ τῆς κοπῆς τῶν βασιλέων καὶ εὐλογήσας αὐτόν,
1မင်းကြီး များကို လုပ်ကြံ ရာမှ ပြန်လာ သော အာဗြဟံ ကို ခရီးဦးကြိုပြု ၍ ကောင်းကြီး ပေးပြီးလျှင် ၊
2ᾧ καὶ δεκάτην ἀπὸ πάντων ἐμέρισεν Ἀβραάμ — πρῶτον μὲν ἑρμηνευόμενος βασιλεὺς δικαιοσύνης, ἔπειτα δὲ καὶ βασιλεὺς Σαλήμ, ὅ ἐστι βασιλεὺς εἰρήνης·
2အာဗြဟံ လှူ သောလက်ရဥစ္စာရှိသမျှ ကို ဆယ်ဘို့တဘို့ ခံယူသော ထိုရှာလင် မင်းကြီး တည်းဟူသောအမြင့်ဆုံး သော ဘုရားသခင် ၏ ယဇ် ပုရောဟိတ်မေလခိဇေဒက် သည်၊ နာမရင်းအနက် အားဖြင့်တရား မင်း ၊ ထိုမှတစ်ပါး၊ ငြိမ်သက် ခြင်းမင်း ဟုဆိုလို သော ရှာလင် မင်း ဖြစ် လျက်၊
3ἀπάτωρ, ἀμήτωρ, ἀγενεαλόγητος, μήτε ἀρχὴν ἡμερῶν μήτε ζωῆς τέλος ἔχων, ἀφωμοιωμένος δὲ τῷ υἱῷ τοῦ Θεοῦ — μένει ἱερεὺς εἰς τὸ διηνεκές.
3အဘ မရှိ၊ အမိ မရှိ၊ ရှေး မျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင် ၏ သား တော်နှင့် တူ ၍၊ ယဇ် ပုရောဟိတ်အရာ၌ အစဉ်အမြဲ တည် ၏
4Θεωρεῖτε δὲ πηλίκος οὗτος, ᾧ καὶ δεκάτην Ἀβραὰμ ἔδωκεν ἐκ τῶν ἀκροθινίων ὁ πατριάρχης.
4အမျိုး၏အဘ အာဗြဟံ သည်၊ လက်ရ ဥစ္စာများကို ဆယ်ဘို့တဘို့ လှူ ၍ အလှူခံသောထို မင်း သည် အဘယ်မျှလောက် ကြီးမြတ်သည်ကို ဆင်ခြင် ကြလော့
5Καὶ οἱ μὲν ἐκ τῶν υἱῶν Λευῒ τὴν ἱερατείαν λαμβάνοντες ἐντολὴν ἔχουσιν ἀποδεκατοῦν τὸν λαὸν κατὰ τὸν νόμον, τοῦτ᾿ ἔστι τοὺς ἀδελφοὺς αὐτῶν, καίπερ ἐξεληλυθότας ἐκ τῆς ὀσφύος Ἀβραάμ·
5ယဇ် ပုရောဟိတ်အရာကိုခံ သော လေဝိ သား တို့သည် အာဗြဟံ အမျိုး ဖြစ်သောသူတည်းဟူသော၊ မိမိ တို့ညီအစ်ကို များလက်မှ ပညတ် တရားအတိုင်း ဆယ်ဘို့တဘို့ ကို ခံရသော အခွင့် ရှိ ကြ၏
6ὁ δὲ μὴ γενεαλογούμενος ἐξ αὐτῶν δεδεκάτωκε τὸν Ἀβραάμ, καὶ τὸν ἔχοντα τὰς ἐπαγγελίας εὐλόγηκε.
6သူ တို့ အမျိုး မ ဟုတ်သော ထိုမင်း မူကား ၊ အာဗြဟံ ၏ လက်မှ ဆယ်ဘို့တစ်ဘို့ ကို ခံလေ၏။ ဂတိ တော်တို့ကိုခံရ သော သူ ကိုလည်း ကောင်းချီး ပေးလေ၏
7Χωρὶς δὲ πάσης ἀντιλογίας, τὸ ἔλαττον ὑπὸ τοῦ κρείττονος εὐλογεῖται.
7ကြီး သောသူသည် ငယ် သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံ ဘွယ်မ ရှိ
8Καὶ ὧδε μὲν δεκάτας ἀποθνῄσκοντες ἄνθρωποι λαμβάνουσιν· ἐκεῖ δέ, μαρτυρούμενος ὅτι ζῇ.
8ထိုမှတစ်ပါး ၊ သေ တတ်သောသူ တို့သည် ယခုအခါ ဆယ်ဘို့တစ်ဘို့ ကို ခံ လေ့ရှိ၏။ ထိုအခါမူကား အသက် ရှင် သည်ဟု သက်သေခံ ခြင်းကို ရသောသူသည် ဆယ်ဘို့တစ်ဘို့ကိုခံရ၏
9Καί, ὡς ἔπος εἰπεῖν, διὰ Ἀβραὰμ καὶ Λευῒ ὁ δεκάτας λαμβάνων δεδεκάτωται·
9ထိုမှတစ်ပါး ၊ ဆယ်ဘို့တဘို့ ကိုခံ တတ်သော လေဝိ သည် အာဗြဟံ အားဖြင့် ဆယ်ဘို့တဘို့ ကို ပေးပြီဟု ဆို စရာ အခွင့် ရှိ၏
10ἔτι γὰρ ἐν τῇ ὀσφύϊ τοῦ πατρὸς ἦν, ὅτε συνήντησεν αὐτῷ ὁ Μελχισεδέκ.
10အကြောင်းမူကား ၊ မေလခိဇေဒက် သည် အာဗြဟံ ကိုတွေ့ သောအခါ ၊ လေဝိသည် မိမိအဘ ၏ ကိုယ် ၌ ရှိ သတည်း
11Εἰ μὲν οὖν τελείωσις διὰ τῆς Λευϊτικῆς ἱερωσύνης ἦν — ὁ λαὸς γὰρ ἐπ᾿ αὐτῇ νενομοθέτητο — τίς ἔτι χρεία, κατὰ τὴν τάξιν Μελχισεδὲκ ἕτερον ἀνίστασθαι ἱερέα, καὶ οὐ κατὰ τὴν τάξιν Ἀαρὼν λέγεσθαι;
11တနည်းကား၊ လေဝိ မှဆင်းသက်သော ယဇ် ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူ များတို့သည် ပညတ် တရားတော်ကို ခံကြသောကြောင့် ၊ ထိုအမျိုးအားဖြင့် စုံလင် ခြင်းသို့ ရောက် နိုင်သည်မှန် လျှင် ၊ အခြား သော ယဇ် ပုရောဟိတ်သည်၊ အာရုန် နည်းတူ မ ခေါ်ဝေါ် ဘဲ၊ မေလခိဇေဒက် နည်းတူ ပေါ်ထွန်း စရာအကြောင်း အဘယ်သို့ ရှိ သေး သနည်း
12Μετατιθεμένης γὰρ τῆς ἱερωσύνης, ἐξ ἀνάγκης καὶ νόμου μετάθεσις γίνεται.
12ယဇ် ပုရောဟိတ်အမျိုးသည် ပြောင်းလဲ လျှင်၊ ပညတ် တရားသည် မပြောင်းလဲ ဘဲမနေနိုင်ရာ
13Ἐφ᾿ ὃν γὰρ λέγεται ταῦτα, φυλῆς ἑτέρας μετέσχηκεν, ἀφ᾿ ἧς οὐδεὶς προσέσχηκε τῷ θυσιαστηρίῳ.
13ထို ဗျာဒိတ်တော်ကို ခံရသောသူ သည်၊ ယဇ်ပလ္လင် ဝတ် ကို တစ် ယောက်မျှမပြုရသောအမျိုး နှင့် စပ်ဆိုင် ပေ၏
14Πρόδηλον γὰρ ὅτι ἐξ Ἰούδα ἀνατέταλκεν ὁ Κύριος ἡμῶν, εἰς ἣν φυλὴν οὐδὲν περὶ ἱερωσύνης Μωσῆς ἐλάλησε.
14အကြောင်းမူကား ၊ ငါ တို့သခင် သည် ယုဒ အမျိုးထဲ၌ ပေါ်ထွန်း သည်ဟု ထင်ရှား လျက်ရှိ၏။ ထို အမျိုး သည် ယဇ် ပုရောဟိတ်အရာနှင့် စပ်ဆိုင် သည်ဟု မောရှေ သည် တစ်ခွန်းကို မျှမပြော
15Καὶ περισσότερον ἔτι κατάδηλόν ἐστιν, εἰ κατὰ τὴν ὁμοιότητα Μελχισεδὲκ ἀνίσταται ἱερεὺς ἕτερος,
15ထိုမှတစ်ပါး ၊ မေလခိဇေဒက် နည်းတူ အခြား သော ယဇ် ပုရောဟိတ်သည် ပေါ်ထွန်း သည်မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ ထင်ရှား ၏
16ὃς οὐ κατὰ νόμον ἐντολῆς σαρκικῆς γέγονεν, ἀλλὰ κατὰ δύναμιν ζωῆς ἀκαταλύτου·
16ထိုယဇ် ပုရောဟိတ်သည် ကိုယ်ခန္ဓာ နှင့် စပ်ဆိုင် သော တရား အတိုင်း ခန့်ထား လျက်ရှိသည်မ ဟုတ်။ ထာဝရ အသက် ၏ တန်ခိုး အာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း
17μαρτυρεῖ γὰρ ὅτι Σὺ ἱερεὺς εἰς τὸν αἰῶνα κατὰ τὴν τάξιν Μελχισεδέκ.
17အကြောင်းမူကား ၊ သင် သည် မေလခိဇေဒက် နည်းတူ ၊ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံ တော်မူသတည်း
18Ἀθέτησις μὲν γὰρ γίνεται προαγούσης ἐντολῆς, διὰ τὸ αὐτῆς ἀσθενὲς καὶ ἀνωφελές·
18ပညတ် တရားသည် အဘယ်သူ ကိုမျှ စုံလင် ခြင်းသို့ မပို့ နိုင်သည် ဖြစ်၍
19οὐδὲν γὰρ ἐτελείωσεν ὁ νόμος, ἐπεισαγωγὴ δὲ κρείττονος ἐλπίδος, δι᾿ ἧς ἐγγίζομεν τῷ Θεῷ.
19ရှေး ပညတ် တရားဟောင်းသည်၊ အား မရှိ၊ အကျိုး ကိုမပေးနိုင်သောကြောင့် ၊ ပယ်ရှင်း ခြင်းသို့ ရောက် ရ၏။ သို့သော်လည်း ၊ သာ၍ မြတ်သော မြော်လင့် ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့် အထံတော်သို့ တိုးဝင် ချဉ်းကပ်ရကြ၏
20Καὶ καθ᾿ ὅσον οὐ χωρὶς ὁρκωμοσίας — οἱ μὲν γὰρ χωρὶς ὁρκωμοσίας εἰσὶν ἱερεῖς γεγονότες,
20ထိုသူ တို့သည် အကျိန် တော်မ ရှိဘဲယဇ် ပုရောဟိတ်အရာကို ရ ကြ၏
21ὁ δὲ μετὰ ὁρκωμοσίας, διὰ τοῦ λέγοντος πρὸς αὐτόν, Ὤμοσε Κύριος καὶ οὐ μεταμεληθήσεται, Σὺ ἱερεὺς εἰς τὸν αἰῶνα κατὰ τὴν τάξιν Μελχισεδέκ —
21ယေရှုမူကား၊ အကျိန် တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ၊ ထာဝရ ဘုရားက၊ သင် သည် မေလခိဇေဒက်နည်းတူထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန်စိတ် ပြောင်းလဲခြင်းရှိတော် မ မူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊
22κατὰ τοσοῦτον κρείττονος διαθήκης γέγονεν ἔγγυος Ἰησοῦς.
22သာ၍ မြတ်သော ပဋိညာဉ် တရား၏ အာမခံ ဖြစ် ၏
23Καὶ οἱ μὲν πλείονές εἰσι γεγονότες ἱερεῖς, διὰ τὸ θανάτῳ κωλύεσθαι παραμένειν·
23ထိုသူ တို့သည်လည်း သေ ရသောကြောင့် အစဉ် မ တည်နိုင်သည် ဖြစ်၍အများ ရှိ ရကြ၏
24ὁ δέ, διὰ τὸ μένειν αὐτὸν εἰς τὸν αἰῶνα, ἀπαράβατον ἔχει τὴν ἱερωσύνην.
24ယေရှု မူကား ၊ နိစ္စ ထာဝရတည် သောကြောင့် မ ပြောင်းမလဲသော ယဇ် ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏
25Ὅθεν καὶ σώζειν εἰς τὸ παντελὲς δύναται τοὺς προσερχομένους δι᾿ αὐτοῦ τῷ Θεῷ, πάντοτε ζῶν εἰς τὸ ἐντυγχάνειν ὑπὲρ αὐτῶν.
25ထိုကြောင့် ၊ အကြင်သူတို့သည် ယေရှု အားဖြင့် ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် ကြ၏၊ ထိုသူ တို့၏ အမှုကို ကိုယ်တော်သည် စောင့် လျက်၊ ကာလအစဉ် အသက် ရှင်သောကြောင့် ၊ သူတို့ကို အစဉ် ကယ်တင် ခြင်းငှာ တတ်နိုင် တော်မူ၏
26Τοιοῦτος γὰρ ἡμῖν ἔπρεπεν ἀρχιερεύς, ὅσιος, ἄκακος, ἀμίαντος, κεχωρισμένος ἀπὸ τῶν ἁμαρτωλῶν, καὶ ὑψηλότερος τῶν οὐρανῶν γενόμενος·
26ထိုသို့သောယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်း စင်ကြယ်၍ အညစ်အကြေး နှင့် ကင်းလွတ်လျက် အပြစ် ရှိသော သူတို့နှင့် မ ဆက်ဆံ၊ ကောင်းကင် သားအပေါင်းတို့ထက် မြင့်မြတ် သောသူဖြစ် ၍၊ ငါ တို့နှင့် တော် သင့်တော်မူ၏
27ὃς οὐκ ἔχει καθ᾿ ἡμέραν ἀνάγκην, ὥσπερ οἱ ἀρχιερεῖς, πρότερον ὑπὲρ τῶν ἰδίων ἁμαρτιῶν θυσίας ἀναφέρειν, ἔπειτα τῶν τοῦ λαοῦ· τοῦτο γὰρ ἐποίησεν ἐφάπαξ, ἑαυτὸν ἀνενέγκας.
27အခြားသော ယဇ်ပုရောဟိတ် မင်းတို့သည် ကိုယ် အပြစ် ကြောင့် ၎င်း၊ လူ များအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ် ပူဇော် ရသကဲ့သို့ ၊ ထိုသခင် သည် ယဇ်ပူဇော်စရာအကြောင်း မ ရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတစ်ခါ တည်း ယဇ် ပူဇော်၍ ထိုအမှုကို ပြီးစီး တော်မူပြီ
28Ὁ νόμος γὰρ ἀνθρώπους καθίστησιν ἀρχιερεῖς, ἔχοντας ἀσθένειαν· ὁ λόγος δὲ τῆς ὁρκωμοσίας τῆς μετὰ τὸν νόμον, υἱὸν εἰς τὸν αἰῶνα τετελειωμένον.
28ပညတ် တရားသည် အပြစ် ရှိ သောသူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား ၏။ ပညတ်တရား နောက် ၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား ၊ အစဉ်အမြဲ စုံလင် ခြင်းသို့ရောက်သော သား တော်ကို ခန့်ထား သတည်း။

Tip: use the ← and → keys to turn chapters.