กิจการ 1
Freedom Bible (Thai)Translation
Freedom Bible (Thai)
Judson Burmese Bible (1840)
1เธโอฟีลัส หนังสือเล่มแรกที่ข้าพเจ้าเขียนนั้นกล่าวถึงทุกสิ่งที่พระเยซูเริ่มทำและสั่งสอน
1အို သော်ဖိလု ၊ ယေရှု သည် ရွေးကောက် တော်မူသော တမန်တော် တို့ကို ဝိညာဉ် တော်အားဖြင့် မှာထား ပြီးမှ၊
2จนถึงวันที่พระองค์ถูกรับขึ้นไป หลังจากที่พระองค์ได้ให้คำสั่งโดยพระวิญญาณบริสุทธิ์แก่เหล่าอัครทูตที่พระองค์เลือกไว้
2အထက် သို့ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မ ရောက်မှီကာလတွင်၊ ပြုမူ သွန်သင် တော်မူသမျှ တို့ကိုထုတ်ဘော်၍၊ အထက် ကျမ်းစာ ကို ငါ စီရင်ရေးထားပါပြီ။
3หลังจากที่พระองค์ทนทุกข์แล้ว พระองค์ก็แสดงให้พวกเขาเห็นว่าพระองค์ยังมีชีวิตอยู่ด้วยหลักฐานมากมาย โดยปรากฏแก่พวกเขาตลอดสี่สิบวันและกล่าวถึงอาณาจักรของพระเจ้า
3အသေခံ တော်မူပြီးလျှင် ၊ တမန်တော် တို့အား အရက် လေးဆယ် ပတ်လုံး ကိုယ်ကိုပြ ၍ ဘုရားသခင် ၏ နိုင်ငံ တော်နှင့်စပ်ဆိုင် သောအရာ တို့ကို မိန့်မြွက် တော်မူလျက် ၊ မိမိ အသက်ရှင် သည်အကြောင်းကို ခိုင်ခံ့ သော သက်သေအများ အားဖြင့် ပြ တော်မူ၏။
4เมื่อพระองค์อยู่ร่วมกับพวกเขา พระองค์สั่งว่า “อย่าออกจากกรุงเยรูซาเล็ม แต่จงรอสิ่งที่พระบิดาสัญญาไว้ ซึ่งพวกคุณได้ยินจากเรา
4ထိုတမန်တော် တို့ကို စုဝေး စေတော်မူပြီးလျှင် ၊ ယေရုရှလင် မြို့မှ မ ထွက် မသွားဘဲ ခမည်းတော် ၏ ဂတိ ကိုငံ့ နေမည်အကြောင်း မှာ တော်မူ၍၊ ထိုဂတိတော်ကို ငါ ဟောပြောသဖြင့် သင်တို့သည်ကြားသိ ရကြပြီ။
5เพราะยอห์นให้คนรับบัพติศมาด้วยน้ำ แต่ในอีกไม่กี่วันพวกคุณจะได้รับบัพติศมาในพระวิญญาณบริสุทธิ์”
5ဂတိတော်အချက်ဟူမူကား၊ ယောဟန် သည်ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့သည် မ ကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ် တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည် ဟုမိန့်တော်မူ၏။
6เมื่อพวกเขามารวมกัน จึงถามพระองค์ว่า “องค์พระผู้เป็นเจ้า เวลานี้พระองค์จะฟื้นฟูอาณาจักรให้อิสราเอลหรือ?”
6ထိုတမန်တော် တို့သည်လည်းစုဝေး ၍ ၊ သခင် ဘုရား၊ ယခု အခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အား နိုင်ငံ ကိုပြန်ပေး တော်မူမည်လောဟု မေး လျှောက် ကြလျှင်၊
7พระองค์กล่าวกับพวกเขาว่า “ไม่ใช่เรื่องที่พวกคุณจะรู้เวลาและวาระที่พระบิดากำหนดไว้ด้วยสิทธิอำนาจของพระองค์เอง
7သခင်ဘုရားက၊ ခမည်းတော် ၏ တန်ခိုးအားဖြင့် စီရင် တော်မူသောအချိန် ကာလ ကို သိ ရသောအခွင့် သည် သင် တို့၌မ ရှိ ။
8แต่พวกคุณจะได้รับพลังเมื่อพระวิญญาณบริสุทธิ์มาเหนือพวกคุณ และพวกคุณจะเป็นพยานถึงเราในกรุงเยรูซาเล็ม ทั่วทั้งแคว้นยูเดียและสะมาเรีย และจนถึงสุดปลายแผ่นดินโลก”
8ထိုသို့မရှိသော်လည်း ၊ သင် တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်ဆင်းသက် သောအခါသင်တို့သည် တန်ခိုး ကိုခံရ ၍ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ရှမာရိ ပြည်၊ မြေကြီး စွန်း တိုင်အောင် ငါ ၏သက်သေ ဖြစ် ကြ လိမ့်မည် ဟု မိန့် တော်မူ၏။
9เมื่อพระองค์กล่าวสิ่งเหล่านี้แล้ว ขณะที่พวกเขากำลังมองอยู่ พระองค์ก็ถูกรับขึ้นไป และเมฆก็รับพระองค์ไปจนพ้นสายตาของพวกเขา
9တမန်တော် တို့သည် ကြည့်ရှု လျက်နေကြစဉ်၊ သခင်ဘုရားသည် အထက် သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုဃ်းတိမ် သည် ကိုယ်တော် ကိုမျက်ကွယ်အောင် ခံယူ လေ၏။
10ขณะที่พวกเขาจ้องมองขึ้นไปบนท้องฟ้าในเวลาที่พระองค์กำลังจากไป ก็มีชายสองคนสวมเสื้อผ้าสีขาวมายืนอยู่ข้างพวกเขา
10ထိုသို့ ကြွ တော်မူသည်ကို တမန်တော်တို့သည် ကောင်းကင် သို့ စေ့စေ့ ကြည့်မျှော်လျက် နေ ကြစဉ် တွင်၊ လူ နှစ် ယောက်တို့သည် ဖြူစင် သောအဝတ်ကို ဝတ်ဆင် လျက် တမန်တော် တို့အနားမှာပေါ်လာ ၍ ၊
11ชายทั้งสองกล่าวว่า “ชาวกาลิลี ทำไมพวกคุณจึงยืนมองขึ้นไปบนท้องฟ้า? พระเยซูองค์นี้ซึ่งถูกรับขึ้นไปจากพวกคุณสู่ท้องฟ้า จะกลับมาในลักษณะเดียวกับที่พวกคุณเห็นพระองค์ขึ้นไปสู่ท้องฟ้า”
11အိုဂါလိလဲ လူ တို့၊ အဘယ်ကြောင့် ကောင်းကင် သို့ ကြည့်မျှော် လျက်နေ ကြသနည်း။ သင် တို့နှင့်ခွာ၍ ကောင်းကင် သို့ ဆောင်ယူ ခြင်းကို ခံတော်မူသောထို ယေရှု သည် သင်တို့မျက်မှောက် ၌ ကောင်းကင် သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာ တော်မူလတံ့ ဟုပြောဆို ၏။
12แล้วพวกเขาก็กลับไปกรุงเยรูซาเล็มจากภูเขาที่เรียกว่ามะกอกเทศ ซึ่งอยู่ใกล้กรุงเยรูซาเล็ม ห่างออกไปเป็นระยะทางที่เดินได้ในวันสะบาโต
12ထိုအခါ ယေရုရှလင် မြို့နှင့်ဥပုသ်နေ့ တစ်နေ့ခရီး သာကွာ ၍ သံလွင် အမည်ရှိသောတောင် မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန် ကြ၏။
13เมื่อเข้าเมืองแล้ว พวกเขาขึ้นไปยังห้องชั้นบนที่พักอยู่ ได้แก่ เปโตร ยอห์น ยากอบ อันดรูว์ ฟีลิป โธมัส บารโธโลมิว มัทธิว ยากอบบุตรของอัลเฟอัส ซีโมนผู้กระตือรือร้น และยูดาสบุตรของยากอบ
13ရောက် ကြလျှင် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေ ၊ ဖိလိပ္ပု ၊ သောမ ၊ ဗာသောလမဲ ၊ မဿဲ ၊ အာလဖဲ ၏သားယာကုပ် ၊ ရှိမုန် ဇေလုတ် ၊ ယာကုပ် ညီ ယုဒ တို့သည် တည်း နေရာ အိမ်အထက် ခန်းသို့ တက် ကြ၏။
14คนเหล่านี้ทุกคนพร้อมใจกันอธิษฐานและวิงวอนอย่างสม่ำเสมอ พร้อมกับบรรดาสตรี มารีย์มารดาของพระเยซู และพี่น้องชายของพระองค์
14ထိုသူ အပေါင်း တို့သည် ယေရှု ၏မယ်တော် မာရိ မှစ၍ မိန်းမ တို့နှင့် ၎င်း ၊ ညီ တော်တို့နှင့်၎င်း၊ တစ် ညီတစ်ညွတ်တည်းကြိုးစား ၍ ဆုတောင်း ပဌနာပြုလျက် နေ ကြ၏။
15ในช่วงวันเหล่านั้น เปโตรยืนขึ้นท่ามกลางเหล่าสาวก ซึ่งมีอยู่ประมาณหนึ่งร้อยยี่สิบคน และกล่าวว่า
15ထို အခါ အရေအတွက်အားဖြင့်တရာ နှစ်ဆယ် သောတပည့် တော်တို့၏အလယ် ၌ ပေတရု သည်ထ ၍၊
16“พี่น้อง พระคัมภีร์ข้อนี้จำเป็นต้องสำเร็จตามที่พระวิญญาณบริสุทธิ์ได้กล่าวไว้ล่วงหน้าโดยปากของดาวิดเกี่ยวกับยูดาส ผู้เป็นคนนำทางคนที่มาจับพระเยซู
16ညီအစ်ကို တို့၊ ယေရှု ကိုဘမ်းဆီး သောသူ တို့အား လမ်းပြ သောယုဒ ရှကာရုတ်ကို ရည်မှတ် ၍ သန့်ရှင်း သောဝိညာဉ် တော်သည်ဒါဝိဒ် မင်း၏နှုတ် ဖြင့် ဗျာဒိတ် ထားတော်မူနှင့် သောကျမ်းစာ ချက်အတိုင်း မပြည့်စုံ ဘဲ မနေရ။
17เพราะเขาถูกนับรวมอยู่กับพวกเรา และได้รับส่วนในพันธกิจนี้
17ထိုသူ သည် ငါ တို့နှင့် ရေတွက် ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ ၏အရာ ကိုခံရ ပြီ။
18ชายคนนี้ได้ที่ดินผืนหนึ่งมาด้วยค่าตอบแทนจากความชั่วของเขา แล้วเขาก็ล้มคะมำ ร่างกายแตกออกและไส้ทั้งหมดทะลักออกมา
18ထိုသူ သည် မတရား သောအမှုအတွက်ဖြင့်ရ သောအခ နှင့် မြေ တစ်ကွက်ကိုဝယ် ပြီးမှ၊ မှောက် လျက်ကျလဲ၍ ဝမ်း ကွဲ သဖြင့် အ အူများပေါက် လေပြီ။
19ทุกคนที่อาศัยอยู่ในกรุงเยรูซาเล็มรู้เรื่องนี้ จึงเรียกที่ดินผืนนั้นในภาษาของพวกเขาว่า ‘อาเคลดามา’ ซึ่งหมายถึง ‘ทุ่งเลือด’
19ထိုအကြောင်းအရာကို ယေရုရှလင် မြို့၌နေ သော သူ အပေါင်း တို့သည်သိ ၍ မိမိ တို့ဘာသာ အားဖြင့်ထို မြေ ကို အကေလဒ ဟုခေါ်တွင် ကြ၏။ အနက်ကားသွေး မြေ ဟု ဆိုလို သတည်း။
20เพราะมีเขียนไว้ในหนังสือสดุดีว่า ‘ขอให้ที่อยู่อาศัยของเขารกร้าง อย่าให้มีใครอาศัยอยู่ในนั้น’ และ ‘ให้อีกคนหนึ่งรับตำแหน่งหน้าที่ของเขา’
20ဆာလံ ကျမ်းစာ ၌ လာ သည်ကား၊ သူ ၏နေရာ အရပ်သည် လူဆိတ်ညံ ရာအရပ်ဖြစ် ပါစေ။ နေ သောသူ မ ရှိ ပါစေနှင့်။ သူ ၏အရာ ကိုလည်းအခြား သူရ ပါစေဟု ရေးမှတ်သတည်း။
21“เพราะฉะนั้น ในบรรดาคนที่อยู่กับพวกเราตลอดเวลาที่องค์พระเยซูไปมากับพวกเรา
21ထိုကြောင့် ယောဟန် သည် ဗတ္တိဇံ ကို ပေးသည်ကာလ မှစ၍ ၊
22ตั้งแต่บัพติศมาของยอห์นจนถึงวันที่พระองค์ถูกรับขึ้นไปจากพวกเรา จะต้องมีคนหนึ่งจากคนเหล่านี้มาเป็นพยานร่วมกับพวกเราถึงการฟื้นขึ้นจากความตายของพระองค์”
22သခင် ယေရှု သည် ငါ တို့နှင့်ခွာ၍အထက် သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက် တိုင်အောင် ၊ တပည့် တော်တို့နှင့်အတူထွက် ဝင် သွားလာတော်မူသောကာလ ပတ်လုံး ငါ တို့နှင့်ပေါင်းဖော် ၍နေသောသူ တစ်စုံတစ်ယောက် သည်၊ ထိုသခင် ထမြောက် တော်မူသည် အကြောင်းကိုဟောပြော၍ ငါ တို့နှင့်အတူ သက်သေခံ ဖြစ် ရမည် ဟု ပေတရုပြောဆို၏။
23พวกเขาจึงเสนอชื่อสองคน คือโยเซฟที่เรียกว่าบารซับบัส ซึ่งมีอีกชื่อหนึ่งว่ายูสทัส และมัทธีอัส
23ဗာရှဗ ဟု ခေါ်ဝေါ် ၍ ယုတ္တု အမည် သစ်ကိုရသော ယောသပ် နှင့် မဿိ ကိုခန့်ထား၍ ၊
24แล้วพวกเขาอธิษฐานว่า “องค์พระผู้เป็นเจ้า พระองค์ผู้ทราบจิตใจของทุกคน โปรดแสดงให้พวกเรารู้ว่าพระองค์เลือกคนใดในสองคนนี้
24ဤသို့ဆုတောင်း ကြ၏။
25ให้รับส่วนในพันธกิจและการเป็นอัครทูตนี้ ซึ่งยูดาสได้ละทิ้งไปเพื่อไปยังที่ของเขาเอง”
25လူအပေါင်း တို့၏ စိတ် နှလုံးကိုသိတော်မူသောသခင် ဘုရား၊ ယုဒ ရှကာရုတ်သည် မိမိ နေရာ အရပ်သို့ သွား အံ့သောငှာဓမ္မဆရာ ၏အရာ၊ တမန်တော် ၏အရာမှ ရွေ့လျော့ ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံ စေခြင်းငှာဤ သူနှစ် ယောက်တို့တွင် ရွေးကောက် တော်မူသောသူ ကို ပြညွှန် တော်မူပါဟု ဆုတောင်းပြီးမှ၊
26พวกเขาจับสลาก และสลากนั้นตกเป็นของมัทธีอัส เขาจึงถูกนับรวมกับอัครทูตสิบเอ็ดคน
26စာရေးတံ ချ ကြသဖြင့် မဿိ သည်စာရေးတံ ကိုရ ၍ ၊ တစ်ကျိပ် တစ်ပါးသောတမန်တော် တို့နှင့် ရေတွက် ဝင် ခြင်းသို့ရောက်လေ၏။
Tip: use the ← and → keys to turn chapters.