กิจการ 23
Freedom Bible (Thai)Translation
Freedom Bible (Thai)
Judson Burmese Bible (1840)
1เปาโลมองดูสมาชิกสภาอย่างแน่วแน่แล้วกล่าวว่า “พี่น้อง ข้าพเจ้าดำเนินชีวิตต่อพระเจ้าด้วยมโนธรรมที่ดีทุกประการจนถึงวันนี้”
1ပေါလု သည် လွှတ် အရာရှိတို့ကို စေ့စေ့ ကြည့်ရှု၍၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ယနေ့ တိုင်အောင် ဘုရား ဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ် လျက် ပြု ပါသည်ဟု ပြောဆို သော်၊
2อานาเนียมหาปุโรหิตสั่งคนที่ยืนอยู่ใกล้เปาโลให้ตบปากเขา
2ယဇ်ပုရောဟိတ် မင်းအာနနိ က၊ သူ ၏နှုတ် ကို ရိုက် လော့ဟု အနား၌ ရပ် နေသောသူ တို့အား အမိန့် ရှိ၏။
3เปาโลจึงกล่าวกับเขาว่า “พระเจ้าจะตีท่าน เจ้ากำแพงฉาบปูนขาว! ท่านนั่งพิพากษาข้าพเจ้าตามธรรมบัญญัติ แต่กลับสั่งให้ตีข้าพเจ้าโดยฝ่าฝืนธรรมบัญญัติหรือ?”
3ထိုအခါ ပေါလု က၊ အဖြူ သုတ်သောအုတ် ရိုး၊ ဘုရားသခင် သည် သင့် ကိုရိုက် တော်မူမည်။ သင် သည် အကျွန်ုပ် ကို တရား နှင့်အညီ စီရင် ခြင်းငှာထိုင် နေလျက်ပင်၊ သူ့ ကိုရိုက် လော့ဟု မတရား သဖြင့် စီရင် ရမည်လော ဟုဆို ၏။
4คนที่ยืนอยู่ใกล้กล่าวว่า “เจ้ากล่าวร้ายมหาปุโรหิตของพระเจ้าหรือ?”
4အနား၌ရပ် နေသောသူ တို့ကလည်း၊ သင်သည် ဘုရားသခင် ၏ ယဇ်ပုရောဟိတ် မင်းကိုဆဲသလော ဟု မေး လျှင်၊
5เปาโลตอบว่า “พี่น้อง ข้าพเจ้าไม่รู้ว่าเขาเป็นมหาปุโรหิต เพราะมีเขียนไว้ว่า ‘เจ้าอย่าพูดชั่วร้ายถึงผู้ปกครองประชาชนของเจ้า’”
5ပေါလု က၊ ညီအစ်ကို တို့၊ သူသည် ယဇ်ပုရောဟိတ် မင်းဖြစ် သည်ကိုအကျွန်ုပ်မ သိ ။ သင် ၏အမျိုး ကို အုပ်စိုးသော မင်း ကိုသင်သည် မ ကဲ့ရဲ့ ရဟု ကျမ်းစာ၌ လာ သည်ဟုဆို ၏။
6เมื่อเปาโลเห็นว่าคนกลุ่มหนึ่งเป็นพวกสะดูสี และอีกกลุ่มเป็นพวกฟาริสี เขาจึงร้องขึ้นกลางสภาว่า “พี่น้อง ข้าพเจ้าเป็นฟาริสี เป็นบุตรของพวกฟาริสี ข้าพเจ้ากำลังถูกพิพากษาเพราะความหวังและการฟื้นขึ้นจากความตายของคนตาย!”
6ထိုအရာရှိတို့တွင် အချို့ တို့သည် ဇဒ္ဒုကဲ ဖြစ်ကြသည်၊ အချို့ တို့သည် ဖာရိရှဲ ဖြစ်ကြ သည်ကို ပေါလု သိမြင် လျှင်၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ဖာရိရှဲ ဖြစ် ၏။ ဖာရိရှဲ ၏သား လည်းဖြစ်၏။ သေ သောသူတို့သည် ထမြောက် မည်ဟု မြော်လင့် ခြင်းအကြောင်း ကြောင့်၊ အကျွန်ုပ် သည် စစ်ကြော စီရင်ခြင်းကို ခံရ၏ဟု လွှတ်တော် ပေါ်မှာ ကြွေးကြော် လေ၏။
7เมื่อเขากล่าวเช่นนี้ ก็เกิดการโต้เถียงกันระหว่างพวกฟาริสีและพวกสะดูสี และที่ประชุมก็แตกเป็นสองฝ่าย
7ထို အခါ ဖာရိရှဲ တို့နှင့် ဇဒ္ဒုကဲ တို့သည် အချင်းချင်းငြင်းခုံ ၍ အစုအဝေး သည် ကွဲပြား ခြင်းသို့ ရောက် လေ၏။
8เพราะพวกสะดูสีกล่าวว่าไม่มีการฟื้นขึ้นจากความตาย ไม่มีทูตสวรรค์ และไม่มีวิญญาณ แต่พวกฟาริสียอมรับทั้งหมดนี้
8ကွဲပြားသည်အကြောင်း ကား၊ ဇဒ္ဒုကဲ တို့က၊ ထမြောက် ခြင်းမ ရှိ ၊ ကောင်းကင်တမန် မ ရှိ၊ နာမ် ဝိညာဉ်မ ရှိဟုယူ ကြ၏။ ဖာရိရှဲ တို့က၊ နှစ် ပါးစလုံးရှိသည်ဟု ဝန်ခံ ကြ၏။
9จึงเกิดเสียงเอะอะอย่างมาก อาลักษณ์บางคนฝ่ายฟาริสีลุกขึ้นโต้แย้งว่า “พวกเราไม่พบความผิดอะไรในชายคนนี้ ถ้าวิญญาณหรือทูตสวรรค์พูดกับเขาจริง พวกเราอย่าต่อสู้กับพระเจ้าเลย!”
9အော်ဟစ် သံများ ၍၊ ဖာရိရှဲ တို့ဘက် ၌ နေသော ကျမ်း ဆရာတို့သည် ထ လျက်ပြင်းစွာ ငြင်းခုံ၍၊ ဤ သူ ၌ အဘယ် အပြစ် ကိုမျှ ငါတို့မတွေ့ ။ နာမ် ဝိညာဉ်သော်၎င်း ၊ ကောင်းကင်တမန် သော်၎င်းသူ့ ကိုပြော လျှင် ၊ ဘုရားသခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆို ကြ၏။
10เมื่อการโต้เถียงรุนแรงขึ้น ผู้บัญชาการกลัวว่าเปาโลจะถูกพวกเขาฉีกเป็นชิ้น ๆ จึงสั่งทหารให้ลงไปใช้กำลังพาเขาออกจากท่ามกลางคนเหล่านั้น และนำกลับเข้าไปในค่ายทหาร
10အချင်းချင်းငြင်းခုံ ခြင်းများ သောအခါ ၊ထိုသူ တို့သည်ပေါလု ကိုဆွဲငင်၍အပိုင်းပိုင်း ဆုတ်ဖြတ်မည်ကိုစစ်သူကြီး စိုးရိမ် သဖြင့်၊ စစ်သူရဲ များ၊ဆင်း ကြ၊ပေါလု ကိုအရာရှိ မင်းတို့အထဲ မှ အနိုင် အထက်ယူ၍ရဲတိုက် ထဲသို့ ပို့ဆောင် ကြဟုအမိန့် ရှိ၏။
11คืนต่อมา องค์พระผู้เป็นเจ้ามายืนอยู่ข้างเปาโลและกล่าวว่า “จงมีกำลังใจเถิด เปาโล เพราะเจ้าได้เป็นพยานถึงเราที่กรุงเยรูซาเล็มอย่างไร เจ้าก็จะต้องเป็นพยานที่กรุงโรมอย่างนั้นด้วย”
11နက်ဖြန် နေ့ညဉ့် တွင် သခင် ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မ စိုးရိမ်နှင့်။ ငါ ၏ အကြောင်း အရာကို သင် သည် ယေရုရှလင် မြို့၌ သက်သေခံ ပြီးသည်နည်းတူ ၊ ရောမ မြို့၌ လည်း ခံရ လေ ဦးမည်ဟု မိန့် တော်မူ၏။
12เมื่อถึงเช้า ชาวยิวบางคนรวมตัวกันและผูกมัดตนเองด้วยคำสาป โดยกล่าวว่าจะไม่กินหรือดื่มจนกว่าจะฆ่าเปาโลได้
12မိုဃ်းလင်း သောအခါ ယုဒ လူတို့သည် သင်း ဖွဲ့ ၍၊ ငါတို့သည် ပေါလု ကိုမ သတ် မှီတိုင်အောင်အလျှင်းမ စား မသောက် ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြု ကြ၏။
13มีคนมากกว่าสี่สิบคนร่วมกันวางแผนนี้
13ထိုသို့ သင်း ဖွဲ့ သော သူတို့သည် လေး ကျိပ်မက ရှိ ကြ၏။
14พวกเขาไปหาหัวหน้าปุโรหิตและผู้อาวุโส กล่าวว่า “พวกเราผูกมัดตนเองด้วยคำสาปอย่างหนักแน่นว่าจะไม่กินหรือดื่มอะไรเลยจนกว่าจะฆ่าเปาโลได้
14ထိုသူ တို့သည် ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲတို့ ထံသို့သွား ၍၊ အကျွန်ုပ် တို့သည် ပေါလု ကိုမ သတ်မှီတိုင်အောင်အလျှင်းမ စား မသောက်ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုကြပါပြီ။
15เพราะฉะนั้น ตอนนี้พวกคุณกับสภาจงแจ้งผู้บัญชาการให้พาเขาลงมาหาพวกคุณพรุ่งนี้ โดยแสร้งว่าพวกคุณต้องการสอบสวนเรื่องของเขาให้ละเอียดขึ้น ส่วนพวกเราพร้อมจะฆ่าเขาก่อนที่เขาจะมาถึง”
15ထိုကြောင့် ၊ နက်ဖြန် နေ့၌ စစ်သူကြီးသည် ပေါလု ကို ကိုယ်တော် တို့ထံသို့ ပို့ဆောင် စေခြင်းငှာ ၊ သူ့ကို သာ၍ စေ့စေ့စစ်ကြော မည်အဟန် ပြု ၍၊ လွှတ် အရာရှိများနှင့်အတူ ကိုယ်တော် တို့သည် စစ်သူကြီး ကို လျှောက် ကြပါလော့။ ပေါလု သည် ကိုယ်တော်တို့ထံသို့မ ရောက် မှီအကြားတွင် အကျွန်ုပ် တို့သည် သူ့ ကိုသတ် ခြင်းငှာအသင့် ရှိ နှင့်ပါပြီဟု လျှောက် ကြ၏။
16แต่หลานชายของเปาโลซึ่งเป็นลูกของพี่หรือน้องสาวของเขาได้ยินเรื่องแผนซุ่มทำร้าย จึงเข้าไปในค่ายทหารและบอกเปาโล
16ထိုသို့ လမ်းနား၌ ချောင်း ၍နေ ကြသည့်အမှုကို ပေါလု ၏ တူ သည်ကြား လျှင်၊ ရဲတိုက် ထဲသို့ ဝင် ၍ ပေါလု အားကြားပြော လေ၏။
17เปาโลเรียกนายร้อยคนหนึ่งมาและกล่าวว่า “โปรดพาชายหนุ่มคนนี้ไปหาผู้บัญชาการ เพราะเขามีเรื่องจะบอกท่าน”
17ပေါလု သည်တပ်မှူး တစ် ယောက်ကို ခေါ် ၍၊ ဤ လုလင် ကို စစ်သူကြီး ထံသို့ ပို့ ပါ။ လျှောက် စရာတစ်စုံတစ်ခုရှိ သည်ဟုဆို သော်၊
18นายร้อยจึงพาชายหนุ่มไปหาผู้บัญชาการและกล่าวว่า “เปาโลผู้ถูกคุมขังเรียกข้าพเจ้าไปและขอให้พาชายหนุ่มคนนี้มาหาท่าน เขามีเรื่องจะบอกท่าน”
18တပ်မှူးသည် လုလင် ကို စစ်သူကြီး ထံသို့ ပို့ ပြီးလျှင်၊ အကျဉ်း ခံရသော ပေါလု သည် အကျွန်ုပ် ကို ခေါ် ၍၊ ကိုယ်တော် အားလျှောက် စရာ တစ်စုံတစ်ခု ရှိ သော ဤ လုလင် ကိုကိုယ်တော် ထံသို့ ပို့ စေခြင်းငှာတောင်းပန် ပါသည်ဟုလျှောက် ၏။
19ผู้บัญชาการจับมือชายหนุ่ม พาแยกไปต่างหาก แล้วถามเป็นการส่วนตัวว่า “เจ้ามีเรื่องอะไรจะบอกข้า?”
19စစ်သူကြီး သည် လုလင် ကိုလက် ဆွဲ ၍ ဆိတ်ကွယ် ရာအရပ်သို့သွား ပြီးလျှင် ၊ သင်သည်အဘယ် အကြောင်း ကို ငါ့ အားလျှောက် ချင်သနည်းဟု မေးမြန်း လေ၏။
20เขาตอบว่า “ชาวยิวตกลงกันว่าจะขอให้ท่านพาเปาโลลงไปยังสภาพรุ่งนี้ โดยทำเหมือนว่าจะสอบสวนเรื่องของเขาให้ละเอียดขึ้น
20လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန် နေ့၌ ပေါလု ကို လွှတ်တော် သို့ ပို့ဆောင် စေခြင်းငှာ၊ ယုဒ လူတို့ သည် သူ့ ကိုသာ၍ စေ့စေ့မေးမြန်း မည်အဟန် ပြု ၍၊ ကိုယ်တော် ကို တောင်းလျှောက် မည်ဟု တိုင်ပင် ညီညွတ် ကြပါပြီ။
21แต่ท่านอย่ายอมตามพวกเขา เพราะมีชายมากกว่าสี่สิบคนซุ่มรอทำร้ายเขา คนเหล่านี้ผูกมัดตนเองด้วยคำสาปว่าจะไม่กินหรือดื่มจนกว่าจะฆ่าเขา ตอนนี้พวกเขาพร้อมแล้ว รอเพียงคำรับปากจากท่าน”
21သို့ရာတွင် သူ တို့၏ အလို သို့မ လိုက်ပါနှင့်။ ပေါလု ကိုမ သတ် မှီတိုင်အောင်အလျှင်းမ စား မသောက် ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုသော ယုဒလူ လေး ကျိပ်မက ၊ လမ်းနား၌ ပေါလု ကိုချောင်း ၍ နေကြပါ၏။ ယခုပင် ကိုယ်တော် ဝန်ခံ မည့်စကားကို ထိုသူတို့သည် ဆိုင်းလင့် ၍ အသင့် ရှိ နှင့်ပါပြီဟုလျှောက် လေ၏။
22ผู้บัญชาการจึงปล่อยชายหนุ่มไป และกำชับว่า “อย่าบอกใครว่าเจ้าเอาเรื่องนี้มาแจ้งข้า”
22စစ်သူကြီး ကလည်း ၊ သင်သည်ငါ့ အား ဤသို့ ကြားလျှောက် သည် ကို အဘယ်သူ အားမျှမပြော နှင့်ဟု ထိုလုလင် ကိုမှာထား ၍ လွှတ် လိုက်ပြီးလျှင်၊
23แล้วเขาเรียกนายร้อยสองคนมาสั่งว่า “เตรียมทหารสองร้อยคนให้พร้อมไปถึงเมืองซีซารียา พร้อมทหารม้าเจ็ดสิบคนและทหารถือหอกสองร้อยคน ออกเดินทางในชั่วโมงที่สามของกลางคืน”
23တပ်မှူး နှစ် ယောက်တို့ကိုခေါ် ၍၊ ယနေ့ညဉ့် သုံးချက်တီးအချိန် ၌ ကဲသရိ မြို့သို့ သွား စေခြင်းငှာ စစ်သူရဲ နှစ်ရာ ၊ မြင်း စီးသူရဲခုနစ်ကျိပ် ၊ လှံ ကိုင်သူရဲနှစ်ရာ တို့ကို ပြင်ဆင် ကြ။
24เขาสั่งให้เตรียมสัตว์พาหนะสำหรับเปาโลด้วย เพื่อพาเขาไปถึงเฟลิกส์ผู้ว่าราชการอย่างปลอดภัย
24ပေါလု စီး စရာဘို့ တိရစ္ဆာန် တို့ကိုပြင် ၍ပေးကြ။ သူ့ကို ဖေလဇ် မင်း ထံသို့ ကြပ်မ ၍ ပို့ကြဟုအမိန့် ရှိ၏။
25แล้วเขาเขียนจดหมายดังนี้
25စစ်သူကြီးသည် ရေး ၍ပေး လိုက်သော စာ ဟူမူကား၊
26“คลาวดิอัส ลีเซียส เรียนท่านเฟลิกส์ผู้ว่าราชการผู้ทรงเกียรติ ขอคำนับ
26ကလောဒိ လုသိက ၊ မြတ် တော်မူသော မြို့ဝန်မင်း ဖေလဇ် ကို မေတ္တာ နှင့်ကြားလျှောက်ပါသည်။
27“ชายคนนี้ถูกชาวยิวจับและเกือบถูกฆ่า เมื่อข้าพเจ้ารู้ว่าเขาเป็นพลเมืองโรมัน ข้าพเจ้าจึงนำทหารเข้าไปช่วยเขาไว้
27ယုဒ လူတို့သည် ဤ သူ ကိုဘမ်းဆီး ၍ သတ် မည်ပြုကြစဉ်၊ သူသည်ရောမ လူဖြစ် ကြောင်းကို အကျွန်ုပ်သည် ကြားသိ သဖြင့်၊ စစ်သူရဲ တို့နှင့်တကွ သွား ၍သူ့ကို နှုတ် ပါ သည်။
28เพราะต้องการรู้เหตุผลที่พวกเขากล่าวหาเขา ข้าพเจ้าจึงนำเขาลงไปต่อหน้าสภาของพวกเขา
28ယုဒလူတို့သည် အဘယ် အပြစ် ကြောင့် သူ နှင့် အမှု လုပ်ကြသည်ကို အကျွန်ုပ်သိ လို သောကြောင့်၊ သူ့ ကို ယူ၍လွှတ်တော် သို့ ဆောင်သွား ပြီးလျှင်၊
29ข้าพเจ้าพบว่าเขาถูกกล่าวหาในเรื่องข้อโต้แย้งเกี่ยวกับธรรมบัญญัติของพวกเขา แต่ไม่ได้ถูกกล่าวหาว่าทำอะไรที่สมควรตายหรือถูกจำคุก
29အသေ သတ်ခြင်း၊ အကျဉ်း ထားခြင်းကို ခံထိုက် သော အပြစ် ကြောင့် အမှုလုပ် ကြသည်မ ဟုတ်ဘဲ၊ သူ တို့တရား နှင့် စပ်ဆိုင်သော ပုစ္ဆာ အမေးကို အကြောင်း ပြု၍သာ အမှု လုပ်ကြသည်ကို အကျွန်ုပ်သိမြင် ပါ၏။
30เมื่อข้าพเจ้าได้รับแจ้งว่าชาวยิววางแผนซุ่มทำร้ายชายคนนี้ ข้าพเจ้าจึงส่งเขามาหาท่านทันที และสั่งพวกผู้กล่าวหาด้วยให้นำข้อกล่าวหาของตนมาต่อหน้าท่าน ลาก่อน”
30ယုဒလူတို့သည် မကောင်း သောအကြံနှင့် သူ့ ကိုလုပ်ကြံမည်ဟု အကျွန်ုပ် ရိပ်မိ လျှင်၊ သူ့ကို ကိုယ်တော် ထံသို့ ချက်ခြင်း စေလွှတ်၍ အမှု လုပ်သောသူတို့ကို ရှေ့တော်၌ လျှောက် ထားစေခြင်းငှာစီရင် ပါ၏။ ကိုယ်တော်ကျန်းမာပါစေသောဟု ရေး၍ပေးလိုက်သတည်း။
31พวกทหารจึงทำตามคำสั่ง พาเปาโลเดินทางในตอนกลางคืนไปถึงเมืองอันทิปาตริส
31စစ်သူကြီးမှာထား သည်အတိုင်း စစ်သူရဲ တို့သည် ပေါလု ကို ယူ ၍၊ ညဉ့် အခါ အန္တိပတရိ မြို့သို့ ပို့ လိုက်ပြီးမှ၊
32วันรุ่งขึ้น พวกเขาให้ทหารม้าเดินทางต่อไปกับเปาโล ส่วนพวกตนกลับไปยังค่ายทหาร
32နက်ဖြန် နေ့၌မြင်း စီးသူရဲတို့ကို ပေါလု နှင့်တကွ သွား စေခြင်းငှာလွှတ် လိုက်၍ မိမိတို့သည် ရဲတိုက် သို့ ပြန် ကြ၏။
33เมื่อทหารม้าถึงเมืองซีซารียา ก็มอบจดหมายให้ผู้ว่าราชการ และนำเปาโลมาพบเขาด้วย
33မြင်း စီးသူရဲတို့သည် ကဲသရိ မြို့သို့ ရောက် လျှင်၊ စစ်သူကြီး၏ စာ ကိုမြို့ဝန်မင်း လက်သို့အပ်ပေး ၍၊ ပေါလု ကိုလည်း ရှေ့တော်၌ သွင်း ထားကြ၏။
34เมื่อผู้ว่าราชการอ่านจดหมายแล้ว เขาถามว่าเปาโลมาจากแคว้นไหน และเมื่อรู้ว่ามาจากแคว้นซิลีเซีย เขากล่าวว่า
34မြို့ဝန်မင်းသည် စာကိုဖတ် ပြီးမှ၊ အဘယ် မြို့ နှင့် ဆိုင်သနည်းဟု မေး ၍၊ ကိလိကိ ပြည်သားဖြစ် သည်ကို ကြားသိ လျှင်၊
35“เราจะฟังคดีของเจ้าอย่างเต็มที่เมื่อพวกผู้กล่าวหาของเจ้ามาถึงด้วย” แล้วสั่งให้คุมตัวเปาโลไว้ในวังของเฮโรด
35သင့် ကိုအမှု လုပ်သောသူ တို့သည် ရောက်လာ သောအခါ ငါနားထောင် မည်ဟု ဆို ၍၊ ပေါလု သည် ဟေရုဒ် မင်း၏အိမ် တော်၌ အချုပ် ခံလျက်နေစေဟု စီရင် လေ၏။
Tip: use the ← and → keys to turn chapters.