กิจการ 11
Freedom Bible (Thai)Translation
Freedom Bible (Thai)
Judson Burmese Bible (1840)
1เหล่าอัครทูตและพี่น้อง ที่อยู่ในแคว้นยูเดียได้ยินว่า คนต่างชาติก็ได้รับพระวจนะของพระเจ้าแล้วเช่นกัน
1တစ်ပါး အမျိုးသားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ခံယူ ကြသည်ဟု ယုဒ ပြည်၌ ရှိ သောတမန်တော် တို့နှင့် ညီအစ်ကို များတို့သည် ကြားသိ ကြ၏။
2เมื่อเปโตรขึ้นไปยังกรุงเยรูซาเล็ม พวกที่เข้าสุหนัตก็โต้แย้งกับเขา
2ပေတရု သည် ယေရုရှလင် မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီး ခြင်းကို ခံသောသူ တို့က၊
3โดยกล่าวว่า “ท่านเข้าไปหาคนที่ไม่ได้เข้าสุหนัต และยังกินอาหารกับพวกเขาด้วย!”
3သင်သည် အရေဖျားလှီး ခြင်းကို မခံသော လူ တို့နှင့် ပေါင်းဘော်စား သောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆို ကြ၏။
4เปโตรจึงเริ่มอธิบายเรื่องทั้งหมดให้พวกเขาฟังตามลำดับว่า
4ပေတရု သည်လည်း ၊ ထိုအကြောင်းအရာကို အစ မှအဆုံးတိုင်အောင်ဘော်ပြ သည်ကား၊
5“ข้าพเจ้ากำลังอธิษฐานอยู่ในเมืองยัฟฟา และขณะตกอยู่ในภวังค์ ข้าพเจ้าเห็นนิมิต มีสิ่งหนึ่งคล้ายผ้าผืนใหญ่ที่หย่อนลงมาจากท้องฟ้าโดยจับไว้ทั้งสี่มุม และลงมาจนถึงข้าพเจ้า
5ငါ သည်ယုပ္ပေ မြို့ ၌ ဆုတောင်း စဉ် ဘဝင် ဖြစ် ၍၊ ကောင်းကင် မှ လေး ထောင့် ဖြင့် ချ လွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာ သည် ဆင်းသက် ၍၊ ငါ့ ထံသို့ ရောက်လာ သည်ကို ဗျာဒိတ် ရူပါရုံအားဖြင့် မြင် ၏။
6เมื่อข้าพเจ้าจ้องดูและพิจารณาสิ่งที่อยู่ในนั้น ก็เห็นสัตว์สี่เท้าของโลก สัตว์ป่า สัตว์เลื้อยคลาน และนกในท้องฟ้า
6ထို တန်ဆာကို စေ့စေ့ ကြည့်ရှုဆင်ခြင် လျှင်၊ သားရဲ မှစ၍ မြေ ၌ ကျင်လည်သောသားမျိုး ၊ တွား တတ် သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် မျိုးတို့ကိုမြင် ၏။
7ข้าพเจ้าได้ยินเสียงหนึ่งกล่าวกับข้าพเจ้าว่า ‘เปโตร จงลุกขึ้น ฆ่าแล้วกิน!’
7ထိုအခါ ၊ ပေတရု ၊ ထ ၍ သတ် စား လော့ဟု ငါ့ အားပြော သော စကား သံကိုလည်း ငါကြား ၏။
8แต่ข้าพเจ้าตอบว่า ‘ไม่ได้ องค์พระผู้เป็นเจ้า เพราะข้าพเจ้าไม่เคยเอาสิ่งที่เป็นมลทินหรือไม่บริสุทธิ์เข้าปากเลย’
8ငါကလည်း မ ဖြစ်နိုင်ပါသခင် ။ ညစ်ညူး သော အရာနှင့် မ စင်ကြယ်သောအရာသည် အကျွန်ုပ် ခံတွင်း ထဲသို့ တရံတစ်ခါ မျှမဝင် ဘူးပါ ဟုပြောဆို ၏။
9แต่เสียงจากท้องฟ้าตอบข้าพเจ้าเป็นครั้งที่สองว่า ‘สิ่งที่พระเจ้าชำระแล้ว เจ้าอย่าเรียกว่าไม่บริสุทธิ์’
9နောက်တဖန်စကား သံကား၊ ဘုရားသခင် စင်ကြယ် စေတော်မူသောအရာ ကို ညစ်ညူး သည်မ ထင်နှင့်ဟု ကောင်းကင် ထဲက လာ ပြန်၏။
10เหตุการณ์นี้เกิดขึ้นสามครั้ง แล้วทุกสิ่งก็ถูกรับกลับขึ้นไปยังท้องฟ้า
10ထိုသို့ သုံး ကြိမ်မြောက်အောင် ဖြစ် ပြီးလျှင် ၊ ထိုအရာရှိသမျှ တို့ကို ကောင်းကင် ထဲသို့ ဆွဲယူ ပြန် လေ၏။
11ทันใดนั้นมีชายสามคนมายืนอยู่หน้าบ้านที่ข้าพเจ้าอยู่ พวกเขาถูกส่งมาจากเมืองซีซารียาเพื่อมาหาข้าพเจ้า
11ထိုခဏခြင်း တွင် ကဲသရိ မြို့မှ ငါ့ ထံသို့ စေလွှတ် သော လူ သုံး ယောက်တို့သည် ငါ ရှိသောအိမ် အနားမှာ ရပ် နေကြ၏။
12พระวิญญาณบอกให้ข้าพเจ้าไปกับพวกเขาโดยไม่แบ่งแยก พี่น้องหกคนนี้ก็ไปกับข้าพเจ้าด้วย และพวกเราเข้าไปในบ้านของชายนั้น
12ငါ သည်တွေးတော ခြင်းမ ရှိဘဲ ထိုသူ တို့နှင့်အတူသွား ရမည်အကြောင်းဝိညာဉ် တော်သည် မိန့် တော်မူ၏။ ဤ ညီအစ်ကို ခြောက် ယောက်တို့သည်လည်း ငါ နှင့်အတူ သွား ၍ ထိုသူ ၏အိမ် သို့ ဝင် ကြ၏။
13เขาเล่าให้พวกเราฟังว่า เขาเห็นทูตสวรรค์องค์หนึ่งยืนอยู่ในบ้านและกล่าวว่า ‘จงส่งคนไปเมืองยัฟฟา และตามซีโมนซึ่งเรียกว่าเปโตรมา
13ကောင်းကင်တမန် သည် သူ ၏အိမ် ၌ ထင်ရှားစွာရပ် လျက်၊ သင်သည်ယုပ္ပေ မြို့သို့ လူတို့ကိုစေလွှတ် ၍ ပေတရု အမည် သစ်ကိုရသော ရှိမုန် ကို ခေါ်ပင့် လော့။
14เขาจะกล่าวถ้อยคำแก่ท่านซึ่งโดยถ้อยคำนั้นท่านและทุกคนในบ้านจะได้รับความรอด’
14ထို ပေတရုသည် သင် မှစ၍ သင် ၏ အိမ် ၌ ရှိသမျှ သော သူ တို့ကို ကယ်တင် တော်မူခြင်း တရား စကား ကို သင့် အားဟောပြော လိမ့်မည်ဟု မြွက်ဆို ခဲ့သော အကြောင်းအရာကို ထိုသူသည် ငါ တို့အားပြန်ကြား လေ၏။
15เมื่อข้าพเจ้าเริ่มพูด พระวิญญาณบริสุทธิ์ก็ลงมาเหนือพวกเขา เช่นเดียวกับที่ลงมาเหนือพวกเราในตอนเริ่มแรก
15ငါ သည်ဟောပြော စ ပြုစဉ်၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ရှေ့ဦးစွာ ငါ တို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ ၊ ထိုသူ တို့ အပေါ်သို့ လည်း သက်ရောက် တော်မူ၏။
16ข้าพเจ้าจึงนึกถึงถ้อยคำขององค์พระผู้เป็นเจ้าที่ว่า ‘ยอห์นให้คนรับบัพติศมาด้วยน้ำ แต่พวกคุณจะได้รับบัพติศมาในพระวิญญาณบริสุทธิ์’
16ယောဟန် သည် ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့ သည် သန့်ရှင်း သော ဝိညာဉ် တော်၌ ဗတ္တိဇံ ကို ခံရကြလိမ့်မည်ဟု သခင် ဘုရား မိန့် တော်မူသော စကား ကို ထိုအခါ ငါအောက်မေ့ ၏။
17เพราะฉะนั้น ถ้าพระเจ้าประทานของประทานอย่างเดียวกันแก่พวกเขาเหมือนที่ประทานแก่พวกเรา เมื่อพวกเราเชื่อในองค์พระเยซูคริสต์ ข้าพเจ้าเป็นใครจึงจะขัดขวางพระเจ้าได้?”
17သခင် ယေရှု ခရစ် ကို ယုံကြည် သောငါ တို့အား ဘုရားသခင် သည် ဆုကျေးဇူး ကို ပေး တော်မူသည် နည်းတူ ၊ ထိုသူ တို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါ သည်အဘယ်သို့ သောသူဖြစ် ၍ ဘုရားသခင် ကို ဆီးတား နိုင် သနည်းဟု ပေတရုဆို၏။
18เมื่อพวกเขาได้ยินดังนั้นก็หยุดโต้แย้ง และถวายพระสิริแด่พระเจ้า กล่าวว่า “ถ้าเช่นนั้น พระเจ้าก็ประทานการกลับใจที่นำไปสู่ชีวิตแก่คนต่างชาติด้วย!”
18ဤ အကြောင်းအရာတို့ကို ထိုသူတို့သည် ကြား ရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ်ဘုရားသခင် သည် အသက် ရှင်စေခြင်းအလိုငှာ ၊ နောင်တ တရားကို တပါး အမျိုးသားတို့အားလည်း ပေး တော်မူပြီဟု ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
19ส่วนคนที่กระจัดกระจายไปเพราะการข่มเหงที่เกิดขึ้นจากเรื่องสเทเฟน เดินทางไปไกลถึงฟีนิเซีย ไซปรัส และอันทิโอก โดยประกาศพระวจนะแก่ชาวยิวเท่านั้น
19ထိုမှတပါး၊ သတေဖန် ၏အမှုကြောင့် ညှဉ်းဆဲ ခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြား သောသူ တို့သည် ဖိနိတ် ၊ ကုပရု ၊ အန္တိအုတ် မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။
20แต่ในพวกเขามีบางคนเป็นชาวไซปรัสและชาวไซรีน เมื่อมาถึงเมืองอันทิโอกก็พูดกับพวกเฮลเลนิสต์ และประกาศข่าวดีเรื่ององค์พระเยซู
20နောက်မှထိုသူအချို့ တို့သည် ကုပရု ပြည်သား ၊ ကုရေနေ ပြည်သားဖြစ် ၍ အန္တိအုတ် သို့ သွား ပြီးလျှင်၊ သခင် ယေရှု ၏ အကြောင်းတည်းဟူသောဧဝံဂေလိ တရားကို ဟေလေနစ် လူတို့အား ဟောပြော ကြ၏။
21มือขององค์พระผู้เป็นเจ้าอยู่กับพวกเขา คนจำนวนมากจึงเชื่อและหันมาหาองค์พระผู้เป็นเจ้า
21သခင် ဘုရား၏လက် ထောက်တော်သည် လူ တို့နှင့်တကွ ရှိ တော်မူသဖြင့် ၊ လူအပေါင်းတို့သည် ယုံကြည် ၍ သခင် ဘုရားထံသို့ ပြောင်းလဲ ကြ၏။
22ข่าวเรื่องนี้ไปถึงประชาคมในกรุงเยรูซาเล็ม พวกเขาจึงส่งบารนาบัสไปจนถึงเมืองอันทิโอก
22ထို အကြောင်း အရာကို ယေရုရှလင် မြို့၌ ရှိ သော အသင်းတော် သည်ကြား လျှင်၊ အန္တိအုတ် မြို့တိုင်အောင် သွား စေမည်အကြောင်း ဗာနဗ ကိုစေလွှတ် လေ၏။
23เมื่อบารนาบัสมาถึงและเห็นพระคุณของพระเจ้า เขาก็ยินดี และหนุนใจทุกคนให้ตั้งใจมั่นคงอยู่ใกล้ชิดองค์พระผู้เป็นเจ้า
23ထိုသူ သည် ရောက် ၍ ဘုရားသခင် ၏ ကျေးဇူး တော်ကို မြင် လျှင် ဝမ်းမြောက် ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည် သောစိတ် နှင့် သခင် ဘုရားကို မှီဝဲ ဆည်းကပ်မည်အကြောင်း တိုက်တွန်းနှိုးဆော် လေ၏။
24เพราะเขาเป็นคนดี เต็มเปี่ยมด้วยพระวิญญาณบริสุทธิ์และความเชื่อ และมีคนจำนวนมากเพิ่มเข้ามาหาองค์พระผู้เป็นเจ้า
24ထိုသူ သည် သူတော်ကောင်း ဖြစ် ၍၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း၊ ယုံကြည် ခြင်းနှင့် ၎င်း၊ ပြည့်စုံ သောအားဖြင့်၊ လူ များ အပေါင်းတို့သည် သခင် ဘုရားထံသို့ဝင်စား ကြ၏။
25บารนาบัสออกไปเมืองทาร์ซัสเพื่อตามหาเซาโล
25ဗာနဗ သည်လည်း ရှောလု ကို ရှာ လျက် တာရှု မြို့သို့သွား၏။ တွေ့ လျှင်အန္တိအုတ် မြို့သို့ ခေါ် ခဲ့၏။
26เมื่อพบแล้ว เขาก็พาเซาโลมาที่เมืองอันทิโอก ตลอดหนึ่งปี ทั้งสองร่วมประชุมกับประชาคมและสั่งสอนคนจำนวนมาก ที่เมืองอันทิโอกนี่เอง เหล่าสาวกถูกเรียกว่า “คริสเตียน” เป็นครั้งแรก
26ထိုသူ တို့သည် တနှစ် ပတ်လုံး ထိုအသင်းတော် နှင့်အတူ စည်းဝေး ၍၊ လူ များ အပေါင်းတို့အား ဆုံးမ ဩဝါဒပေးကြ၏။ တပည့် တော်တို့သည်လည်း ခရစ်ယာန် ဟူသောခေါ်ဝေါ် သမုတ်ခြင်းကို အန္တိအုတ် မြို့၌ အဦး ခံရကြ၏။
27ในช่วงนั้น มีเหล่าผู้เผยพระวจนะเดินทางจากกรุงเยรูซาเล็มลงมายังเมืองอันทิโอก
27ထို အခါ ၌ ပရောဖက် တို့သည် ယေရုရှလင် မြို့မှ အန္တိအုတ် မြို့ သို့ လာ ကြ၏။
28คนหนึ่งในพวกเขาชื่ออากาบัสลุกขึ้น และบอกโดยพระวิญญาณว่าจะเกิดการกันดารอาหารครั้งใหญ่ทั่วโลก ซึ่งก็เกิดขึ้นจริงในสมัยจักรพรรดิคลาวดิอัส
28ထိုသူ တို့အဝင် ၊ အာဂဗု အမည် ရှိသော သူ တစ် ယောက်သည်ထ ၍ ၊ မြေ တပြင်လုံး ၌ အစာ အာဟာရ အလွန် ခေါင်းပါးခြင်းဖြစ် လတံ့ဟု ဝိညာဉ် တော်အားဖြင့် ဖော်ပြ ၏။ ထို ခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက် ၌ဖြစ် သတည်း။
29สาวกแต่ละคนตามกำลังที่มี จึงตกลงใจส่งความช่วยเหลือไปให้พี่น้องที่อาศัยอยู่ในแคว้นยูเดีย
29ထိုအခါ တပည့် တော်တို့သည် အသီးအသီး တတ်နိုင် ကြသည်အတိုင်း ၊ ယုဒ ပြည်၌ နေ သော ညီအစ်ကို တို့အား အကူအမ ပေးလိုက် မည်ဟု၊
30พวกเขาทำตามที่ตกลงไว้ โดยฝากบารนาบัสกับเซาโลนำความช่วยเหลือไปมอบแก่ผู้อาวุโส
30စီရင် ကြသည်နှင့်အညီဗာနဗ နှင့်ရှောလု တို့တွင် သင်းအုပ် တို့ ထံသို့ ပေး လိုက်ကြ၏။
Tip: use the ← and → keys to turn chapters.