กิจการ 16
Freedom Bible (Thai)Translation
Freedom Bible (Thai)
Judson Burmese Bible (1840)
1เปาโลมาถึงเมืองเดอร์บีและลิสตรา ที่นั่นมีสาวกคนหนึ่งชื่อทิโมธี มารดาของเขาเป็นหญิงชาวยิวที่เชื่อ ส่วนบิดาเป็นชาวกรีก
1ထိုနောက်မှပေါလုသည် ဒေရဗေ မြို့နှင့် လုတ္တရ မြို့သို့ ရောက် လေ၏။ လုတ္တရ မြို့၌ တိမောသေ အမည် ရှိသော တပည့် တော်တစ် ယောက်ရှိ ၏။ သူ၏ အမိကား၊ ယုံကြည် သောယုဒ မိန်းမဖြစ်၏။ အဘ ကား၊ ဟေလသ လူဖြစ်၏။
2พี่น้องในเมืองลิสตราและอิโคนิยูมต่างกล่าวถึงเขาในทางดี
2ထိုသူသည်လုတ္တရ မြို့၊ ဣကောနိ မြို့၌ရှိသော ညီအစ်ကို တို့ တွင်အသရေ ရှိသောသူ ဖြစ်၏။
3เปาโลต้องการให้ทิโมธีเดินทางไปกับเขา จึงนำทิโมธีไปเข้าสุหนัตเพราะชาวยิวในบริเวณนั้นต่างรู้ว่าบิดาของเขาเป็นชาวกรีก
3ပေါလု သည် ထိုသူ ကိုခေါ်ခြင်းငှာအလိုရှိ ၍၊ သူ ၏အဘ သည် ဟေလသ လူဖြစ် သည်ကိုထို အရပ် တို့၌ ရှိ သောယုဒ လူအပေါင်း တို့သည် သိ သောကြောင့် ၊ အရေဖျားလှီး ခြင်းကို သူ့အားပေး လေ၏။
4ขณะเดินทางผ่านเมืองต่าง ๆ พวกเขามอบข้อกำหนดที่เหล่าอัครทูตและผู้อาวุโสในกรุงเยรูซาเล็มได้ตัดสินไว้ ให้ผู้เชื่อถือปฏิบัติ
4သူတို့သည် မြို့ များကို ရှောက်သွား စဉ် တွင်၊ ယေရုရှလင် မြို့၌ နေသောတမန်တော် တို့နှင့် သင်းအုပ် တို့သည် စီရင် သောပညတ် တို့ကို အသင်း များ ကျင့်စောင့် ဘို့ရာအပ်ပေး ကြ၏။
5ดังนั้น ประชาคมต่าง ๆ จึงเข้มแข็งขึ้นในความเชื่อ และมีจำนวนเพิ่มขึ้นทุกวัน
5ထိုသို့ အသင်းတော် တို့သည် ယုံကြည် ခြင်း၌ တည်ကြည် မြဲမြံသည်ဖြစ်၍၊ အရေအတွက် အားဖြင့် တစ်နေ့ထက်တစ်နေ့တိုးပွား များပြားကြ၏။
6เมื่อพวกเขาเดินทางผ่านแคว้นฟรีเจียและกาลาเทีย พระวิญญาณบริสุทธิ์ห้ามไม่ให้ประกาศพระวจนะในแคว้นเอเชีย
6ဖြူဂိ ပြည်၊ ဂလာတိ ပြည် ကို ရှောက်သွား ပြီးမှ အာရှိ ပြည်၌ နှုတ်ကပတ် တရားတော်ကို မဟော စေခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်သည်မြစ်တား တော်မူသဖြင့်၊
7เมื่อมาถึงบริเวณตรงข้ามแคว้นมิเซีย พวกเขาพยายามจะเข้าแคว้นบิธีเนีย แต่พระวิญญาณไม่อนุญาต
7မုသိ ပြည်သို့ ရောက် ၍ ၊ ဗိသုန် ပြည်သို့ သွား မည်ပြု ကြစဉ်၊ ဝိညာဉ် တော်သည် အခွင့် ပေးတော်မ မူသောကြောင့် ၊
8พวกเขาจึงผ่านแคว้นมิเซียลงไปเมืองโตรอัส
8မုသိ ပြည်အနားမှာ ရှောက် ၍ တရော မြို့သို့ ရောက် ကြ၏။
9ในกลางคืน เปาโลเห็นนิมิต มีชายชาวมาซิโดเนียคนหนึ่งยืนอยู่และวิงวอนเขาว่า “โปรดข้ามมาแคว้นมาซิโดเนียและช่วยพวกเราด้วย”
9ညဉ့် အခါ ပေါလု သည် ဗျာဒိတ် ရူပါရုံကိုမြင် ရ၍၊ မာကေဒေါနိ လူ တစ် ယောက်က၊ မာကေဒေါနိ ပြည်သို့ ကူး ပါ။ ငါ တို့ကိုမစ ပါဟုရပ် လျက် တောင်းပန် ၏။
10เมื่อเปาโลเห็นนิมิตแล้ว พวกเราก็พยายามออกเดินทางไปแคว้นมาซิโดเนียทันที เพราะสรุปได้ว่าองค์พระผู้เป็นเจ้าเรียกพวกเราให้ไปประกาศข่าวดีแก่คนที่นั่น
10ထို ဗျာဒိတ်ရူပါရုံကို မြင် ရလျှင် ၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိ တရားကို ဟောစေခြင်းငှာသခင် ဘုရားသည် ငါ တို့ကိုခေါ် တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွား ခြင်းငှာချက်ခြင်း ရှာကြံ ကြ၏။
11พวกเราออกเรือจากเมืองโตรอัส มุ่งตรงไปเกาะสาโมธราเก และวันรุ่งขึ้นไปเมืองเนอาโปลิส
11ထိုကြောင့်၊ တရော မြို့မှ သင်္ဘောလွှင့် ၍ သာမောသရက် ကျွန်းသို့ တည့်တည့် သွားသဖြင့်၊ နက်ဖြန် နေ့၌ နာပေါလိ မြို့သို့ ရောက်ကြ၏။
12จากที่นั่นไปเมืองฟีลิปปี ซึ่งเป็นเมืองสำคัญของเขตหนึ่งในแคว้นมาซิโดเนีย และเป็นอาณานิคมของโรม พวกเราพักอยู่ในเมืองนี้หลายวัน
12ထိုမြို့ မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်းဟူသောမာကေဒေါနိ ပြည်တ ပိုင်းကို အစိုးရ သော ဖိလိပ္ပိ မြို့သို့ ရောက်၍ ကာလ အတန် အရာနေ ကြ၏။
13ในวันสะบาโต พวกเราออกไปนอกประตูเมืองริมแม่น้ำ ซึ่งพวกเราคิดว่ามีสถานที่สำหรับอธิษฐาน พวกเรานั่งลงและพูดกับบรรดาสตรีที่มารวมตัวกัน
13ဥပုသ်နေ့ ၌ ငါတို့သည် မြို့ပြင် သို့ထွက် လျှင်၊ ပဌနာ စရပ် ရှိ တတ်ရာမြစ် နား သို့သွား၍ ထိုင် ပြီးမှ၊ ထိုအရပ်၌စည်းဝေး သော မိန်းမ တို့အားဟောပြော ကြ၏။
14มีหญิงคนหนึ่งชื่อลิเดีย จากเมืองธิยาทิรา เป็นคนขายผ้าสีม่วง และเป็นผู้นมัสการพระเจ้า นางฟังพวกเราอยู่ องค์พระผู้เป็นเจ้าเปิดใจของนางให้ตั้งใจฟังสิ่งที่เปาโลกล่าว
14ထိုအခါ နီမောင်းသောအထည်အလိပ် ကို ရောင်းသော သွာတိရဲ မြို့သူ လုဒိ အမည် ရှိသော မိန်းမ တစ် ယောက်သည် ဘုရားသခင် ကို ကိုးကွယ် သောသူဖြစ်၍၊ တရားနာ စဉ်တွင် ပေါလု ဟောပြော သော အရာ ကို မှီဝဲဆည်းကပ်စေခြင်းငှာသူ ၏စိတ်နှလုံး ကို သခင် ဘုရားဖွင့် တော်မူ၏။
15เมื่อนางกับคนในบ้านรับบัพติศมาแล้ว นางวิงวอนพวกเราว่า “ถ้าพวกคุณเห็นว่าข้าพเจ้าซื่อสัตย์ต่อองค์พระผู้เป็นเจ้า ก็เชิญมาพักที่บ้านของข้าพเจ้า” แล้วนางก็ชักชวนจนพวกเรายอม
15ထိုမိန်းမသည်အိမ်သူ အိမ်သားတို့နှင့်တကွ ဗတ္တိဇံ ကို ခံပြီးမှ၊ ကျွန်မ သည် သခင် ဘုရား၌ အမှန် ယုံကြည် သည်ကို သင်တို့သည် ထင်မှတ် လျှင် ၊ ကျွန်မ အိမ် သို့ ဝင် ၍ နေ ကြပါဟုတောင်းပန် လျက် ငါ တို့ကို အနိုင် သွေးဆောင် လေ၏။
16วันหนึ่ง ขณะพวกเรากำลังไปยังสถานที่อธิษฐาน มีทาสสาวคนหนึ่งมาพบพวกเรา นางมีวิญญาณทำนาย และทำเงินให้นายของนางมากมายด้วยการทำนายโชคชะตา
16ထိုနောက်မှငါ တို့သည် ပဌနာ စရပ်သို့ သွား စဉ်တွင် နတ်ဝင် ဖြစ် ၍ အနာဂတ်ကိုဟော သဖြင့်၊ မိမိ သခင် တို့အား စီးပွား များ ကို ပြု တတ်သော မိန်းမငယ်တစ် ယောက်သည် ငါ တို့ကိုဆီးကြို လေ၏။
17นางเดินตามเปาโลกับพวกเรา และร้องว่า “คนเหล่านี้เป็นผู้รับใช้ของพระเจ้าสูงสุด พวกเขาประกาศหนทางแห่งความรอดแก่พวกเรา!”
17ထိုမိန်းမငယ်သည် ပေါလု နှင့် ငါ တို့နောက် သို့ လိုက်၍၊ ဤသူ တို့ကား အကျွတ် တရားလမ်း ကို ငါတို့အား ဟောပြော ပြသသော အမြင့်ဆုံး သော ဘုရားသခင် ၏ ကျွန် ဖြစ် ကြ၏ဟု ဟစ်ကြော် လေ၏။
18นางทำอย่างนี้อยู่หลายวัน แต่เปาโลรู้สึกรำคาญอย่างมาก จึงหันไปกล่าวกับวิญญาณนั้นว่า “เราสั่งเจ้าในพระนามของพระเยซูคริสต์ให้ออกจากนาง!” และมันก็ออกในเวลานั้นทันที
18ထိုသို့ အဖန်များစွာ ပြု သောကြောင့် ပေါလု သည် စိတ်မသာ လျက်လှည့်ကြည့် ၍ ၊ သင် သည်သူ ၏ အထဲ မှထွက်သွား လော့။ ယေရှု ခရစ် ၏နာမ တော်ကို အမှီပြု ၍ ငါအမိန့် ရှိ၏ဟု ထိုနတ် ကိုဆို သောခဏခြင်းတွင် နတ်သည်ထွက်သွား ၏။
19เมื่อพวกนายของนางเห็นว่าความหวังที่จะได้กำไรหมดไป พวกเขาก็จับเปาโลกับสิลาสและลากไปยังลานกลางเมืองต่อหน้าเหล่าผู้ปกครอง
19သူ ၏သခင် တို့သည် နောက်တဖန် စီးပွား ဖြစ်လိမ့်မည်ဟု မြော်လင့် စရာအကြောင်း မရှိသည်ကို သိမြင် လျှင်၊ ပေါလု နှင့် သိလ တို့ကို ဘမ်းဆီး ဆွဲငင် ၍ ရုံးတော်သို့ ပို့ကြ၏။
20เมื่อพาทั้งสองไปหาพวกเจ้าหน้าที่ฝ่ายปกครอง พวกเขากล่าวว่า “ชายสองคนนี้เป็นชาวยิว และกำลังก่อความวุ่นวายในเมืองของเรา
20စစ်ကဲ မင်းထံသို့ရောက် သောအခါ ဤ သူ တို့သည် ယုဒ လူဖြစ် လျက် ငါ တို့မြို့ ကို နှောင့်ရှက် တတ်ပါ၏။
21พวกเขาสอนธรรมเนียมซึ่งกฎหมายไม่อนุญาตให้พวกเราชาวโรมันรับหรือปฏิบัติ”
21ရောမ လူဖြစ် သောငါ တို့သည် မ ခံ မယူ မကျင့် အပ်သော ဘာသာ ထုံးတမ်းများကို ဟောပြော သွန်သင်တတ်ပါ၏ ဟုလျှောက်ဆို ကြလျှင်၊
22ฝูงชนก็ร่วมกันลุกฮือต่อต้านทั้งสอง พวกเจ้าหน้าที่ฝ่ายปกครองฉีกเสื้อผ้าออกจากตัวทั้งสอง แล้วสั่งให้เฆี่ยนด้วยไม้เรียว
22စုဝေး သောလူတို့သည် သူ တို့တစ်ဘက် ၌ တပြိုင်နက် ထကြ၏။ စစ်ကဲ မင်းတို့လည်း သူ တို့၏ အဝတ် ကိုချွတ် ၍ကြိမ်လုံးနှင့်ရိုက် စေခြင်းငှာစီရင် ကြ၏။
23เมื่อเฆี่ยนทั้งสองหลายทีแล้ว ก็โยนเข้าคุก และสั่งผู้คุมให้ควบคุมไว้อย่างแน่นหนา
23ရိုက် ၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံ စွာ စောင့် စေ ဟု ထောင်မှူး ကို မှာ လိုက်၍ ထောင် ထဲမှာ လှောင် ထား ကြ၏။
24เมื่อได้รับคำสั่งเช่นนั้น ผู้คุมจึงขังทั้งสองไว้ในห้องขังชั้นใน และใส่เท้าไว้ในขื่อ
24ထိုသို့ မှာ လိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင် ထဲမှာ လှောင် ၍ ထိတ်ခတ် လျက်ထား၏။
25ประมาณเที่ยงคืน เปาโลกับสิลาสกำลังอธิษฐานและร้องเพลงสรรเสริญพระเจ้า ส่วนนักโทษคนอื่น ๆ ก็ฟังอยู่
25သန်းခေါင် အချိန်၌ ပေါလု နှင့် သိလ တို့သည် ပဌနာ ပြု၍ ဘုရားသခင် ကို ချီးမွမ်း လျက်သီချင်း ဆိုလေ၏။ ထောင် ထဲမှာနှောင်ဖွဲ့ခြင်း ကိုခံရသော သူ တို့သည် နားထောင် ကြ၏။
26ทันใดนั้นเกิดแผ่นดินไหวอย่างรุนแรง จนฐานของเรือนจำสั่นสะเทือน ประตูทุกบานเปิดออกทันที และเครื่องพันธนาการของทุกคนก็หลุด
26ထို ခဏခြင်း တွင် မြေကြီး သည်ပြင်းစွာ လှုပ်သောကြောင့် ထောင် ခြေ ရင်းလည်းလှုပ်ရှား ၏။ တံခါး ရှိသမျှ တို့သည် ချက်ခြင်း ပွင့် ၍ လူအပေါင်း တို့သည် နှောင်ဖွဲ့ ခြင်းနှင့်လွတ် ကြ၏။
27ผู้คุมตื่นขึ้น เมื่อเห็นประตูเรือนจำเปิดอยู่ ก็ชักดาบออกและกำลังจะฆ่าตัวเอง เพราะคิดว่านักโทษหนีไปหมดแล้ว
27ထောင်မှူး သည်နိုး ၍ ထောင် တံခါး များ ပွင့် လျက်ရှိ သည်ကို မြင် လျှင်၊ နှောင်ဖွဲ့ ခြင်းကို ခံရသောသူ တို့သည် ထွက်ပြေး ကြပြီဟုထင်မှတ် သည်နှင့်၊ ဓား ကို အိမ်မှဆွဲထုတ် ၍ ကိုယ် အသက်ကိုသတ် မည် ပြု လေ၏။
28แต่เปาโลร้องเสียงดังว่า “อย่าทำร้ายตัวเอง เพราะพวกเราทุกคนยังอยู่ที่นี่!”
28ပေါလု ကလည်း၊ ကိုယ် ကိုအပြစ် မ ပြု နှင့်။ ငါတို့ အပေါင်း သည် ရှိ ကြ၏ဟုကြီး သောအသံ နှင့် ဟစ် ၍ ပြောဆို ၏။
29ผู้คุมเรียกให้เอาไฟมา แล้วรีบเข้าไป เขาตัวสั่นและทรุดลงต่อหน้าเปาโลกับสิลาส
29ထောင်မှူးသည် ညှိထွန်းသောမီး ကို တောင်း ပြီးမှ ပြေး ဝင်၍၊ ပေါလု နှင့် သိလ တို့၏ခြေရင်း၌ တုန်လှုပ် လျက် ပြပ်ဝပ် လေ၏။
30จากนั้นพาทั้งสองออกมาและถามว่า “ท่านทั้งสอง ข้าพเจ้าต้องทำอย่างไรจึงจะรอด?”
30သူ တို့ကို ပြင် သို့ထုတ် ပြီးလျှင်လည်း ၊ သခင် တို့၊ အကျွန်ုပ် သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှာ အဘယ်သို့ ပြု ရ ပါမည်နည်းဟု မေးလျှောက် လေ၏။
31ทั้งสองตอบว่า “จงเชื่อในองค์พระเยซูคริสต์ แล้วท่านจะรอด ทั้งท่านและคนในบ้านของท่าน”
31ထိုသူတို့ကလည်း ၊ သခင် ယေရှု ခရစ်ကို ယုံကြည် လော့။ ယုံကြည်လျှင်သင် နှင့် သင် ၏အိမ်သူ အိမ်သားတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆို လျက်၊
32แล้วพวกเขาก็กล่าวพระวจนะขององค์พระผู้เป็นเจ้าแก่ผู้คุมและทุกคนในบ้านของเขา
32ထိုသူ မှစ၍ သူ ၏အိမ် ၌ ရှိသမျှ သော သူ တို့အား သခင် ဘုရား၏ နှုတ်ကပတ် တရားတော်ကို ဟော ကြ၏။
33ในเวลานั้นของกลางคืน ผู้คุมพาทั้งสองไปล้างบาดแผลจากการเฆี่ยน แล้วเขากับทุกคนในบ้านก็รับบัพติศมาทันที
33ထို ညဉ့် ၊ ထိုအချိန် နာရီ၌ ပင်၊ ထောင်မှူးသည် ပေါလု နှင့်သိလ တို့ကိုယူ ၍ဒဏ်ချက်ရာ များကို ဆေးကြော ပြီးလျှင်၊ မိမိ လူအပေါင်း တို့နှင့်တကွဗတ္တိဇံ ကို ချက်ခြင်း ခံလေ၏။
34เขาพาทั้งสองขึ้นไปในบ้าน จัดอาหารให้ และชื่นชมยินดีอย่างยิ่งพร้อมกับคนทั้งบ้าน เพราะได้เชื่อในพระเจ้า
34တဖန် ပေါလု နှင့် သိလတို့ကို မိမိအိမ် သို့ ခေါ်ပင့် ပြီးမှသူတို့ကို လုပ်ကျွေး ၍ ၊ ဘုရားသခင် ကို ယုံကြည် လျက် အိမ်သူ အိမ်သားအပေါင်းတို့နှင့်တကွဝမ်းမြောက် ခြင်းသို့ရောက်လေ၏။
35เมื่อถึงรุ่งเช้า พวกเจ้าหน้าที่ฝ่ายปกครองส่งเจ้าพนักงานมาบอกว่า “ปล่อยชายสองคนนั้นไป”
35နံနက် ရောက် သောအခါ စစ်ကဲ တို့သည် ရုံး လုလင်တို့ကို စေလွှတ် ၍၊ ထို လူ တို့ကို လွှတ် စေ ဟုမှာ လိုက်ကြ၏။
36ผู้คุมจึงบอกเปาโลว่า “พวกเจ้าหน้าที่ฝ่ายปกครองส่งคำสั่งมาให้ปล่อยพวกคุณ เพราะฉะนั้น ตอนนี้เชิญออกไปโดยสวัสดิภาพ”
36ထို စကားကိုထောင်မှူး သည် ပေါလု အား ကြားပြော ၍၊ ကိုယ်တော်တို့ကို လွှတ် စေခြင်းငှာ စစ်ကဲ တို့သည် စေလွှတ် ကြပါပြီ။ ထိုကြောင့် ယခု ထွက် ၍ ငြိမ်ဝပ် စွာ ကြွသွား တော်မူကြပါဟု လျှောက်လျှင်၊
37แต่เปาโลกล่าวกับพวกเขาว่า “พวกเขาเฆี่ยนพวกเราต่อหน้าสาธารณชนโดยไม่ไต่สวน ทั้งที่พวกเราเป็นพลเมืองโรมัน แล้วโยนพวกเราเข้าคุก บัดนี้จะปล่อยพวกเราอย่างลับ ๆ หรือ? ไม่ได้ ให้พวกเขามาพาพวกเราออกไปเอง!”
37ပေါလု က၊ ရောမ လူ ဖြစ် သော ငါ တို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက် ၍ ထောင် ထဲမှာ လှောင် ထားပြီးမှ၊ တိတ်ဆိတ် စွာနှင်ထုတ် ကြမည်လော။ ထိုသို့မ ပြု သင့်။ ကိုယ်တိုင် လာ ၍ ငါ တို့ကို နှုတ်ယူ ကြစေဟု ရုံးလုလင် တို့ အားပြောဆို ၏။
38เจ้าพนักงานนำถ้อยคำเหล่านี้ไปรายงานแก่พวกเจ้าหน้าที่ฝ่ายปกครอง เมื่อพวกเขาได้ยินว่าเปาโลกับสิลาสเป็นพลเมืองโรมัน ก็กลัว
38ထို စကား ကိုရုံး လုလင်တို့သည် စစ်ကဲ တို့အား ကြားလျှောက် ၍ ၊ ပေါလုနှင့်သိလတို့သည် ရောမ လူ ဖြစ် ကြောင်းကို စစ်ကဲတို့သည် ကြားသိ သောအခါကြောက် ခြင်းသို့ရောက်၍၊
39จึงมาขอร้องทั้งสอง แล้วพาออกจากคุก และขอให้ออกจากเมือง
39ကိုယ်တိုင် လာ ပြီးလျှင် ချော့မော့ သောစကားနှင့် သူတို့ကို နှုတ်ယူ ၍၊ ထိုမြို့ မှ ထွက်သွား ပါမည် အကြောင်း တောင်းပန် ကြ၏။
40เปาโลกับสิลาสออกจากคุกและไปบ้านของลิเดีย เมื่อพบพี่น้อง ทั้งสองก็หนุนใจพวกเขา แล้วจึงออกเดินทาง
40ထိုအခါပေါလုနှင့် သိလတို့သည် ထောင် မှ ထွက် ၍ လုဒိ အိမ်သို့ ဝင် သဖြင့်၊ ညီအစ်ကို များကို တွေ့မြင် ၍ သက်သာ စေပြီးမှ ထွက်သွား ကြ၏။
Tip: use the ← and → keys to turn chapters.