กิจการ 9
Freedom Bible (Thai)Translation
Freedom Bible (Thai)
Judson Burmese Bible (1840)
1แต่เซาโลยังคงข่มขู่และมุ่งจะฆ่าสาวกขององค์พระผู้เป็นเจ้า จึงไปหามหาปุโรหิต
1ရှောလု သည်ကား၊ သခင်ဘုရား ၏ တပည့် တော်တို့တစ်ဘက်၌ ခြိမ်းချောက် ၍၊ အသေ သတ်ခြင်းငှာ ပြင်းစွာအသက်ရှူ သဖြင့်၊
2และขอหนังสือจากเขาไปยังธรรมศาลาในเมืองดามัสกัส เพื่อว่าถ้าพบใครที่ติดตาม “หนทาง” ไม่ว่าชายหรือหญิง เขาจะได้จับมัดพามายังกรุงเยรูซาเล็ม
2ထိုဘာသာဝင်သော ယောက်ျား မိန်းမ တို့ကို တွေ့ လျှင်၊ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ဆောင် ရမည်အကြောင်း၊ ဒမာသက် မြို့၌ ရှိသော တရားစရပ်မှူး တို့ထံသို့ မှာစာ ကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ဝင် ၍ တောင်း ပြီးမှ၊
3ขณะที่เขาเดินทางเข้าใกล้เมืองดามัสกัส จู่ ๆ ก็มีแสงจากท้องฟ้าส่องล้อมรอบเขา
3သွား ၍ ဒမာသက် မြို့အနီး သို့ရောက် သောအခါ၊ ကောင်းကင် ထဲက အလင်း သည် သူ့ ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက် လေ၏။
4เขาล้มลงกับพื้น และได้ยินเสียงหนึ่งกล่าวกับเขาว่า “เซาโล เซาโล ทำไมเจ้าจึงข่มเหงเรา?”
4ရှောလုသည် မြေ ပေါ်မှာ လဲ ၍ နေစဉ်၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ ကိုညှဉ်းဆဲ သနည်းဟု မိမိ အား ပြော သောစကား သံကို ကြား လျှင်၊
5เขาถามว่า “ท่านเป็นใคร องค์พระผู้เป็นเจ้า?” องค์พระผู้เป็นเจ้าตอบว่า “เราคือเยซู ผู้ที่เจ้ากำลังข่มเหง
5သခင် ၊ ကိုယ်တော်သည် အဘယ်သူ နည်းဟု မေးလျှောက် ၏။ သခင်ဘုရားကလည်း၊ ငါ ကား သင် ညှဉ်းဆဲ သော ယေရှု ဖြစ် သတည်း။
6แต่ จงลุกขึ้น เข้าไปในเมือง แล้วจะมีคนบอกเจ้าว่าเจ้าต้องทำอะไร”
6သို့သော်လည်း ထ ၍ မြို့ သို့ ဝင် လော့။ သင် ပြု ရမည်အမှုကို ပြော လိမ့်မည်ဟုမိန့် တော်မူ၏။
7ชายที่เดินทางมากับเขายืนนิ่งพูดไม่ออก พวกเขาได้ยินเสียง แต่ไม่เห็นใคร
7ရှောလု နှင့်အတူသွား သောသူ တို့သည် အသံ ကိုကြား ရုံမျှသာရှိ၍၊ အဘယ်သူ ကိုမျှမမြင် ဘဲ မိန်းမော တွေဝေလျက်ရပ် နေကြ၏။
8เซาโลลุกขึ้นจากพื้น เมื่อลืมตาขึ้นเขาก็มองไม่เห็นอะไร พวกนั้นจึงจูงมือเขาเข้าไปในเมืองดามัสกัส
8ရှောလု သည်လည်းမြေ မှ ထ ၍ မျက်စိ ကိုဖွင့် သော်လည်းအဘယ်သူ ကိုမျှမမြင် နိုင်သည်ဖြစ်၍၊ သူ ၏လက်ကို ဆွဲလျက် ဒမာသက် မြို့သို့ ပို့ဆောင် ကြ၏။
9เขามองไม่เห็นอยู่สามวัน และไม่ได้กินหรือดื่มอะไรเลย
9သုံး ရက် ပတ်လုံးမျက်စိမ မြင် ၊ မ စား မ သောက် ဘဲနေ လေ၏။
10ในเมืองดามัสกัสมีสาวกคนหนึ่งชื่ออานาเนีย องค์พระผู้เป็นเจ้ากล่าวกับเขาในนิมิตว่า “อานาเนีย!” เขาตอบว่า “ข้าพเจ้าอยู่นี่ องค์พระผู้เป็นเจ้า”
10ထိုအခါ အာနနိ အမည် ရှိသော တပည့် တော်တစ်ယောက်သည် ဒမာသက် မြို့၌ ရှိ ၏။ ထိုသူ ကို သခင် ဘုရားသည် ဗျာဒိတ် တော်အားဖြင့် ၊ အာနနိ ဟူ၍ခေါ် တော်မူလျှင်၊ အာနနိက၊ သခင် ဘုရား အကျွန်ုပ် ရှိ ပါသည်ဟုလျှောက် ၏။
11องค์พระผู้เป็นเจ้ากล่าวกับเขาว่า “จงลุกขึ้น ไปที่ถนนซึ่งเรียกว่า ‘ถนนตรง’ แล้วไปถามที่บ้านของยูดาห์ หาชายชาวเมืองทาร์ซัสชื่อเซาโล เพราะตอนนี้เขากำลังอธิษฐานอยู่
11သခင် ဘုရားကလည်း ၊ သင်သည်ထ ၍ လမ်း ဖြောင့် အမည် ရှိသော လမ်း သို့ သွား လော့။ ရှောလု အမည် ရှိသောတာရှု မြို့သားကို ယုဒ ၏ အိမ် ၌ ရှာဖွေ လော့။ အကြောင်းမူကား ၊ ထိုသူသည် ဆုတောင်း လျက်နေ၏။
12และในนิมิตเขาเห็นชายคนหนึ่งชื่ออานาเนียเข้ามาวางมือบนเขา เพื่อให้เขากลับมามองเห็นได้อีก”
12မိမိမျက်စိကို မြင်ပြန်စေခြင်းငှာအာနနိ အမည် ရှိ သော သူ သည် ဝင် ၍ ၊ မိမိ အပေါ်၌ လက် တင် သည်ကို ဗျာဒိတ် တော်အားဖြင့် မြင် လေပြီ ဟုမိန့်တော်မူ၏။
13แต่อานาเนียตอบว่า “องค์พระผู้เป็นเจ้า ข้าพเจ้าได้ยินจากหลายคนว่า เขาทำความชั่วแก่ผู้บริสุทธิ์ของพระองค์ในกรุงเยรูซาเล็มมากเพียงใด
13အာနနိ ကလည်း ၊ သခင် ဘုရား၊ ထို သူ သည် ယေရုရှလင် မြို့၌ ကိုယ်တော် ၏ သန့်ရှင်း သူ တို့ကို အဘယ်မျှလောက် ပင် ညှဉ်းဆဲ သည်ကို လူများ ပြော၍ အကျွန်ုပ်ကြား ရပါပြီ။
14และที่นี่เขาได้รับสิทธิอำนาจจากหัวหน้าปุโรหิตให้จับมัดทุกคนที่ร้องเรียกพระนามของพระองค์”
14ဤအရပ် ၌လည်းကိုယ်တော် ကို ပဌနာ ပြုသော သူ ရှိသမျှ တို့ကို ချည်နှောင် ရမည်အခွင့် ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ ရ ပါသည်ဟု ပြန်လျှောက် ၏။
15แต่องค์พระผู้เป็นเจ้ากล่าวกับเขาว่า “จงไปเถิด เพราะชายคนนี้เป็นผู้ที่เราเลือกไว้เป็นเครื่องมือ เพื่อนำชื่อของเราไปต่อหน้าชนชาติต่าง ๆ กษัตริย์ทั้งหลาย และชนอิสราเอล
15သခင် ဘုရားကလည်း ၊ ထို သူကားတစ်ပါး အမျိုးသားတို့နှင့် ရှင်ဘုရင် တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသား တို့ရှိရာ သို့၎င်း၊ ငါ ၏နာမ ကို ပို့ဆောင် စေခြင်းငှာငါ ရွေးကောက် သော တန်ဆာ ဖြစ် ၏။
16เพราะเราจะแสดงให้เขาเห็นว่า เขาจะต้องทนทุกข์มากเพียงใดเพราะชื่อของเรา”
16အကြောင်းမူကား ၊ ထိုသူ သည်ငါ ၏နာမ ကြောင့် အဘယ်မျှလောက် ပင် ဆင်းရဲ ခံရမည်ကို ငါ သည် သူ့ အားပြ မည်။ ထိုကြောင့်သင်သွား လော့ဟု အာနနိ အား မိန့် တော်မူ၏။
17อานาเนียจึงออกไปและเข้าไปในบ้าน เขาวางมือบนเซาโลแล้วกล่าวว่า “พี่น้องเซาโล องค์พระผู้เป็นเจ้าคือเยซู ผู้ที่ปรากฏแก่ท่านบนถนนที่ท่านเดินทางมา ได้ส่งข้าพเจ้ามาเพื่อให้ท่านกลับมามองเห็น และเต็มเปี่ยมด้วยพระวิญญาณบริสุทธิ์”
17အာနနိ သည်လည်း သွား ၍ အိမ် သို့ ရောက် လျှင်၊ ရှောလု အပေါ် ၌မိမိလက် ကိုတင် ၍၊ ညီ ရှောလု ၊ သင်လာ သောလမ်း ၌ သင့် အား ထင်ရှား တော်မူသော သခင်ယေရှု သည် သင်၏မျက်စိမြင် ပြန်စေခြင်းငှာ ၎င်း ၊ သင့်ကိုသန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် စေခြင်းငှာ၎င်း ငါ ကို စေခန့် တော်မူသည်ဟုပြောဆို ၏။
18ทันใดนั้นมีสิ่งคล้ายเกล็ดหลุดจากตาของเซาโล แล้วเขาก็มองเห็นอีกครั้ง เขาลุกขึ้นและรับบัพติศมา
18ထိုခဏ ၌ ရှောလု ၏ မျက်စိ မှ ငါး ကြေးကွာ ကျ သကဲ့သို့ ဖြစ်၍ ၊ မျက်စိမြင် ပြန်သဖြင့်ထ ၍ ဗတ္တိဇံ ကိုခံပြီးလျှင် ၊ အစာ အာဟာရကို သုံးဆောင် ၍ အားဖြည့် လေ၏။
19เมื่อกินอาหารแล้ว เขาก็มีกำลังขึ้น เซาโลพักอยู่กับสาวกในเมืองดามัสกัสหลายวัน
19ထိုနောက်ရှောလုသည် ဒမာသက် မြို့၌ရှိသော တပည့် တော်တို့ နှင့်အတူ ကာလ အတန် အရာနေ ၍၊
20ทันทีนั้นเขาเริ่มประกาศพระคริสต์ในธรรมศาลาว่า พระองค์คือพระบุตรของพระเจ้า
20ယေရှု သည် ဘုရားသခင် ၏ သား တော်ဖြစ် ကြောင်း ကို တရားစရပ် တို့၌ မဆိုင်းမလင့် ဟော လေ၏။
21ทุกคนที่ได้ยินต่างประหลาดใจและกล่าวว่า “คนนี้ไม่ใช่หรือที่ทำลายคนซึ่งร้องเรียกชื่อนี้ในกรุงเยรูซาเล็ม? และเขามาที่นี่ก็เพื่อจับคนเหล่านั้นมัดไปหาหัวหน้าปุโรหิตไม่ใช่หรือ!”
21ကြား သောသူအပေါင်း တို့သည် အံ့ဩ ၍ ၊ သူ ကား၊ ထို သခင် ကို ပဌနာ ပြုသောသူ တို့ကို ယေရုရှလင် မြို့၌ ဖျက်ဆီး သည် သာမက၊ ထိုသူ များကိုချည်နှောင် ၍ ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ ပို့ဆောင် ခြင်းငှာ ဤအရပ် သို့ လာ သောသူဖြစ်သည် မ ဟုတ် လောဟု ဆို ကြ၏။
22แต่เซาโลยิ่งมีกำลังขึ้น และทำให้ชาวยิวที่อาศัยอยู่ในเมืองดามัสกัสโต้แย้งไม่ออก โดยพิสูจน์ว่าพระเยซูองค์นี้คือพระคริสต์
22ရှောလု သည်လည်း အားတိုးပွား သဖြင့် ဒမာသက် မြို့၌ နေ သော ယုဒ လူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှု သည် ခရစ်တော် ဖြစ် ကြောင်း ကို ထင်ရှား စွာပြ၏။
23หลังจากผ่านไปหลายวัน ชาวยิวก็ร่วมกันวางแผนฆ่าเขา
23ကာလ ကြာမြင့် ပြီးမှ၊ ရှောလု ကိုသတ် အံ့သောငှာ၊ ယုဒ လူတို့ သည်အချင်းချင်းတိုင်ပင် ကြ၏။
24แต่เซาโลรู้แผนการของพวกเขา พวกนั้นเฝ้าประตูเมืองทั้งกลางวันและกลางคืนเพื่อจะฆ่าเขา
24ထို အကြံအစည်ကို ရှောလု သည်သိ ၏။ သူ့ ကို သတ် အံ့သောငှာ မြို့တံခါး တို့ကို နေ့ ညဉ့် မပြတ်စောင့် ကြ သောကြောင့်၊
25แต่เหล่าสาวกของเขาพาเขาไปในเวลากลางคืน และหย่อนเขาลงทางกำแพงเมืองในตะกร้า
25တပည့် တော်တို့သည် ညဉ့် အခါသူ့ ကိုယူ၍ တောင်း ၌ ထည့်ပြီးလျှင်မြို့ရိုး ပေါ်က လျှောချ ကြ၏။
26เมื่อเซาโลมาถึงกรุงเยรูซาเล็ม เขาพยายามเข้าร่วมกับเหล่าสาวก แต่ทุกคนกลัวเขา เพราะไม่เชื่อว่าเขาเป็นสาวกจริง ๆ
26ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ တပည့် တော်တို့နှင့် ပေါင်းဘော် မည်ပြု သော်၊ သူ သည် တပည့် တော်ဖြစ် ကြောင်းကိုတပည့်တော် အပေါင်းတို့ သည် မ ယုံ သဖြင့် သူ့ ကိုကြောက်ရွံ့ ကြ၏။
27แต่บารนาบัสพาเขาไปหาเหล่าอัครทูต และเล่าให้พวกเขาฟังว่าเซาโลได้เห็นองค์พระผู้เป็นเจ้าระหว่างทางอย่างไร พระองค์ได้กล่าวกับเขาอย่างไร และเขาประกาศในพระนามของพระเยซูอย่างกล้าหาญที่เมืองดามัสกัสอย่างไร
27ထိုအခါ ဗာနဗ သည် သူ့ ကိုခေါ် ၍ တမန်တော် များထံသို့ ပို့ဆောင် ပြီးလျှင်၊ အထက်ကရှောလုသည် လမ်း ခရီး၌ သခင် ဘုရားကို မြင် သည်ဟူ၍၎င်း၊ သူ့ အားမိန့် တော်မူသည်ဟူ၍၎င်း၊ ဒမာသက် မြို့၌ ယေရှု ၏နာမ တော်ကိုအမှီပြု လျက်၊ ရဲရင့် စွာဟောသည်ဟူ၍၎င်းပြော လေ၏။
28เขาอยู่ร่วมกับพวกเขาและเข้าไปใน กรุงเยรูซาเล็ม
28ထိုနောက်မှ ရှောလုသည် ယေရုရှလင် မြို့၌ တမန်တော် တို့နှင့် ပေါင်းဖော်၍၊ သခင် ယေရှု၏ နာမ တော်ကိုအမှီပြု ၍ရဲရင့် စွာ ဟောလျက် နေ၏။
29โดยประกาศอย่างกล้าหาญในพระนามขององค์พระเยซู เขาพูดและโต้แย้งกับพวกเฮลเลนิสต์ แต่พวกนั้นพยายามฆ่าเขา
29ဟေလေနစ် လူတို့နှင့် နှီးနှော ပြောဆို သဖြင့်၊ ထိုသူတို့သည် ရှောလု ကိုသတ် မည်ဟု အားထုတ် ကြ၏။
30เมื่อพี่น้อง รู้เรื่องนี้ พวกเขาก็พาเซาโลลงไปยังเมืองซีซารียา แล้วส่งเขาไปเมืองทาร์ซัส
30ထိုအကြောင်းကို ညီအစ်ကို တို့သည် ကြားသိ လျှင် ၊ ရှောလု ကို ကဲသရိ မြို့သို့ ပို့ ၍ တာရှု မြို့တိုင်အောင် စေလွှတ် ကြ၏။
31ดังนั้น ประชาคมต่าง ๆ ทั่วแคว้นยูเดีย กาลิลี และสะมาเรียจึงมีสันติสุข ได้รับการเสริมสร้าง และมีจำนวนเพิ่มขึ้น ขณะดำเนินชีวิตด้วยความยำเกรงองค์พระผู้เป็นเจ้า และได้รับการหนุนใจจากพระวิญญาณบริสุทธิ์
31ထိုအခါ ယုဒ ပြည်၊ ဂါလိလဲ ပြည်၊ ရှမာရိ ပြည် အရပ်ရပ် တို့တွင် အသင်းတော် တို့သည် ငြိမ်သက် ၍ တည်ဆောက် ခြင်းရှိကြ၏။ သခင် ဘုရားကို ကြောက်ရွံ့ ခြင်း၌၎င်း ၊ သန့်ရှင်း သောဝိညာဉ် တော်၏ အဆုံးအမ ၌ ၎င်း၊ မွေ့လျော် သောအားဖြင့်ပွားများ ကြ၏။
32ขณะที่เปโตรเดินทางไปทั่วบริเวณเหล่านั้น เขาก็ลงไปหาผู้บริสุทธิ์ที่อาศัยอยู่ในเมืองลิดดาด้วย
32ပေတရု သည် အရပ်ရပ် တို့ကို လှည့်လည် သည် တွင် သန့်ရှင်း သူ တို့ရှိ ရာလုဒ္ဒ မြို့သို့ ရောက် လေ၏။
33ที่นั่นเขาพบชายคนหนึ่งชื่อไอเนอัส ซึ่งเป็นอัมพาตและนอนอยู่บนที่นอนมานานแปดปี
33ထို အရပ်၌ အဲနေ အမည် ရှိသောတုံးလုံး နေ သော သူ တစ် ယောက်ကိုတွေ့ လျှင် ၊ အဲနေ ၊ ယေရှု ခရစ် သည် သင့် အားချမ်းသာ ပေးတော်မူ၏။
34เปโตรกล่าวกับเขาว่า “ไอเนอัส พระเยซูคริสต์รักษาท่านให้หาย จงลุกขึ้นและเก็บที่นอนของท่าน!” ทันใดนั้นเขาก็ลุกขึ้น
34ထ ၍ အိပ်ရာကိုပြင် လော့ဟု ပေတရု ဆို သော်၊ ထိုသူသည် ချက်ခြင်း ထ ၏။
35ทุกคนที่อาศัยอยู่ในเมืองลิดดาและที่ราบชาโรนเห็นเขา แล้วหันมาหาองค์พระผู้เป็นเจ้า
35လုဒ္ဒ မြို့နှင့် ရှာရုန် မြို့၌ နေ သောသူ အပေါင်း တို့သည် ထိုသူ ကို မြင် ၍ သခင် ဘုရားထံတော်သို့ ပြောင်းလဲ ကြ၏။
36ในเมืองยัฟฟามีสาวกหญิงคนหนึ่งชื่อทาบิธา ซึ่งเมื่อแปลแล้วคือดอร์คัส หญิงคนนี้ทำความดีและเมตตาช่วยเหลือผู้อื่นอยู่เสมอ
36ယုပွေ မြို့၌ ဒေါ်ကာ ဟုဆိုလို သော တဗိသ အမည် ရှိသော တပည့် တော်မ တစ် ယောက်ရှိ ၏။ ထို မိန်းမသည် ကောင်း သောအကျင့် ၊ စွန့်ကြဲ ခြင်းအကျင့်နှင့် ပြည့်စုံ လျက်၊
37ในช่วงนั้นนางป่วยและเสียชีวิต เมื่อพวกเขาชำระร่างของนางแล้ว ก็นำไปวางไว้ในห้องชั้นบน
37ထို အခါ ၌ နာ ၍သေ လေ၏။ အလောင်းကို ရေချိုးပြီးလျှင်အထက် ခန်း၌ တင် ထားကြ၏။
38เมืองลิดดาอยู่ใกล้เมืองยัฟฟา เมื่อเหล่าสาวกได้ยินว่าเปโตรอยู่ที่ลิดดา จึงส่งชายสองคน ไปหาเขา ขอร้องว่า “โปรดรีบมาหาพวกเราเถิด”
38လုဒ္ဒ မြို့သည် ယုပွေ မြို့နှင့် နီး သည်ဖြစ် ၍ ထိုမြို့ ၌ ပေတရု ရှိ ကြောင်း ကို တပည့် တော်တို့သည်ကြား လျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာ ပါမည် အကြောင်း လူ နှစ် ယောက်ကို စေလွှတ် ၍ တောင်းပန် ကြ၏။
39เปโตรจึงลุกขึ้นไปกับพวกเขา เมื่อมาถึง พวกเขาพาเปโตรขึ้นไปยังห้องชั้นบน หญิงม่ายทุกคนยืนร้องไห้อยู่ข้างเขา และนำเสื้อกับเครื่องนุ่งห่มต่าง ๆ ที่ดอร์คัสทำไว้ขณะยังมีชีวิตมาให้ดู
39ပေတရု သည် ထ ၍ ထိုသူ တို့နှင့်အတူလိုက် လေ ၏။ ရောက် လျှင် အထက် ခန်းသို့ ခေါ်ပင့် ၍ မုတ်ဆိုးမ များ တို့သည် ငိုကြွေး လျက် ၊ သူ တို့နှင့်အတူ ဒေါ်ကာ ရှိ စဉ်အခါလုပ် ခဲ့သော အင်္ကျီ နှင့် အဝတ် များကို ပြ လျက် ရှိကြ၏။
40เปโตรให้ทุกคนออกไป แล้วคุกเข่าอธิษฐาน จากนั้นหันไปทางร่างของนางและกล่าวว่า “ทาบิธา จงลุกขึ้น!” นางลืมตา และเมื่อเห็นเปโตรก็นั่งขึ้น
40ပေတရု သည် ထိုသူအပေါင်း တို့ကို ပြင် သို့ထွက် စေသည်နောက် ၊ ကိုယ်တိုင်ဒူး ထောက် ၍ ဆုတောင်း ပဌနာပြုပြီးလျှင် ၊ ထိုအလောင်း သို့ မျက်နှာလှည့် ၍၊ တဗိသ ၊ ထ လော့ဟုဆို လေ၏။ ထိုမိန်းမ သည် မျက်စိ ကိုဖွင့် ၍ ပေတရု ကိုမြင် လျှင် ထ၍ထိုင် ၏။
41เปโตรยื่นมือให้นางและช่วยให้นางลุกขึ้น แล้วเรียกผู้บริสุทธิ์กับพวกหญิงม่ายเข้ามา และมอบนางให้พวกเขาทั้งที่ยังมีชีวิตอยู่
41ပေတရုသည် မိမိလက် ကို သူ့ အားပေး ၍ ချီကြွ ပြီးမှ ၊ သန့်ရှင်း သူ တို့နှင့် မုတ်ဆိုးမ တို့ကိုခေါ် ၍ အသက် ရှင်လျက်ရှိသော ထိုမိန်းမ ကိုပြ လေ၏။
42เรื่องนี้เป็นที่รู้กันทั่วเมืองยัฟฟา และหลายคนก็เชื่อในองค์พระผู้เป็นเจ้า
42ထိုအကြောင်းကို ယုပွေ မြို့၌ အနှံ့အပြားသိ ကြ ၍၊ လူများ တို့သည် သခင် ဘုရားကိုယုံကြည် ခြင်းသို့ ရောက်ကြ၏။
43เปโตรพักอยู่ในเมืองยัฟฟาหลายวันกับชายชื่อซีโมนซึ่งเป็นช่างฟอกหนัง
43ပေတရုသည် ယုပွေ မြို့၌ ရှိမုန် အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့် စွာနေ ၏။
Tip: use the ← and → keys to turn chapters.