กิจการ 19
Freedom Bible (Thai)Translation
Freedom Bible (Thai)
Judson Burmese Bible (1840)
1ขณะที่อปอลโลอยู่ที่เมืองโครินธ์ เปาโลเดินทางผ่านดินแดนตอนบนมาถึงเมืองเอเฟซัส และพบสาวกบางคน
1အာပေါလု သည် ကောရိန္သု မြို့၌ နေ စဉ် ၊ ပေါလု သည်အထက် အရပ် များကို ရှောက်သွား ပြီးမှဧဖက် မြို့သို့ ရောက် ၍၊ တပည့် တော်အချို့ တို့ကိုတွေ့ လျှင်၊
2เขาถามพวกเขาว่า “เมื่อพวกคุณเชื่อแล้ว พวกคุณได้รับพระวิญญาณบริสุทธิ์หรือไม่?” พวกเขาตอบว่า “ไม่ พวกเรายังไม่เคยได้ยินด้วยซ้ำว่ามีพระวิญญาณบริสุทธิ์”
2သင်တို့သည် ယုံကြည် သည်နောက်၊ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံ ကြပြီလောဟု မေး သည်ရှိသော်၊ သန့်ရှင်း သော ဝိညာဉ် တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မ သိ ပါဟု ပြောဆိုကြ၏။
3เปาโลจึงถามว่า “ถ้าเช่นนั้น พวกคุณรับบัพติศมาแบบไหน?” พวกเขาตอบว่า “บัพติศมาของยอห์น”
3ပေါလုကလည်း၊ သို့ဖြစ်လျှင် ၊ သင်တို့သည် အဘယ် မည်သောဗတ္တိဇံ ကို ခံကြသနည်းဟု မေး လျှင် ၊ ယောဟန် ၏ဗတ္တိဇံ ကိုခံပါသည်ဟု ပြောဆို ကြ၏။
4เปาโลกล่าวว่า “ยอห์นให้คนรับบัพติศมาด้วยบัพติศมาแห่งการกลับใจ และบอกประชาชนให้เชื่อในผู้ที่จะมาภายหลังเขา คือพระคริสต์เยซู”
4ပေါလု ကလည်း ၊ ယောဟန် က၊ ငါ့ နောက် ကြွလာ သောသူ ကို ယုံကြည် ရမည်ဟု လူ များတို့အား ပြောဆို လျက်၊ နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ ကိုပေး၏။ ထိုသို့ဆိုရာ ၌ ယေရှု ခရစ်ကို ဆိုလို သည်။
5เมื่อได้ยินดังนั้น พวกเขาก็รับบัพติศมาในพระนามขององค์พระเยซู
5ဟူသောစကားကို ကြား လျှင် ၊ ထိုသူတို့သည် သခင် ယေရှု ၏ နာမ ၌ ဗတ္တိဇံ ကို ခံကြ၏။
6เมื่อเปาโลวางมือบนพวกเขา พระวิญญาณบริสุทธิ์ก็ลงมาเหนือพวกเขา พวกเขาพูดภาษาอื่น ๆ และเผยพระวจนะ
6ပေါလု သည်လည်း၊ သူ တို့အပေါ် ၌လက် ကိုတင် လျှင်၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ဆင်းသက် တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုး သော ဘာသာစကားကို ပြော ၍ ပရောဖက် ပြုကြ၏။
7มีชายทั้งหมดประมาณสิบสองคน
7ထိုသူ တို့သည် အရေအတွက်အားဖြင့်တကျိပ် နှစ်ယောက်မျှလောက် ရှိ သတည်း။
8เปาโลเข้าไปในธรรมศาลา และพูดอย่างกล้าหาญตลอดสามเดือน อภิปรายและชักชวนพวกเขาเกี่ยวกับเรื่องอาณาจักรของพระเจ้า
8ထိုနောက်မှပေါလုသည် တရားစရပ် သို့ ဝင် ၍ သုံး လ ပတ်လုံး ဘုရားသခင် ၏ နိုင်ငံ တော်အကြောင်း များကို ဆွေးနွေး နှီးနှော၍ ဖြားယောင်း သွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။
9แต่เมื่อบางคนมีใจแข็งกระด้าง ไม่ยอมเชื่อฟัง และพูดโจมตี “หนทาง” ต่อหน้าฝูงชน เปาโลก็แยกจากพวกเขาและพาสาวกออกมาด้วย แล้วอภิปรายทุกวันที่สำนักสอนของทีรันนัส
9အချို့ သောသူတို့သည် ခိုင်မာ သောစိတ်ရှိ၍ မယုံကြည် ဘဲ နေလျက်၊ လူများ ရှေ့ မှာ ထိုဘာသာ ကို ကဲ့ရဲ့ သောအခါ ၊ ပေါလုသည် သူ တို့အထဲ မှထွက်သွား ၍ တပည့် တော်တို့ကို အသီးအခြားခွဲ ထားပြီးမှ၊
10เขาทำเช่นนี้อยู่สองปี จนทุกคนที่อาศัยอยู่ในแคว้นเอเชียได้ยินพระวจนะขององค์พระเยซู ทั้งชาวยิวและชาวกรีก
10တုရန္နု အမည်ရှိသောသူ၏ စာသင် စရပ်၌ နှစ် နှစ် ပတ်လုံး နေ့တိုင်း ဟောပြော သောအားဖြင့် ၊ အာရှိ ပြည်သားဖြစ်သော ယုဒ လူ၊ ဟေလသ လူ အပေါင်းတို့သည် သခင် ယေရှု၏ နှုတ်ကပတ် တရားတော်ကို ကြား ရကြ၏။
11พระเจ้าทำการอัศจรรย์พิเศษผ่านมือของเปาโล
11ဘုရားသခင် သည် ပေါလု လက် ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုး များကိုပြ တော်မူသည်ဖြစ်၍၊
12ถึงขนาดที่ผู้คนนำผ้าเช็ดหน้าหรือผ้ากันเปื้อนที่สัมผัสตัวเปาโลไปวางบนคนป่วย แล้วโรคก็หายไปและวิญญาณชั่วก็ออกจากพวกเขา
12ပေါလုသုံးသောပုဝါ ၊ ခါးပန်း တခုခုကို အနာ ရောဂါရှိသောသူ တို့ဆီသို့ ၊ ပေးလိုက်၍၊ သူ တို့သည် အနာ ရောဂါနှင့်ကင်းလွတ် ကြ၏။ နတ် ဆိုး တို့လည်း ထွက်သွား ကြ၏။
13แต่มีผู้ขับผีชาวยิวบางคนที่เดินทางไปตามที่ต่าง ๆ พยายามใช้พระนามขององค์พระเยซูกับคนที่มีวิญญาณชั่ว โดยกล่าวว่า “เรากำชับพวกเจ้าโดยพระเยซูผู้ที่เปาโลประกาศ”
13ထိုအခါအရပ်ရပ်သို့လှည့်လည် ၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒ လူအချို့ တို့က၊ ပေါလု ဟောပြော သော ယေရှု ကို ငါတိုင်တည်၍ သင် တို့ကို ဓိဋ္ဌာန်သစ္စာ ပေး ၏ဟုဆိုလျက်၊ နတ် ဆိုး စွဲ သော သူ တို့၏အပေါ် ၌သခင် ယေရှု ၏နာမ တော်ကို မြွက် စမ်းကြ၏။
14บุตรชายเจ็ดคนของเสวา ซึ่งเป็นหัวหน้าปุโรหิตชาวยิว ก็ทำเช่นนี้
14သကေဝ အမည်ရှိသော ယဇ်ပုရောဟိတ် မင်း၏ သား ခုနစ် ယောက်တို့သည် ထိုသို့ ပြု ကြ၏။
15แต่วิญญาณชั่วตอบว่า “เยซูเรารู้จัก เปาโลก็เรารู้จัก แต่พวกเจ้าเป็นใคร?”
15နတ် ဆိုး ကလည်း၊ ယေရှု ကိုငါသိ ၏။ ပေါလု ကို လည်း ငါသိ ၏။ သင် တို့ကား ၊ အဘယ်သူ နည်းဟု ပြောဆို ပြီးလျှင် ၊
16แล้วชายที่มีวิญญาณชั่วก็โถมเข้าใส่พวกเขา เอาชนะและทำร้ายพวกเขาจนต้องหนีออกจากบ้านนั้นทั้งเปลือยกายและมีบาดแผล
16နတ် ဆိုး စွဲ သောသူ သည် ထိုသူ တို့အပေါ်သို့ ခုန်တက် ၍နိုင် သဖြင့် လုယက် နှိပ်စက် သောကြောင့် ၊ ထို အိမ် မှ အဝတ် မပါဘဲအနာ များနှင့် ထွက်ပြေး စေ၏။
17เรื่องนี้เป็นที่รู้กันในหมู่ทุกคนที่อาศัยอยู่ในเมืองเอเฟซัส ทั้งชาวยิวและชาวกรีก ทุกคนเกิดความยำเกรง และพระนามขององค์พระเยซูได้รับการยกย่องอย่างยิ่ง
17ထို အကြောင်းအရာကို ဧဖက် မြို့၌နေ သော ယုဒ လူနှင့် ဟေလသ လူအပေါင်း တို့သည် ကြားသိ လျှင်၊ ကြောက်ရွံ့ ခြင်းသို့ရောက် ၍ သခင် ယေရှု ၏ နာမ တော် ကိုချီးမွမ်း ကြ၏။
18ผู้ที่เชื่อแล้วจำนวนมากก็มา สารภาพและเปิดเผยสิ่งที่ตนเคยทำ
18ယုံကြည် သောသူ အများ တို့သည်လည်း လာ ၍ မိမိ တို့အကျင့် ကို ဖေါ်ပြ လျက် တောင်းပန် ကြ၏။
19คนจำนวนมากที่เคยใช้เวทมนตร์นำตำราของตนมากองรวมกันและเผาต่อหน้าทุกคน เมื่อคำนวณราคาของตำราเหล่านั้นแล้ว พบว่ามีมูลค่าห้าหมื่นเหรียญเงิน
19နတ် ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူ အများ တို့သည်လည်း မိမိတို့စာစောင် ကိုယူခဲ့ ၍ လူအပေါင်း တို့ရှေ့ မှာမီးရှို့ ကြ၏။ စာစောင် အဘိုး ကိုချင့်တွက် သော်၊ ငွေ အသပြာငါးသောင်း ထိုက်သည်ကို သိ ကြ၏။
20ดังนั้นพระวจนะขององค์พระผู้เป็นเจ้าจึงแพร่ขยายและมีพลังยิ่งขึ้น
20ထိုသို့ သခင် ဘုရား၏သာသနာ တော်သည် တန်ခိုး နှင့် တိုးပွား ၍ အောင်မြင် လေ၏။
21เมื่อเรื่องเหล่านี้สิ้นสุดลง เปาโลตั้งใจโดยพระวิญญาณว่า หลังจากเดินทางผ่านแคว้นมาซิโดเนียและอาคายาแล้ว เขาจะไปกรุงเยรูซาเล็ม โดยกล่าวว่า “หลังจากข้าพเจ้าไปที่นั่นแล้ว ข้าพเจ้าต้องไปเห็นกรุงโรมด้วย”
21ထိုနောက်မှပေါလု က၊ ငါသည်မာကေဒေါနိ ပြည်နှင့် အခါယ ပြည် ကိုရှောက်သွား ပြီးလျှင်၊ ယေရုရှလင် မြို့ သို့ သွား မည်။ ထို မြို့သို့ ရောက် ပြီးသည်နောက် ၊ ရောမ မြို့ကိုမြင် ရမည်ဟုစိတ် ထဲ၌ အကြံရှိသည်ဖြစ်၍၊
22เขาส่งทิโมธีกับเอรัสทัส ผู้ช่วยงานสองคนของเขา ไปแคว้นมาซิโดเนีย ส่วนตัวเขายังคงอยู่ในแคว้นเอเชียระยะหนึ่ง
22မိမိ အားလုပ်ကျွေး သော သူ နှစ် ယောက်၊ တိမောသေ နှင့် ဧရတ္တု တို့ကို မာကေဒေါနိ ပြည်သို့ စေလွှတ် ပြီးမှ မိမိ သည် အာရှိ ပြည်၌ ခဏ နေ သေး၏။
23ในช่วงเวลานั้นเกิดความวุ่นวายครั้งใหญ่เกี่ยวกับ “หนทาง”
23ထို အခါ ဘာသာ တရားကြောင့် ရောက်သော အမှု ကြီး ဟူမူကား ၊
24เพราะมีช่างเงินคนหนึ่งชื่อเดเมตริอัส ทำศาลเทพีอาร์เทมิสด้วยเงิน และทำให้พวกช่างมีรายได้ไม่น้อย
24ဒေမေတရိ အမည် ရှိသော ပန်းထိမ်သမားတစ် ယောက်သည် အာတေမိ နတ်သမီး၏ ငွေ ဗိမာန် ငယ် တို့ကို လုပ် သဖြင့်၊ ပန်းထိမ် သမား တို့အားစီးပွား များ ကိုပြု တတ်၏။
25เขาเรียกพวกช่างเหล่านั้นมารวมกันพร้อมกับคนงานที่ทำอาชีพเดียวกัน แล้วกล่าวว่า “ทุกคนก็รู้ว่าเรามีความมั่งคั่งจากอาชีพนี้
25ထိုသူ သည်ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ် သမားများကိုစုရုံး စေပြီးလျှင်၊ အချင်းလူတို့ ၊ ဤ အတတ်ကိုအမှီပြု ၍ငါ တို့၌အကျိုး စီးပွား ဖြစ် သည်ကို သင်တို့သိ ကြ၏။
26พวกคุณเห็นและได้ยินแล้วว่า ไม่เพียงที่เมืองเอเฟซัส แต่เกือบทั่วทั้งแคว้นเอเชีย เปาโลคนนี้ได้ชักชวนผู้คนจำนวนมากให้หันไปจากเทพเจ้า โดยกล่าวว่าสิ่งที่มือมนุษย์ทำขึ้นไม่ใช่พระเจ้า
26ယခုတွင် ထို ပေါလု က၊ လူလက် ဖြင့် လုပ် သမျှ တို့သည် ဘုရား မ ဟုတ် ဟု ဆို သဖြင့်၊ ဧဖက် မြို့မှစ၍အာရှိ ပြည် တရှောက် လုံးကုန်မတတ် ၊ လူ အပေါင်း တို့ကို ဖြားယောင်း သွေးဆောင်သည်ကို သင်တို့သည် မြင် လျက်၊ ကြား လျက်ရှိကြ၏။
27ไม่เพียงอาชีพของเราจะเสี่ยงถูกดูหมิ่นเท่านั้น แต่วิหารของเทพีอาร์เทมิสผู้ยิ่งใหญ่ก็อาจถูกมองว่าไร้ความสำคัญ และความยิ่งใหญ่ของนางอาจเสื่อมสูญ ทั้งที่ทั่วแคว้นเอเชียและทั่วโลกนมัสการนาง”
27ထိုသို့ လူများတို့သည် ငါ တို့၏အတတ်ကို ကဲ့ရဲ့ သည်သာမက ၊ ကြီးမြတ် သောနတ်သမီး အာတေမိ ၏ ဗိမာန် တော်ကို ပမာဏ မ ပြုသဖြင့်၊ အာရှိ ပြည် တရှောက် လုံးမှစ၍ လောကီ နိုင်ငံသားတို့ ကိုးကွယ် သောဘုန်း အသရေတော်သည် ပျက်စီး ခြင်းသို့ရောက် မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို ၏။
28เมื่อได้ยินดังนั้น พวกเขาก็เต็มไปด้วยความโกรธและตะโกนว่า “เทพีอาร์เทมิสของชาวเอเฟซัสยิ่งใหญ่นัก!”
28ထိုစကားကိုကြား လျှင်၊ ထိုသူတို့သည် ဒေါသ အမျက်နှင့် ပြည့် သဖြင့်၊ ဧဖက် လူတို့၏ အာတေမိ သည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ် ကြ၏။
29ทั้งเมืองเต็มไปด้วยความสับสน ผู้คนพร้อมใจกันกรูเข้าไปในโรงละคร พร้อมลากกายอัสกับอาริสทารคัส ชาวมาซิโดเนียซึ่งเป็นเพื่อนร่วมเดินทางของเปาโลไปด้วย
29တစ်မြို့လုံး ရုန်းရင်းခတ် မျှဖြစ်၍ ၊ ပေါလု နှင့်အတူဒေသစာရီ လှည့်လည်သော မာကေဒေါနိ လူ ဂါယု နှင့် အာရိတ္တာခု တို့ကို ဆွဲယူ ပြီးလျှင်၊ ပွဲ ခံရာစရပ်ထဲသို့ ညီညွတ် စွာ တဟုန်တည်း ပြေးဝင်ကြ၏။
30เปาโลอยากเข้าไปหาประชาชน แต่เหล่าสาวกไม่ยอมให้เขาเข้าไป
30ပေါလု သည် လူစု ထဲသို့ ဝင် ခြင်းငှာအလိုရှိ လျှင် တပည့် တော်တို့သည် မြစ်တား ကြ၏။
31เจ้าหน้าที่ชั้นสูงของแคว้นเอเชียบางคนที่เป็นเพื่อนของเปาโลก็ส่งคนมาขอร้องเขาไม่ให้เสี่ยงเข้าไปในโรงละคร
31ပေါလု ၏အဆွေ ဖြစ် သော အာရှိ ပွဲမင်းအချို့ ကလည်း ၊ ပွဲ ခံရာစရပ်ထဲသို့ ကိုယ် ကိုမ အပ် ပါနှင့်ဟု သူ့ ထံသို့ စေလွှတ် ၍ တောင်းပန် လေ၏။
32ในที่ประชุม บางคนตะโกนอย่างหนึ่ง บางคนก็ตะโกนอีกอย่าง เพราะที่ประชุมกำลังสับสนวุ่นวาย และคนส่วนใหญ่ไม่รู้ด้วยซ้ำว่ามาชุมนุมกันเพราะเหตุใด
32စုဝေး သောလူတို့သည် ရုန်းရင်းခတ် မျှဖြစ် ၍ ၊ တစ် ယောက်တခြားစီ အော်ဟစ် သဖြင့်၊ လူအများ တို့သည် မိမိတို့စုဝေး ရသည် အကြောင်း ကိုပင်မိမိတို့မ သိ ကြ။
33ชาวยิวดันอเล็กซานเดอร์ออกมาจากฝูงชน อเล็กซานเดอร์จึงยกมือเป็นสัญญาณ และตั้งใจจะกล่าวแก้ต่างต่อหน้าประชาชน
33ယုဒ လူတို့သည် အာလေဇန္ဒြု ကို အခွင့် ပေး၍ သူတစ်ပါးတို့သည် လူစု ရှေ့ သို့သွားစေသဖြင့်၊ သူ သည် လက် နှင့်အမှတ်ပေး ၍ အပြစ် ဖြေရာ စကားကို လူ များတို့ အား ပြောခြင်းငှာအလိုရှိ ၏။
34แต่เมื่อพวกเขารู้ว่าเขาเป็นชาวยิว ทุกคนก็พร้อมใจกันตะโกนอยู่นานประมาณสองชั่วโมงว่า “เทพีอาร์เทมิสของชาวเอเฟซัสยิ่งใหญ่นัก!”
34သူသည်ယုဒ လူဖြစ် သည်ကို သိ ကြလျှင် ၊ ဧဖက် လူတို့၏ အာတေမိ သည် ကြီးမြတ် တော်မူ၏ဟု နှစ် နာရီ ခန့် မျှလောက်လူအပေါင်း တို့သည် တစ် သံ တည်းနှင့် ဟစ် ကြ၏။
35เมื่อเลขานุการประจำเมืองทำให้ฝูงชนสงบลงแล้ว เขากล่าวว่า “ชาวเอเฟซัสทั้งหลาย มีใครบ้างที่ไม่รู้ว่านครเอเฟซัสเป็นผู้พิทักษ์วิหารของเทพีอาร์เทมิสผู้ยิ่งใหญ่ และรูปของนางที่ตกลงมาจากซุส?
35မြို့စာရေး သည် လူ များကိုတိတ် စေပြီးလျှင်၊ ဧဖက် လူ တို့၊ ဧဖက် မြို့ သည် ဇုသဘုရားထံမှကျသော ရုပ်တုတော်တည်းဟူသောကြီးမြတ် တော်မူသော အာတေမိ ကို လုပ်ကျွေးသောဘုရား ကျွန်ဖြစ် သည် ကို မ သိ သော သူ တစ်စုံတစ်ယောက်ရှိ သလော။
36เมื่อเรื่องเหล่านี้ไม่มีใครปฏิเสธได้ พวกคุณจึงควรสงบไว้และอย่าทำอะไรโดยหุนหันพลันแล่น
36ဤ အရာများတို့သည် ငြင်းခုံ ဘွယ်မရှိသည်ဖြစ် ၍ ၊ သင် တို့သည် တိတ်ဆိတ် စွာနေ သင့်ကြ၏။
37เพราะพวกคุณพาชายเหล่านี้มาที่นี่ ทั้งที่พวกเขาไม่ได้ปล้นวิหารและไม่ได้กล่าวหมิ่นประมาทเทพีของพวกคุณ
37သတိနှင့်မဆင်ခြင် ဘဲ အဘယ် အမှုကိုမျှ မပြု သင့်ကြ၊ ဗိမာန် တော်ကိုလုယူဖျက်ဆီးခြင်းမ ရှိ၊ သင်တို့ ဘုရား ကိုမ ကဲ့ရဲ့ သော ဤ လူ တို့ကို သင်တို့သည် ဆောင်ယူ ခဲ့ကြပြီတကား။
38ดังนั้น ถ้าเดเมตริอัสกับพวกช่างที่อยู่กับเขามีข้อกล่าวหาต่อผู้ใด ศาลก็เปิดทำการและมีผู้ว่าราชการอยู่ ให้พวกเขาฟ้องร้องกันตามกฎหมาย
38ဒေမေတရိ မှစ၍ သူ နှင့်အတူ ရှိသော ပန်းထိမ် သမားတို့သည် တစ်စုံတစ်ယောက် သောသူ၌ အမှုရှိ လျှင် ရုံး တော်ရှိ၏။ မြို့ဝန်မင်း လည်း ရှိ ၏။ အမှုသည် ချင်း တရား တွေ့ကြစေ။
39แต่ถ้าพวกคุณต้องการพิจารณาเรื่องอื่น ก็ให้ตัดสินกันในที่ประชุมตามกฎหมาย
39သို့မဟုတ် သင်တို့သည် အခြား အမှုကို အစီရင်ခံ လိုလျှင် ၊ တရား သောအစည်းအဝေး ၌ စီရင် ရလိမ့်မည်။
40เพราะพวกเรากำลังเสี่ยงถูกกล่าวหาว่าก่อจลาจลจากเหตุการณ์วันนี้ ทั้งที่ไม่มีเหตุผลรองรับ และพวกเราก็ไม่สามารถชี้แจงเหตุผลของความวุ่นวายนี้ได้”
40ယနေ့ ရုန်းရင်းခတ် ခြင်းကို ပြု သောကြောင့် အမှု ရောက်မည်ဟု စိုးရိမ် စရာရှိ၏။ အကြောင်းမူကား၊ ဤ မတရားသောစည်းဝေး ခြင်း အကြောင်း ကို ပြော စရာတစ်စုံတခု မျှ မရှိဟု၊
41เมื่อกล่าวเช่นนี้แล้ว เขาก็เลิกที่ประชุม
41ဆို ပြီးလျှင် အစည်းအဝေး ကိုဖျက် လေ၏။
Tip: use the ← and → keys to turn chapters.