တောလည်

Old Testament

Chapter 2
Judson Burmese Bible (18…
vs Chinese Union Vers…
Aa
Text size
Line width
Verse numbers

တောလည် 2

Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
1耶和华晓谕 摩西 、 亚伦 说:
2ဣသရေလ အမျိုးသား အသီးအသီးတို့သည်၊ မိမိ တပ်နှင့်ဆိုင်သောအလံ၊ မိမိ အဆွေအမျိုး နှင့် ဆိုင်သော အလံ အနား မှာ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ကို ရှေ့ရှုပြု၍ နေရာ ချရမည်။
2「 以色列 人要各归自己的纛下,在本族的旗号那里,对着会幕的四围安营。
3နေ ထွက်ရာ အရှေ့ မျက်နှာ၌ ၊ ယုဒ တပ် အလံ နှင့် ဆိုင်သော အလုံးအရင်း သည် နေရာ ကျ၍ ၊ အမိနဒပ် သား နာရှုန် သည်၊ ယုဒ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
3在东边,向日出之地,照着军队安营的是 犹大 营的纛。有 亚米拿达 的儿子 拿顺 作 犹大 人的首领。
4သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ခုနစ်သောင်း လေးထောင်ခြောက် ရာ ရှိသတည်း။
4他军队被数的,共有七万四千六百名。
5ယုဒတပ်အနား မှာ၊ ဣသခါ တပ်ချ ၍ ၊ ဇုအာ သား နာသနေလ သည်၊ ဣသခါ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
5挨着他安营的是 以萨迦 支派。有 苏押 的儿子 拿坦业 作 以萨迦 人的首领。
6သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း လေးထောင်လေး ရာ ရှိသတည်း။
6他军队被数的,共有五万四千四百名。
7ထိုနောက်၊ ဇာဗုလုန် တပ်ချ၍၊ ဟေလုန် သား ဧလျာဘ သည်၊ ဇာဗုလုန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
7又有 西布伦 支派。 希伦 的儿子 以利押 作 西布伦 人的首领。
8သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း ခုနစ်ထောင်လေး ရာ ရှိသတည်း။
8他军队被数的,共有五万七千四百名。
9ယုဒ တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ရှစ်သောင်း ခြောက် ထောင် လေး ရာ ရှိသတည်း။ ဤသူတို့သည်၊ တပ် ဦး အရာ၌ ချီ ရကြမည်။
9凡属 犹大 营、按着军队被数的,共有十八万六千四百名,要作第一队往前行。
10တောင် မျက်နှာ၌ ၊ ရုဗင် တပ် အလုံးအရင်း သည်၊ ရုဗင်အလံ ကိုထူ၍၊ ရှေဒုရ သား ဧလိဇုရ သည်၊ ရုဗင် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
10「在南边,按着军队是 吕便 营的纛。有 示丢珥 的儿子 以利蓿 作 吕便 人的首领。
11သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ခြောက်ထောင်ငါး ရာ ရှိသတည်း။
11他军队被数的,共有四万六千五百名。
12ရုဗင်တပ်အနား မှာ ရှိမောင် တပ်ချ ၍ ၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ သည်၊ ရှိမောင် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
12挨着他安营的是 西缅 支派。 苏利沙代 的儿子 示路蔑 作 西缅 人的首领。
13သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း ကိုးထောင်သုံး ရာ ရှိသတည်း။
13他军队被数的,共有五万九千三百名。
14ထိုနောက် ဂဒ် တပ်ချ၍၊ ဒွေလ သား ဧလျာသပ် သည်၊ ဂဒ် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
14又有 迦得 支派。 丢珥 的儿子 以利雅萨 作 迦得 人的首领。
15သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ငါးထောင်ခြောက် ရာ ငါးဆယ် ရှိသတည်း။
15他军队被数的,共有四万五千六百五十名,
16ရုဗင် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ငါးသောင်း တထောင်လေး ရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ် အရာ၌ ချီ ရကြမည်။
16凡属 吕便 营、按着军队被数的,共有十五万一千四百五十名,要作第二队往前行。
17ထိုအခါ ၊ တပ်မ အလယ် ၌ ပရိသတ်စည်းဝေး ရာ တဲ တော်နှင့်တကွ၊ လေဝိ တပ် ချီ ရမည်။ တပ်ချ သည် အတိုင်း ၊ လူအသီးသီး တို့သည်၊ မိမိ နေရာ ၌ မိမိ ဆိုင်သော အလံ နှင့်အတူလိုက်လျက်ချီ ရကြမည်။
17「随后,会幕要往前行,有 利未 营在诸营中间。他们怎样安营就怎样往前行,各按本位,各归本纛。
18အနောက် မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ် အလံ ကိုထူ၍၊ အမိဟုဒ် သား ဧလိရှမာ သည်၊ ဧဖရိမ် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
18「在西边,按着军队是 以法莲 营的纛。 亚米忽 的儿子 以利沙玛 作 以法莲 人的首领。
19သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ငါး ရာ ရှိသတည်း။
19他军队被数的,共有四万零五百名。
20ဧဖရိမ်တပ်အနား မှာ မနာရှေ တပ်ချ၍၊ ပေဒါဇုရ သား ဂါမလေလျလ သည်၊ မနာရှေ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
20挨着他的是 玛拿西 支派。 比大蓿 的儿子 迦玛列 作 玛拿西 人的首领。
21သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ သုံးသောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း။
21他军队被数的,共有三万二千二百名。
22ထိုနောက် ဗင်္ယာမိန် တပ်ချ၍၊ ဂိဒေါနိ သား အဘိဒန် သည်၊ ဗင်္ယာမိန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
22又有 便雅悯 支派。 基多尼 的儿子 亚比但 作 便雅悯 人的首领。
23သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ သုံးသောင်း ငါးထောင်လေး ရာ ရှိသတည်း။
23他军队被数的,共有三万五千四百名。
24ဧဖရိမ် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ရှစ်ထောင် တရာ ရှိသတည်း။ ဤသူတို့သည် တတိယ တပ် အရာ၌ ချီ ရကြမည်။
24凡属 以法莲 营、按着军队被数的,共有十万零八千一百名,要作第三队往前行。
25တပ်များ မြောက် မျက်နှာ၌ ၊ ဒန်တပ်အလုံးအရင်း သည်၊ ဒန် အလံ ကိုထူ၍၊ အမိရှဒ္ဒဲ သား အဟေဇာ သည်၊ ဒန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
25「在北边,按着军队是 但 营的纛。 亚米沙代 的儿子 亚希以谢 作 但 人的首领。
26သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ် ရာ ရှိသတည်း။
26他军队被数的,共有六万二千七百名。
27ဒန်တပ်အနား မှာ၊ အာရှာ တပ်ချ၍၊ ဩကရန် သား ပါဂျေလ သည်၊ အာရှာ အမျိုးသား တို့တွင် ဗိုလ် လုပ် ရမည်။
27挨着他安营的是 亚设 支派。 俄兰 的儿子 帕结 作 亚设 人的首领。
28သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း တထောင်ငါး ရာ ရှိသတည်း။
28他军队被数的,共有四万一千五百名。
29ထိုနောက် ၊ နဿလိ တပ်ချ၍၊ ဧနန် သား အဟိရ သည်၊ နဿလိ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
29又有 拿弗他利 支派。 以南 的儿子 亚希拉 作 拿弗他利 人的首领。
30သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း သုံးထောင်လေး ရာ ရှိသတည်း။
30他军队被数的,共有五万三千四百名。
31ဒန် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက် ရာ ရှိသတည်း။ ဤသူတို့သည်၊ မိမိ တို့အလံ ပါလျက် နောက်ဆုံး တပ်အရာ၌ ချီ ရကြမည်။
31凡 但 营被数的,共有十五万七千六百名,要归本纛作末队往前行。」
32ထိုသို့နှင့်အညီ၊ အဆွေအမျိုး အလိုက် ရေတွက် သော ဣသရေလ အမျိုးသား တပ် အလုံးအရင်း လူပေါင်း ကား၊ ခြောက် သိန်းသုံးထောင် ငါးရာ ငါးဆယ် ရှိသတည်း။
32这些 以色列 人,照他们的宗族,按他们的军队,在诸营中被数的,共有六十万零三千五百五十名。
33ထာဝရဘုရား သည်၊ မောရှ အား မှာ ထားတော်မူသည်အတိုင်း ၊ လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ နှင့် ရောနှော၍ မ ရေတွက် ရ။
33惟独 利未 人没有数在 以色列 人中,是照耶和华所吩咐 摩西 的。
34ထာဝရဘုရား သည်၊ မောရှေ အား မှာ ထား တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား အသီးသီး တို့သည်၊ မိမိ အလံ အနားမှာ မိမိနေရာချ ခြင်းကို၎င်း၊ မိမိ ဘိုး ဘ အမျိုး အလိုက် ချီ ခြင်းကို၎င်းပြု ရကြ၏။
34以色列 人就这样行,各人照他们的家室、宗族归于本纛,安营起行,都是照耶和华所吩咐 摩西 的。

Tip: use the ← and → keys to turn chapters.